← Chapters

ညဘက် တိုက်ခိုက်မှု

Vol. 1 Ch. 12

ညဘက် တိုက်ခိုက်မှု

Vol. 1 Ch. 12

နောက်နှစ်ရက်ကြာတော့

တိုက်ခန်းရဲ့ဧည့်ခန်းထဲတွင်

ကိုယ်ပွားသုံးကောင်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လင်းရှန်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး မရေမတွက်နိုင်သော အမှတ်တရများနှင့် နေမီးတောက်လက်ဝါးကို ကျင့်ကြံထားသည့် မှတ်ဥာဏ်များက သူ့စိတ်၏ နက်နဲရာသို့ ရုတ်တရက် တိုးဝင်လာသည်။ ဤသိုင်းပညာကို သူ၏နားလည်သဘောပေါက်မှုသည် အဆင့်သစ်တစ်ခုသို့ ချက်ချင်းတက်သွားသည်။

ခဏအကြာတွင် လင်းရှန်သည် အသက်ပြင်းပြင်းရှူကာ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

[အမည်-လင်းရှန်]

[စွမ်းရည်-သန့်စင်သော ယန်ခန္ဓာကိုယ်]

[အဆင့်- ချီအသွင်ပြောင်းမှု အဆင့် ၅၊၂၅%]

[နည်းစနစ်- မူရင်းအသက်ရှူခြင်းနည်းစနစ်(ကျွမ်းကျင်အဆင့် ၄၀%)၊ တောက်ပသောနေမီးလက်ဝါး(ကျွမ်းကျင်အဆင့် ၁၁%)]

[ကိုယ်ပွားအရေအတွက်- ၃ (၁၅%)]

“နောက်ဆုံးတော့ ငါကျွမ်းကျင်အဆင့်ကိုရောက်လာပြီ”

လင်းရှန်က အသက်ပြင်းပြင်းရှူပြီး ပြန်ရှူထုတ်သည်။

လေထုကို ချက်ချင်းပင် ထိုးဖောက်သွားပြီးလေချွန်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပူလောင်ပြင်းပြသော အပူလှိုင်းတစ်ခုက သူ့လက်ဖဝါးများနှင့်အတူ ရှေ့သို့ လွင့်ပျံလာသည်။

ဧည့်ခန်းထဲတွင် အပူချိန် ရုတ်တရက် မြင့်တက်လာသည်။

“မိုက်တယ်”

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

အစပြုသူအဆင့်တွင် နေမီးတောက်လက်ဝါးသည် ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်သော်လည်း ကျွမ်းကျင်မှုအဆင့်မှာတော့ လက်တွေ့တိုက်ပွဲတွင် အသုံးပြုနိုင်ပြီး ၎င်းကို လျှော့တွက်၍မရချေ။

“ငါရဲ့ လက်ရှိအင်အားနဲ့ဆို ပြိုင်ပွဲမှာ ထိပ်တန်းဆယ်ယောက်အဆင့်ဝင်ဖို့က ပြဿနာရှိမှာ မဟုတ်တော့ဘူး။”

လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

ကိုယ်ခံပညာကို ကျင့်ကြံဖို့က မလွယ်ချေ။ လမ်းပြပေးမယ့် ဆရာမရှိရင် ရလဒ်တွေက အောင်မြင်ဖို့ အလွန်ခက်ခဲသည်။

ကိုယ်ပိုင် ကိုယ်ခံပညာ လေ့ကျင့်ရေး သင်တန်းများသည် အလွန်ဈေးကြီးသည်။ ဆိတ်ငြိမ်သောကိုယ်ခံပညာကျောင်း၏ အခြေခံသင်တန်းတောင် လျှော့စျေး (၂၀)ရာခိုင်နှုန်းအပါကို ဝိညာဉ် ဒင်္ဂါး (၇၉၉၉)ပေးချေရသည်။ ဒါက သာမန်မိသားစုတွေ တတ်နိုင်တဲ့ အရာတော့ မဟုတ်ချေ။

ထို့ကြောင့် သာမာန်မိသားစုများမှ ကလေးများသည် အထက်တန်းကျောင်းမှ လေ့ကျင့်ရေးသင်တန်းများအတွင်း၌သာ ကိုယ်ခံပညာနှင့် ထိတွေ့ခွင့်ရလေ့ရှိသည်။

၎င်းတို့သည် အချိန်တိုအတွင်းသာ ကျင့်ကြံကြရသောကြောင့် ၎င်းတို့ထဲမှ အနည်းစုကသာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနိုင်ကြသည်။

မိုးမခသင်တန်းကျောင်းတစ်ခုလုံးတွင် သာမန်ကျောင်းသားငါးဦးလောက်ကသာ နေမီးတောက်လက်ဝါးသိုင်းကို ကျွမ်းကျင်စွာ အောင်မြင်ခဲ့သည်။

သူတို့ထဲက တစ်ယောက်မှ အထူးကျွမ်းကျင်အဆင့်သို့ မရောက်ခဲ့ချေ။

ငယ်စဉ်ကတည်းက ဆရာကောင်းတစ်ဦးမှ သင်ကြားပြသပေးပြီး လုံလောက်သော ကျင့်ကြံမှုရှိသည့် ဩဇာကြီးမားသော မိသားစုမှ ယန်းကျုံးရီသာ ဒီအရွယ်နှင့် ကိုယ်ခံပညာကို ကျွမ်းကျင်နိုင်သည်။

“ နေမီးတောက်လက်ဝါးမှာ ကျွမ်းကျင်မှုအဆက့်ကိုရောက်ရင် ကျင့်ကြံမှုအရှိန်ကို လျော့ရမယ် ။ ကိုယ်ပွါး (၃)က တစ်နေ့ကို ၈%ကနေ၉%အထိ တိုးအောင် ကျင့်ကြံနိုင်တယ်။ ငါ့ကိုယ်ပိုင်နဲ့ပေါင်းရင် တစ်နေ့ကို ၁၀% လောက် တိုးနိုင်တယ်”

လင်းရှန်က ခန့်မှန်းနေသည်။

အလွန်ဆုံး ကိုးရက်အတွင်း သူသည် နေမီးတောက်လက်ဝါးသိုင်းတွင် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပဖို့က ရက်ပေါင်း နှစ်ဆယ်ကျန်သေးသည်။

သူ့မှာ အချိန်ပိုရှိသေးသည်။

“ဆဋ္ဌမအဆင့်ကို ကျော်ဖြတ်ဖို့ ရက်နှစ်

ဆယ်လောက်နဲ့ လုံလောက်ပါတယ်”

“ ချီအသွင်ပြောင်းခြင်း ဆဌမအဆင့်နှင့်နေမီးတောက်လက်ဝါး ကျွမ်းကျင်မှုအဆင့်နဲ့ဆို ပြိုင်ပွဲမှာ ပထမနေရာကို ရယူဖို့ ငါ့အတွက် မခက်ခဲလောက်တော့ပါဘူး”

လင်းရှန်းက အနည်းငယ် ပြုံးလိုက်သည်။

စိတ်အားထက်သန်စွာဖြင့် သူသည် ရေချိုးပြီး အိပ်ယာမဝင်မီ နေမီးတောက်လက်ဝါးကို ထပ်မံလေ့ကျင့်ခဲ့သည်။

ညက မှောင်နေသည်။

တောက်ပသောလရောင်သည် အဖြူရောင်ပိတ်စလေးတစ်လွှာဖြင့် ဖုံးအုပ်ထားသော ရေများကဲ့သို့ တိတ်ဆိတ်သောလမ်းပေါ်သို့ ကျနေသည်။

လရောင် မရောက်နိုင်သော ထောင့်တစ်နေရာတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် သူနှင့် ဆန့်ကျင်ဘက် တိုက်ခန်းကို စိုက်ကြည့်နေသည်။

ထိုလူက ရုတ်တရက် ပုန်းခိုရာကနေ ပြေးထွက်လာပြီး တစ္ဆေသရဲလို တိတ်တဆိတ် တိုက်ခန်းဆီ ပြေးသွားခဲ့သည်။

လှေကားထစ်ကို နင်းမိသောအခါ မကြာခဏ တုန်ယင်နေသည့် လှေကားဟောင်းက သူ့ခြေထောက်အောက်တွင် ငြိမ်သက်နေသည်။ ဘာအသံမှ လုံးဝမထွက်ခဲ့ပေ။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အဲဒီလူက တတိယထပ် င်္စကြံအဆုံးက အခန်းကို ရောက်သွားသည်။ သူက ရုပ်သေးတစ်ခုကို ထုတ်လိုက်ပြီး တံခါးဝမှာ ကပ်လိုက်သည်။ ထို့နောက် သူသည် သော့ကို လက်ဝါးဖြင့်

ရိုက်ချလိုက်ပြီး တံခါးက ချက်ချင်း အက်ကွဲသွားလေသည်။

ထိုလူသည် အခန်းထဲသို့ ခုန်ဝင်သွားပြီး ဖြစ်စဉ်တစ်ခုလုံးက အသံထွက်မလာချေ။

မှေးမှိန်သောတိုက်ခန်းသည် တိတ်ဆိတ်နေပြီးပိုင်ရှင်သည်အိပ်ရာဝင်နေပြီဖြစ်သည်။

ထိုလူက လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ တင်းတင်းကြပ်ကြပ်ပိတ်ထားသော အိပ်ခန်းတံခါးဆီသို့ သူ့အကြည့်များ ရောက်သွားလေသည်။

သူသည် အိပ်ခန်းတံခါးကို တိတ်တဆိတ်ဖွင့်ရန် တူညီသောလှည့်ကွက်ကို အသုံးပြု၍ အခြား အသံတိတ်ရုပ်သေးတစ်ခုကို ထုတ်လိုက်သည်။

အသံတိတ်ရုပ်သေးသည် အသံမထွက်အောင် တိတ်တဆိတ်လုပ်သော်လည်း တံခါးပွင့်လာချိန်တွင် ကုတင်ပေါ်ရှိ လင်းရှန်က စတင်နိုးထလာပြီး ကုတင်ပေါ်မှ ခုန်ဆင်းတော့သည်။

သို့သော် သူရွှေ့လိုက်သည်နှင့် ထိုလူက သူ့လက်ကို မြှောက်လိုက်သည်။ သူလက်ထဲက ရုပ်သေးက ချက်ချင်း ပျံထွက်သွားပြီး လင်းရှန်း၏ ရင်ဘတ်ကို အလင်းစီးကြောင်းတစ်ခုလို ရိုက်လိုက်သည်။

လင်းရှန်သည် အေးခဲသွားပြီး အားအင်တွေ ကုန်ဆုံးသွားသလို ကုတင်ပေါ် ပြန်လဲသွားသည်။ သူ့မျက်လုံးများက တုန်လှုပ်ချောက်ချားကာ လှည့်ပတ်ကြည့်နေသည်။

“ရုန်းကန်နေစရာ မလိုပါဘူး။ မင်းကဝိညာဉ်

အနှစ်သာရကို မရရှိသေးတဲ့ ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူပဲ ။ မင်းက ရုပ်သေးလက်က မလွတ်ပါဘူး”

ထျန်းတျန်းက ရယ်ပြီး ကုတင်ပေါ် လျှောက်လာသည်။ သူက လင်းရှန်ကို ငုံ့ကြည့်ကာ အေးစက်စက်နဲ့ မေးလိုက်သည်။

“ဘယ်မှာလဲ”

“ဘယ်မှာလဲ “

ဘုန်း

ထျန်းတျန်သည် လင်းရှန်၏ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးလိုက်သည်။ ခဏနေတော့ သူကရှိုက်ကြီးတငင် ညည်းညူရင်း သူ့မျက်နှာက နာကျင်မှုကြောင့် နီရဲလာသည်။ သို့သော် ရုပ်သေးကြောင့် မတုံ့ပြန်နိုင်ခဲ့ချေ။

“ငါမင်းကိုထပ်မေးမယ်။ ဘယ်မှာလဲ?”

လင်းရှန်သည် သူ့ဒေါသကို ထိန်းထားပြီး “မင်းဘာတွေပြောနေတာလဲ ငါမသိဘူး” ဟု ခါးခါးသီးသီးပြောလိုက်သည်။

သူတကယ်စိတ်ရှုပ်နေခဲ့သည်။

သူ့ရှေ့က သူစိမ်းတစ်ယောက်ဟာ သူခိုးတစ်ယောက်လို မဟုတ်ချေ။

ပုံမှန်အားဖြင့် သူခိုးများသည် ပျက်စီးယိုယွင်းနေသော တိုက်ခန်းအဆောက်အအုံများကို ၎င်းတို့၏ပစ်မှတ်အဖြစ်ရွေးချယ်ဖို့နေနေသာသာ။ ရုပ်သေးကဲ့သို့သော အဆင့်မြင့်အရာများကို အသုံးမပြုချေ။

ထိုရုပ်သေးည် လင်းရှန်၏ ပိုင်ဆိုင်မှုအားလုံးထက် ပိုတန်ဖိုးရှိနိုင်သည် ။

ဒါ့ပြင် ထိုလူက သူ့ကို တစ်ခုခုကို ချက်ချင်း လွှဲပြောင်းပေးစေချင်သည်… လင်းရှန်က သူဘာပြောနေမှန်း မသိခဲ့ချေ။

လင်းရှန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ထျန်းတျန်းကမျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်သက်သာရာရသွားသည်။

ဒီကလေးက သူ့ဆီမှာ ဒီပစ္စည်းထားခဲ့မှန်း မသိတဲ့ပုံပင်။

အဲဒါကဖြစ်နိုင်သည်။ လင်းရှန်၏ အထောက်အထားနှင့် သူနေထိုင်သည့်

နေရာကို သိရှိပြီးနောက် ထျန်းတျန်းသည် တိုက်ခန်းအပြင်ဘက်တွင် နှစ်ရက်ကြာစောင့်ဆိုင်းခဲ့သော်လည်း ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။

လင်းရှန်သည် ထိုအရာအား ရှာဖွေတွေ့ရှိခဲ့ပါက ၎င်းကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်သို့ အကြောင်းကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ကောင်လေးသည် ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သည်။

ဒါကိုသိပြီးနောက် ထျန်းတျန်က အေးစက်စွာမေးသည် “ မင်း လွယ်နေကျ ကျောပိုးအိတ်က ဘယ်မှာလဲ “

လင်းရှန်အံ့သြသွားသည်။ “အဲ့ဒါက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ” ဟု ပြောရင်း သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏

ထျန်းတျန်းက မဆိုင်းမတွဘဲ ဧည့်ခန်းဆီသို့ လျှောက်သွားပြီး လင်းရှန်က ကုတင်ပေါ်တွင် ကျန်ခဲ့သည်။

ထျန်းတျန်းသည် ဤကလေး၏

ကျင့်ကြံမှုအဆင့်ကို စူးစမ်းလေ့လာခဲ့တော့ ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်တွင် ရှိနေသည်ကို သိရှိခဲ့သည်။ ထိပ်တိုက်တိုက်ခိုက်ရင်တောင် ထျန်းတျန်းက ကောင်လေးကို သတ်နိုင်ဖို့က ၁၀၀% သေချာသည်။

ပြီးတော့ ဒီကလေးက အခုထိ ရုပ်သေးကြောင့် အေးခဲနေတုန်းပင်။

ထျန်တျန်းသည် ရုပ်သေး၏ အကျိုးသက်ရောက်မှုကို အလွန်ယုံကြည်ခဲ့သည်။

ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဆိုဖာပေါ်ရှိ ကျောပိုးအိတ်ကို ထျန်းတျန်းက တွေ့လိုက်ရသည်။

သူသည် ရှေ့သို့ အမြန်သွားကာ အိတ်ကိုဖွင့်ပြီး လှည့်ပတ်ကြည့်နေသည်။ ခဏကြာတော့ သူ့မျက်နှာမှာ ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။

သူ့လက်ကို အိတ်ထဲက ထုတ်လိုက်တဲ့အခါ သူ့လက်ဖဝါးမှာ ကျောက်စိမ်းတုံးတစ်ခု ပါလာသည်။

ကျောက်စိမ်းတုံးက နဂိုအတိုင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ထျန်းတျန်းသည် ချက်ချင်း သက်ပြင်းချလိုက်သည်။

သူ့လက်ကောက်ဝတ်ကိုလှန်လိုက်သည်နှင့် ကျောက်စိမ်းတုံးသည် ချက်ချင်းပျောက်

ကွယ်သွားသည်။ထျန်းတျန်းသည် လှည့်ပတ်ပြီး အိပ်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုက သူ့မျက်နှာအနှံ့ တောက်ပလာသည်။

ပစ္စည်းကို ရှာတွေ့ပြီဆိုတော့ ကောင်လေးကအသက်ရှင်နေဖို့ မလိုအပ်ချေ။

ထျန်းတျန်းက ပြုံးပြီး အိပ်ခန်းဆီသို့ ပြန်သွားလိုက်သည်။

လင်းရှန်သည် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသေးသည်။

ထျန်းတျန်းက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သိလိုက်ရသည်။

ရုပ်သေးက ဘယ်မှာလဲ။

လင်းရှန်၏ရင်ဘတ်ပေါ်ရှိ ရုပ်သေးအဆောင်သည် အဘယ်ကြောင့် ပျောက်ကွယ်သွားသနည်း။

ရုတ်တရက် သူ့အနောက်မှာ အနည်းငယ်လှုပ်ရှားသွားသည်။

ထျန်းတျန်းက ရုတ်တရက် ထိတ်လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။

သို့သော် သူလှည့်ကြည့်လိုက်စဉ်တွင် ပူလောင်သော အပူလှိုင်းတစ်ခုပါသော လက်ဝါးသည် လေကို ထိုးဖောက်လာပြီး သူ့ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

တစ်ချိန်တည်းမှာပင် ဒေါသကြီးသော အသံကို ကြားလိုက်ရသည်။

“ငရဲကိုသွားတော့”

All Chapters