← Chapters

ကိုယ်ပွါးများကြား ပိတ်မိနေသည်။

Vol. 1 Ch. 13

ကိုယ်ပွါးများကြား ပိတ်မိနေသည်။

Vol. 1 Ch. 13

ဘုန်း

တိတ်ဆိတ်ငြိမ်သက်သော အခန်းထဲမှာ အပြန်အလှန် ထိုးနှက်သံတွေ ပဲ့တင်ထပ်နေသည်။

လင်းရှန်၏ ရိုက်ချက်သည် ဒေါသနှင့် ပြည့်

နှက်နေပြီး ရှိသမျှအားကုန်သုံးနေသည်။

အစောင့်အကြပ်က ဖမ်းခံထားရသဖြင့် ထျန်းတျန်းသည် သူ့ဘာသာ ကာကွယ်ရန် အချိန်မရှိပေ။ သူက အားအပြည့်နဲ့ မှုတ်ထုတ်လိုက်ပြီး ပါးစပ်ထဲကနေ သွေးများကို ထွေးထုတ်လိုက်သည်။ သူက နောက်ထိလွင့်သွားပြီး နံရံကို ပြင်းပြင်းထန်ထန်နဲ့ တိုက်မိသွားသည်။

ပြတင်းပေါက်မှ လင်းထိန်နေသော လရောင်အောက်မှာတော့ ထျန်းတျန်း၏ ရှပ်င်္အကျီရင်ဘတ်တွင် လက်ဖဝါးပုံသဏ္ဍာန်ရှိသည့် တွင်းနက်ကြီးတစ်ခုကို သူမြင်လိုက်ရသည်။ ထိတွေ့နေသော အရေပြားသည် မီးလောင်ပြီး သွေးထွက်သံယိုဖြစ်ကာ ညှော်နံ့များထွက်ပေါ်လာသည်။

ထျန်းတျန်း၏ မျက်နှာသည် နာကျင်နေသော်လည်း သူ့မှာ ဒေါသ ထွက်ဖို့ အချိန်ရသေးသည်။ တံခါးဝက လင်းရှန်ကို လှမ်းကြည့်လိုက်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ကုတင်ပေါ်ကနေ ခုန်ဆင်းလာတဲ့ တခြားလင်းရှန်ကို သူမြင်လိုက်ရတော့ သရဲတစ္ဆေကို မြင်လိုက်ရသလိုပင်။

“သူ့မှာအမွှာရှိတာလား”

“မဟုတ်ပါဘူး၊ ဒီကလေးက မိဘမဲ့ဖြစ်တဲ့အပြင် လူမှုဖူလုံရေးကျောင်းကနေ ကြီးပြင်းလာသူပါ။ သူ့မှာ မောင်နှမ မရှိပါဘူး “

“ပြီးတော့ သူတို့က ညီအကိုတွေဆိုရင်တောင် အဲ့လောက် တူစရာမလိုပါဘူး။ သူတို့မှာ တူညီတဲ့ မျက်နှာသွင်ပြင်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ စိတ်နေစိတ်ထားတွေ ရှိနေကြတယ်။ သူတို့မှာ တူညီတဲ့အစေ့က ပဲပင်နှစ်ပင်နဲ့တူနေတယ်”

ထျန်းတျန်းနားမလည်နိုင်ခင်မှာ တံခါးဝမှ

လင်းရှန်သည် သူ့ကို မျက်နှာအမူအရာနဲ့ အော်ဟစ်နေသည်။

ဒါကိုမြင်တော့ ထျန်းတျန်းက သူ့ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသတွေကို ထိန်းထားနိုင်ခဲ့သည်။ သူကတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်။

အလစ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း သူက ချီအသွင်ပြောင်းခြင်း အဆင့်(၈) ကျွမ်းကျင်သူအဖြစ် ရှိနေသေးသည်။ အဆင့်(၅) ကျင့်ကြံသူနဲ့ တိုက်ခိုက်ရတာက ကိတ်မုန့်တစ်ပိုင်းလို ဖြစ်နေသည်။ သူက ချက် ချင်း အသာစီးရခဲ့သည်။

နောက်တစ်စက္ကန့်တွင် အခြားလင်းရှန်က ဘာလုပ်နေသည်ကို မြင်သောအခါ ထျန်းတျန်းသည် ငြိမ်သက်သွားလေသည်။

ကိုယ်ပွားတစ်ခုသည် လင်းရှန်၏ခန္ဓာကိုယ်မှ မှုန်ဝါးသောအရိပ်အဖြစ် ထွက်လာသော်လည်း မြင်သာသောအရှိန်ဖြင့် လျင်မြန်စွာ ပေါင်းစပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အခန်းထဲမှာ နောက်ထပ်တစ်ယောက်ပေါ်လာသည်။

ထျန်းတျန်းက အံသြသွားသည်။

“အဲဒါက ကိုယ်ပွါးလား”

“ဒီကလေးက ကျင့်ကြံသူသခင်ဖြစ်နိုင်မလား”

ထျန်းတျန်းသည် ကျင့်ကြံသူသခင်အစစ်အမှန်များနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသော်လည်း ၎င်းတို့တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်အမျိုးမျိုးရှိကြောင်း သူကြားသိခဲ့ရသည်။ သူတို့မှာ ဒီလိုထူးဆန်းတဲ့ အရည်အချင်းတွေ ရှိမှာမဟုတ်ဘူးလို့ အာမ မခံနိုင်ပေ။

သို့သော် သူသည် သူ၏ထင်မြင်ချက်ကို ချက်ချင်းပယ်ချခဲ့သည်။

“ဒီကလေးက ကျင့်ကြံသူသခင် မဖြစ်နိုင်ဘူး”

“မဟုတ်ရင် အခန်းထဲကို ဝင်လိုက်တာနဲ့ သူ့ကို တစ်ချက်တည်းနဲ့ ချောင်းမြောင်းပြီး သတ်ပစ်နိုင်တယ်။ ဒီလောက်ထိ ဒုက္ခရောက်စရာ မလိုပါဘူး”

“ဒါပေမယ့် အဲ့ဒီလိုမှမဟုတ်ရင် အခုက ဘာဖြစ်နေတာလဲ”

ခဏလောက်ကြာသည်အထိ ထျန်းတျန်းက ခေါင်းတွေ တဆတ်ဆတ်တုန်နေတာကို ခံစားလိုက်ရပြီး အံ့သြမှုတွေနဲ့ ပြည့်နေသည်။

သူ့ကကြောင်တောင်တောင်ဖြစ်နေသဖြင့် လင်းရှန်၏ ထိုးချက်တွေနဲ့ ထိပါးလုနီးပါး ဖြစ်သွားသည်။ အေးစက်နေသော ချွေးများက သူ့ကျောပြင်ပေါ် တွင် စီးကျလာပြီး တိုက်ပွဲကို ချက်ချင်း အာရုံစိုက်လိုက်သည်။

သိပ်မကြာခင်မှာပဲ ကိုယ်ပွါး(၁)က ထျန်းတျန်းကို တိုက်ခိုက်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွားနှစ်ကောင်က စုစည်းပြီး အိပ်ခန်းငယ်ထဲမှာ

ထျန်းတျန်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

ခြေလှမ်းအနည်းငယ်အကွာမှ လင်းရှန်သည် တံခါးဆီသို့ ရွေ့သွားပြီး တိုက်ပွဲကို စေ့စေ့ကြည့်နေသည်။

ကိုယ်ပွါး(၁)သည် ဇွဲ့လုံ့လကြောင့် တိုက်ခိုက်မှုများကို အလွန်ခံနိုင်ရည်ရှိသည်။ ကိုယ်ပွါးဖြစ်သောကြောင့် သေခြင်းကို မကြောက်ချေ။ သူ့ဘာသာ ခုခံကာကွယ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိသလို တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရဖို့လည်း စိတ်မ၀င်စားချေ။

တခြားအချိန်တွေဆိုရင် ထျန်းတျန်းက လုံးဝမကြောက်ချေ။ သူသည် အဆင့်သုံးဆင့်မြင့်ပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူဖြစ်သည်။ သူ့ပြိုင်ဘက်တွေကို ဒဏ်ရာလုံးဝမရဘဲ သတ်

ပစ်နိုင်သည်။

သို့သော်လည်း သူသည် ယခုအခါ ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်ပြီး သူ၏ပြိုင်ဘက်မှာ သေခြင်းကို မကြောက်ပေ။ တိုက်ပွဲက တော်တော်ပြင်းထန်လာသည်။

ထျန်းတျန်းကို ပို၍ ထိတ်လန့်စေသည့်အရာမှာ အခြား လင်းရှန် ဖြစ်သည်။

သူ့၏ နေမီးတောက်လက်ဝါးသည် ထူးထူးခြားခြား ပြင်းထန်နေပြီး သူ၏လက်ဖဝါးကိုထုတ်လိုက်တဲ့အခါတိုင်း အပူလှိုင်းများ တဟုန်းဟုန်းတောက်ကာ မီးကဲ့သို့ နီရဲနေလေသည်။ လက်ဖဝါး ဖြတ်သွားတိုင်း လေက လှုပ်ခတ်နေပြီး ကြောက်စရာကောင်းသည်။

၎င်းသည် နေမီးတောက်လက်ဝါးကို ကျွမ်းကျင်ကြောင်း သက်သေပြခဲ့သည်။

ထျန်းတျန်းသည် အလွန်တုန်လှုပ်သွားသည်။

လူမှုဖူလုံရေးအဖွဲ့အစည်းမှ မိဘမဲ့ကလေးငယ်တစ်ဦးသည် ထိုအရွယ်တွင်

နေမီးတောက်လက်ဝါးကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု မထင်ထားခဲ့ပေ။

လင်းရှန်လည်း အံ့သြသွားသည်။

သန့်စင်သော ယန်ခန္ဓာကိုယ်သည် ယန်အမျိုးအစား ကျင့်ကြံနည်းစနစ်၏ စွမ်းအားကို ၁၀၀% မြှင့်တင်ပေးနိုင်သော်လည်း လက်တွေ့တိုက်ပွဲမှာတော့ သူပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ စွမ်းအားသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ပင်ကိုယ်စွမ်းရည်သည် လက်ဖဝါးနည်းစနစ်ကို အဆင့်တစ်ခုလုံးနီးပါး မြှင့်တင်နိုင်သည်။

လင်းရှန်သည် တိုက်ပွဲတွင်ပါဝင်ရန် ကိုယ်ပွါး(၂)ကို ဆင့်ခေါ်ဖို့ တုံ့ဆိုင်းနေသေးသော်လည်း ယခုတော့ သူစိတ်သက်သာရာရသွားသည်။

ကိုယ်ပွါး(၁)နှင့်(၃)သည် ဤရာဇ၀တ်ကောင်ကို ကိုင်တွယ်ရန် လုံလောက်သည်။

ဟုတ်တယ်၊ ဒီလူက ရာဇဝတ်ကောင်ပင်။

လင်းရှန် ဘာတွေဖြစ်နေတာလဲ ဆိုတာကို တွေးမိသွားသည်။

မကြာသေးမီက သူ့အချိန်ဇယားသည် အမြဲပုံမှန်ဖြစ်နေခဲ့သည်။ ချီအသွင်ပြောင်းခြင်းနှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူတစ်ဦးနှင့်

ချိတ်ဆက်မိပြီး ဘယ်လိုရန်သူဖြစ်သွားတာကို သူမမှတ်မိချေ။

သူဘယ်လောက်ပဲ ခက်ခက်ခဲခဲ တွေးနေပါစေ ၊ လွန်ခဲ့သည့် ဆယ်ရက်ညက ရာဇ၀တ်

သားတစ်ဦးကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လိုက်ရှာသည့် တစ်ခုတည်းသော အထူးဖြစ်ရပ်သာ ဖြစ်ခဲ့သည်။

ဤလူသည် အဝါရောင် ခေါင်းစီးစစ်သည်၏ နောက်ကွယ်မှ ခြယ်လှယ်သူ ဖြစ်နိုင်ချေများသည်။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်နှင့် တွေ့သောအခါ သူသည် အရေးကြီးသောအရာတစ်ခုကို လင်းရှန်၏ လွယ်အိတ်ထဲသို့ထည့်ရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့ပြီး ၎င်းကိုပြန်ယူရန် ယနေ့ညအထိ စောင့်ခဲ့ပုံရသည်။

“ဘယ်လိုမှ မထိုက်တန်တဲ့ ဘေးဆိုးကြီး…”

လင်းရှန်က ရှုံ့မဲ့နေသည်။

သူဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။

အိမ်အပြန်လမ်းမှာ ဘာမဟုတ်တဲ့ရာဇဝတ်ကောင်ကို နှိုးဆော်ခဲ့မိသည်။

သူ့ကိုယ်ပွါးတွေကြောင့်သာ မဟုတ်ရင် ဒီည အကြောင်းပြချက်မရှိ သေသွားမည်ပင်။

လင်းရှန်သည် မေးခွန်းကို တွေးတောနေချိန်တွင် အိပ်ခန်းထဲ၌ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော ကိုယ်ပွားနှစ်ခုဖြင့် ဝန်းရံခံထားရသည့် ထျန်းတျန်းသည် ပို၍ပင် အန္တရာယ်များသော အခြေအနေတွင် ရှိနေသည်။

အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ပွားနှစ်ခုသည် ပြင်းထန်သော ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း ထျန်းတျန်းပါ ဒဏ်ရာများစွာကို ရရှိခဲ့သည်။

ဒဏ်ရာဟောင်းနှင့် အသစ်များကို ပေါင်းစပ်မိတဲ့အခါ ထျန်းတျန်းခန္ဓာကိုယ်သည် ပျော့ပျောင်းမှုလှိုင်းတံပိုးများဖြင့် ပြည့်နှက်လာသည်။

“မဟုတ်ဘူး၊ ဒါကို ဆက်ပြီး ခွင့်မပြုနိုင်ဘူး။ ဒီ ကိုယ်ပွါးနှစ်ခုကို သတ်လိုက်ရင်တောင် ဒဏ်ရာအပြင်းအထန်ရပြီး တိုက်ခိုက်နိုင်စွမ်းလည်း ဆုံးရှုံးသွားမှာ။ ဒီလိုဖြစ်လာရင် ဒီကလေးဆီ အသနားခံရတော့မှာ”

ထျန်းတျန်းက လင်းရှန်ကို မော့ကြည့်လိုက်ပြီး ခေါင်းကို လှည့်လိုက်သည်။

“အဲဒီကလေးက တကယ့်အစစ်ပဲ။ ငါသူ့ကိုသတ်လိုက်ရင် ဒီကိုယ်ပွါးနှစ်ခုက သေချာပေါက် ပျောက်ကွယ်လုနီးပါးဖြစ်သွားလိမ့်မယ်”

ထျန်းတျန်းက ဆုံးဖြတ်ချက်မြန်ပြီး ပြတ်ပြတ်သားသား လုပ်တတ်သူဖြစ်သည်။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် သူ့လက်ဖဝါးတွင် သံမဏိဓားတစ်ချောင်း တောက်ပလာသည်။

သူက အသံတိုးတိုးနဲ့ ရွတ်ဖတ်လိုက်တော့လှုပ်ရှားနေသော ဓါးသွားပေါ်တွင် လခြမ်းပုံ တောက်ပလာသည် ။ ၎င်းသည် လေကို ထိုးဖောက်သွားပြီး ကိုယ်ပွားနှစ်ခု၏ ရင်ဘတ်များကို တပြိုင်နက်တည်း ထိမှန်သွားသည်။

သွေးတွေ တဖျပ်ဖျပ်ခတ်ပြီး ကိုယ်ပွါးနှစ်ကောင်က ကြိုးပြတ်သွားတဲ့ စွန်တွေလိုနောက်ကို လွင့်သွားကြသည်။

ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ထျန်းတျန်းက ၎င်း၏ကျန်ရှိသောခွန်အားကို စုဆောင်းကာ တံခါးဝသို့ ဆုတ်ခွါသွားသော လင်းရှန်ဆီကို ခုန်လိုက်သည်။ သူ့လက်ထဲမှသံမဏိဓားရှည်က လင်းရှန်၏နှလုံးသားကို

ထိုးဖောက်ဖို့ လုပ်နေသည်။

“သေစမ်း”

ထျန်းတျန်း မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးက အေးစက်သွားသည်။

လင်းရှန်ခန္ဓာကိုယ်မှ အရိပ်တစ်ခုက လျင်မြန်စွာ ကွဲထွက်လာပြီး မျက်စိတစ်မှိတ်

အတွင်း ခိုင်မာသောရုပ်သွင် အဖြစ်သို့ ပြောင်းလဲကာ လင်းရှန်နှင့် ထျမ်းတျန်းကြားရှိ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

နောက်ထပ် “လင်းရှန်”

ဝူး ဝူး

ဓားတစ်ချောင်း၏ စူးစူးရှရှ အသံသည် အသားထဲသို့ ဖောက်ဝင်သွားသည် ။

ချွန်ထက်သောဓားသည် လင်းရှန်၏ နှလုံးသားထဲသို့ အတားအဆီးမရှိဘဲ ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ရင်ဘတ်တွင် စိုက်သွားခဲ့သည်။

ထျန်းတျန်းသည် ရန်သူကို တစ်ချက်ထိုးလိုက်ပြီးနောက် လုံးဝမပျော်ခဲ့ပေ။ အဲဒီအစား သူ ထိတ်လန့်သွားပုံရသည်။

“သေတာပဲ”

ထျန်းတျန်းသည် ထိတ်လန့်သွားပြီး သူ့နဲ့သိပ်မကွာသော ရန်သူကို ရင်ဆိုင်ရန် သူ့လက်နက်ကို ဆွဲထုတ်လိုက်ချင်သည်။

နောက်အခိုက်အတန့်တွင် လင်းရှန်သည် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး ထျန်းတျန်း၏ လက်ကောက်ဝတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

တစ်ချိန်တည်းမှာပဲ

ထျန်းတျန်းသည် သူ့နောက်မှ လေပြင်းတိုက်သံကိုကြားရပြီး ကိုယ်ပွားနှစ်ကောင်က လက်ဖဝါးကို ဝှေ့ယမ်းကာ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်သည်။

သေခြင်းတရားအပေါ် ကြောက်ရွံ့ခြင်းက သူ့ကို လွှမ်းမိုးသွားခဲ့သည်။ အော်ဟစ်ရန် ပါးစပ်ကို ဖွင့်လိုက်သောအခါ ထျန်းတျန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ချမ်းသာပေးပါ…”

ရုတ်တရက် ရပ်လိုက်ပြီး သူ့ပါးစပ်က စကားလုံးတွေ ထွက်လာသည်။

ကိုယ်ပွားနှစ်ခု၏ လက်ဖဝါးများသည် ထျန်းတျန်း၏ နောက်ကျောနှင့် ဦးခေါင်းနောက်ဘက်သို့ တစ်ချိန်တည်း ကျရောက်လာသည်။ တောက်လောင်ပြီး အစွမ်းထက်တဲ့ စွမ်းအားက သူ့အသက်စွမ်းအားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

ထျန်းတျန်း၏ မျက်လုံးများ ပြူးသွားကာ သူ့လည်ချောင်းထဲက ဝမ်းခေါင်းသံအချို့ ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲရှိ အလင်းတန်းများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်သည် ချက်ခြင်း အားလျော့သွားသည် ။ သူသေသွားပြီပင်။

All Chapters