စွမ်းရည်သက်တမ်းတိုးခြင်း။
Vol. 1 Ch. 15
လင်းရှန်သည် ကျင့်ကြံနည်းစနစ်သုံးခုကို ဝမ်းသာအားရ ကောက်ယူပြီး ဂရုတစိုက် လှန်ကြည့်လိုက်သည်။ စာများကိုဖတ်လေ သူ့မျက်လုံးများ တောက်ပလာလေဖြစ်သည်။
လျှို့ဝှက်လက်စွဲစာအုပ်သုံးအုပ်အနက် တစ်ခုသည် သူ၏အနှစ်သာရကို ထိန်းထားရန် အရေးတကြီးလိုအပ်နေသည့် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။ ယင်းမှာ “သေခြင်း အတားအဆီး” ပင် ဖြစ်သည်။
“အချိန်ကိုက်ပဲ”
လင်းရှန်သည် ထျန်းတျန်း၏ အလောင်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
အစကတော့ အကြောင်းပြချက်မရှိဘဲ လူဆိုးတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံရလို့ ကံမကောင်းဘူးဟု ခံစားရသည်။
ယခုကတော့ ကံကောင်းခြင်းနဲ့ ဆိုးခြင်းကသူ့ထံ တစ်ပြိုင်နက် ရောက်လာပုံရသည်။
ဒီညတိုက်ပွဲက အန္တရာယ်များပေမယ့် အဆုံးမှာတော့ ဆုကြေးကမိုက်သည်။
ယနေ့ညအတွက်တော့ ဝိညာဉ်ဒင်္ဂါးပြားများနှင့် ဆေးပြားတွေမပါဘဲ
ဒီကျင့်ကြံနည်းစနစ် လက်စွဲစာအုပ်နဲ့တင်
အန္တရာယ်က ထိုက်တန်ပေသည်။
သေခြင်းအတားအဆီးမှလွဲ၍ အရိပ်သည် လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြစ်ပြီး အရည်ပျော်ခြင်းသည် ယန်အမျိုးအစား ကျင့်ကြံနည်းတစ်ခုဖြစ်သည်။
“ယန်အမျိုးအစား ကျင့်ကြံနည်းစနစ်ကို ငါ ကိုယ်ပွါး(၃)ကို ပေးနိုင်တယ်”
လင်းရှန်သည် လျှို့ဝှက်စာအုပ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်သော်လည်း ထိုအကြောင်းအရာကို မြင်လိုက်ရသောအခါတွင်တော့ အလွန်စိတ်ပျက်သွားမိသည်။
ချီနှင့် အတွင်းအနှစ်သာရတို့ ပေါင်းစပ်မှသာ အရည်ပျော်ခြင်းကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
တစ်နည်းဆိုရသော် ဤသည်မှာ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်နှင့် ထိုအထက်ရှိသော ကျင့်ကြံသူများသာ ပြုစုပျိုးထောင်နိုင်သော ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။
“စောစောက ဒီကိုယ်ခံပညာနည်းစနစ်ကို သူသုံးတာ မတွေ့ရတာက အံ့ဩစရာမရှိပါဘူး… ခဏ.. သူက လှုပ်ရှားမှုနည်းစနစ်ကို အသုံးချပုံမပေါ်ဘူး။ စာအုပ်တွေ အခုမှရထားပြီး နည်းစနစ်တွေကို ကျင့်ကြံဖို့ အချိန်မရသေးတာ ဖြစ်နိုင်လား”
လင်းရှန်က အံ့ဩသွားသည်။
သို့သော်လည်း ထျန်းတျန်းသည် လျှို့ဝှက်လက်စွဲစာအုပ်ကို ရရှိပြီးကတည်းက ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ သူ့ကို လိုက်ဖမ်းခဲ့ကြောင်း လင်းရှန်မသိခဲ့ပေ။ သူ့မှာ ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ကျင့်ကြံဖို့ အချိန်ကို ရှာနေရသည်။
နောက်ဆုံးတွင် သူဝီရိယရှိရှိရယူခဲ့သော လျှို့ဝှက်လက်စွဲစာအုပ်များသည်
လင်းရှန်၏ပိုင်ဆိုင်မှုများဖြစ်လာခဲ့သည်။
သူသည် ထိုအချိန်တွင် အရည်ပျော်ခြင်းကို မကျင့်ကြံနိုင်သော်လည်း သေခြင်းအတားအဆီးနှင့်အရိပ်ကတော့ အဆင်ပြေသည်။
လင်းရှန်သည် ဤကျင့်ကြံနည်းစနစ်နှစ်ခုမှာအစပြုသူအဆင့်သို့ အမြန်ဆုံးရောက်ရှိရန် ဆုံးဖြတ်ခဲ့သည်။
သိုလှောင်ကျောက်စိမ်းပြားထဲသို့ အရာအားလုံးကို ပြန်ထည့်ပြီးနောက် လင်းရှန်က ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ မရှိတာကို မြင်လိုက်ရတော့မှ ထျန်းတျန်းရဲ့ အလောင်းကို ချက်ချင်းထမ်းပြီး ပြတင်းပေါက်ကနေ ခုန်ချလိုက်သည်။
တိုက်ခန်းအဆောက် အအုံသည် အရှေ့ခရိုင် ၏ အစွန်ဆုံးတွင် တည်ရှိသည်။ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေခဲ့သော ပန်းခြံများနှင့် မြေယာအများအပြားသာ ရှိသည်။
လင်းရှန်သည် ကြုံရာကျပန်း စွန့်ပစ်မြေများကို တွေ့ရှိပြီး အလောင်းကို အရည်ပျော်ခြင်းဖြင့် အရည်ဖျော်လိုက်သည်။ ထို့နောက် အစအနအားလုံးကို ဖယ်ရှားရန် သဲအလွှာဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် တိုက်ခန်းသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။
ညဥ့်နက်နေပြီဖြစ်ပြီး လင်းရှန်သည် အန္တရာယ်ရှိသောတိုက်ပွဲကို ကြုံဖူးသွားသည်။ သူမှာ ဒဏ်ရာမရပေမယ့် သူ့စိတ်တွေက အရမ်းပင်ပန်းနေပြီပင်။ ထို့ကြောင့် သူသည် ကျင့်ကြံနည်းကို ချက်ခြင်းပင် ရပ်တန့်ကာ အိပ်ရာဝင်ခဲ့သည်။
ညသည် ပုံမှန်လိုကုန်ဆုံးသွားသည်။
နောက်တစ်နေ့တွင် လင်းရှန်သည် ရှုယွမ်ကိုဖုန်းဆက်ပြီး ခွင့်တိုင်ပေးရန် တောင်းဆိုခဲ့သည်။
မနေ့ညက ထူးဆန်းတဲ့ အုံကြွမှုတွေအကြောင်း အိမ်နီးနားချင်းတချို့က လာရောက်မေးမြန်းကြတာကြောင့် ရှောင်တခင် ဆင်ခြေတွေ ပေးခဲ့ရသည်။ ပြီးမှ လင်းရှန်က သက်ပြင်းတစ်ချက်ချကာ တံခါးကိုပိတ်လိုက်သည်။
“ကြည့်ရတာ တတ်နိုင်သမျှ ဒီကနေ မြန်မြန် ရွှေ့ဖို့ လိုတယ်။ အိမ်နီးနားချင်းမရှိတဲ့နေရာကို ရှာတာ အကောင်းဆုံးပဲ “
နောင်တွင် သူ၏ကိုယ်ပွားအရေအတွက် တိုးလာသည်နှင့်အမျှ ကျင့်ကြံချိန်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ပိုမိုကျယ်လောင်လာမည်မှာ သေချာသည်။ အကယ်၍
လင်းရှန်သည် ဤတိုက်ခန်းတွင် ဆက်လက်နေထိုင်ပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားနိုင်သည်။
တကယ်တော့ လင်းရှန်က ရွှေ့ချင်နေတာ ကြာပြီပင်။
သို့သော် သူသည် အမြဲလိုလို ငွေပြတ်နေခဲ့သည်။ သူ့မှာ အသားဝယ်ဖို့ အတွက် ဝိညာဉ်ဒင်္ဂါးတွေတောင် မလုံလောက်ချေ။ ပိုမြင့်တဲ့ အိမ်ငှားခအတွက် ပိုက်ဆံကို သူဘယ်လို မနှမြောလဲ နေနိုင်မလဲ။
ကံကောင်းထောက်မစွာ သူသည် မနေ့ညက ငွေအမြောက်အမြားကိုရရှိခဲ့ပြီး ယခု ပြောင်းရွှေ့ရန် တတ်နိုင်ခဲ့သည်။
ဧည့်ခန်းသို့ပြန်ရောက်ပြီးနောက် လင်းရှန်သည် သေခြင်းအတားအဆီး၏ လက်စွဲစာအုပ်ကို သူ၏သိုလှောင်ကျောက်စိမ်းပြားမှထုတ်ကာ ပြန်လှန်ကြည့်လိုက်သည်။
လျှို့ဝှက်လမ်းညွှန်စာအုပ်ကို အစမှအဆုံး ထိနှစ်ကြိမ်ဖတ်ပြီး ဘာစာကိုမှ မလွတ်အောင် မှတ်သားပြီးနောက် လင်းရှန်သည် ဧည့်ခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ့စိတ်ကို အာရုံစိုက်လိုက်သည်။ သူ့စိတ်ထဲတွင် ကိုယ်ပွားနှစ်ခုနှင့် အတူ ကျင့်ကြံနည်းစနစ်ကို သူနားလည်လာသည်။
ကိုယ်ခံပညာ နည်းစနစ်တွေကို ကျင့်ကြံဖို့ဆိုတာ မလွယ်ချေ။ အစပြုသူအဆင့်ကိုရောက်ဖို့ ဆယ်ရက်ကျော်မှ တစ်လကျော်လောက် ကြာတတ်သည်။
အနည်းငယ်ညံ့ဖျင်းသော အရည်အချင်းရှိသူများဆို အစပြုသူအဆင့်သို့ရောက်ဖို့ကို လပေါင်းများစွာ လိုအပ်သည်။
ယခင် လင်းရှန်သည် နေမီးတောက်လက်ဝါးကို ကျင့်ကြံသောအခါ ထိုနေရာသို့ ရောက်ရန် သုံးလကျော် ကြာခဲ့သည်။
လင်းရှန်သည် သူ၏ကိုယ်ပွါးများနဲ့ အစပြုသူအဆင့် သို့ရောက်ရှိရန် အချိန်မည်မျှလိုသည်ကို သိချင်နေသည်။
လျှို့ဝှက်လက်စွဲစာအုပ်ပါ ဖော်ပြချက်များအရ သေခြင်းအတားအဆီးသည် ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များထက် သင်ယူရန် ပိုမိုလွယ်ကူသည်။
နောက်ဆုံးတွင် ၎င်းသည် လူတစ်ဦး၏ အရောင်အဝါကို ထိန်းထားရန် နည်းလမ်းတစ်ခုသာဖြစ်သည်။ ရှားတယ်ဆိုပေမယ့် သိပ်တော့မရှုပ်ထွေးချေ။
တစ်နေ့တာလုံး ထမင်းစားတာနဲ့ရေချိုးတာကလွဲရင် လင်းရှန်သည် သေခြင်းအတားအဆီးကို နားလည်သဘောပေါက်အောင် ကျင့်ကြံပြီး ညဥ့်နက်မှ ရပ်သွားခဲ့သည်။
ကိုယ်ပွါးနှစ်ခုကို ပြန်လည်ပေါင်းစည်းပြီးနောက် “သေခြင်း အတားအဆီး” ဟူသော စကားလုံးသည် မျက်နှာပြင်ပေါ်တွင် ပေါ်မလာခဲ့သော်လည်း နားလည်မှုများစွာတို့သည် လင်းရှန်စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ ကိုယ်ပွါးတွေက ကျင့်ကြံနည်းကို နားလည်လွယ်တယ်”
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
ဤနည်းအားဖြင့် သေခြင်းအတားအဆီးသည် အစပြုသူ အဆင့်သို့ ရောက်ရန် အချိန်အတော်ကြာ ယူစရာမလို့ချေ။
လင်းရှန်သည် မတ်တပ်ထရပ်ပြီး အညောင်းဆန့်ရင်း စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်တာကြောင့် ကိုယ်ပွါး (၂) ပေါ်လာဖို့ သုံးမိနစ်ကျော်သာ ကျန်တော့သည်ကို သဘောပေါက်လိုက်သည်။
သူက စိတ်ရှည်ရှည်နဲ့ ခဏစောင့်နေသေးသည်။ ကြာချိန်သည် သုညသို့ရောက်သောအခါ သူသည် ကိုယ်ပွါး(၂)ကို ချက်ချင်းခေါ်ဆိုခဲ့သည်။
ပြန်ရှင်လာသော ကိုယ်ပွါး(၂)သည် များစွာပြောင်းလဲသွားပုံမပေါ်ချေ။ ရင်ဘတ်မှ ဒဏ်ရာက သက်သာနေပြီ ဖြစ်သည်။
သို့သော် လင်းရှန် အနီးကပ်ကြည့်သောအခါတွင် အံ့ဩသွားသည်။
[ကိုယ်ပွါး ၂]
[စွမ်းရည် : အသက်အမှတ်ပြန်တိုးလာခြင်း]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၅၊ ၂၅%]
[လက်ရှိကျင့်ကြံမှု: မရှိ]
သူ၏စွမ်းရည်များသည် သာမန်အထက်မှ အသက်ပြန်ရှင်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
[အသက်ပြန်ရှင်ခြင်း - ကာယကြံ့ခိုင်မှု+၃၀%, ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုနည်းစနစ် အမြန်နှုန်း+၁၀%]
လင်းရှန်က အံ့အားသင့်သွားသည်။
ကိုယ်ပွားကို ပြန်လည်အသက်သွင်းပြီးနောက် ၎င်း၏စွမ်းရည်ကိုလည်း အသစ်ပြန်လည်ရရှိလာသည်။
လင်းရှန်သည် အံ့အားသင့်သွားပုံရသည်။
ဆိုလိုသည်မှာ သူသည် ကိုယ်ပွားများ၏ စွမ်းရည်များကို ထပ်ခါတလဲလဲ ပြောင်းလဲနိုင်သည်။
သူ၏ကိုယ်ပွားအပေါ် စွမ်းရည်သက်ရောက်မှုမှာ ထင်ရှားသည်။ ကိုယ်ပွါး(၃) ကိုကြည့်လိုက်ရုံနဲ့သိသာသည်။ သန့်စင်သော ယန်ခန္ဓာကိုယ်သည် ယန်အမျိုးအစား ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံရာ၌ တခြားကိုယ်ပွါးတွေထက် နှစ်ဆမြန်သည်။
ဇွဲလုံ့လဟာ အထင်ကြီးလောက်စရာမဟုတ်ပေမယ့် ဒီအရည်အချင်းမရှိရင် လင်းရှန်ရဲ့အချိန်ပိုင်းအလုပ်ကနေ သူ့ရဲ့ပထမဆုံးငွေတွေကို ရယူနိုင်မှာမဟုတ်ချေ။
မဟုတ်ရင် မနေ့ညက တိုက်ပွဲမှာ ထျန်းတျန်းကို အောင်မြင်စွာ မသတ်နိုင်လောက်ချေ။
စွမ်းရည်ကောင်းသည် ကိုယ်ပွါး၏ ကျင့်ကြံမှုစွမ်းရည်ကို လွန်စွာတိုးမြှင့်နိုင်သည် သို့မဟုတ် အခြားကဏ္ဍများတွင်လည်း ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
ရေရှည်မှာ သူ့အတွက် ပိုအကျိုးရှိနိုင်သည်။
“အသက်ပြန်ရှင်ခြင်း…”
လင်းရှန်က ခဏလောက် စဉ်းစားကြည့်သည်။
ဒီစွမ်းရည်က သန့်စင်သော ယန်ခန္ဓာကိုယ်နှင့် ဇွဲ့လုံ့လထက် ပိုဆိုးသည်။
သူ၏ကိုယ်ခံအားကို (၃၀)% တိုးမြှင့်ခြင်းသည် ချီအသွင်ပြောင်းခြင်းအဆင့်တွင်သာ အသုံးဝင်သည်။ ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများကြား တိုက်ပွဲတွင် ကာယကြံ့ခိုင်မှုသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သို့သော် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ရောက်ရှိပြီး ချီကိုရယူပြီးရင်
လူတစ်ဦး၏ ခွန်အားအရေးပါမှုသည်
အလွန်လျော့ကျသွားမည်ဖြစ်သည်။
ကိုယ်ကာယမြှင့်တင်မှုနည်းစနစ်များ၏ ကျင့်ကြံမှုအမြန်နှုန်းကို ၁၀%တိုးစေသော စွမ်းရည် သည် ကျင့်ကြံမှုအမြန်နှုန်း ၂၀% တိုးလာစေသော သာမန်အထက် ထက်ပင် အားနည်းနေသည်။
မဆိုင်းမတွဘဲ လင်းရှန်သည် ဤစွမ်းရည်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
သူ့စွမ်းရည်တွေကို ထပ်ခါတလဲလဲ ပြောင်းလဲနိုင်တဲ့အတွက် ကောင်းကောင်းရှာမတွေ့မချင်း ပြောင်းနိုင်သည်။
အနည်းဆုံးတော့ သာမန်အထက် ထက် မဆိုးနိုင်ချေ။
တစ်ခုတည်းသောပြဿနာမှာ ကိုယ်ပွားကို ပြန်လည်ရှင်သန်ရန် အချိန်အကြာကြီးယူရမည်ဖြစ်သည်။
တစ်နေ့တောင်စောင့်ရမည်။
၎င်းသည် သူ၏စွမ်းရည်ကို ပြောင်းလဲနိုင်သည့်အကြိမ်အရေအတွက်ကို အလွန်ကန့်သတ်ထားသည်။
သူသည် ကိုယ်ပွားတစ်ခုကို အကြိမ်များစွာ ပြန်လည်အသက်သွင်းပါက ၎င်း၏တိုးတက်မှုနှုန်းကို နှေးကွေးစေမည်မှာ သေချာသည်။
“ငါကံကောင်းမယ်လို့ မျှော်လင့်ပြီး အချိန်
အများကြီးမဖြုန်းတော့ပါဘူး”
လင်းရှန်သည် ပြန်လည်ရှင်သန်လာသော
ကိုယ်ပွါး(၂)ကိုကြည့်ကာ ပခုံးကို ပုတ်လိုက်ပြီး သူ၏သိုလှောင်ထားသော ကျောက်စိမ်းပြားမှ သံမဏိဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
“တောင်းပန်ပါတယ် အစ်ကို။”