← Chapters

စစ်ဝိညာဥ် ဖလှယ်မှု

Vol. 55 Ch. 757

စစ်ဝိညာဥ် ဖလှယ်မှု

Vol. 55 Ch. 757

ဝမ်... ဝမ်...

ထူးဆန်းသော အော်မြည်သံများနှင့် အတူ ဝေ့ဝူယင်၏ ခေါင်းထက်ရှိ ရောင်ခြည်စက်ဝန်းမှာ စတင် ကျယ်ပြန့်လာ၏။ ၎င်းက လျှင်မြန်စွာပင် သူ့ပခုံးများကို ကျော်လွန်၍ အောက်သို့ ဆင်းသက်လာကာ မကြာခင်မှာပင် ရောင်စုံ အလင်းတန်းများ အဖြစ် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝါးမြိုသွားခဲ့တော့သည်။

ကွမ်ယု၏ မျက်လုံးရှေ့တွင်ပင် ဝေ့ဝူယင်မှာ အလင်းတန်းများ၏ လွှမ်းခြုံမှုနှင့် အတူ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ မြေပြင်ထက်၌ တုန်ရီနေသည့် တော်ဝင် အလင်းစ အချို့သာလျှင် ကျန်ရစ်ခဲ့၏။

ကွမ်ယု ထိုအလင်းစများကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့ အကြည့်များက မိန်းကလေး၏ အလောင်းထံ ရွေ့လျားသွားသည်။ ထိုအခါ သူ့ မျက်နှာထက်၌ ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက် အချို့ ပေါ်လာခဲ့၏။

ကွမ်ယုက ဘေးဘီကို လှည့်ပတ် ကြည့်လိုက်ကာ သံလိုက်အိမ်မြှောက် အကြီးစား တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုသံလိုက်အိမ်မြှောင်တွင် လက်တံများ မပါရှိချေ။ စစ်မြေပြင်ဇုန်ကိုးခုကို မှတ်တမ်းတင်ထားသည့် မြေပုံ တစ်ခုသာ ပါဝင်ပေသည်။ ထိုမြေပုံထက်တွင်တော့ များစွာသော အလင်းစက်များ ရှိနေကာ အရေအတွက်အားဖြင့် တစ်သောင်းခန့် ရှိပေလိမ့်မည်။

အနီးအနား၌ မည်သည့် အလင်းစက်များမှ ရှိမနေသည်ကို သတိထားမိလိုက်ရာ ကွမ်ယုက ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ထိုင်ချကာ စတင် တရားထိုင် လိုက်သည်။ သူ စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။ သူ့စိတ်ထဲ၌ ချောမောသော လူငယ်က များစွာသော အကျိုးအမြတ်များစွာ ပေးကမ်းနိုင်လိမ့်မည်ဟု ခံစားနေရသည်။

“ဒါပေမဲ့ သူက အဆင့်ရှစ်မှာပဲ ရှိနေသေးတာလား...”

ကွမ်ယု မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ ထိုလူငယ်မှာ အံ့ဖွယ်သရဲ ကိစ္စရပ်များကို ဆောင်ရွက် ပြသခဲ့သော်လည်း ကြယ်အမြုတေ အဆင့်နှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတများကတော့ မရှိသလောက်ပင် ဖြစ်သည်။ ထိုအချက်က အဆင့်ကိုးကို မရောက်သေးကြောင်း သက်သေထူနေ၏။

အကယ်၍ သူ တွေးနေသည့် ပုဂ္ဂိုလ်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွင်သာ ရှိနေသေးကြောင်း သိရှိပါက ကွမ်ယုမှာ စိတ်တစ်ခုလုံး ပြိုကွဲသွားလေမည်လားပင် မပြောတတ်ပါချေ။

....

အဖြူရောင် အတိပြီးသည့် လောကတစ်ခု...

ထိုနေရာ၌ မိုးကုပ်စက်ဝိုင်း မရှိသလို နေကြယ်လည်း မရှိချေ။ ပတ်ခြာလည်၌ အဖြူရောင် နံရံများသာ ရှိပေသည်။ထိုနံရံများမှာ လူများ မျက်စိကန်း သွားစေနိုင်သည့် အလင်းရောင်စဥ်များကို ထုတ်လွှတ်နေ၏။ ထိုကမ္ဘာထဲ၌ တောင်တန်းငယ် တစ်ခု အရွယ်အစား ရှိသည့် ကျောက်ဖြာ တစ်ခု ရှိနေခဲ့သည်။ ၎င်းက ပင်မ စစ်မြေပြင်ရှိ စစ်ဝိညာဥ် ပလ္လင်အတိုင်း အတိအကျပင် တူညီလှ၏။ မျက်နှာပြင်ထက်ရှိ “စစ်” စကားလုံးပင် အတူတူပင် ဖြစ်လေသည်။

ယနေ့...ထိုပလ္လင်ထက်၌ အဖြူရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခု ရပ်နေခဲ့၏။ သူက ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

ဝေ့ဝူယင်မှာ မျက်လုံးများကို မှိတ်ထားရာ မည်သည့် အရာကိုမှ တွေ့မြင်နိုင်စွမ်း မရှိပါချေ။ သို့တိုင်အောင်... မျက်ခွံများကို ဖြတ်သန်း၍ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် အလင်းများကို သူ ခံစား၍ ရနေခဲ့၏။ ထိုအလင်းများမှာ ကောင်းကင်ဘုံ နတ်မျက်လုံး သုံးခု၏ အဓိက တည်နေရာများကို ကြီးစွာသော နာကျင်မှုများ ဖြစ်ပေါ်စေသဖြင့် သူကိုယ်တိုင် ချိပ်ပိတ်ထားခဲ့ရသည့် သူ့ မျက်လုံးများထဲမှ ဝိညာဥ် အလင်းများလိုပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။

အလင်းတန်းများ အကြောင်း တွေးတောရင်း ဝေ့ဝူယင်၏ အတွေးများက လက်ရှိ ချိပ်ပိတ် ထားရသည့် သူ့ မျက်လုံးများထံ ‌ရောက်ရှိသွား၏။ သူ မျက်လုံးများ ဖွင့်ချင်သည်မှာ ကြာလှပြီ ဖြစ်သည်။ အထူးသဖြင့် ရုပ်ခန္ဓာ အမြင့်ဆုံး အဆင့်အထိ သန့်စင်ခံရပြီးချိန်တွင် ဖြစ်သည်။ သို့သော်လည်း... ဧဒင်က သူ့ကို ချက်ချင်းပင် ရပ်တန့်ရန် သတိပေးခဲ့သည်။ ၎င်းမှာ သူ့အသိစိတ် ပင်လယ် အတွင်း အမြစ်တွယ် နေထိုင်နေသည့် ဖြစ်တည်မှု တစ်ခု ဖြစ်ရာ ဖြစ်ပွားရသည့် အကြောင်းရင်း အးလုံးကို သိပေသည်။ အမှန်တရား မျက်လုံး၊ ပုံရိပ်ယောင် မျက်လုံးနှင့် တန်ခိုးရှင် မျက်လုံး ဆိုသည့် ‌ကောင်းကင်ဘုံ နတ်မျက်လုံး၏ စွမ်းရည် သုံးရပ် အကန့်အသတ်အား ကျော်လွန်နေခြင်းကို ယခုအချိန်ထိ မဖြေရှင်း နိုင်သေးချေ။ နီးပင် မနီးစပ်သေးချေ။

အကယ်၍ သူသာ မျက်လုံးများကို ဖွင့်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးများကို ဖော်ထုတ်လိုက်မည် ဆိုပါက သူ၏ အသိစိတ် ပင်လယ်၊ စိတ်မျက်လုံးနှင့် မူ မျက်လုံးများမှာ အလွန် ပြင်းထန်သည့် နာကျင်မှုများကို မတိုင်းဆ နိုင်လောက်သည့် ပမာဏ အထိ ခံစားရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် အနည်းငယ် စိတ်ဓာတ်ကျ သလိုပင် ခံစားလိုက်ရ၏။ မည်သူမှ မျက်လုံး မကန်းချင်ပေ။ ဝေ့ဝူယင် အတွက် ထိုအရာက စစ်မြေပြင်၏ ကန့်သတ်ချက်များ ထက်ပင် ပိုမို၍ ခံရခက်လှသည်။ ယခုလို အန္တရာယ်များသည့် နေရာတွင် အခြား အာရုံခံ အင်္ဂါရပ်များကို အသုံးပြုနေရခြင်းက သူ့ကို ကြီးမားသည့် အားနည်းချက်များ ဖြစ်ပေါ်စေသည်။

လက်ရှိ အချိန်တွင် သူ စဥ်းစားနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းနည်းက ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ရန် ဖြစ်သည်။ သို့တိုင်အောင် ထိုကဲ့သို့ လုပ်နိုင်မည်လား မသေချာချေ။ သူ အမြင်အာရုံ အကန့်အသတ် မရှိသည် အထိ ကွယ်နေနိုင်ပေသည်။ ထိုအရာက ကျင့်ကြံခြင်းကို သမာရိုးကျ အကန့်အသတ်များထက် ပိုမို၍ တွန်းအားပေးမိသော ရလဒ်ပင် ဖြစ်သည်။

သို့တိုင်အောင် သူ့ ကြယ်တာရာ ဝိညာဥ်များမှာ ရပ်တန့်ရန် ဆန္ဒ မရှိကြသေးချေ။ သူတို့က လောကသခင် အဆင့်သို့ မတက်ခင် သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အာကာသ ကောင်းကင် ပဲ့တင်သံ ဆေးလုံးများကို ထပ်မံ သန့်စင်လိုနေကြဆဲ ဖြစ်သည်။ ထိုအတွက် ဝေ့ဝူယင် မည်သူ့ကို အပြစ်တင်ရမည်နည်း။ သူတို့ကိုလော။

လက်တွေ့ကျကျ ပြန်လည် တွေးကြည့်လျှင်လည်း သူတို့၏ ဆာလောင်မှုက အဓိပ္ပာယ် ရှိပေသည်။ သူ ရင်ဆိုင်ရမည့် ရန်သူများက သေမျိုးများ မဟုတ်သလို လျှို့ဝှက် အာာဏာရှင် အဆင့်များလည်း မဟုတ်ချေ။ ကောင်းကင်တာအို ဖြစ်သည်။ ငရဲ၏ ကပ်ဘေးများ ဖြစ်သည်။ ဘာမှန်း မသိရသည့် အနာဂတ် ဖြစ်သည်။

ဝေ့ဝူယင်တွင် မှီခိုစရာ ဆိုလို့ သူ ကိုယ်တိုင်သာ ရှိသည်။ သူ ထိုကပ်ဘေးများမှ လွတ်မြောက်ချင်သည်။ သူ၏ ကြယ်တာရာ ဝိညာဥ်များသည်လည်း အတူတူပင် ဖြစ်လေသည်။

သို့သော်လည်း...အရာရာတိုင်းကို အစွန်းမရောက်ဖို့ သတိပေးရုံမှ တစ်ပါး ဝေ့ဝူယင် ဘာမှ မတတ်နိုင်ချေ။ မဟုတ်ပါက ငရဲ၏ ကပ်ဘေးများ မကျဆင်းလာခင် သူ ကိုယ်တိုင် ပေါက်ကွဲကာ ထိုနေရာသို့ ရောက်ရှိ သွားလိမ့်မည် ဖြစ်သည်။

“စစ်သည်တော်...”

အသံက မူလစစ်မြေပြင်မှာတုန်းကလိုပင် ယောက်ျားသံလိုလို၊ မိန်းမသံလိုလို၊ နီးလာသလို၊ ဝေးလာသလို ဒွိဟ ပေါင်းပုံဖြင့် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ စိတ်များက လျှင်မြန်စွာပင် အသံ၏ အကျိုးသက်ရောက်မှု အတိုင်း လိုက်လျောညီထွေ လိုက်လံ ပြောင်းလဲနေ၏။ တစ်ခဏ ကြာပြီးနောက်၌ သူက အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သည်။

“ခွေးမ... ဘယ်နှယ် ရှိသေးလဲ... ခုတစ်ကြိမ်တော့ ငါ့ကို မလှည့်စားနိုင်တော့ဘူး မလား... ဟမ်...”

ခရာတိုက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ သူ၏အသံက ဟင်းလင်းပြင် နဂါး တစ်ကောင်၏ မာန်မာနတို့ဖြင့် ပြည့်နှက်နေသည်။ အခြား ကြယ်တာရာ ဝိညာဥ်သုံးခုမှာလည်း သူတို့၏ တည်နေရာများမှ နေ၍ ရွှင်မြူး နေကြ၏။ မည်သို့ပင် ဆိုစေ... ထိုအသံက ဝေ့ဝူယင်ကိုသာ မက သူတို့ကိုပါ မအီမသာ ခံစားချက်ကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား။

“သင်က စစ်ဝိညာဥ် လဲလှယ်ဖို့ အတွက် စစ်ဝိညာဥ်ကို ဆင့်ခေါ်ခဲ့တယ်... အခု ဆက်စပ်မှု စစ်မြေပြင်က သင့် တောင်းဆိုမှုကို နာကြားခဲ့ပြီ... ရွေးချယ်ပါ...စစ်သည်တော် အတွက်လား တပ်ရင်းမှူး အတွက်လား”

ဝေ့ဝူယင်၏ အမူအရာက ချက်ချင်းပင် အလွန်အမင်းထူးဆန်း သွား၏။ ထိုအရာက...။

အသံက မိန်းကလေးသံပင်။ ထို့အပြင်... ၎င်းက အလွန်အမင်း ချိုသာကာ သိမ်မွေ့လှသည်။ မသိပါက အလွဣ် ချစ်စရာ ကောင်းသည့် မိန်းမငယ်လေး တစ်ယောက် စကားပြော နေသလိုပင်။ စကားလုံးက ကြီးကျယ် ခမ်းနား လှသည့်တိုင် အသံကတော့ လုံးဝ ဆန့်ကျင်ဘက်ပင်။ ဝေ့ဝူယင် မည်ကဲ့သို့ အံ့အား မသင့်ပဲ နေနိုင်ပါမည်နည်း။

“ဟီး ဟီး ဟီး... ကောင်မလေးပဲဟ...”

ခရာတိုက အောင်ပွဲခံဟန်နှင့် ရယ်မောလိုက်၏။ ကောင်းကင်တာအို ပင်လျှင် သူ့ကို မပိတ်ဆို့နိုင်ရာ ထိုမိန်းမငယ်လေးက မည်ကဲ့သို့ လှည့်စားနိုင်မည်နည်း။ ကလေးပေါက်စနက ဆရာသခင် တစ်ယောက်ကို စိန်ခေါ်နေသလိုပင်။ ထိုထက် ဘာမျှ မပိုချေ။

ဝေ့ဝူယင်မှာ ပြင်းထန်သည့် နှလုံးခုန်သံမှ တစ်ဆင့် ဂုဏ်ယူ ဝင့်ကြွားကာ မာန်မာန တက်နေသည့် လှိုင်းများကို ခံစားလိုက်ရ၏။ သူ ရွှင်မြူးစွာဖြင့် ပြုံးလိုက်မိသည်။ စစ်ဝိညာဥ်ဟု ခေါ်သည့် ထိုဖြစ်တည်မှုကြီး၏ အသံက အမှန်တကယ် မိန်းမငယ်လေး၏ အသံ တစ်ခု ဖြစ်နေသည်ကို စဥ်းစားကြည့်ရုံဖြင့်ပင် ရယ်စရာ ကောင်းလှသည်။

အကယ်၍ သူသာ ကောင်းကင်ဘုံ နတ်မျက်လုံးများကို ဖွင့်၍ ‌လေ့လာကြည့်ပါက မိန်းမငယ်လေး တစ်ဦး၏ ပုံရိပ်အား တွေ့ရမည်လားပင် မပြောတတ်ချေ။

“နှစ်ခုစလုံးပါ...”

စိတ်ထဲ၌ ရယ်ချင်နေသည့်တိုင် ဝေ့ဝူယင် တည်ငြိမ်စွာပင် အဖြေပေးလိုက်၏။ စစ်သည်တော် အတွက် ကမ်းလှမ်းမှုများကို သာမက တပ်ရင်းမှူးများ အတွက် ကမ်းလှမ်းမှုများကိုပါ သူ မြင်ချင်ပေသည်။ ပင်မ စစ်မြေပြင်တွင် သူ ကုသိုလ်များစွာကို စုဆောင်းနိုင်ခဲ့ကာ စစ်ဝိညာဥ် ၄၉၇၇၀ ကို ရရှိခဲ့သည်။ တိုက်တန် မိန်းကလေးအား နှစ်ရာ ပေးပြီးနောက်တွင်ပင် အဆိပ်ပိုင်ရှင် မိန်းကလေးထံမှ သူ နှစ်ထောင်နီးပါး ရရှိခဲ့လေရာ လက်ရှိ သူ့ပိုင်ဆိုင်ထဲတွင် စစ်ဝိညာဥ်ပေါင်း ၅၁၃၄၁ ရှိပေသည်။

“ကောင်းပြီ စစ်သည်တော်...”

ချိုသာသော မိန်းကလေးသံက ပြောလိုက်၏။ ထို့နောက် အလင်း မျက်နှာပြင် နှစ်ခုမှာ ဝေ့ဝူယင်၏ ရှေ့၌ တိတ်တဆိတ် ဖွဲ့စည်းလာ၏။ ၎င်းတို့က စစ်သည်တော်များနှင့် တပ်ရင်း ကွန်မန်ဒါများ အတွက် ထုတ်ကုန် အားလုံးကို မှတ်တမ်းတင်ထားပေသည်။ တစ်မိနစ်မျှ ကြာပြီးနောက်၌ ဝေ့ဝူယင်၏အမူအရာက ပြောင်းလဲ သွား၏။

“စစ်ဝိညာဥ်...”

သူက ခေါ်လိုက်သည်။

“စစ်သည်တော်... သင့် အလိုရှိတဲ့ ဘယ်အရာကို မဆို တောင်းဆိုနိုင်ပါတယ်...”

မိန်းကလေ၏ အသံက ထွက်ပေါ်လာပြန်၏။

“ကျုပ် ဘယ်တော့ စာရင်းရမှာလဲ...”

“အမ်...”

စိတ်ဝိညာဥ်မှာ အနည်းငယ် ကြောင်စီစီ ဖြစ်သွားပုံ ရ၏။

“စာရင်းက သင့်‌ရှေ့မှာ ရောက်နေပြီလေ စစ်သည်တော်... သင်အလို ရှိတဲ့ ဘယ်အရာကို မဆို ပြောပြီး စစ်ဝိညာဥ်တွေနဲ့ လဲလှယ်လို့ ရပါတယ်”

ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ရုပ်ဆိုး သွားသည်။ သူက လက်နှစ်ဖက်ကို ဟိုသည် ဝှေ့ယမ်းကာ အ‌ရှေ့ကို စမ်းလိုက်၏။ သို့သော်လည်း မည်သည့် အရာကိုမှ မစမ်းမိပါချေ။ အကယ်၍ သူသာ မြင်နိုင်ပါက သူ၏ လက်များက အလင်းမျက်နှာပြင်များကို သရဲတစ္ဆေများလို ဖြတ်သန်း ထွင်းဖောက် သွားနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“သေချာရဲ့လားဗျ...”

ဝေ့ဝူယင်က သံသယ အပြည့်ဖြင့် မေးခွန်းထုတ်လိုက်၏။

“သေချာပါတယ် စစ်သည်တော်...”

ဝေ့ဝူယင်က ရှေ့သို့ တိုးကာ နောက်တစ်ကြိမ် ဟိုစမ်းသည်စမ်း လုပ်လိုက်၏။ အရှိန်က အနည်းငယ် လွန်သွားလေရာ ဟန်ချက် ပျက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

“...”

စစ်ဝိညာဥ်...။

"..."

ဝေ့ဝူယင်...။

“...”

ဝေ့ဝူယင်နှင့် စစ်ဝိညာဥ်တို့ နှစ်ယောက် အကြားတွင် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ ဝေ့ဝူယင် မူလ နေရာတွင်ပင် အခက်တွေ့ဟန်နှင့် ရပ်နေခဲ့သည်။ ကြည့်ရသည်က စာရင်းကို လျှို့ဝှက် ဆန်းကြယ်သော စွမ်းအား တစ်မျိုးဖြင့် ဖန်တီးထားပုံ ပေါ်သည်။ ၎င်းကို ဝိညာဥ်အာရုံဖြင့် မစမ်းသပ် နိုင်သလို သေမျိုး ခန္ဓာဖြင့် ထိတွေ့ကြည့်၍လည်း မရချေ။

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးရင်း တောင်းဆိုလိုက်၏။

“စာရင်းထဲမှာ ဘာတွေ ပါလဲ ဆိုတာ ခင်ဗျား ကျွန်တော့ကို ပြောပြနိုင်မလား... အခု ‌ေလာလောဆယ် ကျုပ် မျက်လုံးကန်းနေလို့”

စကားအဆုံး၌ တည်ရှိမှု တစ်ခုက ရှေ့နားသို့ တိုက်ရိုက် ရောက်ရှိလာသလို သူ ခံစားလိုက်ရသည်။ ထို့နောက်တစ်စုံတစ်ရာက သူ့မျက်နှာကို သံသယ အပြည့်ဖြင့် အလောတကြီး စစ်ဆေးနေသလို ခံစားလိုက်ရ၏။ ထိုခံစားချက်က သက်တောင့်သက်သာ မရှိလှချေ။ မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မှ ထိုတည်ရှိမှုက ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

“ကောင်းပြီ စစ်သည်တော်... စာရင်းထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖတ်ပြပါ့မယ်... ဒါပေမဲ့ တစ်ခါပဲ”

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။

ချစ်စဖွယ် မိန်းကလေးသံက ထပ်ပြောလိုက်သည်။

“တစ်ခါပဲနော်...”

“ပထမ ထုတ်ကုန်... စစ်အမတေ တစ်ခု... စျေးနှုန်းက စစ်ဝိညာဥ် သုံးခု...”

"ဒုတိယ ထုတ်ကုန်...”

All Chapters