← Chapters

စစ်ဝိညာဥ် ဖလှယ်မှု (၂)

Vol. 55 Ch. 758

စစ်ဝိညာဥ် ဖလှယ်မှု (၂)

Vol. 55 Ch. 758

ထုတ်ကုန်... စစ်အမတေ (တစ်ခု)

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် သုံးခု

ရရှိနိုင်မှု... စစ်သည်တော် ၊ ကွန်မန်ဒါ

ဖော်ပြချက်... စစ်သား တစ်ယောက်၏ ဆန္ဒ အတိုင်း ပုံဖော်ပေးနိုင်သည့် သန့်စင်သော ပြိုင်စံရှား အမတေ...။ လက်နက် ဖန်တီးခြင်း အတွက် သင့်တော်...။ သတ္တုအဆင့်က စစ်သား၏ ဆန္ဒအပေါ် မူတည်။

...

ထုတ်ကုန်... စစ်အမတေ (၁၀ ခု)

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၂၅ ခု

ရရှိနိုင်မှု... စစ်သည်တော် ၊ ကွန်မန်ဒါ

...

ထုတ်ကုန်... သိုင်းကောင်းကင် စက်ဝန်း (အဆင့်မြင့်)

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁၀၀ ခု

ရရှိနိုင်မှု... စစ်သည်တော်

ဖော်ပြချက်... သိုင်းရုပ်ခန္ဓာ တစ်ခု တည်ဆောက်ရန် အသုံးပြုနိုင်သည့် အဆင့်မြင့် ရုပ်ခန္ဓာ သန့်စင်ရေး ရတနာ တစ်ခု...။ ပုံစံနှင့် လုပ်ဆောင်မှုတို့တွင် ဟန်ချက်ညီသည့် ရုပ်ခန္ဓာ တစ်ခု ဖြစ်ခြင်း...။ အောင်မြင်အောင် သန့်စင်နိုင်ပါက လောက မျိုးစေ့ သင်္ကေတ လေးခု ရရှိနိုင်...။ ငါးခုမြောက် အထိ ရရှိဖို့ အခွင့်အလမ်းကောင်း...။

...

-

ထုတ်ကုန်... ယန်ကောင်းကင် စက်ဝန်း (အဆင့်မြင့်)

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁၂၀ ခု

ရရှိနိုင်မှု... စစ်သည်တော်

ဖော်ပြချက်... ယန်ရုပ်ခန္ဓာ တစ်ခု တည်ဆောက်ရန် အသုံးပြုနိုင်သည့် အဆင့်မြင့် ရုပ်ခန္ဓာ သန့်စင်ခြင်း ရတနာ တစ်ခု...။ သက်လုံနှင့် မွေးရာပါ စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် ပေါက်ကွဲအား ပြင်းထန်သော ရုပ်ခန္ဓာ တစ်မျိုး...။ တူနှစ်မွှာ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်။ အောင်မြင်အောင် သန့်စင်နိုင်ပါက လောက မျိုးစေ့ သင်္ကေတ လေးခု ရရှိနိုင်...။ ငါးခုမြောက် အထိ ရရှိဖို့ အခွင့်အလမ်းကောင်း...။

...

ထုတ်ကုန်... စစ်သိုင်းကောင်းကင် စက်ဝန်း

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁၂၀၀ ခု

ရရှိနိုင်မှု... စစ်သည်တော်

ဖော်ပြချက်... အရှင်သခင် အဆင့် စစ်သိုင်းခန္ဓာကိုယ်ကို တည်ဆောက်ပေးနိုင်သည့် စစ်မျိုးစေ့နှင့် သန့်စင်ထားသော ရုပ်ခန္ဓာ သန့်စင်ရေး ရတနာ တစ်ခု...။ သဘာဝ အရ ဟန်ချက်ညီသည့်တိုင် ရုပ်ခန္ဓာကိုယ်ကို အလွန်မြင့်မားသော အဆင့်တစ်ခု ရောက်ရှိအောင် ထောက်ပံ့ပေးနိုင်..။ အောင်မြင်အောင် သန့်စင်နိုင်ပါက လောက မျိုးစေ့ သင်္ကေတ ခုနစ်ခု ရရှိနိုင်...။ ရှစ်ခုမြောက် အထိ ရရှိဖို့ အခွင့်အလမ်းကောင်း...။

သတိပေးချက်... အောင်မြင်စွာ သန့်စင်နိုင်ရန် အတွက် နိုးထပြီးသား နယ်လွန်အဆင့် ရည်ရွယ်ချက် နှစ်ခုနှင့် အထက် လိုအပ်။

...

ထုတ်ကုန်... စစ်မျိုးစေ့

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁၅၀၀ ခု

ရရှိနိုင်မှု... စစ်သည်တော် ၊ ကွန်မန်ဒါ

ဖော်ပြချက်... ပြိုင်စံရှားသန့်စင်ထားသည့် ဥပဒေသ မျိုးစေ့...။ အသိစိတ် ပင်လယ် အတွင်း သန့်စင်ခြင်းဖြင့် စစ်တာအိုနှင့် လောကနှလုံးသား ရည်ရွယ်ချက် အပေါ် နားလည်မှုကို ပိုမို တိုးမြှင့်နိုင်...။ လျှို့ဝှက် တာအို အပေါ် ဝိညာဥ်၏ အာရုံခံမှုကိုပါ ယာယီ တိုးမြှင့်ပေးနိုင်...။

သတိပေးချက်(၁)... သုံးခုထက် ပို၍ သန့်စင်ပါက ကျင့်ကြံခြင်း သွေဖီမှုကို ဖြစ်ပေါ်စေနိုင်။ သင့်ကိုယ်ပိုင် စွန့်စားမှုကို အသုံးပြုပါ...။

သတိပေးချက်(၂)... ဤထုတ်ကုန်ကား ဥပဒေသ တစ်ခု ပျိုးထောင်ရန် အသုံးမပြုနိုင်။

...

ထုတ်ကုန်... စစ်မြေပြင်၏ စစ်ဖိုင်တွဲ

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၁ ခု

ရရှိနိုင်မှု... စစ်သည်တော် ၊ ကွန်မန်ဒါ

ဖော်ပြချက်... ဆက်စပ်မှု စစ်မြေပြင်မှ မှတ်တမ်း တင်ထားသည့် စွမ်ရည်များနှင့် ကုသိုလ် အမှတ်များ အပါအဝင် စစ်သား တစ်ယောက် အကြောင်း အချက်အလက်များ ပါဝင်နေ...။

...

ထုတ်ကုန်... ဆည်းဆာဖျက် ဓားအလင်း နည်းလမ်း

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၉၀၀ ခု

ရရှိနိုင်မှု... စစ်သည်တော်

ဖော်ပြချက်... ဓားနှင့် အလင်းကို အတူတကွ ပူးပေါင်း အသုံးပြုနိုင်သည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု...။ ဓားရည်ရွယ်ချက်နှင့် အဖြူရောင် မူလအလင်းကို နားလည်ထားသည့် ကျင့်ကြံသူများ အသုံးပြုနိုင်...။ အဆင့်မြင့်ထိ ကျင့်ကြံနိုင်ပါက ဆည်းဆာဖျက် ဓားအလင်း အနှစ်သာရနှင့် ကြယ်တာရာ အင်အားကို အသုံးပြုကာ (အဆင့်မြင့်) ဆည်းဆာဖျက် ခန္ဓာကို တည်ဆောက်နိုင်...။

အောင်မြင်အောင် သန့်စင်နိုင်ပါက လောက မျိုးစေ့ သင်္ကေတ ခြောက်ခု ရရှိနိုင်...။ ခုနစ်ခုမြောက် အထိ ရရှိဖို့ အခွင့်အလမ်းကောင်း...။

...

ဝေ့ဝူယင် ပင့်ပသက်တစ်ချက် ရှိုက်လိုက်၏။ စာရင်းထက်၌ စစ်အမတေ၊ စစ်ဖိုင်တို့မှ အစ... ခြေရာခံ နည်းလမ်း၊ ခန္ဓာကိုယ် သန့်စင်ခြင်း ရတနာများ အထိ စုစုပေါင်း ထုတ်ကုန် ရှစ်ဆယ့် တစ်ခု ရှိပေသည်။ အထင်ကြီး အံ့အားသင့်စရာ ကောင်းလွန်းသည်။

သို့တိုင်အောင် ထိုအရာက စစ်သည်တော်များ၏ စာရင်းသာ ဖြစ်ပေသည်။ တပ်ရင်းမှူး ကွန်မန်ဒါများအတွက် သီးသန့်ထားသည့် ပိုမို အထင်ကြီးစရာ ကောင်းသည့် သီးခြားစာရင်းလည်း ရှိနေပေသေးသည်။ပိုင်ဆိုင်မှု စာရင်း၌ စစ်ဝိညာဥ် ၅၀၀၀၀ ကျော် ရှိသည့်တိုင် ကွန်မန်ဒါ စာရင်းပေါ်ရှိ အချို့အရာများကို ကြည့်မိချိန်တွင်တော့ ဝေ့ဝူယင်မှာ အားငယ်သလိုပင် ခံစားလိုက်ရသည်။

သူ့စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည့် အချို့ဆိုလျှင် စစ်ဝိညာဥ် ၁၀၀,၀၀၀ အထက်ကိုပင် ကျော်လွန် နေပေသည်။ ပြောရလျှင်...စစ်ဝိညာဥ် ၅,၀၀၀,၀၀၀ တန်ကြေးရှိသည့် ပစ္စည်း တစ်ခုပင် ရှိပေသည်။

၎င်းတွင် နာမည် မရှိချေ။ ဖော်ပြချက်ပင်လျှင် စာကြောင်းတစ်ခုသာ ပါဝင်ပေသည်။

ထုတ်ကုန်...

လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၅,၀၀၀,၀၀၀ ခု

ရရှိနိုင်မှု... စစ်သည်တော် ၊ ကွန်မန်ဒါ

ဖော်ပြချက်... ကောင်းကင်စစ်ဝိညာဥ်

ထိုအထဲ၌ အဆင့်နိမ့် ကောင်းကင်ဟု အမည်ပေးထားသည့် နည်းလမ်းများလည်း ရှိပေသည်။ သို့သော်လည်း စစ်ဝိညာဥ်က လျှို့ဝှက်စကားဖြင့်သာ ပြောဆိုခဲ့ရာ ထိုအရာများက မည်သည့် အရာများ ဖြစ်ကြောင်းသူ မသိချေ။ခေါင်းစဥ်နှင့် အချို့ စကားလုံးများကိုသာ ဝေ့ဝူယင် မှတ်သားနိုင်ခဲ့သည်။

ဝေ့ဝူယင် လည်ချောင်းများပင် ခြောက်ကပ်လာသလို ခံစားလိုက်ရ၏။ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည့် အချိန်မှ စ၍ ပိုက်ဆံအတွက် သူ ဘယ်တုန်းက စိတ်ပူခဲ့ရဖူးလို့နည်း။ ယခုတွင်တော့ သူ မည်မျှ ဆင်းရဲကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာများက အမတေ ကျောက်တုံးများ မဟုတ်သည့်တိုင် အတူတူလိုပင် သူ ခံစားနေရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူ တတ်နိုင်သည့် ပမာဏ အတွင်းတွင် စိတ်ဝင်စားစရာ ပစ္စည်းများ ရှိနေသေးဆဲ ဖြစ်သည်။ ဥပမာအားဖြင့်... ကောင်းကင်စက်ဝန်းများပင်...။ ၎င်းတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်အောင် ထောက်ပံ့ပေးနိုင်သည့် ရုပ်သန့်စင်ခြင်း ရတနာများပင် ဖြစ်သည်။ ထို့အပြင်... ၎င်းတို့က အမျိုးအစား စုံလင်လှကာ ဒြပ်စင်ကိုးမျိုး အပါအဝင် စစ်အမျိုးအစားများ၊ သတ်ဖြတ်ခြင်း အမျိုးအစားများ၊ အသက်ဓာတ် အမျိုးအစားများပါ ပါဝင်နေပေသည်။

ရှစ်ဆယ့်တစ်ခု စာရင်း၏ နေရာ အများစုကို ထိုကောင်းကင်စက်ဝန်းများက နေရာယူထားပေသည်။ ဆက်စပ်မှု စစ်မြေပြင်ကို လာရောက်သည့် စစ်သည်တော် အများစုမှာ ကြယ်တာရာ အမြုတေ အဆင့်များ ဖြစ်လေရာ ထိုအရာက အတော်လေး သင့်လျော်ပေသည်။

လောကသင်္ကေတ လေးခု၊ ငါးခု၊ ရှစ်ခု... စသည်တို့ကိုတော့ ဝေ့ဝူယင်လည်း နားမလည်ချေ။ ထိုအရာများက စေမျိုး အဆင့်ကို ရည်ညွှန်းခြင်းလော။ သို့မဟုတ် လျှို့ဝှက် ရည်ရွယ်ချက် သင်္ကေတများလော။မည်သည့် အရာကို ရည်ညွှန်းသနည်း။

သို့တည်းမဟုတ်... ထိုအရာများက သူ့လောကပင်လယ်ထဲတွင် ရှိနေသည့် လျှို့ဝှက် သင်္ကေတများလို အရာများလည်း ဖြစ်‌ကောင်း ဖြစ်နိုင်ပေသည်။ အတိအကျကို သူ မခန့်မှန်းနိုင်ပါချေ။

‌ကျင့်ကြံခြင်း လမ်းစဥ်က နောက်တစ်ကြိမ် မြင့်တက်သွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းက ခက်ခဲကြောင်း သူ အမှတ်ရလိုက်၏။ ဝူယုနှင့် ဝမ်ယုထျန်းတို့မှာ သေမျိုးတစ်ပိုင်း အရှင်အဆင့်နှင့် ကြီးကျယ် ခမ်းနားသော လောကရှန့်ထိုများ ဖြစ်သည့်တိုင် မည်သူမှ ထိုသင်္ကေတများ အကြောင်းနှင့် ကြယ်တာရာ ဆင်းတုများ အကြောင်းကို မသိကြချေ။

ဝူယုဆိုလျှင် ထိုအဆင့်ကိုပင် ရောက်ခဲ့၍လော သံသယ ရှိစရာပင်။ သူက ထာဝရ ဧကရာဇ်၏ အကူအညီဖြင့် ထိုအဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်သော်လည်း သူ အသုံးပြုခဲ့သည့် ရင်းမြစ်အားလုံးက သေမျိုး အဆင့်များ ဖြစ်သည်။ ကြည့်ရသည်က ဝူယုမှာ သူ့ရုပ်ခန္ဓာကို သေမျိုးတာအို၏ အကန့်အသတ်ထိ ရောက်အောင် တစ်ခါမှ သန့်စင်ခဲ့ပုံ မရချေ။

ထို့ကြောင့်ပင် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းရာ၌ သူ ကျဆုံးခဲ့ခြင်း ဖြစ်ပေသည်။ ထာဝရ ဧကရာဇ်၏ နောက်လိုက် လေးယောက်ထဲတွင် အသန်မာဆုံး ဆိုသည့် ဝူယု၏ ဂုဏ်ပုဒ်ကို ထောက်ရှုရပါက အခြား လူများတွင်လည်း တူညီသော ပြဿနာများ ရှိနေနိုင်သည်။ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဝူယုမှာ သန်မာသည် ဆိုသော်လည်း အဇူရာမူလ ကြယ်စင်စုမှ အစစ်အမှန် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်လျှင် ယင်တစ်ကောင်သာသာ သာလျှင် ရှိပေလိမ့်မည်။

ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွား၏။ ထာဝရ ဧကရာဇ် သူတို့ အားလုံးကို ချန်ထားခဲ့ခြင်းမှာ ကမ္ဘာသစ် အတွက် သူ လိုချင်သည့် စံသတ်မှတ်ချက်နှင့် ဝေးကွာလွန်း နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အဇူရာ မူလ ကြယ်စင်စုသို့ ရောက်ရှိပြီးနောက်တွင် သူတို့က သူ့အတွက် အကူအညီ သိပ်ဖြစ်တော့မည် မဟုတ်ချေ။ ဟန်ရှဲ့တို့ ကိုယ်တိုင်မှာလည်း ထိုအရာကို သိရှိပြီးသား ဖြစ်ကောင်း ဖြစ်နိုင်ကာ ထိုအကြောင်းပြချက်ကြောင့်ပင် လိုက်မသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း သူတို့နှင့် ထိပ်တိုက် စကား မပြောရသေးခင် အချိန်အထိ တိကျ မှန်ကန်သည့် အဖြေကို ရရှိဖို့ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။

ဖလှယ်မှု စာရင်းကို နားထောင်ပြီး နောက်တွင် များစွာသော မေးခွန်းများမှာ ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက် လာခဲ့သည်။ ထိုအထဲမှ များစွာမှာ သူ၏ လက်ရှိ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။ သူ့အတွက် ဆက်စပ်မှု စစ်မြေပြင်ကြီး တစ်ခုလုံးက ကြီးမားသော မေးခွန်းကြီး တစ်ခုပင်။

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ထိုအခိုက်၌ သူ၏ ဖြစ်တည်မှုက အလွန် သေးငယ်လွန်းလှသလို ခံစားနေရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်... လောကကို စူးစမ်း ရှာဖွေရန် စတင် ကြိုးပမ်းနေခဲ့သည့် လူငယ်လေး တစ်ယောက်လိုပင်။

ဝေ့ဝူယင် အတွေးအတွင်း နစ်မြုပ်နေစဥ်မှာပင် မိန်းမငယ်လေး၏ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရလေ၏။

“စစ်သည်တော်... သင်ဆုံးဖြတ်ပြီးပြီလား...”

All Chapters