အရေးကြီးသည့် မေးခွန်းများ
Vol. 55 Ch. 759
ဝေ့ဝူယင်၏ စိတ်ခံစားချက်များမှာ ပြန်လည် တည်ငြိမ်သွာ၏။ လောကကြီးက အလွန် ကျယ်ပြန့်ကာ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်မှုများ၊ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက် နေပေသည်။ အမှန်တရား ဆုပ်ကိုင်ရင် တစ်ခုတည်းသော နည်းလမ်းက ဆက်လက် လျှောက်လှမ်းကာ အန္တရာယ်များ အကြားမှ ရုန်းထွက်နိုင်ဖို့ ဖြစ်သည်။ သို့မှသာ... အရာရာကို အောင်နိုင်ရန် သူ အရည်အချင်း ပြည့်မှီလာလိမ့်မည် ဖြစ်ပေသည်။
“ဒီစစ်မြေပြင်က...”
ဝေ့ဝူယင်က စစ်ဝိညာဥ်၏ မေးခွန်းကို တိုက်ရိုက် မဖြေသေးချေ။ သူက ကွန်မန်ဒါ စာရင်းထဲမှ ထုတ်ကုန် ရှစ်ဆယ့် တစ်မျိုးကို ပြန်လည် ဆန်းစစ် နေခဲ့၏။ ထိုအထဲမှ အများစုက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်သာ ဖြစ်သည့်တိုင် စစ်ဖိုင်နှင့် စစ်မြေပုံတို့ ကဲ့သို့ သူ့အတွက် အသုံးဝင်သည့် ထုတ်ကုန် တစ်ချို့ ပါရှိနေသေးဆဲ ဖြစ်သည်။
စစ်မြေပုံမှာ စစ်မြေပြင်ထက်ရှိ စစ်သည်နှင့် ကွန်မန်ဒါ တစ်ယောက်ချင်းစီ၏ တည်နေရာများကို ဖော်ပြထားသည်။ ၎င်းက ကွမ်ယု သူ့ကို မည်ကဲ့သို့ ရှာဖွေ တွေ့ရှိခဲ့သည့် အကြောင်းရင်းပင်။ အကယ်၍ အခြား ရည်ရွယ်ချက် တစ်ခုသာ မရှိပါက ဝေ့ဝူယင် ထိုမြေပုံကို အသုံးပြုကာ ဆက်စပ်မှု စစ်မြေပြင် အတွင်းရှိ အခြား စစ်သည်တော်များကို အမဲလိုက်မိလိမ့်မည် ဖြစ်သည်။
စစ်ဖိုင်ကတော့ မပြည့်စုံချေ။ စစ်ဝိညာဥ်၏ ဆိုအရ ဆိုလျှင်... ထိုစစ်ဖိုင်ဖြင့် စစ်မြေပြင်ရှိ မည်သည့် စစ်သားကို မဆို ရွေးချယ်နိုင်ကာ သူတို့၏ ကုသိုလ်နှင့် စွမ်းရည်များကို ရှာဖွေနိုင်ပေသည်။ သို့သော်လည်း ၎င်းက စစ်မြေပြင်တွင်သာ အလုပ်ဖြစ်ပေလိမ့်မည်။
ကြည့်ရသည်က... ကွမ်ယုမှာ ဝေ့ဝူယင်နှင့် တွေ့ဆုံပြီး နောက်မှ စစ်ဖိုင်ကို စူးစမ်းခဲ့ဟန် ရသည်။ မဟုတ်လျှင် ပင်မ စစ်မြေပြင်၌ ကုသိုလ် အမှတ်များကို ကြောက်မက်ဖွယ် ပမာဏ အထိ ရောက်ရှိအောင် စုဆောင်းနိုင်ခဲ့သည့် စစ်သည်တော် တစ်ယောက်ကို သူ ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။
စစ်ဖိုင် အတွင်း၌ သူ၏ ဟင်းလင်းပြင် သားရဲ သွေးမျိုးဆက် အကြောင်း မှတ်တမ်းတင်ထားသည်ကို ဝေ့ဝူယင် မတွေ့ရချေ။ ၎င်းမှာ သားရဲ သွေးမျိုးဆက်များ အကြောင်းကို အသေးစိတ် ဖော်ပြနိုင်ခြင်း မရှိပုံ ရသည်။ သို့သော်လည်း အချက်အလက်များထဲ၌ “ပေါက်ကွဲလွယ် စစ်သည်” ဆိုသည့် စကားလုံး တစ်ခု ပါဝင်နေသည်ကို တွေ့ရသည်။ ထိုအရာက မည်သည်ကို ဆိုလိုကြောင်းကိုတော့ ဝေ့ဝူယင်လည်း မသိပါချေ။
ကံကောင်းထောက်မတာ တစ်ခုက စစ်ဝိညာဥ်မှာ စစ်ဖိုင်အကြောင်း ဖတ်ပြရင်း အထဲရှိ အကြောင်းအရာများကိုပါ တစ်ခါတည်း ရှင်းပြသွားခဲ့ခြင်းဖြစ်သည်။ စစ်ဝိညာဥ်၏ အဆိုအရဆိုလျှင် “ပေါက်ကွဲလွယ် စစ်သည်” ဆိုသည်မှာ ဆေးတောင့်၊ အဆောင် စသဖြင့် တိုက်ခိုက်ရေး ရတနာများအား အသုံးပြုသူများကို ဆိုလိုခြင်း ဖြစ်သည်။
ထို့အပြင် ဝေ့ဝူယင်ကို စိတ်ဝင်စားစေသည့် ပစ္စည်းတစ်ခုလည်း ရှိနေပေသေးသည်။
ထုတ်ကုန်... စစ်ပွဲဆင့်ခေါ်
လဲလှယ်မှုနှုန်း... စစ်ဝိညာဥ် ၅၀ ခု
ရရှိနိုင်မှု... ကွန်မန်ဒါ
ဖော်ပြချက်... စစ်ပွဲဖြစ်ပွားနေစဥ် အတောအတွင်း အသုံးမပြနိုင်...။ အသက်သွင်းလိုက်သည်နှင့် စစ်ပွဲ၏ စစ်သည်တော် အားလုံး စုဝေးလာစေနိုင်သည့် တောက်ပသော အချက်ပြမှု တစ်ခု ထုတ်လွှတ်ပေးနိုင်...။ ဆင့်ခေါ်မှုကို ခုခံရန် ကြိုးပမ်းပါက ကွပ်မျက်ခြင်းဖြင့် ပစ်ဒဏ်ချမှတ်ခြင်း ခံရမည်။
မဟာမိတ် ဖွဲ့ဖို့ ပြောကြားစဥ် အခါက ကွမ်ယု တုန်လှုပ်သွားခဲ့သည့် အဖြစ်ကို ဝေ့ဝူယင် ပြန်လည် တွေးလိုက်မိသည်။ ကွမ်ယု၏ အဆိုအရဆိုလျှင်... ဆက်စပ်မှု စစ်မြေပြင်ရှိ စစ်သည်တော် တစ်ယောက်ချင်းစီမှာ ရန်သူများ ဖြစ်ကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်၍ စစ်ဝိညာဥ်များကို စုစည်းကာ ဤနေရာမှ လွတ်မြောက်အောင် အားထုတ်ရသည်ဟု ဆိုသည်။ ထိုအရာက မှားယွင်းနေသည့် ယုံကြည်ချက် ဖြစ်ကြောင်း ဝေ့ဝူယင် အစောကြီးတည်းက ခန့်မှန်းနိုင်ခဲ့သည်။
ပထမ၌ စစ်တပ်တစ်ခု ဖွဲ့ကာ စစ်ဝိညာဥ်များကို ရင်ဆိုင်ဖို့ ဝေ့ဝူယင် တွေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ထိုအယူအဆက လက်တွေ့ မကျကြောင်းသူ နားလည်လာခဲ့သည်။ သေမျိုး အရေအတွက် ၁၀၀,၀၀၀ ပေါင်းလျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့် ၁၀,၀၀၀ ကို အနိုင်ယူဖို့ မဖြစ်နိုင်ချေ။ သူ့ရှေ့အစဥ်အဆက် လူများမှာလည်း ထိုကဲ့သို့သာ တွေးခဲ့ကြဟန် ရသည်။ ထို့ကြောင့်ပင် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ကာ စစ်ဝိညာဥ်များ စုစည်းသည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ကြဟန် ရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဤစစ်ပွဲဆင့်ခေါ် ပစ္စည်းလေးမှာ စစ်ပွဲ၏ စစ်သည်တော် အားလုံးက ရန်သူများ မဟုတ်ပဲ မဟာမိတ်များ ဖြစ်ကြောင်း သက်သေပြခဲ့ပေသည်။ ဆက်စပ်မှု စစ်မြေပြင်၏ မူလ ရည်မှန်းချက်နှင့် ကွဲပြားစွာပင် ဖြစ်ချင်တိုင်း ဖြစ်နေခဲ့သည်ကတော့ စိတ်မကောင်းစရာပင်။
၎င်းကို ကွန်မန်ဒါများ အတွက်သာ ကန့်သတ်ထားခြင်းက ကံဆိုးလွန်းသည်။ မဟုတ်လျှင်... သူ စစ်သည်တော် အားလုံးကို အတူတကွ စုစည်းကာ အဖွဲ့အစည်း တစ်ခု ထူထောင်ကောင်း ထူထောင်နိုင်လိမ့်မည် ဖြစ်သည်။
“စစ်သည်တော်...”
ဝေ့ဝူယင် အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေသဖြင့် စစ်ဝိညာဥ်က သတိပေးလိုက်၏။ ၎င်း၏ အသံက ထူးဆန်းသော ဟင်းလင်းပြင်လှိုင်းများကို သယ်ဆောင်ထားဆဲ ဖြစ်သော်လည်း ခရာတို၏ ကျေးဇူးဖြင့် သူ့ အပေါ်တွင်တော့ သက်ရောက်ခြင်း မရှိခဲ့ပါချေ။ သူက မျက်မှောင် အနည်းငယ် ကြုတ်ကာ တိုက်ရိုက်ပင် မေးလိုက်၏။
“စစ်သည်တော် တစ်ယောက်က ဆက်စက်မှဒ စစ်မြေပြင်ကို စတင်နိုင်လား..”
“ဆက်စပ်မှု စစ်မြေပြင်ကို စတင်တယ်...”
စစ်ဝိညာဥ်က နားမလည်ဟန်ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။ သို့သော်လည်း ၎င်း၏ လေသံက အကုန်သိ၊ အကုန်တတ် လျှို့ဝှက် ဆန်းကြယ်သည့် ကြီးမြတ်မှု အော်ရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် အတွက် ချစ်စရာ ကောင်းလှ၏။
“ဒီလိုဗျာ... ကျုပ်က စစ်ကျောက်တိုင်ကို လေ့လာခွင့် အတွက် စစ်ဝိညာဥ် တစ်သောင်းကို စိန်ခေါ်ချင်ရင် ကိုယ့်ဘာသာကို စတင်လို့ ရလား... စစ်ကြေညာဖို့ ကွန်မန်ဒါ တစ်ယောက် လိုသေးလား”
“...”
စစ်ဝိညာဥ်မှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်၏ မေးခွန်းက ယုတ္တိမရှိသည်တော့ မဟုတ်ချေ။ သို့သော်လည်း ၎င်းက စစ်မြေပြင်၏ ဖန်တီးရှင်ကြီးများပင် တစ်ခါမှ မစဥ်းစားဖူးသည့် အကြောင်းအရာ ဖြစ်နေသောကြောင့်ပင်။
စစ်ပွဲ၏ စစ်သည်တော် တစ်ယောက်... သေမျိုး တစ်ယောက်က စစ်ကျောက်ကို လေ့လာခွင့် အတွက် စိန်ခေါ်မည်လော။ စစ်ပွဲကို ကြေညာမည်လော။ ထိုအရာက မေးခွန်း တစ်ခုပင်လျှင် ဟုတ်၍လော။ အကယ်၍ စစ်ဝိညာဥ် နေရာတွင် အခြားလူ တစ်ယောက် ဆိုပါက ပြက်လုံး တစ်ခုကို ကြားလိုက်ရသည့် အလား အော်ဟစ် ရယ်မောနေလောက်ပြီ ဖြစ်သည်။
စစ်ဝိညာဥ် ၁၀၀၀၀ နှင့် တိုက်ခိုက်ခြင်း... ထိုအရာက လျှို့ဝှက် အာဏာရှင် အဆင့်များပင် တစ်ကိုယ်တည်း စိတ်ကူးမယဥ်ဝံ့သည့် အရာ ဖြစ်သည်။ ထို့ကြောင့်ပင် သေမျိုး တစ်ယောက်ထံမှ စိန်ခေါ်ဖို့ကို မည်သူကမှ ထည့်သွင်း မစဥ်းစားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ စစ်ဝိညာဥ်၏ တုန့်ပြန်မှုမှ တစ်ဆင့် အခြေအနေမှန်ကို ခန့်မှန်းလိုက်နိုင်၏။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ည်။
“ဆိုတော့ အဲဒီလို ယူဆထားတာမျိုး မရှိဘူးပေါ့လေ... ကျေးဇူးပြုပြီး ဘယ်လို စတင်ရမလဲ ဆိုတာ တစ်ချက်လောက် ပြောပြပါလား...”
စစ်ဝိညာဥ်မှာ ယခုအထိ ငြိမ်သက်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ မေးခွန်းမျိုး တည်ရှိနေရသည်ကို သူမ ယခုအထိ ဆုပ်ကိုင်နိုင်စွမ်း မရှိသေးပုံပင်။ သို့သော်လည်း စစ်ပွဲ၏ စစ်သည်တော်များနှင့် ကွန်မန်ဒါများအား တုန့်ပြန်ရန် လေ့ကျင့်ခံထားရသည့် တည်ရှိမှု တစ်ခု အနေဖြင့် စစ်ပွဲအား စိန်ခေါ်နိုင်သည့် နည်းလမ်းကိုတော့ သူမ သိရှိပြီး ဖြစ်သည်။ ကွန်မန်ဒါ အချို့ပင်လျှင် ထိုမေးခွန်းကို မေးခဲ့ဖူးသည်။
“ဆက်စက်မှု စစ်ပွဲကို စတင်ဖို့ ဆိုရင် စစ်ကျောက်တိုင်ကို စစ်ကြေညာချက် တစ်ခု ထုတ်ပြန်ဖို့ လိုအပ်တယ်... အဲဒီနောက် စစ်ဝိညာဥ်ပေါင်း တစ်သောင်း စစ်ဇုန်တွေဆီ ခွဲခြားပြီး ဆင်းသက်လာလိမ့်မယ်...”
စစ်ဝိညာဥ်၏ အဖြေက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ် သွားစေ၏။ စစ်ဝိညာဥ်များမှာ စစ်ဇုန်များကို ခွဲ၍ ရောက်ရှိလာမည်လား။ ထိုအရာက အခွင့်အလမ်းကောင်း တစ်ခုပင်။
နှစ်ပေါင်းများစွာ သူ့ အတွေ့အကြုံ အရဆိုလျှင်...စစ်တပ်တစ်ခုမှာ စုပေါင်းထားချိန်တွင် အစွမ်း အထက်ဆုံး ဖြစ်သည်။ နေရာအနှံ့ ပြန့်ကျဲနေစဥ် ရင်ဆိုင်ရခြင်းက ပိုမို၍ အခွင့်အရေးများပေသည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထိုအရာက ကွန်မန်ဒါများတွင် ရွေးချယ်စရာ ရှိသည်ဟု ဆိုလိုပေသည်။ သူတို့ အနေဖြင့် စစ်ဝိညာဥ်များကို ထိပ်တိုက် ရင်ဆိုင်နိုင်သလို မိမိ အားသာသည့် နည်းဗျူဟာများ၊ လှည့်ကွက်များ သုံး၍လည်း တိုက်ခိုက်နိုင်ပေသည်။
တစ်ချိန်တည်း၌ စစ်ဝိညာဥ်၏ အဖြေက ကိုယ်ပိုင် ယူဆချက် တစ်ခုကို အတည်ပြုပေးလေရာ ဝေ့ဝူယင်မှာ သက်ပြင်း တစ်ချက် ချလိုက်မိ၏။ ပင်မ စစ်မြေပြင် ကဲ့သို့ပင် ဟန်ချက်ညီစေရန် အတွက် စစ်ဝိညာဥ်များကို လူဦးရေအလိုက် ပိုင်းခြား၍ ချမှတ်ပေးပါက ၎င်းတို့ကို ဆင့်ခေါ်ခြင်းမှာ အားလုံးအတွက် သေခြင်းတရား တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ကျုပ်မှာ နောက်ထပ် မေးခွန်း တစ်ခု ရှိပါသေးတယ်... အဲဒီ စစ်ဝိညာဥ်တွေက တကယ့် အစစ်တွေလား... သူတို့က မောနိုင်လား... ဒေါသထွက်နိုင်လား... သံသယ ဖြစ်နိုင်လား... မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လား... နောက်ပြီး အဆိပ်၊ စွမ်းအင် စတဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်တွေကို သတိပြုမိနိုင်လား”
ထိုမေးခွန်းက ဝေ့ဝူယင် အတွက် အလွန် အရေးကြီးပေသည်။ ထို့အပြင် စစ်ဝိညာဥ် အတွက် စိမ်းသည့် မေးခွန်း တစ်ခု မဟုတ်ပါချေ။ စက္ကန့်မခြားပင် မိန်းမငယ်လေး၏ အသံက အဖြေပေးလိုက်၏။
“စစ်ဝိညာဥ်တွေကို တကယ့် လျှို့ဝှက် အာဏာရှင် အဆင့်တွေ အတိုင်း တုန့်ပြန်နိုင်အောင် ဒီဇိုင်းဆွဲထားတယ်... ကွဲပြားမှု မရှိဘူး...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“အဲဒီ စစ်ဝိညာဥ်တွေကို သတ်ရင်ရော ကိုယ်ပိုင် စစ်ဝိညာဥ် အမှတ်တွေ ရနိုင်လား... နောက်ပြီး စစ်ကျောက်တိုင်ကို လေ့လာပြီးရင်ရော စစ်ဝိညာဥ်တွေကို သုံးလို့ ရသေးလား”
“နှစ်ခုစလုံး ရနိုင်တယ်...”
စစ်ဝိညာဥ်က ချက်ချင်း ပြန်ဖြေလိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် ၎င်းက ထပ်မံ ဖြည့်စွက်လိုက်သည်။
“အောင်ပွဲရရှိခြင်းကလည်း စစ်ဝိညာဥ်တွေကို ဆုလာဒ် အနေနဲ့ ရရှိနိုင်တယ်”
ဝေ့ဝူယင်မှာ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်လေရာ အံ့အားသင့်ခြင်း မရှိပါချေ။ သူက နောက်ဆုံး မေးခွန်းကို ဦးတည်လိုက်၏။
“မဟာမိတ် ဘယ်လောက်များများကို သတ်ရင် ကျုပ် အပြစ်ပေးခံရနိုင်လဲ...”