← Chapters

အလွန်ထူးခြားနေခြင်း

Vol. 24 Ch. 325

အလွန်ထူးခြားနေခြင်း

Vol. 24 Ch. 325

ဖုတ်…ဖုတ်…။ လျိုကျင်းနှင့် အစ်ကိုဝမ်တို့၏ အလောင်းများသည် အလစ်တိုက်ခိုက်သူကြောင့် မြေပေါ်သို့ လွင့်ထွက်သွားသည်။ ဤသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံးထဲ၌ တွန့်သွားသည်။

“မင်းတို့က ရောက်လာမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော။ ကျုပ်က အခြေခံတည်ဆောက်ခြင်း သွေးစတေးခံမယ့်သူတွေ ကင်းမဲ့နေတုန်းပဲ…”

အလစ်တိုက်ခိုက်သူသည် မကောင်းဆိုးဝါးဆန်စွာ ပြောသည်။

အလစ်တိုက်ခိုက်သူမှာ အစောပိုင်းတုန်းက အလွန်အမင်း ကြောက်လန့်နေသော အင်ပါယာယွဲ့မှလွဲ၍ တခြားသူ မဟုတ်လေပေ။ သို့သော် ခုချိန်၌ သူ့ပုံစံသည် အားနည်းဟန် မရှိလေတော့။ အပြာရောင်ဝတ်စုံနှင့်လူကြီး(ဝါ) မိစ္ဆာနက်ကျောင်းတော်သခင်ထက် မနိမ့်လှသော မှော်စွမ်းအား တုန်ခါလှိုင်းများသည် သူ့ထံမှ ထွက်ပေါ်နေသည်။ ထိုအင်ပါယာယွဲ့မှာ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်၌ ရှိနေသည်။

ဟန်လိသည် ရန်သူ၏ နက်ရှိုင်းလှသော ကျင့်ကြံမှုကြောင့် သူ့အမူအရာက အေးစက်သွားသည်။

အစောပိုင်းတုန်းက အင်ပါယာယွဲ့သည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့မှန်း သူ မသိခဲ့ပေ။ သို့သော် ထိုသူမှာ သူ၏ ကျင့်ကြံမှုကို အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများထံကနေ လုံးဝ ကွယ်ဝှက်ထားနိုင်စွမ်း ရှိခဲ့ပေသည်။ ထိုအဖြစ်က ဟန်လိအား အကြီးအကဲဝမ်နှင့် မင်းသားငယ်တို့ထံမှ မှော်စွမ်းအားကို သူ အရင်တုန်းက မထောက်လှမ်းမိနိုင်ခဲ့သည့်အဖြစ်ကို ပြန်သတိရသွားစေသည်။ အရင်တုန်းကနှင့် မတူသည်မှာ ဟန်လိအနေဖြင့် သည်အင်ပါယာထံမှ မည်သည့်အန္တရာယ်ခံစားချက်ကိုမှ မရခဲ့တာ ဖြစ်သည်။ ထို့ကြောင့်လည်း သူက ပို၍ သတိထားကာ ပိုလည်း စိုးရိမ်သွားသည်။

ဟန်လိက သူ့လက်ချောင်းကို တောက်ထုတ်၍ အဖြူရောင်ကြေးခွံဒိုင်းနှင့် လိပ်ခွံတို့ကို သူ့ပတ်ပတ်လည်မှာ လှည့်ပတ်စေသည်။

အင်ပါယာယွဲ့နှင့် အပြာရောင်ဝတ်စုံနှင့်လူတို့ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်နေသော အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည်လည်း သူတို့၏ မှော်ပစ္စည်းများကို ထုတ်ကာ သူတို့နား၌ ထားကာ သူတို့ကိုယ်သူတို့ကို ကာကွယ်သည်။

အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများက ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ပြုမူကြတာကို မြင်သည့်အခါ အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အေးတိအေးစက် ရယ်မောကြသည်။

မိစ္ဆာနက်ကျောင်းတော်သခင်သည် ရုတ်တရက် လှစ်ခနဲ လှုပ်ရှားသွားပြီး မီတာသုံးဆယ်လောက်ရှိ တလက်လက်တောက်ပနေသေးသော ရေခဲပုံနား ရောက်သွားသည်။ ထိုနေရာမှာ ရေခဲနတ်ဆိုး၏ အကြွင်းအကျန်များ ဖြစ်၏။

မိစ္ဆာနက်ကျောင်းတော်သခင်သည် ရေခဲပုံကို တချက်ကြည့်ကာ ၎င်းထံ သူ့လက်ကို ဆန့်ထုတ်သည်။ ထိုအခါ ရေခဲနတ်ဆိုး၏ အကြွင်းအကျန်ပုံထဲမှ အပြာရောင်ပုတီးစေ့တစ်ခုသည် သူ့ထံ ပျံသန်းလာ၏။

တချိန်တည်းမှာ အင်ပါယာယွဲ့မှာလည်း မီးငှက်ကြောင့် ပြာဖြစ်သွားသော သွေးကျွန်နှစ်ယောက်ထံ ဖြတ်ခနဲ ရောက်သွားသည်။ သူက မြေပြင်ကို ကြမ်းတမ်းစွာ ပုတ်၏။ ထိုအခါ ရွေရောင်နှင့် အဝါရောင်ပုတီးစေ့များသည် မြေပြင်ကနေ သူ့လက်ထံ ပျံသန်းထွက်လာသည်။

“ဒါတွေက…”

ဟန်လိက သည်ပုတီးစေ့များကို မြင်သည့်အခါ သူသည် အစ်ကိုဝမ်၏ အလောင်းမှ ဆွဲထုတ်ယူခဲ့သော မိုးပြာပုတီးစေ့နှင့် ပြန်၍ ချိတ်ဆက်မိသွားသည်။ သူက ယင်းပုတီးစေ့များက မည်သည့်အရာမှန်း ခပ်ရေးရေး သိသွားသည်။ သူ့စိတ်နှလုံးမှာ တင်းကြပ်သွားလေ၏။ သူ ဒီကို လာရသည့် ရည်ရွယ်ချက်ဖြစ်သော ထိုပစ္စည်းများမှာ ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

ယင်းတို့မှာ မင်းသားငယ်ထံမှ သူ သိခဲ့ရသော ဒြပ်စင်ငါးခုသွေးအမြုတေများနှင့် ကျိန်းသေပေါက် ဆက်စပ်မှု ရှိနိုင်သည်။ သို့ပေမည့် အခု ပုတီးစေ့က လေးခုသာ ရှိနေသေးသည်။ နောက်ဆုံးတစ်ခုက မည်သည့်နေရာတွင် ရှိနေသနည်း။

ဟန်လိက ထိုသို့ ကောက်ချက်ချမိနေစဉ် အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့သည် ပုတီးစေ့များကို စုဆောင်းယူကာ ပျော်နေကြသည်။

ကောင်းကင်ထက်သို့ မော့ကြည့်လျက် သူတို့နှစ်ယောက်က တဟားဟား အော်ရယ်သည်။ သူတို့က ဟန်လိနှင့် တခြားသူများထံ အေးစက်စက်လှမ်းကြည့်သည်။ သူတို့၏ သတ်ဖြတ်ချင်စိတ်ကို မဖုံးကွယ်ထားပေ။

“လူတိုင်းပဲ…ကောင်းကင်အမြင့်ကို သွားကြ…” ဟန်လိ၏ စိတ်ထဲ၌ ရုတ်တရက် အတွေးများ ပေါ်လာကာ နောက်ဆုံး၌ သူက ထိုသို့ အော်ဟစ်ပြီး သူ၏ နတ်လေလှေကို ဆင့်ခေါ်ကာ အရင်ဆုံး ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။

ဟန်လိ၏ အော်ဟစ်သံကြောင့် တခြားသူများမှာ မင်သက်ကုန်သည်။ သို့သော် စုန့်မင်နှင့် ရွှဲ့ဟုန်၏ တာအိုလက်တွဲဖော်တို့က ဟန်လိကို ယုံကြည်မှု ရှိနေပြီ ဖြစ်၍ သူတို့သည်လည်း သူ့စကားအတိုင်း ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ သို့သော် ချန်ချောင်ချန်ကမူ ဟန်လိ၏ စကားကို ကြားသည့်အခါ သူမက ခဏ တွေဝေနေပြီးနောက်မှ ကျုံးဝေနင်ကို ဆွဲခေါ်ကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။

အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့သည် ဤသည်ကို မြင်သ်ည့အခါ သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ ထို့နောက်တွင်မူ သူတို့နှစ်ယောက်က သံပြိုင်အော်၏။ သူတို့နှစ်ယောက်မှာ မတူညီသော လူနှစ်ယောက် ဖြစ်တာ သိသာနေသော်လည်း သူတို့၏ အပြုံးကြောင့် ဟန်လိသည် ထိုနှစ်ယောက်ကို တစ်ယောက်တည်းဟု ထင်မိသွားစေပြီး သူ့စိတ်နှလုံး တုန်ရင်သွားခဲ့ရသည်။

“ဒီကောင်လေးက ဉာဏ်ပြေးလှပါလား။ ကြည့်ရတာ မင်းရဲ့ ခန္ဓာကိုယ်ကို မျှော်လင့်ထားတာထက် စောပြီးတော့ စတေးရတော့မယ့် ပုံပဲ…”

“ငါလား…မင်း ဘာလို့ မဟုတ်ရတာလား။ မင်း ဒါကို သိမ်းပိုက်လိုက်တာနဲ့ ပြန်မရနိုင်တော့ဘူးလေ…”

ဟန်လိတို့အောက်မှာ အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့သည် ထိုသို့ ပြောဆိုနေသည်။ သူတို့၏ ထူးခြားသော စကားများကို ကြားသည့်အခါ ဟန်လိနှင့် တခြားသူများ၏ နောက်ကျော၌ စိမ့်ခနဲ ဖြစ်သွားမိသည်။

“ညီလေးဟန်…သူတို့ ဘာအကြောင်း ပြောနေကြတာလဲ…” စုန့်မင်က ဟန်လိနားသို့ တိုးကပ်လာပြီး မေးသည်။

သူ့မျက်စိရှေ့မှာပင် သူ၏ ဂိုဏ်းတူရောင်းရင်းများ သေဆုံးခဲ့သည် ဖြစ်၍ တိုက်ပွဲကို ရူးသွပ်သော စုန့်မင်သည်ပင် သူ၏ မူလပုံစံအတိုင်း ကမူးရှုးထိုး ရှိမနေတော့ပေ။ သူက သူ့စိတ် တည်ငြိမ်နိုင်ရန်အလို့ငှာ ဟန်လိကို ထိုသို့ မေးသည်။ တကယ်တော့ ဟန်လိသည် သူ့ကို ဆန်းကြယ်သောခံစားချက်တစ်ခု မေးနေလေသည်။

ဟန်လိက သူ့မေးခွန်းကို ကြားသည့်အခါ စိတ်ထဲကနေ ခါးသီးစွာ ပြုံးမိသည်။ သူက မည်သို့ပြောပြရမှန်း စဉ်းစားနေစဉ် သူတို့အောက်ဘက်မှာ တစုံတခု ဖြစ်ပွားလာသည်။ ဟန်လိ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ သူက ချက်ခြင်းပင် သူ ပြောမည့်စကားများကို ပြန်မြိုချသည်။ ထို့နောက်တွင် ချန်ချောင်ချန်က အလန့်တကြား ထအော်၏။ ဟန်လိသည် အောက်ဘက်ရှိမြင်ကွင်းကို အထိတ်တလန့် လှမ်းကြည့်နေသည်။ သူက အင်ပါယာယွဲ့၏လက်က မိစ္ဆာနက်ကျောင်းတော်သခင်၏ ရင်ဘက်ကို ထိုးစိုက်နေတာ မြင်သည်။ မိစ္ဆာနက်ကျောင်းတော်သခင်မှာလည်း သူ့လက်နှစ်ဖက်ကို ဖြန့်ကားပေးသည်။ နည်းနည်းလေးမျှ မရုန်းကန်ပေ။ ထိုအစား သူက ပြုံး၍ပင် နေသေးသည်။

မိစ္ဆာနက်ကျောင်းတော်သခင်နှင့် အင်ပါယာယွဲ့တို့ထံမှ သွေးအလင်းရောင် ထုတ်လွှတ်လာသည်။ အင်ပါယာယွဲ့၏လက်က မိစ္ဆာနက်ကျောင်းတော်သခင်၏ ရင်ဘက်ကို ထွင်းဖောက်ထားပြီး သူတို့ထံမှ သွေးရောင်အလင်းများသည် အတူတကွ ပေါင်းစပ်ကာ မိစ္ဆာနက်ကျောင်းတော်သခင်သည် အင်ပါယာယွဲ့၏ ခန္ဓာကိုယ်ထဲ ရူးသွပ်စွာ တိုးဝင်လေသည်။ ကြည့်ရသည်မှာ ထိုသူက သူ့ကိုယ်သူ အင်ပါယာယွဲ့ထံ ပေါင်းစပ်ပေးနေသည့်နှယ်။ သည်မြင်ကွင်းကြောင့် စုန့်မင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

မိစ္ဆာနက်ကျောင်းတော်သခင်၏ ကိုယ်ရောင်ကိုယ်ဝါသည် များစွာ အားနည်းလာသည်။ သူ့အသွေးအသားများ သွေ့ခြောက်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် အင်ပါယာယွဲ့၏ ကိုယ်ရောင်ကိုယ်ဝါမှာ သည်အခိုက်တွင် ပိုအားကောင်းလာပြီး သူက အနည်းငယ်ပင် နုပျိုသွားဟန် တူသည်။

“ဒါက ဘယ်လို မကောင်းဆိုးဝါး ပညာရပ်လဲ…” စုန့်မင်သည် တုန်လှုပ်စွာဖြင့် အော်ပြောမိသည်။

ဟန်လိ၏ အမူအရာမှာ နက်မှောင်သွားသည်။ သူက စီနီယာအစ်ကိုစုန့်ကို အာရုံမစိုက်နိုင်တော့ပေ။ ထိုအစား သူက အသက်ဝဝရှိုက်သွင်းကာ ရုတ်တရက် သူ့လက်ကို ရှေ့သို့ လှုပ်ခါသည်။

မီးဓာတ်အဆောင်နှစ်ရာထက် မနည်းက သူ့လက်နှစ်ဖက်ကနေ အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့ထံ ပြေးဝင်သွားသည်။ ထိုအဆောင်မှာ မီးဓာတ်အဆောင်တွေသာ ဖြစ်ချေသည်။

လမ်းတဝက်မှာ ထိုအဆောင်များသည် မီးဓာတ်ပညာရပ်များကို ကိုယ်စားပြုသော အစွမ်းများကို ပြသလာကာ မီးလှိုင်းကြီးတစ်ခု ဖြစ်သွားသည်။ ထိုကဲ့သို့သော အဆောင်များစွာဖြင့် အသုံးပြု တိုက်ခိုက်ခြင်းသည် ကျင့်ကြံခြင်းလောက၌ မြင်ရခဲလှသည်။ တကယ်တော့ အဆောင်များစွာကို ပိုင်ဆိုင်ထားနိုင်ဖို့ လူတစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံးရာချီကို အသုံးပြုခဲ့ရသည် မဟုတ်လား။

ထိုသို့သော အဆောင်များစွာ၏ စုပေါင်းစွမ်းအားကြောင့် အဝါရောင်မေပယ်တောင်ကြားမှ သူများသည် တုန်လှုပ်ကုန်သည်။ ကြောင်ရီရီ ဖြစ်နေသော ကျုံးဝေနင်သည်ပင် သည်မြင်ကွင်းကြောင့် အံ့အားတသင့် ဖြစ်နေသည်။ အစပိုင်း၌ သည်မြင်ကွင်းကြောင့် အင်ပါယာယွဲ့သည် တုန်လှုပ်သွား၏။ သို့သော် သူက ထိုအဆောင်များ၏ မှော်ပညာရပ်များက အဆင့်နိမ့်များသာ ဖြစ်သည်ကို မြင်၍ သူက အထင်သေးစွာ နှာခေါင်းရှုံ့သည်။

သူသည် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော သွေးအလင်းက ယင်းမှော်ပညာရပ်များကြောင့် မထိခိုက်အောင် ကာကွယ်ပေးနိုင်တာ သိသည်။ သို့ဖြစ်၍ သူက သူ့ရှေ့ရှိ အရေးကြီးလှသော ကိစ္စအပေါ်တွင်သာ အာရုံစိုက်ထားသည်။ သူက သည်ဖြစ်စဉ်ကို ပြီးမြောက်သည်နှင့် ဟန်လိတို့အုပ်စုကို သတ်ပစ်ဖို့မှာ အမှိုက်လွှတ်ပစ် သကဲ့သို့ လွယ်ကူသွားပေလိမ့်မည်။

သို့သော် ထိုခဏ၌ အင်ပါယာယွဲ့၏ မျက်လုံးထဲ၌ ကြောက်လန့်မှု ဖြစ်ပေါ်သွားသည်။ မီးတောက်များက သူနှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့အပေါ် ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာခဲ့လေပြီ။ သို့သော် သူ မျှော်လင့်ထားသည့်အတိုင်း သည်တိုက်ခိုက်မှုများက သူတို့နှစ်ယောက်ကို မထိခိုက်စေပေ။

ထိုစဉ် မိစ္ဆာနက်ကျောင်းတော်သခင်၏ အလင်းဓာတ်က အင်ပါယာယွဲ့၏ခန္ဓာကိုယ်ထဲ စီးဆင်းသွားခဲ့ပြီ။ အခုအခါ၌ အင်ပါယာယွဲ့သည် အသက်သုံးဆယ်ဝန်းကျင်လောက် ရှိသွားခဲ့ပြီ။

ချန်ချောင်ချန်နှင့် တခြားသူများကလည်း ဟန်လိ၏ တိုက်ခိုက်မှုများကို မြင်သည့်အခါ သူတို့လည်း သူတို့၏ မှော်ပစ္စည်းများကို စေလွှတ်တိုက်ခိုက်ကြသည်။ တကယ်တော့ ရန်သူသည် မိစ္ဆာပညာရပ်တစ်မျိုးကို အသုံးပြုနေတာ ဖြစ်၍ နောက်ပြန်မဆုတ်နိုင် ဖြစ်နေသည်။

ထိုအခွင့်အရေးကို အသုံးပြုကာ သူတို့က တိုက်ခိုက်ချင်ကြတာ သဘာဝပင်။ သူတို့ တိုက်ခိုက်ရန် ဟန်ပြင်စဉ် အင်ပါယာယွဲ့နှင့် မိစ္ဆာနက်ကျောင်းတော်သခင်တို့ထံမှ အဖြူရောင်လင်းဖြာထွက်လာသည်။ ထိုအလင်းက သူတို့နှစ်ယောက်ကို ထွေးခြုံထား၏။ ထိုအဖြူရောင်အလင်းအတွင်းထဲရှိ လန့်စရာကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင် ပမာဏသည် အင်ပါယာယွဲ့ကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။ ချန်ချောင်ချန်နှင့် တခြားသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ကျေနပ်အားရသွားသည်။ သူတို့က ဟန်လိကိုလည်း လှမ်းကြည့်ကြသည်။ ထိုသို့သော မြင်ကွင်းကို တွေ့ရခြင်းမှာ သူတို့၏ ဂိုဏ်းတူဖြစ်သော ဟန်လိကြောင့် မဟုတ်လား။

သို့ပေမည့် ဟန်လိသည် နည်းနည်းလေးမျှ ပျော်ရွှင်မသွားပေ။ ထိုအစား သူက လေးနက်အေးစက်နေသည်။

“မင်းတို့ အောင်ပွဲခံတာ စောလွန်းနေသေးတယ်။ သူတို့နှစ်ယောက်လုံး မသေကြသေးဘူး…”

ဟန်လိသည် မထူခြားနားဟန်ဖြင့် ထိုသို့ ပြောသည်။ သူ့စကားများကြောင့် တခြားသူများသည် မင်သက်ကုန်သည်။ သူတို့အားလုံးက အောက်သို့ အလျင်အမြန် လှမ်းကြည့်သည်။

မီးခိုးငွေ့များ၊ ဖုန့်မှုန်းများ ဖုံးကွယ်ထားမှုအောက်၌ အင်ပါယာယွဲ့၏ စိတ်ဝိညာဉ်ချီသည် ရှိနေတုန်းပင်။ သူ၏ မှော်စွမ်းအားကသာ သိသိသာသာ လျော့သွားခဲ့တာ ရှိသည်။

သူတို့ တွေ့မြင်ရသည့်အရာကြောင့် အဝါရောင်မေပယ်တောင်ကြားမှ ကျင့်ကြံသူများသည် တုန်လှုပ်ကုန်ပြီး သူတို့၏ မှော်ပစ္စည်းများကို လှည့်ပတ်စေကြသည်။ အင်ပါယာယွဲ့ကို တွေ့မြင်ရသည်နှင့် သူတို့သည် ပူးပေါင်းတိုက်ခိုက်မည် ဖြစ်သည်။ သူတို့၏ သေဆုံးသွားခဲ့သော ဂိုဏ်းဖော်ရောင်းရင်းများအတွက် လက်စားပြန်ချေမည်။

“ကောင်းတယ်…ကောင်းတယ်….ကျုပ် ထင်မြင်ချက် မှားသွားခဲ့တာပဲ။ မင်းက မင်းတို့အုပ်စုထဲမှာ ဒုက္ခအပေးနိုင်ဆုံးကောင်ပဲကို။ အဆင့်နိမ့်အဆောင်တွေကြားထဲမှာ မင်းက ကျုပ်အကာအကွယ်အလင်းကို ချိုးဖျက်နိုင်တဲ့ အရာတစ်ခုကို ကွယ်ဝှက်တိုက်ခိုက်ခဲ့တာပဲ…”

အခိုးအငွေ့များကြားကနေ ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။ သို့သော် အင်ပါယာယွဲ့သည် တဖြည်းဖြည်းဖြင့် သူ့အသံ ပြန်တည်ငြိမ်မှုကို ရလာသည်။ သူ၏ လေသံက အေးစက်သထက်အေးစက်လာချေသည်။

တခြားသူများက ထိုစကားကို ကြားသည့်အခါ သူတို့၏အမူအရာများသည် အကြီးအကျယ် ပျက်ယွင်းကုန်သည်။ ဟန်လိသည်လည်း တုန်လှုပ်နေသည်သာ။

“ကောင်းကင်လျှပ်စီးအစေ့၊ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေက ဒီကောင်းကင်လျှပ်စီးစေ့ရဲ့ တိုက်ခိုက်ခံရမှုအောက်မှာ အသက်ရှင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဟန်လိသည် အောက်သို့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို ဝေ့ယမ်း၏ သူ့ရှေ့တွင် အဖြူရောင်အလင်းရိပ်များ ပေါ်လာသည်။ ထိုအလင်း လွင့်ပြယ်သွားချိန်တွင် အရိပ်များစွာ ပေါ်လာသည်။ ၎င်းတို့မှာ ရုပ်သေးအမျိုးမျိုး ဖြစ်ပြီး မြေပြင်ထက်သို့ သွားရောက်တိုက်ခိုက်ရန် အသင့်ရှိနေသော ရုပ်သေးတပ်သားများသာ။

ထိုရုပ်သေးများ ပေါ်လာသည်ကို မြင်သည့်နောက် စုန့်မင်နှင့် တခြားသူများသည် အင်ပါယာယွဲ့ထံ တုန့်ဆိုင်းမနေဘဲ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သည်။ သို့သော် အနီရောင်အလင်း ဖြာထွက်သွားပြီး သူတို့၏ မှော်ပစ္စည်းများကာ သူတို့နှင့် ချိတ်ဆက်မှု ပျက်တောက်သွားသည်။ သွေးအလင်းများ ဖုံးလွှမ်းနေသော အင်ပါယာယွဲ့သည် အခိုးအငွေ့များကြားကနေ လှမ်းထွက်လာကာ ဟန်လိထံ မကျေမချမ်းဖြင့် ဒေါသတကြီး စိုက်ကြည့်လေသည်။

All Chapters