ဘုရားသခင်ရဲ့ မနာလိုမှု
Vol. 2 Ch. 16
အိမ်ပြောင်းရတာကြောင့် လင်းရှန်က ကျောင်းကို နောက်ထပ်သုံးရက် ခွင့်ယူလိုက်သည်။
လင်းရှန်မှာ ဝိညာဉ်ဒင်္ဂါး ၃၀၀,၀၀၀ ကျော် ရှိနေတာကြောင့် သူ့ရဲ့ကြွယ်ဝမှုအပေါ် ယုံကြည်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဆင်ခြေဖုံးရပ်ကွက်တွင် သီးသန့်အိမ်တစ်လုံး ငှားခဲ့သည်။ ပရိဘောဂအပြည့်အစုံရှိပြီး သူ၏ခရီးဆောင်အိတ်သာ ယူလာဖို့ လိုသည်။
အိမ်သည် အရှေ့ခရိုင်တွင်ရှိပြီး ခရိုင်၏ အချက်အချာတွင် တည်ရှိသည်။ သို့သော် အနီးတစ်ဝိုက်တွင် ဖျော်ဖြေရေးနေရာကြီးများ နှင့် သယ်ယူပို့ဆောင်ရေးစခန်းများ မရှိခဲ့ချေ။ လူစည်ကားသောမြို့မှ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဖြစ်သည်။
ပထမတော့ လင်းရှန်က တိုက်ခန်းကို ငှါးချင်ခဲ့သည်။ တိုက်ခန်းတွေက ဂိတ်တွေမှာ စောင့်ကြပ်နေပြီး လုံခြုံရေးအစောင့်တွေက ညဘက်မှာ ကင်းလှည့်နေတတ်သည်။ သူနေတဲ့အခန်းတွေထက် ပိုလုံခြုံသည်။
သို့သော် နောက်နောင်တွင် သူ့ကိုယ်ပွါးများပိုမိုများပြားလာပြီး ကျင့်ကြံရန်လိုအပ်ပါက တိုက်ခန်းဧရိယာ၏လုံခြုံရေးသည် အတားအဆီးဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် လင်းရှန်သည် နောက်ဆုံးမှာတော့ ဆင်ခြေဖုံးရပ်ကွက်မှ သီးသန့်အိမ်တစ်လုံးကို ရွေးချယ်ခဲ့သည်။
သူ့ဘေးကင်းမှုအတွက်... သူ့ကိုယ်ပွားကို နောက်ညတွေမှာ အိမ်စောင့်ခိုင်းရမည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ကိုယ်ပွါးများသည် မပင်ပန်းတဲ့အပြင် အိပ်ရန်လည်းမလိုအပ်ပေ။
နှစ်ရက်လောက် လှည့်ပတ် ရှာပြီးတဲ့နောက်မှာ
အိမ်သစ်ကို ငှါးလိုက်သည်။လင်းရှန်သည် သုံးရက်မြောက်သောနေ့တွင် ၎င်း၏နေအိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့သည်။
အံ့အားသင့်စရာက သုံးရက်ကြာ ကျင့်ကြံပြီးနောက်တွင် ကိုယ်ပွားနှစ်ခုသည် သေခြင်းအတားအဆီးတွင် အစပြုသူအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည်: ဇွဲလုံ့လ]
[အဆင့်- ချီအသွင်ပြောင်းခြင်းအဆင့် ၅၊ ၂၅%]
[ကျင့်ကြံနည်း- မူလအသက်ရှူနည်းစနစ် (ကျွမ်းကျင် ၄၀%)၊ နေမီးတောက်လက်ဝါး (ကျွမ်းကျင်မှု ၁၁%)၊သေခြင်းအတားအဆီး(အစပြုသူ ၁%)]
[ကိုယ်ပွားအရေအတွက်- ၃(၃၅%)]
မျက်နှာပြင်ပေါ်ရှိ “သေခြင်းအတားအဆီး” ကို မြင်လိုက်ရသဖြင့် လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အစပြုသူဖြစ်နေသရွေ့ သေခြင်းအတားအဆီးအဆင့်ကို မြှင့်တင်ဖို့က ပိုလွယ်သွားသည်။ အဆင့်တစ်ဆင့်ပြီးတစ်ဆင့်တက်ရင်း
ကျင့်ကြံမှုကို စဉ်ဆက်မပြတ်တိုးတက်စေဖို့သာ လိုအပ်သည်။
အိပ်ခန်းထဲရှိ ဗီရိုထဲတွင် မှန်အပြည့်တစ်ချပ်ရှိသည်။ လင်းရှန်သည် ၎င်းရှေ့တွင် ရပ်လိုက်ပြီး သေခြင်းအတားအဆီးကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
တခဏအတွင်းမှာပဲ
မှန်ထဲက လူငယ်သည် အပြောင်းအလဲ တစ်ခုခုကို ကြုံတွေ့ခဲ့ရပုံရသည်။ ချွန်ထက်သော အစွန်းများရှိသော ကျောက်တုံးကို ညီညာစွာ ပွတ်တိုက်လိုက်သကဲ့သို့ပင်။ သူသည် သူ၏ချွန်ထက်မှုကို ဆုံးရှုံးသွားပုံရပြီး သာမာန်ပုံစံဖြစ်သွားသည်။
“ကောင်းလိုက်တာ”
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်သည်။
အစပြုသူအဆင့်တွင် သူအရောင်အဝါအများစုကို ဖုံးကွယ်ထားနိုင်ပြီဖြစ်သည်။ သူသည်
ချီအသွင်ပြောင်းခြင်း တတိယအဆင့်မှ သူနှင့်တူနေသည်။
အကယ်၍ သူသည် ကျွမ်းကျင်မှု သို့မဟုတ် အထူးကျွမ်းကျင်မှုသို့ ရောက်သွားရင်တောင် သာမန်သူအဖြစ် အသွင်ပြောင်းသွားနိုင်သည်။
သေခြင်းအတားအဆီးနှင့်ဆို သူသည် အနာဂတ်တွင် လျင်မြန်သော ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့ရင်တောင် အာရုံစူးစိုက်ခံရမှာကို စိတ်ပူနေစရာ မလိုချေ။
သေခြင်းအတားအဆီး၏ အကျိုးသက်ရောက်မှုများကို စမ်းသပ်ပြီးနောက်
လင်းရှန်သည် ဧည့်ခန်းသို့ ပြန်လာပြီး စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[ကိုယ်ပွါး ၂ (သေဆုံး) လက်ကျန် ရှင်ပြန်
ထမြောက်ချိန်- ၀၀: ၁၂:၃၉]
ကြာချိန်ကိုမြင်သောအခါ လင်းရှန်၏မျက်လုံးများမှ အကြည့်များက တောက်ပလာသည်။
လွန်ခဲ့သည့်သုံးရက်အတွင်း ကိုယ်ပွါး ၂သည် နှစ်ကြိမ်ပြန်လည်ရှင်သန်ခဲ့ပြီး ၎င်း၏စွမ်းရည်ကိုလည်း နှစ်ကြိမ်ပြန်လည်သက်တမ်းတိုးခဲ့သည်။
သို့သော်လည်း သူသည် စွမ်းရည်သစ်များနှင့် ပတ်သက်၍ မကျေနပ်ချေ။
[အလင်းကဲ့သို့အမြန်- လှုပ်ရှားမှုနည်းစနစ်+၅၀%, ဖုံးကွယ်ခြင်းနည်းစနစ် +၃၀%]
[တပ်မက်မှု မရှိခြင်း- ထင်ယောင်ထင်မှားမှုများကို ခုခံနိုင်မှု +၅၀%, လူ့ဆန္ဒ -၅၀%, စွမ်းအား +၅၀%]
ပထမဦးဆုံးစွမ်းရည်ဖြစ်တဒ့ "အလင်းကဲ့သို့အမြန်"က မဆိုးချေ။
လင်းရှန်၏ တစ်ခုတည်းသော ပြသနာမှာလှုပ်ရှားမှုနည်းစနစ်ဖြစ်သော အရိပ်က အစပြုစူအဆင့်သို့ မရောက်သေးတာပင်။ ထို့ကြောင့် ဤစွမ်းရည်သည် လောလောဆယ်တော့ အသုံးမဝင်ခဲ့ပေ။
ဒုတိယ စွမ်းရည်ဖြစ်သည့် တပ်မက်မှုမရှိခြင်းသည်လည်း အတိအကျ သတ်မှတ်ရန် ခက်ခဲသည်။
စိတ်အားထက်သန်မှုနှင့် ထင်ယောင်ထင်မှားမှုများကို ခံနိုင်ရည်တိုးလာခြင်းသည် မဆိုးပေ။သို့သော် လူသားဆန္ဒမှာ ၅၀%လျော့နည်းခြင်း၏ ဘေးထွက်ဆိုးကျိုးကတော့ အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်မှာ အသက်ရှည်ခြင်းနှင့် လွတ်လပ်ခြင်း ဖြစ်သည်။ သူ ဘယ်လောက်ကြာကြာ အသက်ရှင်နေပါစေ ၊ ဘယ်လောက်ပဲ သန်မာနေပါစေ နှလုံးသားမရှိသူတစ်ယောက်ဖြစ်လာရင် ဘဝက ငြီးငွေ့စရာကောင်းသည်။
ပိုအရေးကြီးတာက ဒီစွမ်းရည်နှစ်ခုဟာ ဒီအဆင့်မှာ အသုံးမဝင်လုနီးပါးပင်။
လင်းရှန် လိုချင်တာက သူ့ရဲ့ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ စွမ်းရည်ပင်။
ဆယ့်နှစ်မိနစ်က မကြာမီ ပြီးဆုံးသွားသည်။
လင်းရှန်က အသက်ပြင်းပြင်းရှူပြီး သူ့လက်ကို ပွတ်သပ်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ငယ်ငယ်က ဂါချာဂိမ်းကို ကစားနေသလို ခံစားရပင်။
"ကျေးဇူးပြုပြီး ငါ့မှာ စွမ်းရည်ကောင်းတွေ ရှိပါစေ”
ကိုယ်ပွားတစ်ယောက်၏ အရိပ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ဧည့်ခန်းအလယ်တွင် ရပ်နေသည်။
[ကိုယ်ပွါး ၂]
[စွမ်းရည်- နတ်ဘုရား၏ မနာလိုမှု]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၅၊ ၂၅%]
[လက်ရှိကျင့်ကြံမှု- မရှိ]
"ဘုရားသခင်၏ မနာလိုမှု”
လင်းရှန်က အနည်းငယ် အံ့အားသင့်သွားပြီး ဖော်ပြချက်ကို ချက်ချင်းကြည့်လိုက်သည်။
[ဘုရားသခင်၏မနာလိုမှု- ကျင့်ကြံမှုအမြန်
နှုန်း +၁၀၀%, သက်တမ်း -၅၀%]
လင်းရှန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။
ဒီစွမ်းရည်က ကောင်းနေပုံပင်။
လူ၏သက်တမ်းထက်ဝက်ဆိုတာက အနည်းငယ်ထိခိုက်နိုင်သော်လည်း ကိုယ်ပွါးသည် တာရှည်ခံရန်မလိုအပ်ပေ။
နှိုင်းယှဉ်ကြည့်လျှင် ကျင့်ကြံမှုအရှိန်ကို နှစ်
ဆတိုးခြင်းသည် အလွန်အစွမ်းထက်သည်။
၎င်းသည် သာမန်အထက်၏ ၂၀%ကို ကျော်
လွန်သွားသည်။
တစ်ခုတည်းသော ဂရုစိုက်ရမည့် အချက်မှာ သူသည် ဤစွမ်းရည်ကို သူ့ဘာသာအတွက် အသုံးပြုသင့်ရဲ့လား ဆိုတာပင်။
စွမ်းရည်ကိုပြောင်းပြီးသည်နှင့်အကျိုးသက်ရောက်မှုပျောက်ကွယ်သွားသော်လည်း (၅၀)%၏သက်တမ်းသည် စိတ်အနှောက်အယှက်ဖြစ်နေဆဲဖြစ်သည်။
ကံကောင်းထောက်မစွာ သက်တမ်းကျဆင်းမှုသည် သူ၏သက်တမ်းထံမှ မဟုတ်ချေ ။ အနှစ် (၅၀)သာ သူ့ထံမှ နှုတ်ယူမည်ဆိုလျှင် လင်းရှန်သည် ထိုစွမ်းရည်ကို ဘယ်တော့မှ ပြောင်းမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အသက်က အနှစ် (၅၀) ထက်နည်းနေလျှင် ထိုအကျိုးသက်ရောက်မှုကြောင့် ချက်ချင်းသေသွားနိုင်သည်။
ထိုအတွေးကြောင့် လင်းရှန် တုန်လှုပ်သွားခဲ့သည်။
အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် စွမ်းရည်ကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။
သူသာဆက်နေမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ရလဒ်ကို သူရှာတွေ့နိုင်မှာမဟုတ်ချေ။နောက်ထပ် အန္တရာယ်တွေ မယူတာ ပိုကောင်းသည်။
နောက်နေ့ စနေနေ့ဆိုတော့ အတန်းမရှိချေ။
နံနက်စာစားပြီးနောက် လင်းရှန်သည် သူ၏ကိုယ်ပွားသုံးကောင်ကို ခေါ်ကာ ကျင့်ကြံရန် ပြင်ဆင်သည်။
သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် မြှင့်တင်ခြင်းအဆီအနှစ်ဆေးပုလင်းတစ်ပုလင်း ပေါ်လာသည်။
"ဒီဆေးလုံးက ဘယ်လောက်ထိရောက်မလဲလို့ တွေးနေမိတယ်”
အတိအကျပြောရလျှင် လင်းရှန်သည် သူ၏ကျင့်ကြံမှုကို အထောက်အကူဖြစ်စေမည့် ဆေးဖက်ဝင်ဆေးလုံးကို ပထမဆုံးအကြိမ် အသုံးပြုတာ ဖြစ်သည်။
လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခုတွင် ကြီးပြင်းလာသူတစ်ဦးအတွက် ဝိညာဉ်သားရဲအသားသည်ပင် ဇိမ်ခံပစ္စည်းဖြစ်သည်။ သူသည် ဆေးလုံးများနှင့် မထိတွေ့နိုင်ပေ။
အကယ်၍ ထျန်းတျန်းက သူ့အား ဤကြီးမားသော လက်ဆောင်ကို မပေးပို့ခဲ့ပါကသူအနေနဲ့ ကျင့်ကြံမှုမှာ အထောက်အကူပြုနိုင်မည့် ဆေးကိုသောက်လိုပါက ပြိုင်ပွဲပြီးသည်အထိ စောင့်ရပေလိမ့်မည်။
မြင့်တင်ခြင်းအဆီအနှစ်ဆေးလေးလုံးကို ထုတ်ယူပြီး လင်းရှန်က သူ့ကိုယ်ပွါးသုံးယောက်ကို တစ်လုံးစီ ပေးကာ ကျန်တစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ တစ်ကျိုက်တည်းနှင့် သူသည် ဆေးကို မျိုချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့ဝမ်းတွင်းကလီစာထဲမှ ပူနွေးသောရေစီးကြောင်း ထွက်လာပြီး ခြေ၊ လက်နှင့် အရိုးများထဲသို့ စီးဆင်းသွားသည်။
လင်းရှန်သည် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ချက်ချင်းပင် ကျင့်ကြံခဲ့သည်။
လင်းရှန်၊ ကိုယ်ပွါး(၂)နှင့် ကိုယ်ပွါး(၃)တို့ကဆေးဖက်ဝင်စွမ်းအားကို ချေဖျက်ရန် သုံးနာရီကျော်ကြာခဲ့သည်။
ဘုရားသခင်၏ မနာလိုမှု စွမ်းရည်ရှိသော ကိုယ်ပွါး(၂)သည် လွန်ခဲ့သောနာရီဝက်ကတည်းက ဆေးအစွမ်းကို ချေဖျက်ပြီးဖြစ်သည်။လင်းရွှမ်နှင့် အခြားကိုယ်ပွါးနှစ်ခုကြာချိန်၏ ထက်ဝက်ခန့်သာ ရှိသည်။
လင်းရှန်က မျက်နှာပြင်ကို ပြန်ကြည့်လိုက်တော့ သူတို့ရဲ့ ကျင့်ကြံမှုအားလုံးက ၅% တိုးလာတာကိုတွေ့လိုက်ရသည်။
“ငါက တစ်ကြိမ်မှာ ဝိညာဉ်သားရဲ အသား တစ်ကီလို စားတယ်။ အဲ့တာက ငါ့စွမ်းအင်ကို လည်ပတ်ပြီးတော့ ကျင့်ကြံမှုကို ၃%တိုးစေတယ်။ မြှင့်တင်ခြင်းအဆီအနှစ်ဆေးတစ်လုံးရဲ့ အာနိသင်က ဝိညာဉ်သားရဲအသား (၁.၅)ကီလိုဂရမ်ကျော်နီးပါးနဲ့ ညီမျှတာပဲ”
လင်းရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တောက်ပလာသည်။
တစ်ပုလင်းတွင် မြှင့်တင်ခြင်းဆေး စုစုပေါင်း ၁၂ လုံးပါရှိသည်။ အခြေအနေအရ ပုလင်းတစ်လုံးထက် အနည်းငယ်ပိုသော ပမာဏသည် သူ့ကို ချီအသွင်ပြောင်းခြင်းဆဋ္ဌမအဆင့်သို့ မြှင့်တင်ရန် လုံလောက်သည်။
“ကိုယ်ပွါး (၂)က ပိုမြန်တယ်။ သူ့ကို ဆေးတိုက်ပြီး မူလအသက်ရှူခြင်းနည်းစနစ်ကို ကျင့်ကြံပေးရမယ်”
"ကိုယ်ပွါး ၃ကတော့ နေမီးတောက်လက်ဝါးကို အထူး ကျွမ်းကျင်အဆင့် ကိုရောက်တော့မယ်”
"ကိုယ်ပွါး ၁ကိုတော့ တခါတရံ အရိပ်တွေကို နားလည်အောင်ကျင့်ခိုင်းပြီး တစ်ခါတလေကျ သေခြင်းအတားအဆီးနဲ့ ကျင့်ကြံခိုင်းရမယ်”
လင်းရှန်သည် လာမည့်ရက်အနည်းငယ်အတွက် အစီအစဉ်များအကြောင်း တွေးနေမိသည်။
ယခု သူ့လက်ထဲတွင် ငွေအမြောက်အမြားရှိသော်လည်း ကျင့်ကြံမှုအရင်းအမြစ်များသည် အလွန်စျေးကြီးသည်။ ဝိညာဉ်သားရဲအသား ၄ ကီလိုဂရမ်ကို နေ့စဉ်ဝယ်ယူရုံဖြင့် တစ်လလျှင် ဝိညာဉ်ဒင်္ဂါး ၂၀၀,၀၀၀ ကျော်ကုန်ကျမည်ဖြစ်သည်။
ငှားရမ်းခနှင့် အခြားကုန်ကျစရိတ်များနဲ့ဆိုဝိညာဉ်ဒင်္ဂါး ၃၀,၀၀၀သည် တစ်လကျော်သာ ခံမည်ပင်။
အကယ်၍ သူသည် ငွေအနည်းငယ်ရှာရန် မကြိုးစားပါက သူသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဘာမှ မကျန်နိုင်တော့ချေ။
ထို့ကြောင့် သူသည် ကိုယ်ခံပညာကျောင်းတွင် အချိန်ပိုင်းအလုပ်ကို ဆက်လုပ်ခဲ့ရသည်။
နေ့ခင်းဘက်တွင် အတန်းတက်ပြီး အချိန်ပိုင်းအလုပ်လုပ်သည်။ ညဘက်မှာတော့
မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံးတွေနဲ့အတူ သူ့ကိုယ်ပွားတွေနဲ့ ကျင့်ကြံခဲ့သည်။
ပြည့်စုံမှုပင်။