← Chapters

မှတ်စုများဖတ်ခြင်း။

Vol. 2 Ch. 17

မှတ်စုများဖတ်ခြင်း။

Vol. 2 Ch. 17

December 17, 2023

ကျယ်ပြောလှသော ရိုက်သံများသည် ကျယ်ဝန်းသော တိုက်ပွဲခန်းအတွင်း ပဲ့တင်ထပ်နေပြီး အက်ကွဲနေသော ကြွေထည်သံများက ရံဖန်ရံခါ ထွက်ပေါ်လာသည်။

ယန်ကျုံးရီ၏ လက်သီးများသည် အလင်းကဲ့သို့မြန်ပြီး လင်းထိန်နေသော လေလှိုင်းများနှင့်အတူ လင်းရှန်ကို လွှမ်းခြုံထားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သူ့ပြိုင်ဘက်၏ လျင်မြန်ပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို လင်းရှန်သည် မုန်တိုင်းထဲမှ သန္တာကျောက်တန်းတစ်ခုကဲ့သို့ တည်ငြိမ်စွာ ရင်ဆိုင်နေခဲ့ရသည်။

သူက ယန်ကျုံးရီ၏ လက်ဖဝါးရိုက်ချက်ကို သွက်သွက်လက်လက် ရှောင်လိုက်သည်။ သူ မရှောင်လွှဲနိုင်သောအခါတွင် သူ၏လှုပ်ရှားမှုများကို လျင်မြန်စွာ ချိန်ညှိပြီး ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်အတွက် ခန္ဓာကိုယ်ပေါ်ရှိ ခိုင်ခံ့သောကြွေပြားပြားများကို အသုံးပြုခဲ့သည်။

နောက်ထပ် လေးငါးမိနစ်လောက်ကြာတော့ သူတို့ အတူနောက်ဆုတ်သွားပြီး ကြားက အကွာအဝေးက အတော်ကွာဟသွားသည်။

"အဲဒါကောင်းတယ်..ခဏလောက် အနားယူကြရအောင်။"

ယန်ကျုံးရီသည် စင်ပေါ်မှ မျက်နှာသုတ်ပုဝါတစ်ထည်ကိုယူကာ ချွေးများကိုသုတ်ပြီး

လင်းရှန်ထံသို့ နောက်တစ်ခုကို ပစ်ပေးလိုက်သည်။

လင်းရှန်က အကာအကွယ်မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့မျက်နှာပေါ်မှ ချွေးတွေကိုသုတ်နေတာကို မြင်လိုက်ရတော့ ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။

လင်းရှန်အနေနဲ့ ပထမဆုံးတွဲဖက်ဖြစ်လာသောအခါတွင် သူသည် နာရီဝက်မျှသာ ခံနိုင်နိုင်သော်လည်း ယခုအခါ လင်းရှန်သည် ယန်၏ တိုက်ခိုက်မှုအောက်တွင် နှစ်နာရီကြာအောင်နေနိုင်နေပြီပင်။

အကာအကွယ်နှစ်ထပ်က အများကြီး အထောက်အကူဖြစ်ပေမဲ့ ယန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အတော်လေးကို ထူးချွန်ဆဲပင်။

အနည်းဆုံးသော ယန်ကျုံးရီသည် လင်းရှန်ကဲ့သို့သော သာမန်ကျောင်းသားတစ်

ယောက်ကို တစ်ခါမျှ မမြင်ဖူးချေ။

“အဲဒါနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာလို့ ကျောင်းကို မလာတာလဲ။ ဒီအချိန်ပိုင်းအလုပ်ကို မလုပ်တော့ဘူးတောင် ငါထင်နေတာ။"

သူ့ချွေးတွေကို သုတ်ရင်း ယန်ကျုံးရီသည် လင်းရှန်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလာသည် ။

“အရင်ရက်တုန်းက ငါ အလုပ်များနေတာ။ မနေ့ကမှ ပြီးတာမလို့”

ယန်ကျုံးရီက နောက်ဆုံးတော့ သဘောပေါက်သွားသည်။

တကယ်တော့ ယန်ကျုံးရီသည် မိုးမခသင်တန်းကျောင်း၏ ကျောင်းသားတစ်ဦးဖြစ်သည်ကို မကြာသေးမီအချိန်အထိ လင်းရှန်က မသိခဲ့ချေ။

သြဇာကြီးသောမိသားစုများကဲ့သို့ပင် ယန်ကျုံးရီသည် ကျောင်းကိုလာခဲသည်။ သူသည် ကျောင်းမှာထက် ထိုင်ယန်ကိုယ်ခံပညာကျောင်းတွင် အချိန်ပိုကုန်သောကြောင့် လင်းရှန်သည် အစပိုင်းတွင် သူ့ကို မသိချေ။

မိနစ်နှစ်ဆယ်လောက် စကားစမြည်ပြောပြီးနောက် ယန်ကျုံးရီသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ လင်းရှန်ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။

"မင်း အနားယူပြီးပြီလား? ငါတို့ဆက်ကြမလား?"

လင်းရှန်က ခေါင်းညိတ်ပြီး ရုတ်တရက် "ကျွန်တော် ပြန်တိုက်လို့ရမလား"

ယန်ကျုံးရီက မပြုံးမီ ခဏတာ အံ့အားသင့်သွားသည်။

"ကိစွစမရှိပါဘူး။ မင်း မြေပေါ်အထိ အရိုက်ခံ

ရမှာကို မကြောက်ရင်ပေါ့”

လင်းရှန်က ပြုံးပြီး တိုက်ပွဲအတွက် ပြင်ဆင်ရန် ထလိုက်သည်။

မနေ့ညက ထျန်းတျန်းနှင့် အန္တရာယ်ရှိသော တိုက်ပွဲတွင် လင်းရှန်သည် သူ၏ အားနည်းချက်များထဲမှ တစ်ခုကို သိခဲ့သည်။ သူသည် တိုက်ပွဲအတွေ့အကြုံ နည်းပါးလွန်းလှသည်။

နောက်ဆုံးတော့ သူသည် ကျောင်းသားလေးသာ ဖြစ်သည်။ သူသည် စာအုပ်ဖြင့်သာ ကျင့်ကြံပြီး ကျင့်ကြံရေးသင်တန်းများတွင်သာ လက်သီးကို လေ့ကျင့်ခဲ့ရသည်။ သူသည် တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပါးသည်။

မဟုတ်ပါက သူသည် ထျန်းတျန်းကို အလစ်တိုက်ခိုက်ရန် အခွင့်ကောင်းရရက်နဲ့ ကိုယ်ပွါး ၂ ကို စတေးခံလိုက်ရမည်မဟုတ်ပေ။

ဤအချက်ကြောင့် လင်းရှန်သည် ထိုအားနည်းချက်ကို ကျော်လွှားသင့်သည်ဟု ခံစားမိသည်။

ဒါကိုတွေးမိတော့ ယန်ကျုံးရီနဲ့ လေ့ကျင့်မှသာ ဒီပန်းတိုင်ကို ရောက်နိုင်မှာကို သိလိုက်သည်။

အခုက လေ့ကျင့်နေပေမယ့် တကယ့်တိုက်ပွဲမှာတော့ အတွေ့အကြုံနည်းနည်းပဲ ရသည်။

ဒါပေမယ့် ပထမဆုံးအနေနဲ့ သူ့ဘာသာ ကာကွယ်ဖို့ အချိန်ကုန်ခံမယ့်အစား လေ့ကျင့်

ချိန်အတွင်း ပြန်ခုခံကြည့်သင့်သည်။

ပြင်ဆင်မှုအချို့ပြုလုပ်ပြီးနောက် သူတို့နှစ်ဦးသည် လေ့ကျင့်မှုအသစ်ကို အမြန်စတင်ခဲ့သည်။

ထိုင်ယန်ကိုယ်ခံပညာကျောင်းမှ ပံ့ပိုးပေးသော အကာအကွယ်ပစ္စည်းများသည် လက်ရာမြောက်လှသည်။ ခိုင်ခံ့သော ကြွေပြားများ ရှိပြီး အလေးချိန်(၅)ကီလိုဂရမ်ကျော်ရှိသော်လည်း ၎င်း၏ခြေလက်လှုပ်ရှားမှုကို မထိခိုက်စေပေ။ သူ့ရဲ့ အရှိန်ကို အနည်းငယ် နှေးသွားစေပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ချေမှုန်းနိုင်စွမ်းကိုတော့ မထိခိုက်စေပေ။

ယန်ကျုံးရီသည် လင်းရှန်ဆီမှ ပြန်လည်တိုက်ခိုက်ရန် တောင်းဆိုချက်ကို ကြားသောအခါ လင်းရှန်က သူ့ကို အလွန်အမင်း လျှော့တွက်နေသည်ဟု ခံစားမိသည်။ ယန်ကျုံးရီက စိတ်ဝင်စားဖို့ကောင်းမည်ထင်ကာ သဘောတူလိုက်သည်။

သို့သော် သူတို့ စတင်တိုက်ခိုက်သည်နှင့် တပြိုင်နက် လင်းရှန်ကို လျှော့တွက်မိကြောင်း သူ သဘောပေါက်လိုက်သည်။

လင်းရှန်သည် နေမီးတောက် လက်ဝါးကို

အသုံးပြုသောအခါ ယန်ကျုံးရီသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

"နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်မှု”

ယန်ကျုံးရီသည် လင်းရှန်ကို အံ့သြစွာ ကြည့်လိုက်သည်။

သူ့တွင် ထူးချွန်သော အရည်အချင်းများနှင့် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များ ရှိသည်ဟု ထင်ခဲ့သည်။ သို့သော် သူသည် နေမီးတောက်လက်ဝါးတွင် ကျွမ်းကျင်ရုံမျှသာ ရောက်ရှိခဲ့သည်။

လူမှုဖူလုံရေးကျောင်းမှ သာမန်ကျောင်းသားတစ်ဦးဖြစ်သော လင်းရှန်သည် နေမီးတောက်လက်ဝါးတွင် သူနှင့်တူညီသောအဆင့်သို့ ရောက်ရှိနေမည်ဟု မည်သူထင်မည်နည်း။

"ဒီကောင်က တကယ် ပါရမီရှင်ဖြစ်နိုင်မလား"

ယန်ကျုံးရီသည် ကနဦးမှာတင်တုန်လှုပ်သွားပြီးနောက် ပေါက်ကွဲသွားခဲ့သည်။ သူက အော်ဟစ်ပြီး တိုက်ခိုက်မှုတွေက ပိုပြင်းထန်လာသည်။

လင်းရှန်အတွက် ညစာသည် အရသာရှိသော ဝိညာဉ် သားရဲအသားဖြစ်သည်။ လင်းရှန်နှင့် သူ၏ကိုယ်ပွားသုံးကောင်သည် လေဆင်နှာမောင်းကဲ့သို့ အစာအားလုံးကို စားသောက်ပြီး ခါတိုင်းကဲ့သို့ တရားထိုင်ကြသည်။

အဲဒီနောက်မှာတော့ ကိုယ်ပွါးသုံးကောင်နဲ့သီးခြားစီကျင့်ကြံခဲ့သည်။ လင်းရှန်သည် ထျန်းတျန်း၏ သိုလှောင်ကျောက်စိမ်းပြားထဲမှ ကျန်ရစ်ခဲ့သော မှတ်စုစာအုပ်ကို ထုတ်ပြီး ဖတ်ရန် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည် ။

မှတ်စုစာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေက နည်းနည်းရှုပ်သွားသည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ထိုးထွင်းသိမြင်နားလည်မှုများအပြင် ထျန်းတျန်း၏နေ့စဉ်အတွေ့အကြုံအချို့လည်း ပါသည်။

ထျန်းတျန်း၏ ကျင့်ကြံနည်းစနစ်သည် အခြေခံသုံးမျိုးထဲမှ တစ်မျိုးမှ မဟုတ်

သော်လည်း ကျင့်ကြံနည်းစနစ်သည် နှိုင်းယှဉ် နားလည်နိုင်ပြီး သူ၏နားလည်မှုသည် လင်းရှန်အတွက် အလွန်အသုံးဝင်သည်။

သို့သော် လင်းရှန်ကို အဆွဲဆောင်နိုင်ဆုံးအရာမှာ မှတ်စုထဲမှ ထျန်းတျန်း၏ အတွေ့အကြုံပင်။

အထူးသဖြင့် မှောင်ခိုဈေးကွက်မှာရှိတဲ့အရာတွေ ဖြစ်သည်။

အလင်းနှင့်အမှောင်ရှိသကဲ့သို့ မြို့တစ်မြို့သည် မည်မျှချမ်းသာသည်ဖြစ်စေ ..အလင်းမထွန်းလင်းနိုင်သော အမှောင်ထောင့်များရှိသည်။

နဂါးမြို့တော်လည်း ထိုနည်း၎င်းပင်။

နဂါးမြို့တော်၏ အဓိက ခရိုင်ငါးခုအနက် အချမ်းသာဆုံး ဗဟိုခရိုင်သည် မြို့တစ်ခုလုံး၏ အဓိက ဧရိယာဖြစ်သည်။ မြို့တော်ရဲ့ သြဇာကြီးသူ (၈၀)%ကျော်ကို အဲဒီမှာ တွေ့နိုင်သည်။ကျင့်ကြံသူအများစုသည် ထိုနေရာတွင် နေထိုင်ကြသည်ဟု ဆိုလို့ရသည်။

ဒုတိယက စီးပွါးရေးအချက်အချာကျသော အနောက်ပိုင်းခရိုင် နှင့် လူလတ်တန်းစားများနေထိုင်ရာ တောင်ပိုင်းခရိုင်တို့ ဖြစ်သည်။ ဗဟိုခရိုင်အပြင် ၎င်းတို့သည် လေးခုတွင် အချမ်းသာဆုံးခရိုင်များဖြစ်သည်။

အရှေ့ပိုင်းခရိုင်သည် ယေဘုယျအားဖြင့် သာမန်လူများ နေထိုင်ရာနေရာဖြစ်သည်။လင်းရှန်၏ ယခင် တိုက်ခန်း အဆောက်အဦး နှင့် သူနေထိုင်ရာ အသစ် နှစ်ခုလုံးသည် ဤနေရာတွင် တည်ရှိသည်။

မိုးမခကျောင်းသည် အရှေ့ပိုင်းခရိုင်တွင် တည်ရှိသည်။

မြောက်ပိုင်းခရိုင်သည် စက်မှုနယ်မြေဖြစ်သည်။

၎င်းကို ဆင်းရဲသားရပ်ကွက်ဟုလည်း ခေါ်သည်။

ဘာကြောင့်လဲဆိုတော့ ဆင်းရဲမွဲတေတဲ့ပြည်သူ အများအပြားက အဲဒီနေရာမှာ နေထိုင်ကြတာပင်။ အခြားခရိုင်လေးခုထက် အဆမတန် ဆင်းရဲရုံသာမကဘဲ လူထုကလည်း အလွန် ဖရိုဖရဲ ဖြစ်နေသည်။ ခရိုင်ငါးခုတွင် မှုခင်းဖြစ်ပွားမှုနှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး ဒုတိယမြောက်အဆင့်ထက်ကို ကျော်လွန်သွားခဲ့သည်။

တကယ်တော့ လင်းရှန်လို ဂိုဏ်းသုံးခုခရိုင်မှ ထောက်ပံ့ကြေးကို ရယူခဲ့ရပြီး

ကျင့်ကြံမှုစွမ်းရည်အချို့မရှိပါက လူမှုဖူလုံရေးကျောင်းမှ ဆင်းသက်လာသူတစ်ဦးအဖို့က မြောက်ပိုင်းခရိုင်တွင်သာ ကုန်ဆုံးသွားရမည်ပင်။

၎င်းတို့သည် တစ်သက်တာလုံး ကုမ္ပဏီကြီးများ ၊ စက်ရုံအလုပ်ရုံများမှ အမြတ်ထုတ်တာကို ခံရပြီး လစာနည်းသောဘဝနဲ့ရှင်သန်ကာ အမှောင်ထဲသို့ ကျရောက်သွားရသည်။ နောင်တစ်ချိန်တွင် ရေမြောင်းထဲမှ ကြွက်များဖြစ်လာကြမည်ဖြစ်သည်။

လင်းရှန်သည် မြောက်ပိုင်ခရိုင်ကို သတိရသောအခါ သက်ပြင်းချမိသည်။

ထျန်းတျန်းက ကိုယ်တိုင်ရေးပြီး မှတ်စုများကိုစုဆောင်းထားပုံရသည်။

မှောင်ခိုဈေးကွက်ဆိုတာ မြောက်ပိုင်းခရိုင်က လမ်းတစ်လမ်းကို ရည်ညွှန်းတာပင်။

မှောင်ခိုဈေးကွက်သည် ပြင်ပလူများအသုံးပြုသည့် နာမည်တစ်ခုသာဖြစ်သည်။ ထိုလမ်းပေါ်တွင် နေထိုင်သူများသည် ၎င်းတို့၏နေအိမ်ကို “မှောင်ခိုလမ်း” ဟုခေါ်ကြသည်။

၎င်းသည် ကိုယ်ပိုင်အမိန့်သာရှိပြီး ဥပဒေမရှိသော မီးခိုးရောင်ဧရိယာဖြစ်သည်။

မှောင်ခိုလမ်းပေါ်တွင် ပြင်ပသို့ ဖြန့်ချီခြင်း မပြုရန် တားမြစ်ထားသော ပစ္စည်းအများအပြားကို ဝယ်ယူနိုင်သည်။

ဥပမာအားဖြင့် သိသာထင်ရှားသော အာနိသင်နှင့် ဘေးထွက်ဆိုးကျိုး နှစ်မျိုးလုံးရှိသော ဆေးပြားများပင် ရှိသည်။

ကျိန်စာတိုက်သည့် ပစ္စည်းများ၊

မကောင်းသောနည်းစနစ်ကို ကျင့်ကြံရန် လိုအပ်သော အလယ်အလတ်ပစ္စည်းများ၊

မူလအမည်မသိ ရှားပါးဆေးများ၊

နှင့် တစ်စုံတစ်ယောက်၏အသက်ပင်။

ထျန်းတျန်းသည် အနက်ရောင်လမ်းပေါ်တွင် အချိန်အတော်ကြာအောင် နေခဲ့သည်မှာ ထင်ရှားသည်။

မှော်ခိုလမ်းပေါ်တွင် သူတွေ့ခဲ့သည့်အရာများက ဒိုင်ယာရီတစ်ခုလုံး၏ လေးပုံတစ်ပုံနီးပါးမျှရှိသည်။

လင်းရှန်သည် စာရွက်တိုင်းကိုဖတ်နေသည်။

သူလာတဲ့ လူမှုဖူလုံရေးကျောင်းက မြောက်ပိုင်းခရိုင်မှာရှိပေမယ့် မှောင်ခိုလမ်းကိုတော့ မရောက်ဖူးချေ။

မှတ်စုတွေဖတ်ရင်း လင်းရှန် မျက်လုံးတွေပွင့်လာသည်။

နောက်ဆုံးစာမျက်နှာကိုမြင်သောအခါ သူ၏မျက်လုံးများသည် ကျုံ့သွားကြသည်။

ဤစာမျက်နှာတွင် ထျန်းတျန်းသည် မှောင်ခိုလမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်တွင် ဆေးပြားများဝယ်နေစဉ် အဆီအရည်ဟုခေါ်သော ဆေးဖက်ဝင်အရည်ကို တွေ့ရှိကြောင်း မှတ်တမ်းတင်ထားသည်။

အဆီအရည်သည် အဆီအနှစ်ဆေးလုံး၏ ရလဒ်ဖြစ်သည်။

ပြောရရင် အရည် အညစ်အကြေးပင်။

သို့သော် အဆီအနှစ်ဆေးလုံးသည် ချီတိုးလာစေရန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုသည့် အဖိုးတန်ဆေးဖြစ်သည်။ ၎င်း၏စွန့်ပစ်အရည်တွင် စွမ်းအင်ပမာဏများစွာပါ၀င်ပြီး ချီအသွင်ပြောင်းခြင်းဆင့် ကျင့်ကြံသူများအတွက် ထိရောက်မှုရှိနေသေးသော်လည်း အခြားတစ်ဖက်မှာတော့ အဆီအရည်တွင် ကြီးမားသောချို့ယွင်းချက်ရှိသည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်၏ ရလဒ်တစ်ခုအနေဖြင့် ၎င်းကို အညစ်အကြေးအများအပြားနှင့် ရောစပ်ထားသည်။ ပရော်ဖက်ရှင်နယ်

စကားအရ ၎င်းတွင်ပြင်းထန်သောဆေးလုံးအဆိပ်ပါဝင်သည်။

[၎င်းသည် အသုံးပြုသူအား ပြန်လည်ပြုပြင်၍မရသော ပျက်စီးမှုများကို ဖြစ်စေပြီး ၎င်းတို့၏ သက်တမ်းကို လျော့ကျစေသည်]

တစ်နည်းဆိုရသော် သုံးစွဲသူသည် ကျင့်ကြံခြင်းအောင်မြင်မှုရရန် ၎င်းတို့၏ သက်တမ်းနဲ့ လဲလှယ်ရမည်ဖြစ်သည်။

ထို့အတွက်ကြောင့်အဆီအရည်၏ အာနိသင်သည် မြှင့်တင်ခြင်းအဆီအနှစ် ဆေးလုံးကဲ့သို့ ကောင်းမွန်သော်လည်း ၎င်းကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်။

စိတ်အားထက်သန်သော ကျင့်ကြံသူအချို့မှလွဲ၍ ဤအရာကို မည်သူမျှ မဝယ်ချေ။

ဒါကို မြင်လိုက်တာနဲ့ လင်းရှန်စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။

တခြားသူတွေက အဆိပ်အတောက်ကို ကြောက်ကြပေမယ့် သူကတော့ မတူချေ။

သူသည် သူ၏ကိုယ်ပွားကို အဆီအရည်ကို သုံးခိုင်းလို့ရသည်။

အထူးသဖြင့် ဘုရားသခင်၏စွမ်းရည်ရှိသူ ကိုယ်ပွါး (၂)ပင်။

၎င်း၏သက်တမ်းကို ထက်ဝက်လျှော့ချထားသောကြောင့် အနည်းငယ်လျှော့ချခြင်းသည် အရေးမကြီးချေ။

အစွမ်းထက်သော ဆေးဖက်ဝင်အာနိသင်များနှင့် နှိုင်းယှဉ်ပါက သက်တမ်းတိုခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ဘာမှမဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ အဆီအရည်သည် အလွန်စျေးသက်သာသည်။

တစ်လီတာသည် မြှင့်တက်ခြင်းအဆီအနှစ်တစ်ပုလင်းနှင့် တူညီသော်လည်း စျေးနှုန်းမှာ မြှင့်တက်ခြင်းအဆီအနှစ်ဆေးတစ်လုံးထက်ပိုသက်သာပြီး ဝိညာဉ်ဒင်္ဂါး (၂,၀၀၀)သာရှိသည်။

လင်းရှန်အတွက်တော့ ၎င်းသည် အနိမ့်ဆုံးစျေးနှုန်းနဲ့ ထိပ်တန်းအရည်အသွေးဖြစ်သည်။

“မြှင့်တင်ခြင်းအဆီအနှစ်က သုံးပုလင်းပဲ ကျန်တာ။ အဲဒါက ငါ့ကို အများဆုံး သတ္တမအဆင့်အထိပဲ ရောက်သွားစေနိုင်တယ်။အဲ့အချိန်ကျ ငါ့မှာ ဆေးလုံးအသစ်မရှိရင် ငါ့ရဲ့ ကျင့်ကြံမှုနှုန်းက သိသိသာသာ ကျဆင်းသွားလိမ့်မယ်”

လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နှင့် မြန်မြန်ဆန်ဆန်တွေးလိုက်သည်။

"ကြည့်ရတာ မှောင်ခိုလမ်းကို ငါ သွားလည်ရမဲ့ပုံပဲ”

All Chapters