← Chapters

လူကြိုက်များခြင်း

Vol. 2 Ch. 18

လူကြိုက်များခြင်း

Vol. 2 Ch. 18

December 17, 2023

“မင်းပျောက်နေတာ ရက်တော်တော်ကြာနေပြီ။ မင်း ဘာတွေလုပ်နေတာလဲ?"

နောက်တစ်ပတ်မှာတော့ လင်းရှန်က အတန်းထဲကို ပြန်လာခဲ့သည်။ သူထိုင်နေတုန်းမှာပဲ ကျန်ဟုန်ရှန်က ရောက်လာပြီး သူဘာကြောင့် ကျောင်းပျက်နေတာလဲဟု မေးသည်။

လင်းရှန်သည် ခါတိုင်း ဆင်ခြေလိုပဲ သူအိမ်ပြောင်းတာကို ပြောလိုက်သည်။

ကျန်ဟုန်ရှန်က ဘာမှသံသယမဖြစ်ဘဲ

အံ့သြသွားပုံပေါ်သည်။

"လေ့ကျင့်ရေးတွဲဖက်တစ်ယောက်အနေနဲ့ အလုပ်လုပ်တာက ဒီလောက်ထိ အမြတ်ရနိုင်မှန်း ငါမသိခဲ့ဘူး”

အံ့အားသင့်ပြီးနောက် ကျန်ဟုန်ရှန်သည် ၎င်းကို မေ့သွားကာ အကြောင်းအရာကို အပြုံးဖြင့် ပြောင်းလဲလိုက်သည်။

" ရှုယွမ်က ပြီးခဲ့တဲ့ အပတ်က ငါတို့ကို ညစာ လာဝယ်ကျွေးဖို့ လုပ်ပေမယ့် မင်းက ခွင့်ယူနေတော့ ရက်ရွေ့လိုက်ရတယ်။ အခု မင်းလာပြီဆိုတော့ ငါတို့ အတန်းပြီးရင် ပွဲလုပ်လို့ရပြီ”

"ဆိုးလိုက်တာ” ရှုယွမ်က ကျန်ဟုန်ရှုန်ကို ကြည့်ကာ ရယ်မောပြီး “ညစာမပါဘဲ ကာရာအိုကေပဲ ဆိုမယ်လို့ ငါပြောခဲ့တာလေ။ ငါ မင်းလောက်မချမ်းသာဘူး သူဌေးကြီးကျန်ရဲ့”

ကျန်ဟုန်ရှန်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ သူသည် "သူဌေးကြီးကျန်း” ဟုခေါ်ခြင်းကို စိတ်မခုဘဲ သဘောတောင် ကျနေသည်။

သူက လင်းရှန်ပခုံးကို ပုတ်ပြီး မျက်မှိတ်ပြလိုက်သည်။ “မင်း ရည်းစားရတာ မကြာသေးဘူးဆိုတာ ငါသိပါတယ်၊ အဲ့တော့ မင်းရဲ့ အသုံးစရိတ်တွေက အများကြီး တိုးလာမှာပဲ။ ငါ နားလည်ပါတယ်။ ငါ မင်းကို ညစာ ဝယ်ကျွေးမယ်၊ ဒါပေမယ့် မင်းက ကာရာအိုကေကို လိုက်ပို့ရမယ်”

ရှုယွမ်က ပြုံးပြီး သဘောတူလိုက်သည်။ ထို့နောက် လင်းရှန်ကို ကြည့်

လိုက်သည်။ "လင်းရှန် မင်းဘယ်လိုထင်လဲ။ မင်းဒီညအားလား?"

လင်းရှန်က တွေးလိုက်မိသည်။ မကြာသေးမီက သူသည် ကျင့်ကြံခြင်း၊ အိမ်ပြောင်းခြင်းနှင့် အချိန်ပိုင်းအလုပ်လုပ်ခြင်းတို့ဖြင့် အချိန်အားလုံးကို ကုန်ဆုံးခဲ့သည်။ သူ၏ကိုယ်ပွါးများအကူအညီဖြင့်ပင် သူသည် ရင်မောနေရသေးသည်။ တကယ်ပဲ သူ စိတ်အေးလက်အေး အနားမယူခဲ့တာ ကြာပြီ။

ဒါကိုတွေးပြီး ခေါင်းညိတ်ကာ “ ငါက ရပါတယ်”

လင်းရှန်သည် ယခင်က ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ခဲသည်။ သူသဘောတူတာကိုမြင်တော့ ကျန်ဟုန်ရှန်နဲ့ ရှုယွမ်က အရမ်းပျော်သွားသည်။

“ကောင်းပြီ၊ အဲဒါဆို အဆင်ပြေပြီ။ ကျောင်းဆင်းရင် ညစာမစားခင် ရှုယွမ်ရဲ့ ချစ်သူကောင်မလေးကို အရင်သွားခေါ်မယ်။”

ညဘက်အပြင်ထွက်ရန် ဆုံးဖြတ်ပြီးနောက် ကျန်ဟုန်ရှုန်နဲ့ ရှုယွမ်တို့သည် သိသိသာသာ မငြိမ်မသက်ဖြစ်လာသည်။ သူတို့သည် တစ်နေ့တာလုံး ပျင်းရိနေပြီး ကျင့်ကြံမှုအတန်းတွင် မကြာခဏ အမှားများပင် ပြုလုပ်ခဲ့ကြသည်။ ခုံဟုန်က သူတို့ကို ပြစ်တင်ရှုတ်ချခဲ့သည်။

လင်းရှန်နဲ့ ယှဉ်တော့ သူတို့မှားတာကအတော် ထင်ရှားသည်။

ချီအသွင်ပြောင်းခြင်းအဆင့်(၅)သို့ရောက်ရှိတာကို သိရှိထားကြသောကြောင့်

လင်းရှန်သည် သူ၏ကျင့်ကြံမှုအဆင့်ကိုဖုံးကွယ်ရန် သေခြင်း

အတားအဆီးကိုအသုံးမပြုခဲ့ပေ။

သို့သော် ကျင့်ကြံမှုသင်တန်းမှာ နေမီးတောက်လက်ဝါးကို လေ့ကျင့်ရာမှာတော့ သူသည် ၎င်း၏အဆင့်ကို တမင်တကာ နှိမ့်ချပြီးအစပြုသူအဆင့်အဖြစ် ဟန်ဆောင်ခဲ့သည်။

မဟုတ်ပါက တစ်ပတ်အတွင်း သူ၏ ကျင့်ကြံမှုနှင့် လက်ဖဝါးနည်းစနစ် နှစ်ရပ်စလုံးတွင် အောင်မြင်မှုများရှိသည်ကို သတိပြုမိပါက အာရုံစူးစိုက်မှု လွန်ကဲလာမည်ဖြစ်သည်။

ကျောင်းဆင်းသောအခါ ရှုယွမ်သည် သူ့ရည်းစားကို ဦးစွာသွားခေါ်ပြီိး ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့က ကျောင်းတံခါးဝမှာစောင့်ရန် သဘောတူခဲ့ကြသည်။

စောင့်ဆိုင်းနေစဉ် လင်းရှန်သည် ရှုယွမ်၏ ချစ်သူကောင်မလေးအကြောင်း ပေါ့ပေါ့ပါးပါး မေးသည်။

“သူ့နာမည်က ချန်ဟွေ့လေ။ သူက အခန်း(၂)ထဲက။ သူ့မိသားစုနောက်ခံက ရှုယွမ်နဲ့ အတူတူပဲ။ သူရဲ့ ကျင့်ကြံမှုအဆင့်

ကတော့ ရှုယွမ်လို ချီအသွင်ပြောင်းခြင်းအဆင့်ရဲ့ တတိယအဆင့်မှာပဲ။

သူတို့က တန်းတူညီမျှတဲ့ လူမှုအဆင့်အတန်းလို့ ပြောနိုင်မယ်ထင်တယ် ဟုတ်တယ်မလား” ကျန်ဟုန်ရှန်က ဖြည်းညှင်းစွာပြောသည်။

ထိုအချိန်တွင် ကျန်ဟုန်ရှန်သည် လင်းရှန်၏နံရိုးကို တံတောင်ဖြင့်ထိုးလိုက်ပြီး ၎င်း၏အမှတ်အသားဖြစ်သော လူမိုက်အပြုံးကို ပြုံးလိုက်သည်။

"မင်းကရော ? မင်းကြိုက်တဲ့ မိန်းကလေးတွေရှိလား ။ မကြာသေးတုန်းကမှ မိန်းကလေးတွေက ရှုယွမ်နဲ့ငါ့ကို မင်းအကြောင်းတွေ မေးလာကြသည်။ သူတို့က မင်းကို အရမ်းစိတ်ဝင်စားနေကြပြီထင်တယ်"

"ငါ့ကိုလား” လင်းရှန်အနည်းငယ် အံ့သြသွားသည်။ သူလုံးဝ မသိခဲ့ချေ။

လင်းရှန်၏ သံသယတွေကို မြင်လိုက်ရတော့ ကျန်ဟုန်ရှန်က စိတ်မရှည်စွာနဲ့ “ဟုတ်တယ်၊ မင်းမသိဘူးလား။ ငါတို့အတန်းပြီးတာနဲ့ မင်းက ကိုယ်ခံပညာကျောင်းကို တမ်းထွက်သွားတယ်လေ။ သူတို့က မင်းနဲ့ ပိုနီးစပ်ဖို့ အခွင့်အရေးတောင် မရှိဘူး”

“ရိုးရိုးသားသား ပြောရရင် သူတို့ထဲက တချို့က အတော် တော်ပါတယ်။ မင်း သူတို့ကို တွေ့ခွင့်ပေးချင်လား"

ကျန်ဟုန်ရှန်၏ လေသံမှာ ငြူစူခြင်းများဖြင့် ပြည့်နှက်နေသည်။

လင်းရှန်သည် ရုပ်ချောသော်လည်း မိသားစုနောက်ခံမရှိသည့်အပြင် အလယ်အလတ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ အရင်တုန်းကတော့ အတန်းထဲက ကောင်မလေးတွေကြားမှာ သူ့ဂုဏ်သတင်းက သာမန်ပင်။

ဒါပေမယ့် မကြာသေးခင်ကမှ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကို ရုတ်တရက်ပြသခဲ့သည်။ သူ၏ စုဆောင်းမှုနှင့်အတူ ကျင့်ကြံမှုအဆင့်သည် အချိန်တိုအတွင်း ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်သို့ တိုးလာသည်။ သူသည် တတိယတန်းကျောင်းသားထဲတွင် အတော်လေး ကျော်ကြားလာပြီး မိန်းကလေးများကြားတွင် ရုတ်တရက် ရေပန်းစားလာခဲ့သည်။

သူ၏ ရုပ်ရည်ချောမောမှုနှင့် ထူးချွန်ထက်မြက်သော အရည်အချင်းများကြောင့်ဆင်းရဲနွမ်းပါးသော မိသားစုနောက်ခံရှိခြင်း၏ ချို့ယွင်းချက်သည် ဘာမှ မဟုတ်တော့ချေ။

လင်းရှန်သည် မိန်းကလေးများ၏ အမြင်တွင် ထွန်းသစ်စကြယ်တစ်ပွင့် ဖြစ်လာသည်ကို မသိလိုက်ပေ။ ဒါကိုကြားတော့ သူနည်းနည်း အံ့ဩသွားသည်။

သို့သော် သူက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။

"ထားလိုက်ပါ။ ကျေးဇူးပြုပြီး သူတို့ကို ထားလိုက်”

သူ့မှာ အချစ်ဇာတ်လမ်းတွင် အချိန်ဖြုန်းတီးပစ်ဖို့ ခွန်အားမရှိသေးချေ။

ကျန်ဟုန်ရှန်က မျက်လုံးပြူးသွားသည်။ လင်းရှန်း တွေးနေတာတွေကို သူတကယ် နားမလည်နိုင်ခဲ့ချေ။

တစ်နေ့တာလုံး ကျင့်ကြံရတာက ဘာပျော်စရာကောင်းလဲ။ ချစ်သူရည်းစားနဲ့ အချိန်တွေကို ဖြုန်းတာက ပိုပျော်စရာကောင်းသည်။

ကျင့်ကြံချိန်ထဲကလည်း အများကြီး မယူရချေ။

ကျန်ဟုန်ရှန်၏အမူအရာကိုမြင်လျှင် လင်းရှန်က သူဘာတွေတွေးနေမှန်း ခန့်မှန်းမိသော်လည်း ထပ်မရှင်းပြတော့ပေ။ သူက အဝေးကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နည်းနည်းလေး ကျုံ့သွားသည်။

“သူတို့ ဒီမှာပဲ”

ကျန်ဟုန်ရှန် လှည့်ကြည့်လိုက်တော့ ရှုယွမ်ကကောင်မလေးတစ်ယောက် လက်ကိုဆွဲပြီး သူတို့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။

"ငါ့ရည်းစား ချန်ဟွေ့နဲ့ မိတ်ဆက်ပေးပါရစေ"

ရှုယွမ်က ကောင်မလေးကို လက်ညှိုးထိုးပြပြီး လင်းရှန်နဲ့ ရှုယွမ်တို့ကို ပြုံးပြုံးလေးပြောလိုက်သည်။ ထို့နောက် သူတို့ကို လက်ညှိုးထိုးပြပြီး ကောင်မလေးနှင့် မိတ်ဆက်ပေးသည်။

"ဒါက ကျန်ဟုန်ရှန်၊ ဒါက လင်းရှန်ပဲ။ သူတို့က မင်းကို ငါပြောဖူးတဲ့ သူငယ်ချင်းတွေပဲ”

ချန်ဟွေ့သည် အလွန်လှပခြင်းမရှိသော်လည်း နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်ရှိသည်။ သူမသည် ယောက်ျားလေးများ ကာကွယ်လိုသော အမျိုးအစားဖြစ်သည်။

ရှုယွမ်၏ စကားကို ကြားပြီးနောက် သူမသည် သူတို့ကို အပြုံးဖြင့် နှုတ်ဆက်သည်။ သူမရဲ့အကြည့်တွေက လင်းရှန်ကို ခဏလောက် အာရုံစိုက်နေပြီး သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေက စူးစမ်းလိုစိတ်တွေနဲ့ ဖျတ်ခနဲ လင်းလက်သွားသည်။

"နင်က လင်းရှန်လား။ နင်အကြောင်း ငါကြားဖူးတယ်။ ဆရာခုံက အတန်းထဲမှာ နင့်ကို ဇွဲကောင်းသူလို့ မကြာခဏ ချီးကျူးတယ်။ဒါကြောင့်လည်း နင်က အင်အားစုဆောင်းပြီး အဆင့်နှစ်ဆင့်ကို အချိန်တိုအတွင်း ဖြတ်ကျော်နိုင်ခဲ့တာတဲ့။ နင်ဆီက ငါတို့ကို သင်ယူခိုင်းထားတာ”

လင်းရှန်က ရယ်ရမလား ငိုရမလား မသိချေ။

သူ့ အကြောင်းကို ခုံဟုန်က ပြောပြထားသည်။

"မစ္စတာခုံက ငါ့အကြောင်း ပိုပြောထားတာပါ” လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး ဒီအကြောင်းအရာကို ဆက်မပြောချင်တာကြောင့် “နောက်ကျနေပြီ။ သွားကြရအောင်။"

ကျန်ဟုန်ရှန်က ဘယ်မှာစားရမယ်ဆိုတာ ဆုံးဖြတ်ပြီးသားပင်။ အဲဒါက အနီးနားက စားသောက်ဆိုင်တစ်ခုမှာဖြစ်ပြီး သူတို့လေးယောက်က သူတို့ ဦးတည်ရာကို ချက်ခြင်း ခရီးဆက်ကြသည်။

သူမရဲ့ အသွင်အပြင်နဲ့ မတူတာက ချန်ဟွေ့က စကားပြောကောင်းပြီး ကျန်ဟုန်ရှန်ကလည်း ကူညီတတ်တာကြောင့် အားလုံးက ညစာစားပွဲမှာ ပျော်နေကြသည်။

လင်းရှန်ကို အနည်းငယ်စိတ်မကောင်းဖြစ်မိစေသည့်တစ်ခုတည်းသောအချက်မှာ ထမင်းစားနေစဉ် ချန်ဟွေ့သည် သူ့သူငယ်ချင်းများနဲ့မိတ်ဆက်ပေးရန် စိတ်အားထက်သန်စွာကြိုးစားနေခြင်းဖြစ်သည်။ လင်းရှန်သည် သူမအားစကားဖြတ်ရန် အားထုတ်ခဲ့သည်။

ညစာစားပြီးနောက် အားလုံးသည် မိုးမခကျောင်းအနီးရှိ နှင်းဆီပြာ ကာရာအိုကေကို ပျော်ရွှင်စွာ သွားခဲ့ကြသည်။

ကျောင်းနှင့် ပိုနီးသောကြောင့် ဖောက်သည်

အများစုမှာ ကျောင်းမှ ကျောင်းသားများဖြစ်သည်။

ပိုင်ရှင်သည် ကျောင်းသားများကို အစကတည်းက သူ၏ပစ်မှတ်ဖောက်သည်များဟု မှတ်ယူထားပုံရသည်။ အလှဆင်ထားပုံသည် လန်းဆန်းပြီး ရိုးရှင်းနေသည်။ သာမန်ကာရာအိုကေလို မှောင်မိုက်ပြီး မရေမရာ အငွေ့အသက်တွေ မရှိခဲ့ချေ။

ရှုယွမ်သည် သီးသန့်အခန်းကို ကြိုတင်မှာထားသည်။ နှင်းဆီပြာကိုရောက်ပြီးနောက် အခန်းထဲသို့ တိုက်ရိုက်ဝင်သွားကြသည်။ စားပွဲထိုးသည် အချိုရည်များနှင့် အဆာပြေများကို ချပေးထားပြီး သူတို့နှလုံးသားထဲမှာက

သီချင်းဆိုချင်စပြုလာသည်။

လင်းရှန်သည် သီချင်းဆိုမကောင်းသော်လည်း အခြားသူများကို စိတ်ပျက်စေလိုခြင်းမရှိပေ။ လူအုပ်ကြီး၏ အားပေးမှုအောက်တွင် သီချင်းနှစ်ပုဒ် သီဆိုခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ကျန်ဟုန်ရှန်နဲ့ ရှုယွမ်က သူ့ကို ရယ်မောလိုက်သည်။ ချန်ဟွေ့ကလည်း တခစ်ခစ်ရယ်သည်။

သက်ဝင်လှုပ်ရှားနေသော လေထုကို သူတို့ ခံစားနေချိန်မှာ သီးသန့်ခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။ အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်သည် မှိုင်းညို့သောအမူအရာဖြင့် အခြားလူအနည်းငယ်နှင့်အတူ ပြေးဝင်လာသည်။

All Chapters