သက်ရောက်မှု
Vol. 2 Ch. 19
ရုတ်တရတ်ပြောင်းလဲမှုကြောင့် သီးသန့်ခန်းရှိလူတိုင်း အံ့အားသင့်သွားကြသည်။
ရှုယွမ်နှင့် ချန်ဟွေ့တို့၏ အမူအရာများပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အဖွဲ့ကို ဦးဆောင်နေတဲ့ လူငယ်က သီးသန့်အခန်းကို လှမ်းကြည့်လိုက်သည်။ ရှုယွမ်နှင့်ချန်ဟွေ့ကိုမြင်သောအခါ ချက်ချင်းဆိုသလို ရယ်မောလိုက်သည်။
“နင်တို့နှစ်ယောက်က စိတ်အခြေအနေကောင်းနေတဲ့ပုံပဲ။ နင်တို့က တကယ်ကို ကာရာအိုကေဆိုနေကြတာပေါ့”
ရှုယွမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ့ကောင်မလေးရှေ့မှ ပိတ်ဆို့လိုက်သည်။ “ကျိုးကျစ်ဟိုင် မင်းဒီမှာဘာလာလုပ်တာလဲ။ ဒါ ငါတို့ရဲ့သီးသန့်အခန်းလေ။ မင်းကို ဒီမှာမကြိုဆိုဘူး။ သွားတော့”
ကျိုးကျစ်ဟိုင်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ရှုယွမ်ကို လက်ညှိုးထိုးပြပြီး “ရှု၊ မင်းက ငါ့မိန်းကလေးကို ခိုးထားပြီး ငါ့အပေါ် ဒီလောက် မာနကြီးနေသေးတာပေါ့လေ။ မင်းကို မရိုက်ဘူးထင်နေတာလား”
တစ်ဖက်မှာတော့ ကျန်ဟုန်ရှန်က ကျူးကျော်သူတွေမှာ မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကို မြင်တာကြောင့်ပွဲကို ဖျန်ဖြေဖို့ ရှေ့ကို လှမ်းတက်လာခဲ့သည်။ ဒါကိုကြားတော့ သူက ချက်ချင်းရပ်လိုက်ပြီး ရှုယွမ်ကို ထိတ်လန့်စွာကြည့်လိုက်သည်။
လင်းရှန်က မျက်ခုံးပင့်လိုက်သည်။
“လူယုတ်မာ၊ ကျိုးကျစ်ဟိုင် ငါ့ကို သွားပွတ်လေလွင့် မပြောနဲ့” ရှုယွမ်ဖန်မျက်နှာ နီရဲလာသည်။
ကျိုးကျစ်ဟိုင်က ရယ်မောလိုက်သည်။ “ငါပြောတာ မှားလို့လား။ မင်းမစွက်ဖက်ဘူးဆိုရင် ချမ်ဟွေ့က ငါ့ကို လမ်းခွဲပါ့မလား။”
ဤတစ်ကြိမ်တွင် ရှုယွမ်မတုံ့ပြန်မီ သူ့နောက်တွင် ပုန်းနေသော ချန်ဟွေ့သည် ရုတ်တရက် ရှေ့သို့ တိုးလာသည်။ သူမရဲ့ သတ္တိကို စုစည်းပြီး အော်ဟစ်လိုက်သည်။
“ကျိုးကျစ်ဟိုင် အဲဒါ မဟုတ်နေဘူးလေ။ ငါတို့ လမ်းခွဲခဲ့တာ သုံးလရှိပြီ။ အဲဒီတုန်းက ငါ ရှုယွမ်ကို သိတောင် မသိသေးဘူး။ ငါတို့ လမ်းခွဲတာ သူနဲ့ ဘာမှ မဆိုင်ဘူး”
ကျိုးကျစ်ဟိုင်သည် သူ့မျက်လုံးထောင့်မှ ချန်ဟွေ့ကို စိုက်ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ “မင်း ဘာပဲပြောပြော ရပါတယ်။ ဒါပေမဲ့ မင်းအမှန်အတိုင်းပြောနေတာလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဘာပဲပြောပြော ငါဒီလို ငုတ်တုတ်ထိုင်နေလို့မရဘူး။ မင်းကို ဒီနေ့ သင်ခန်းစာနှစ်ခုလောက်မှ မသင်ပေးရင် နောင်ဘယ်သူမှ ငါ့ကို လေးစားမှာမဟုတ်ဘူး”
သူက နှစ်ယောက်လုံးဆီသို့ရန်လိုတဲ့ပုံစံနဲ့ လျှောက်လာသည်။
ဒါကိုမြင်တော့ ကျန်ဟုန်ရှန်က ပြုံးပြီး ကျိုးကျစ်ဟိုင်ရဲ့လမ်းကို ပိတ်ဆို့လိုက်သည်။ “အရင် စကား ပြောကြရအောင်။ ကျိုးကျစ်ဟိုင် ၊ ငါတို့အားလုံးက တစ်ကျောင်းတည်းမှာ နေ့တိုင်း တွေ့နေရတာပဲလေ။ ဒီလောက် ဒေါသထွက်နေစရာ မလိုပါဘူး”
“ ရှူယွမ်ကို ငါသိတာကြာပြီ။ သူ့စရိုက်ကို ငါသိတယ်။ သူက တခြားသူတွေရဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးမယ့်လူမျိုး မဟုတ်ပါဘူး။ မင်းတို့ နှစ်ယောက်ကြား နားလည်မှုလွဲနေတာဖြစ်မယ်”
ကျန်ဟုန်ရှန်က စကားပြောနေစဉ် ရှုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး စကားရပ်ရန် ညွှန်ပြသည်။
ကျိုးကျစ်ဟိုငိသည် မိုးမခသင်တန်းကျောင်းတွင် အလွန်ကျော်ကြားသည်။ သူသည် ချီအသွင်ပြောင်းခြင်း အဆင့်(၅)တွင်ရှိရုံသာမက အာဏာကျဆင်းနေသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ဩဇာညောင်းသောမိသားစုများလောက် အထင်ကြီးလောက်စရာမဟုတ်သော်လည်း
သူတို့လို သာမန်ကျောင်းသားများ စော်ကားရန် တတ်နိုင်သည့်အရာမဟုတ်ပေ။
ဒီလိုအခြေအနေမျိုးမှာ အေးအေးဆေးဆေး ဖြေရှင်းတာက ပိုကောင်းသည်။ ရှုံးနိမ့်ခြင်းကို အသိအမှတ်ပြုခြင်း နှင့် ဂုဏ်သိက္ခာအချို့ ဆုံးရှုံးရခြင်းသည် ဤမျှကြီးမားသော ကိစ္စမဟုတ်ပေ။
ကျန်ဟုန်ရှန်က ထိုအရာကို သေချာစဉ်းစားခဲ့ပေမယ့် ကျိုးကျစ်ဟိုင်က သူတို့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ချေ။ ကျန်ဟုန်ရှန်ကို တွန်းထုတ်လိုက်သည်။
ကျန်ဟုန်ရှန်က အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ သူ့နောက်ကျောက ကော်ဖီ စားပွဲထောင့်ကို ထိသွားတာကြောင့် နာကျင်စွာ ရှုံ့မဲ့သွားသည်။
ကျိုးကျစ်ဟိုင်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်ကာ ရယ်မောလိုက်သည်။ “မင်းကငါ့ကို ဘယ်သူလို့ထင်လဲ? မင်းငါ့လမ်းကိုဘယ်လိုတားရဲတာလဲ။ ဒါကိုနားထောင်ထား ။ ဒီနေ့ ရှုကို သင်ခန်းစာတစ်ခုသင်ပေးပြီး မင်းတို့ နှောက်ယှက်လို့မရတဲ့လူတချို့ ရှိနေတယ်ဆိုတာ သိအောင်ပြောပြရမယ်”
ကျိုးကျစ်ဟိုင် စကားဆုံးတာနဲ့ သူ့နောက်က လူငယ်လေးယောက်က သူတို့ရဲ့ ရဲရင့်တဲ့ အကြည့်တွေနဲ့ ရှေ့ကို လှမ်းလာကြသည်။
ရှုယွမ်သည် ကျိုးကျစ်ဟိုင်ကို အလွန်ကြောက်သော်လည်း သတ္တိအနည်းငယ်ရှိသေးသည်။ ကျိုးသည် သူ့အပေါင်းအသင်းများနှင့် ရည်းစားများရှေ့တွင် စော်ကားထားတာကြောင့် ဒေါသကို မထိန်းနိုင်တော့ချေ။ သူက ကျိုးကို စိုက်ကြည့်နေသည်။
“ကျိုးကျစ်ဟိုင် မင်းက တိုက်ချင်ရင် လာခဲ့။ မင်းကို ငါကြောက်တယ်ထင်နေလား”
ကျိုးကျစ်ဟိုင်က ပြုံးပြီး သူ့လက်သီးတွေကို ဆုပ်ထားသည်။
“ကောင်းလိုက်တာ၊ ခဏလေးအတွင်းမှာ မင်းခံနိုင်ရည်ရှိမယ်လို့ ငါမျှော်လင့်တယ်။”
ထို့နောက် ကျန်ဟုန်ရှန်နဲ့ လင်းရှန်ကိုကြည့်ကာ သူတို့နှစ်ဦးကို လက်ညှိုးထိုးပြပြီး သူ့အဖော်များကို “ဒီနှစ်ယောက်ကိုလည်း သင်ခန်းစာပေးလိုက်ကြ”
ထိုစကားကိုကြားသောအခါ လူငယ်လေးယောက်က ရယ်မောကြသည်။ သူတို့က ကျန်ဟုန်ရှန်နဲ့ လင်းရှန်ဆီသို့ ဖော်မပြသော အမူအရာဖြင့် လျှောက်သွားကြသည်။
“အဲ့လောက်ထိ ရူးကြောင်မနေနဲ့” ကျန်ဟုန်ရှန်က အံ့အားသင့်သွားသည်။ ဒီလူတွေ ဒီလောက် မာနကြီးမယ်လို့ သူ မျှော်လင့်မထားချေ။
ရှုယွမ်၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူက ဒေါသတကြီးနဲ့ “ ကျိုးပျသ်ဟိုက် မင်းငါ့ကို လုပ်ချင်တာလုပ်လို့ရတယ်။ ငါ့သူငယ်ချင်းတွေတော့ မထိနဲ့”
“လူပေါင်းမှားမိတဲ့ သူတို့ကိုယ်သူတို့သာ အပြစ်တင်ခိုင်း၊ ဒီနေ့ သင်ခန်းစာတစ်ခု သင်ပေးမယ်။”
ကျိုးကျစ်ဟိုင် စကားမဆုံးခင်မှာ အော်ဟစ်သံကြောင့် သူ ရပ်တန့်သွားခဲ့သည်။
သူ့အဖော်တွေထဲက တစ်ယောက်က နံရံကိုလွင့်သွားတာကို တွေ့လိုက်ရသည်။
သူမတုံ့ပြန်ခင်မှာ အခြားအဖော်ဖြစ်သူက ဗိုက်ကို ထိုးကြိတ်ခံလိုက်ရသည်။ ထိုအဖော်ကချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်ကျကာ သူ့မျက်နှာသည် မဲမှောင်သွားသည်။ ဗိုက်ကိုကိုင်ပြီး စကားတောင် မပြောနိုင်တော့ချေ။
လူနှစ်ယောက်ကို အလွယ်တကူ ရှင်းလိုက်ပြီး လင်းရှန်က လက်ခုပ်တီးကာ ကျိုးကျစ်ဟိုင်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
“ကိုယ့်ပြဿနာတွေအတွက် တခြားသူတွေကို အပြစ်ပုံချတာက ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူး။ ငါသာ မင်းနေရာမှာဆို သီးသန့်ခန်းကနေ ချက်ချင်းထွက်သွားမှာ”
ကျိုးကျစ်ဟိုင်က ဒေါသတကြီး ဖြစ်နေသော်လည်း သူသည် လူမိုက်မဟုတ်ပေ။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူနှစ်ယောက်သည် မသန်မာသော်လည်း ချီအသွင်ပြောင်းခြင်း တတိယအဆင့်တွင် ရှိနေသေးသည်။ သို့သော် ၎င်းတို့သည် အလွယ်တကူ လွင့်သွားခဲ့သည်။ လင်းရှန်သည် ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်တွင် ရှိနိုင်သည်ကို ကျိုးက နားလည်ခဲ့သည်။
ကျိုးကျစ်ဟိုင်က ကမောက်ကမ မလုပ်ချေ။ သူက လင်းရှန်ကို ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့ထားသည်။ “မင်းက ဘယ်သူလဲ?”
သူ့သူငယ်ချင်းတစ်ယောက်က လင်းရှန်ကို မှတ်မိပုံရပြီး စကားအချို့ကို တိုးတိုးပြောရန် ကျိုးကျစ်ဟိုင်အနားသို့ အမြန်ပြေးသွားခဲ့သည်။
လင်းရှန်ကို အံ့သြစွာကြည့်ရင်း ကျိုးကျစ်ဟိုင်၏ အမူအရာ ပြောင်းလဲသွားသည်။
“ဒါဆို မင်းက လင်းရှန်ပေါ့”
လင်းရှန်သည် အချိန်တိုလေးအတွင်း ချီအသွင်ကူးပြောင်းခြင်း ပဉ္စမအဆင့်သို့ ဖြတ်သွားခဲ့သော သတင်းသည် တတိယတန်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ကျိုးကျစ်ဟိုင်သည် ထုံးစံအတိုင်း ၎င်းကို ကြားဖူးသည်။
သို့သော် လင်းရှန်သည် ရှုယွမ်၏သူငယ်ချင်းဖြစ်သည်ကို သူမသိခဲ့ပေ။
လင်းရှန်ဒီမှာရှိနေတာကို သူသိခဲ့ရင် သူက ရှုယွမ်နဲ့ချန်ဟွေ့ကိုသာ ပစ်မှတ်ထားပြီး လင်းရှန်ကို ဒီထဲကို ဆွဲမခေါ်ခဲ့ပေ။
ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်ရှိ အထက်တန်းစား ကျောင်းသားတစ်ဦးသည် အတော်လေးကို ဒုက္ခပေးနိုင်သည်။
သို့သော် သူ့အဖော်နှစ်ယောက်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်။ လင်းရှန်ကို ဒီအတိုင်းလွှတ်ထားရင် နောင်အနာဂတ်မှာ သူ့အပေါင်းအဖော်တွေကြားမှာ သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ချေ။
ဒီအချိန်မှာ သူက တိုက်ခိုက်ဖို့သာ တတ်နိုင်ခဲ့သည် ။
“ကံကောင်းတာက ဒီကောင်က ပဉ္စမအဆင့်ကို ဖြတ်ပြီးသွားပြီလို့ပဲ ပြောတာ။ သူ့ရဲ့ လေ့ကျင့်မှုက မတည်ငြိမ်နိုင်သေးဘူး။ သူ့ကို အနိုင်ယူဖို့ အခွင့်အရေးကောင်း ရှိတယ်လို့ ငါထင်တာပဲ”
သူ့အတွေးတွေနဲ့အတူ ကျိုးကျစ်ဟိုင်က စိတ်ဆုံးဖြတ်လိုက်သည် ။ ထို့နောက် သူက ပြင်းပြင်းထန်ထန် အော်လိုက်သည်။
“မင်းက လျှာအတော်ရှည်တာပဲ ၊ ဒါပေမယ့် မင်းငါ့ကို ဘာလုပ်ပေးနိုင်လဲဆိုတာ ငါမြင်ချင်ပါတယ်”
လင်းရှန်မတုံ့ပြန်မီ ကျိုးကျစ်ဟိုင်က သူ့ကို ကြိမ်းမောင်းနေပြီဖြစ်သည်။
“ရှက်ပြီးလဲသေဖို့ကောင်းတယ်”
ရှုယွမ်က ကျိန်ဆဲပြီး လင်းရှန်ကို ကူညီချင်သော်လည်း ကျိုးကျစ်ဟိုင်သူငယ်ချင်းများ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။
အခြားတစ်ဖက်မှာတော့ ကျန်ဟုန်ရှန်က မြေပြင်ပေါ်မှ ထလာချိန်တွင် အခြားလူ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။
အမှန်တော့ ကျန်ဟုန်ရှန်သည် ကျောင်းသားဖြစ်နေဆဲပင်။ သူက ငယ်ရွယ်ပြီး စိတ်အားထက်သန်၏။ ကျန်ဟုန်ရှန်နှင့် သူ့သူငယ်ချင်းများ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်လိုက်ရသောအခါ ဒေါသများသည် ကျန်ဟုန်ရှန်၏ ရင်ဘတ်ထဲတွင် ပြည့်လျှံသွားလေသည်။ သူက အော်ဟစ်ပြီး တိုက်ခိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ
သီးသန့်ခန်းသည် ဖရိုဖရဲစစ်မြေပြင်ဖြစ်လာသည်။
လူငယ်ခြောက်ယောက်က အပြင်းအထန်
တိုက်ခိုက်နေကြသည်။ အော်ဟစ်သံများ ၊ လက်သီးများ နှင့် အသားချင်း ထိစပ်နေသော အသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။
အခန်းတွင်းရှိ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့်ချန်ဟွေ့နှင့် လင်းရှန် ကန်လိုက်သည့် မြေပြင်ပေါ်တွင် အသက်ရှုမဝသေးသော ကောင်လေးနှစ်ယောက်ကသာ တိုက်ပွဲတွင် ပါဝင်ခြင်းမရှိပေ။
သူတို့ခြောက်ယောက်ရန်ဖြစ်တာကိုမြင်တော့
ချန်ဟွေ့က အရမ်းထိတ်လန့်သွားပြီး သူမရဲ့မျက်နှာက ဖြူဖျော့သွားသည်။ သူမကအကြိမ်ကြိမ်အော်ဟစ်နေသည်။
“တိုက်တာတွေ ရပ်လိုက်”