ငါရင်ဆိုင်မယ်
Vol. 2 Ch. 20
ချန်ဟွေ့က အော်ဟစ်လိုက်သော်လည်း ရန်ပွဲ၏ ရုန်းရင်းဆန်ခတ်မှုကြောင့် သူမ၏ အသံကို လျင်မြန်စွာ မျိုသိပ်ထားရသည်။
တိုက်ပွဲဝင်သူ ခြောက်ဦးသည် ဘာမှမကြားချေ။
ချလွမ်
လင်းရှန်၏ ကန်ချက်သည် ပစ်မှတ်ကို လွဲသွားပြီး စားပွဲပေါ်ရှိ ဖန်ပန်းကန်ကို ထိသွားကာ ထောင့်တစ်နေရာတွင် ချက်ချင်း ကွဲကြေသွားခဲ့သည်။
သူစတင် ကျင့်ကြံပြီးကတည်းက ဤအဆင့်တူ ပြိုင်ဘက်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။
သူ၏ ယခင်ပြိုင်ဘက်များဖြစ်သည့် ထျန်းတျန်းနဲ့ ယန်ကျုံးရီသည် လင်းရှန်ထက် နှစ်ဆင့်၊ သုံးဆင့် ပိုမြင့်သည်။
သူ၏ကိုယ်ပွားများကို အားကိုးခြင်းမရှိလျှင် လင်းရှန်သည် ၎င်းတို့နှင့် လုံးဝမယှဉ်နိုင်ချေ။
ဒါပေမယ့် ကျိုးကျစ်ဟိုင်ကတော့ မတူချေ။ သူသည် ချီအသွင်ပြောင်းခြင်း အဆင့်(၅)တွင် ဖြစ်ပြီး သူနှင့် လင်းရှန်တို့၏ စွမ်းဆောင်
ရည်က သိသိသာသာ ကွာခြားမှု မရှိပေ။
ထို့အပြင် လင်းရှန်သည် တိုက်ပွဲအတွေ့အကြုံ များများစားစားမရှိသော်လည်း ရှင်သန်ခြင်းနှင့်သေခြင်းတိုက်ပွဲကို ရင်ဆိုင်ရသေးသည်။ သူ့အသက်ကိုတောင် လုယူခဲ့ရသေးသည်။ သူ့စိတ်သဘောထားအရ ပျော့ညံ့သူများကိုသာ အနိုင်ကျင့်လေ့ရှိသော ကျိုးကျစ်ဟိုင်ကဲ့သို့လူကို အလွယ်တကူ နှိပ်စက်နိုင်သည်။
ဒီရက်တွေမှာ လေ့ကျင့်မှုတွေက သူ့အတွက် နာကျင်မှုဒဏ်ကို အတော်အတန် ခံနိုင်ရည်ရှိစေပြီး တိုက်ပွဲတွေမှာ စိတ်ဆန္ဒအတိုင်း တွန်းလှန်နိုင်ခဲ့သည်။
ကျိုးပျစ်ဟိုင်ကတော့ ထိုးခံရတိုင်း ရှုံ့မဲ့သွားသည် ။ တစ်ခါတစ်ရံ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မလိုအပ်သော်လည်း နာကျင်မှုကို ကြောက်ရွံ့သောကြောင့် မသိစိတ်က ရှောင်ခဲ့သည်။
မိနစ်အနည်းငယ်အတွင်း လင်းရှန်သည် အသာစီးရထားပြီး သူ၏လှုပ်ရှားမှုများကို ထိန်းထားသည့် ကျိုးကျစ်ဟိုင်ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်လိုက်သည်။
ကျိုးကျစ်ဟိုင်သည် အစပိုင်းကဲ့သို့ ယုံကြည်မှုမရှိတော့ပေ။ နောက်ဆုံးမှာတော့ ကြောက်ရွံ့ခြင်းနှင့် အံ့ဩခြင်းသာ ကျန်တော့သည်။
လင်းရှန်၏ ခွန်အားသည် သူ့မျှော်လင့်တာထက် များစွာကျော်လွန်သွားခဲ့သည်။
ထပ်မံကန်ခံပြီးနောက် ကျိုးကျသ်ဟိုင်သည် ပြာလဲ့သွားခဲ့သည်။ သူ့ရင်ဘတ်ထဲက ဒေါသက နောက်ဆုံးတော့ သူ့ရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားသည်။ သူသည် နေမီးတောက်လက်ဝါးကို အသက်သွင်းပြီး လင်းရှန်ကို တိုက်ခိုက်ခဲ့သည်။
သီးသန့်ခန်းရှိ အခြားသူများလည်း တိုက်ခိုက်နေကြသော်လည်း လင်းရှန်နှင့် ကျိုးကျစ်ဟိုင်တို့၏တိုက်ပွဲကို မျက်လုံးထောင့်မှ အာရုံစိုက်နေခဲ့သည်။ ဒါကိုမြင်တော့ သူတို့အမူအရာတွေ ပြောင်းသွားသည်။
ရန်ဖြစ်နေကြသော်လည်း ခံစားချက်အချို့ရှိနေဆဲဖြစ်သည်။ ကိုယ်ခံပညာ နည်းစနစ်တွေကို အသုံးမပြုသင့်ဘူးဆိုတာ သူတို့သိသည်။ မဟုတ်ရင် အသေအပျောက် ကြီးကြီးမားမား နဲ့ ဒုက္ခရောက်လိမ့်မည်။
ကျိုးကျစ်ဟိုင်သည် ဤအခိုက်အတန့်တွင် နေမီးတောက်လက်ဝါးကို အသုံးပြုရတဲ့အထိ အလွန်ဒေါသထွက်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။
သူသည် အစပြုသူအဆင့်သာရှိသေးသော်လည်း သတိမထားမိပါက လင်းရှန်သည် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
"သတိထား”
ရှုယွမ်နဲ့ ကျန်ဟုန်ရှန်က တစ်ချိန်တည်းမှာ စိုးရိမ်တကြီး အော်လိုက်သည်။
လင်းရှန်က သူတို့ အော်တာကို ကြားလိုက်ပေမယ့် သူ့အမူအရာက တည်ငြိမ်နေသည် ။
သူ၏ လေ့ကျင့်ရေး အတွေ့အကြုံသည် ယခုအခါတွင် အလားတူ တိုက်ခိုက်မှုများကို ကျင့်သားရနေပြီ ဖြစ်သည်။ ဒါကိုမြင်တော့ သူက အေးအေးဆေးဆေးနဲ့ နောက်ပြန်လက်နဲ့ ရိုက်လိုက်ပြီး တူညီတဲ့နည်းစနစ်နဲ့ တိုက်ခိုက်တာကို တွေ့လိုက်သည်။
လင်းရှန် လက်ဖဝါးမှ တောက်လောင်နေသော အနီရောင်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ဆူနာမီကဲ့သို့ ရှေ့သို့ လှိမ့်သွားသည်။
လေသည် ဆူပွက်နေပုံရပြီး
ပကတိမျက်စိဖြင့် မြင်နိုင်သော ပျက်စီးခြင်းတစ်ခု ဖြစ်ပေါ်ကာ ဘေးဘက်သို့ လျင်မြန်စွာ ဆုတ်ခွါသွားသည်။
ကျိုးကျစ်ဟိုင်၏ သာမာန်ထိုးချက်နှင့် နှိုင်းယှဉ်ပါက လင်းရှန်ဆီမှ ထွက်ပေါ်လာသော ဖြစ်စဉ်သည် ထူးထူးခြားခြားဖြစ်သည်။
သီးသန့်ခန်းရှိလူတိုင်းက အံ့သြသွားကြသည်။
"သူ့ရဲ့နေမီးတောက်လက်ဝါးက ကျွမ်းကျင်အဆင့်ကို ရောက်နေပြီ”
ကျိုးကျစ်ဟိုင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ့လက်ဝါးကို ချက်ချင်းပြန်ဆုတ်ချင်သော်လည်း အချိန်နှောင်းသွားခဲ့သည်။
လူတိုင်းရဲ့ မျက်လုံးအောက်မှာ
လက်ဝါး နှစ်ဖက်က ပြင်းထန်စွာ တိုက်မိသည် ။
တခဏချင်းမှာပဲ သနားစရာကောင်းတဲ့ အော်သံကို ကြားလိုက်ရသည်။ ကျိုးကျစ်ဟိုင်သည် ကြိုးပြတ်နေသော စွန်ကဲ့သို့ နောက်သို့ လွင့်သွားခဲ့သည်။ သူက မြေပြင်ပေါ် လေးလဲကျပြီး အော်ဟစ်ရင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
သီးသန့်ခန်းရှိ တောက်ပသောအလင်းရောင်အောက်မှာတော့ သူ၏ညာဖက်လက်ဖဝါးကို သံပူပူဖြင့် လောင်ကျွမ်းနေပုံရသည်။ သူ့လက်ဖဝါးပေါ်ရှိ အရေပြားသည် မီးလောင်ပြီး သွေးထွက်ကာ လေထဲတွင် မီးလောင်နေသော အနံ့တစ်ခု ရှိနေသည်။
နေမီးတောက်လက်ဝါး ကျွမ်းကျင်အဆင့်သည် အလွန်အစွမ်းထက်သည်။ လင်းရှန်သည် ယန်ကျုံးရီ နှင့် လေ့ကျင့်သောအခါတွင် ယန်၏နေမီးတောက်လက်ဝါးနှင့် မထိမီ သားရေအကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ပြီး ကြွေပြားများကို ခိုင်ခံ့အောင်ပြုလုပ်ရလေသည်။ ဒါတောင် သူ့သွေးတွေ တဟုန်းဟုန်းတောက်နေသလို တုန်လှုပ်နေဆဲပင်။
အကာအကွယ်မပါဘဲ ထိုးလိုက်တော့ ဘာဖြစ်မည်ကို တွေးကြည့်နိုင်သည်။
ကံကောင်းစွာဖြင့် လင်းရှန်သည် ထိုအချိန်က သန့်စင်သော ယန်ခန္ဓာကိုယ်မဟုတ်ဘဲ ဇွဲလုံ့လကိုသာ အသုံးပြုခဲ့သည်။
ထျန်းတျန်းကဲ့သို့ သန်မာသူတစ်ဦးပင် ကိုယ်ပွါး(၃)၏ နေမီးတောက်လက်ဝါးကြောင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ကျိုးကျစ်ဟိုင်ကျင့်ကြံမှုသည် ထျန်းတျန်းထက် များစွာ နိမ့်ကျသည်။ သန့်စင်သော ယန်ခန္ဓာကိုယ်စွမ်းရည်ကို နေမီးတောက်
လက်ဝါးနဲ့သာ တွဲလိုက်ရင် ကျိုး၏ ညာဖက်လက်ကို ဆုံးရှုံးနိုင်ချေများသည်။
တိုက်ပွဲသည် ရပ်တန့်သွားပြီး သူတို့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။
ပွဲအလှည့်အပြောင်းသည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
ကျိုးကျစ်ဟိုင်သည် ရုတ်တရက် စွန့်စားပြီး နေမီးတောက်လက်ဝါးကို အသုံးပြုတာကြောင့် လင်းရှန် သတိမထားမိဘဲ ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု တွေးလိုက်မိသည် ။
မမျှော်လင့်ဘဲ လင်းရှန်က ကျိုးကျစ်ဟိုင်ကို ဒဏ်ရာရသွားသည်။
လင်းရှန်၏ ကျင့်ကြံမှုသည် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ရုံသာမက နေမီးတောက်လက်ဝါးတွင်လည်း ကျွမ်းကျင်အဆင့် ရောက်နေသည်။
ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့သည် သုံးနှစ်နီးပါးသိလာသည့် လင်းရှန်ကို ပထမဆုံးအကြိမ် တွေ့ဆုံဖူးကြသလို ကြောင်ကာ ငေးကြည့်နေမိကြသည်။
"အာ”
ကျိုးကျစ်ဟိုင်သည် ဒဏ်ရာရနေသော လက်ဖဝါးကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ်တွင် လှိမ့်ကာ အော်ဟစ်နေသည်။
သနားစရာကောင်းတဲ့ အော်သံတွေက သူတို့ရဲ့ အံ့အားသင့်နေတဲ့ အဖော်တွေကို အမြန်နိုးထစေသည်။ တခြားဘာကိုမှ ဂရုမစိုက်နိုင်ကြချေ။ သူတို့က ကျိုးကျစ်ဟိုင်ကို အလျင်အမြန်ကူညီပြီး ချက်ချင်းထွက်သွားချင်ကြသည်။
"ခဏစောင့်ပါဦး”
လင်းရှန်က တည်ငြိမ်စွာပြောသည်။
တစ်စုံတစ်ယောက်က ခေတ္တရပ်ရန်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ကောင်လေးလေးယောက်သည် တောင့်တင်းသွားသည်။
သူတို့ထဲက တစ်ယောက်က လှည့်ပြီး တုန်တုန်ယင်ယင်အသံနဲ့ “မင်း-မင်းဘာလိုချင်သေးလဲ…”
သူ ဒီလိုပြုမူတာ အံ့ဩစရာမရှိချေ။ သူက လင်းရှန်၏ ထိုးနှက်ချက်ကြောင့် လန့်သွားရသည်။
ကျိုးကျစ်ဟိုင်ကဲ့သို့ အင်အားကြီးသူတစ်ဦးပင်လျှင် ဤမျှ သနားစရာကောင်းသော အခြေအနေအထိ ရိုက်နှက်ခံခဲ့ရသည်။
လင်းရှန်က သူတို့ကို သွားခွင့်မပြုရင် ကျိုးကျစ်ဟိုင်ထက် ပိုသနားစရာ ကောင်းသွားလိမ့်
မည်။
သူ ကြောက်ရွံ့တုန်လှုပ်နေချိန်တွင် လင်းရှန်သည် ရှုပ်ပွနေသော သီးသန့်ခန်းကို လက်ညှိုးထိုးပြပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ဒီနေရာကို ဖျက်စီးထားပြီး အခုမှ ထွက်သွားချင်တာလား"
ကောင်လေးလေးယောက်က ထိတ်လန့်သွားသည်။သူတို့ အသိပြန်ဝင်လာတော့ သူတို့ရဲ့ဝိညာဉ်င်္ဒဂါးပြားနှစ်ထောင်၊ သုံးထောင်လောက်ကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ ထို့နောက် ကျိုးကျစ်ဟိုင်သည် သူ့ခြေထောက်ကို ထောက်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သီးသန့်အခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။
ကျန်ဟုန်ရှန်၊ ရှုယွမ်နဲ့ ချန်ဟွေ့တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ ကြည့်နေကြသည်။
အကြာကြီးနားနေကြသည်။
ပြီးမှ ရှုယွမ်က အပြစ်တွေပြည့်နေတဲ့ မျက်နာနဲ့ ပြောသည် " ငါ့ကြောင့် မင်းတို့ကို ဒီအထဲဆွဲသွင်းခဲ့မိတာ တောင်းပန်ပါတယ်"
"မင်းဘာတွေပြောနေတာလဲ မင်းအပြစ်မဟုတ်ဘူး။ ကျိုးကျစ်ဟိုင်က မင်းကို တမင်
စော်ကားတာလေ ၊ မင်းအရိုက်ခံရတာကို ငါတို့ကကြည့်နေမယ်လို့ မင်းထင်နေတာလား။"
ကျမ်ဟုန်ရှမ်က ရှုယွမ်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး လင်းရှန်ကို အံ့သြစွာ ကြည့်ပြီးပြောလိုက်သည်။
"မင်းက ကောင်းကောင်း ဖုံးကွယ်ထားတာပဲ လင်းရှန် ။ မင်းကို နေမီးတောက်လက်ဝါးမှာ ကျွမ်းကျင်အဆင့် ရောက်နေမယ်လို့ မျှော်လင့်မထားဘူး။ ကျိုးကျစ်ဟိုင်က မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ အဲ့တာကို မင်း ငါတို့ကို အရိပ်အမြွက် တစ်ခါမှ မပေးဖူးဘူး”
ကျန်ဟုန်ရှန်သည် ရှုယွမ်၏ အပြစ်နှင့် အရှက်ပြေစေရန် ခေါင်းစဉ်ပြောင်းလိုတာကြောင့် လင်းရှန်ကလည်း ပခုံးတွန့်ကာ " နေမီးတောက်လက်ဝါး ကျွမ်းကျင်အဆင့်ကို လူတိုင်းကို ပြောလို့မရဘူးလေ ဟုတ်တယ်မလား?"
ရှုယွမ်နဲ့ တခြားနှစ်ယောက်က မရယ်နိုင်ချေ။
ချန်ဟွေ့သည် လင်းရှန်ကို သဘောကျစွာ ကြည့်လိုက်သည်။ "နင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ လင်းရှန်။ တစ်တန်းလုံးမှာ နင့်လိုခွန်အားတွေ အများကြီးမရှိဘူး”
ရှုယွမ်နဲ့ ကျန်ဟုန်ရှန်က ခေါင်းညိတ်သဘောတူသည်။
မိုးမခကျောင်း တစ်ခုလုံးတွင် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ရောက်ရှိပြီး နေမီးတောက်လက်ဝါး ကျွမ်းကျင်အဆင့် သာမန်ကျောင်းသားအနည်းငယ်မျှသာ ရှိသည်။
လင်းရှန်က မငြင်းဘဲ ပြုံးလိုက်သည်။
သူ့ပန်းတိုင်ကို ပိုမြင့်တဲ့အဆင့်အထိ ချမှတ်ထားပြီးသားပင်။ ကျိုးကျစ်ဟိုင် ကိုအနိုင်ယူခြင်းသည် ဂုဏ်ယူစရာ မဟုတ်ချေ။
ဒီလိုတွေဖြစ်ပြီးနောက်မှာတော့ သူတို့ဒီမှာဆက်နေဖို့စိတ်မ၀င်စားကြတော့ချေ။
ကျန်ဟုန်ရှန်သည် ကော်ဖီစားပွဲပေါ်ရှိ ဝိညာဉ်ဒင်္ဂါးများကို ကောက်ယူပြီး နှင်းဆီပြာမှ လူတွေနဲ့ လျော်ကြေးငွေအတွက် ဆွေးနွေးရန် သွားခဲ့သည်။
ရှုယွမ်က လင်းရှန်ကို မှီပြီး တိုးတိုးပြောသည် " ကျိုးကျစ်ဟိုင်က မကျေနပ်ချက် အသေးလေးအတွက် လက်စားချေဖို့ ကြိုးစားတဲ့ လူပဲ။ ဟွေ့က ဒါကို မခံမရပ်နိုင်လို့ သူ့ကို လမ်းခွဲလိုက်တာ။ ဒီည မင်း သူ့ကို ဒဏ်ရာရအောင်ထားဆတာ့ ဒီလို ငြိမ်နေမှာ မဟုတ်ဘူး။ သူက မင်းကို လက်စားချေဖို့ ဖြစ်နိုင်ချေ ရှိလိမ့်မယ်။ မင်း အခုချိန်ကစပြီး သတိထားရမယ်”
ခေတ္တရပ်ပြီးနောက် ရှုယွမ်က သက်ပြင်းချကာ အပြစ်ရှိကြောင်း ထပ်မံမြင်မိပြန်သည်။ သူ ပါးစပ်ကို ဖွင့်ပြောဖို့လုပ်နေ၏။
ဒါကိုမြင်တော့ လင်းရှန်က ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"တခြား ဘာမှ မပြောနဲ့။"
လင်းရှန်ကပြုံးလိုက်သည်။
"လက်စားဖို့ ကျိုးကျစ်ဟိုင်က လှုပ်ရှားရင် ငါရင်ဆိုင်မယ်”