မှောင်ခိုလမ်း
Vol. 2 Ch. 21
ကျိုးကျစ်ဟိုင်သည် ပြန်လည်သက်သာရန် လိုအပ်ပြီး သူ၏လက်စားချေမှုသည် မည်သည့်အခါမှ ဖြစ်မလာနိုင်ပေ။
လင်းရှန်သည် ၎င်းကို ဂရုမစိုက်ဘဲ နေခဲ့သည်။
ကိုယ်ပွားသုံးကောင်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံပြီး မြှင့်တင်ခြင်း အဆီအနှစ်ဆေးလုံးနှင့် ဝိညာဉ်သားရဲအသားများ၏အကူအညီနဲကြောင့် သူ၏ ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့သည်။
နှင်းဆီပြာမှ အဖြစ်အပျက် ဖြစ်ပြီး သုံးရက်မြောက်သောနေ့တွင် လင်းရှန်သည် ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - ဘုရားသခင်၏ မနာလိုမှု]
[အဆင့်- ချီအသွင်ပြောင်းခြင်း ဆင့်(၆)၊ ၂%]
[ကျင့်ကြံနည်း- မူလအသက်ရှုခြင်း နည်းစနစ် (ကျွမ်းကျင်အဆင့် ၅၅%)၊နေမီးတောက်
လက်ဝါး (ကျွမ်းကျင်အဆင့် ၅၂%)၊ သေခြင်းအတားအဆီး (အစပြုသူအဆင့် ၅%)]
[ကိုယ်ပွားအရေအတွက်- ၃ (၆၄%)]
စနစ် မျက်နှာပြင်ကို ကြည့်ရင်း လင်းရှန်၏မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသည်။
သူသည် ချီအသွင်ပြောင်းခြင်း အဆင့် (၆) သို့ရောက်ရှိခဲ့သည်။ မိုးမခ သင်တန်းကျောင်းတစ်ခုလုံးတွင် ဤကျင့်ကြံမှုအဆင့်သို့ ရောက်နိုင်သည့် ကျောင်းသားများသည် ဩဇာညောင်းသော မိသားစု ဆယ့်ရှစ်ခုမှ သို့မဟုတ် ကျဆင်းနေသော မိသားစုဟောင်းများမှသာ ဖြစ်ကြသည်။
မည်သည့် သာမာန် ကျောင်းသားမှ မရောက်နိုင်ချေ။
အဆင့် (၆) ရောက်သွားတဲ့ သတင်းကို ကျယ်ကျယ်ပြန့်ပြန့် သိသွားခဲ့ရင် ကျောင်းမှာ တုန်လှုပ်ချောက်ချားစရာ လှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ထိုသို့ဖြစ်လာသောအခါတွင် သူသည် ကျောင်းတွင် အမှန်တကယ် သြဇာကြီးသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
လင်းရှန်က ဒီလို အဖြစ်မခံချေ။
ဒါကြောင့် သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ရန် သေခြင်းအတားအဆီးကို ကျင့်ကြံခဲ့သည်။
သူ့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းကို ဖော်ပြဖို့ ခဏလောက် စောင့်ရဦးမည်။ ဒီနည်းနဲ့ဆို သိပ်ပြီး ပေါ်လွင်နေမှာ မဟုတ်ချေ။
“နေမီးတောက်လက်ဝါးက ၅၀%ကျော်သွားပြီ။ ခြောက်ရက်ကနေ ခုနစ်ရက်အတွင်း အထူးကျွမ်းကျင်မှုကို ရောက်တော့မယ်”
လင်းရှန်သည် နေမီးတောက်လက်ဝါး၏ စွမ်းအားကို လက်တွေ့တိုက်ပွဲတွင် အကြိမ်များစွာ စစ်ဆေးခဲ့သည်။ နေကိုးပါးဂိုဏ်း၏ အခြေခံကိုယ်ခံပညာနည်းစနစ်ကို လျှော့တွက်၍မရချေ။
ကျွမ်းကျင်မှုအရ အဆိုပါနည်းစနစ်သည် လက်ဖဝါးကို သံမဏိအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ရန်သူ၏ အသားနှင့် အရေပြားကို လောင်ကျွမ်းစေပြီး ရန်သူ၏ အတွင်းအင်္ဂါများကို တောက်လောင်သော အင်အားဖြင့် ဖျက်ဆီးနိုင်သည်။
အထူးကျွမ်းကျင်အဆင့်သို့ရောက်တဲ့အခါ နည်းစနစ်က ဘယ်လောက် အစွမ်းထက်
မည်ကို စိတ်ကူးရုံနဲ့ လင်းရှန်၏ ဦးရေပြားကို ထုံကျင်သွားစေသည်။
“မူလအသက်ရှူခြင်း နည်းစနစ်က ၅၀% အထက်မှာရှိတယ်။ အနည်းဆုံး တစ်လခွဲအတွင်းပြီးပြည့်စုံတဲ့အဆင့်ကို ဖြတ်ကျော်နိုင်ရမယ်။ နောက်ကျ ငါ့ရဲ့ကျင့်ကြံမှုအရှိန်က အခြားအဆင့်တစ်ခုကို တိုးလာမှာ”
“အရိပ်က အစပြုသူအဆင့်ကို အခုထိ မရောက်နိုင်တာ သနားစရာပဲ “
သေခြင်းအတားအဆီးနဲ့ ယှဉ်ရင်အရိပ်က အစပြုသူအဆင့်ကို ရောက်ဖို့ ပိုခက်သည်။ ကိုယ်ပွါး (၁)၏ ဇွဲလုံ့လသည် ကျင့်ကြံမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်၍မရသောကြောင့် မကြာမီတွင် သူသည် အစပြုသူအဆင့် သို့ရောက်ရှိမည့်အရိပ်အယောင်မရှိပေ။
“ရှစ်ရက်အတွင်း စတုတ္ထကိုယ်ပွားကို ငါဖန်တီးနိုင်တောဘမယ်။ အဲဒီနောက်မှာ စတုတ္ထကိုယ်ပွားကို အရိပ်ကို အတူတူ ကျင့်ကြံခိုင်းရမယ်”
လင်းရှန်သည် လျင်မြန်စွာ တွေးတောလိုက်ပြီး ဆေးလုံးအား အာရုံစိုက်လိုက်သည်။
သူသည် မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံးကိုထုတ်ပြီး တရားမထိုင်ခင် မျိုချလိုက်သည်။
လင်းရှန်၏ ကျင့်ကြံမှုအဆင့် တိုးလာပြီးနောက် မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံး၏
ဆေးဘက်ဆိုင်ရာ အစွမ်းကို ချေဖျက်သည့် အရှိန်မှာ သိသိသာသာ တိုးလာခဲ့သည်။
ဘုရားသခင်မနာလိုမှု၏အကျိုးသက်ရောက်မှုအောက်တွင် တစ်နာရီအတွင်းမှာပဲ ဆေးလုံးဆေးဖက်ဝင်စွမ်းအားကို လုံးဝစုပ်ယူသွားပြီး သူ၏တိုးတက်မှုသည် ၃% တိုးလာသည်။
“မျှော်လင့်ထားသလိုပဲ ငါ့ရဲ့အဆင့်တွေ တိုးလာပြီး မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက အများကြီး လျော့ကျသွားတယ်။”
လင်းရှန်က တစ်ချို့သော တွက်ချက်မှုတွေ လုပ်ခဲ့တယ်။
မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံး(၃၄)လုံး ကျန်နေသေးပြီး အဆင့်(၇) အထိ တာရှည်ခံနိုင်သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဆေးအသစ်ဝယ်ရန် သို့မဟုတ် အခြားအစားထိုးဆေးများကို ရှာဖွေရပေမည်။
“ကြည့်ရတာ မှောင်ခိုလမ်းကို ခရီးထွက်ရလိမ့်မယ်”
လင်းရှန်သည် ထျန်းတျန်း၏ မှတ်စုစာအုပ်တွင် မြင်ဖူးသော အရည်ကို ပြန်သတိရသည်။
သူ့လက်ထဲတွင် ဝိညာဉ်ဒင်္ဂါး(၂၀၀,၀၀၀) ကျော် ရှိနေသေးသည်။ ကြည့်ရတာ များပေမဲ့ တကယ်တမ်းတော့ သူတို့က သူ့ကို ဒီလောက်ကြာကြာခံစေမှာမဟုတ်ချေ။
ဝိညာဉ်သားရဲအသားကို တစ်ယောက်တည်းဝယ်ရတာက စရိတ်ကြီးသည် ။ မြှင့်တင်ခြင်း အဆီအနှစ်တွေ ထပ်ဝယ်ဖို့ သူ့မှာ အပိုငွေ မရှိချေ။
အဆီအရည်၏ ဆေးဖက်ဝင် အာနိသင်သည် မြှင့်တင်ခြင်း အဆီအနှစ်တွေထက် မနိမ့်ကျပေ။ သို့သော် စျေးနှုန်းသည် ဆယ်ပုံတစ်ပုံအောက်သာ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ၎င်းသည် အလွန်ကောင်းမွန်သော အစားထိုးမှုဖြစ်သည်။
လူတစ်ယောက်၏ သက်တမ်းကို လျှော့ချပစ်သည့်ချို့ယွင်းချက်က လင်းရှန်
အတွက်တော့ ပြသနာမဟုတ်ချေ။
ညနေကိုးနာရီထိုးနေပြီကိုမြင်တော့ လင်းရှန်က ခဏလောက်စဉ်းစားပြီး အချိန်ရှိသေးသည်ဟု ဆုံးဖြတ်လိုက်သည်။ သူ အခု မှောင်ခိုလမ်းကို သွားပြီး မြှင့်တင်ခြင်း အဆီအနှစ်ကို အသုံးမပြုခင် လုံလောက်တဲ့ အဆီအရည်ကို ပြင်ဆင်ထားဖို့ လိုသည်။
ဒါကိုတွေးပြီး လင်းရှန်က သူ့လက်ကောက်ဝတ်ကို ချက်ချင်းလှန်လိုက်တော့ မျက်နှာပြောင်းဆေးပုလင်းတစ်ပုလင်း ပေါ်လာသည်။
သူက ဖော့ကိုဖွင့်ပြီး ပုလင်းကို နည်းနည်းစောင်းလိုက်သည်။ သူ့လက်ဖဝါးထဲကို ဆေးလုံးဝိုင်းကြီး လှိမ့်ဝင်လာသည်။
လင်းရှန်သည် အိပ်ခန်းအတွင်းထည့်ထားသော ကိုယ်လုံးပေါ်မှန်ဆီသို့ လျှောက်သွားပြီး ဆေးလုံးကို မျိုချလိုက်သည်။
လင်းရှန်က သူ့ကိုယ်သူ မှန်ထဲမှာ တအံ့တသြကြည့်ရင်း သူ့မျက်နှာအသွင်အပြင်၊ မျက်နှာပုံစံ၊ မျက်ခုံးနဲ့ အသားအရောင်တွေက လျင်မြန်စွာ ပြောင်းလဲနေသည်။
သူ့မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ကြီးကြီးမားမား ပြောင်းလဲတာမျိုး မရှိပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ နောက်ဆုံးရလဒ်က လုံးဝကို ကွဲပြားတဲ့ မျက်နှာကို ဖြစ်ပေါ်စေခဲ့သည်။
“မျက်နှာပြောင်းဆေးရဲ့ အာနိသင်က ပလပ်စတစ်ဆာဂျရီနဲ့ အတူတူပင်”
လင်းရှန်သည် တအံ့တဩဖြစ်သွားသည်။
မျက်နှာပြောင်းဆေး၏ အာနိသင်သည် (၂၄)နာရီအထိ ကြာရှည်ခံနိုင်သည်။ အကျိုးသက်ရောက်မှု မပျောက်ခင်မှာ ဝိညာဉ်ရေးရာအာရုံများရှိသော ကျင့်ကြံသူသခင်တွေကလွဲလို့ ဆေးသောက်သူရဲ့ အသွင်အပြင်ကို အခြားကျင့်ကြံသူက မမြင်ရချေ။
ဤအရာသည် မှောင်ခိုလမ်းထဲသို့ ဝင်ရောက်လာသူတိုင်း နီးပါးအတွက် မရှိမဖြစ်သော အရာတစ်ခုဖြစ်သည်။
ချို့ယွင်းချက်ကို ပြောရရင် မျက်နှာပြောင်းဆေးရဲ့ရလဒ်က ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာပင်။ မသောက်ခင်မှာ ဘယ်လိုပုံစံနဲ့ ပြောင်းလဲသွားမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ချေ။
ရလဒ်သည် အလွန်လှပသော သို့မဟုတ် ရုပ်ဆိုးသောမျက်နှာဖြစ်ပါက အသုံးပြုသူ၏ရုပ်ဖျက်ရန် ရည်ရွယ်ချက်နှင့်ဆန့်ကျင်သော အာရုံစိုက်မှုများစွာကို ရစေမည် ဖြစ်သည်။
အရာအားလုံးအဆင်သင့်ဖြစ်ပြီးနောက် လင်းရှန်သည် လသာဆောင်မှ ခုန်ဆင်းသွားသည် ။ သူသည် ညဘက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
အရှေ့ပိုင်းခရိုင်သည် စည်ကားသော တောင်
ပိုင်းခရိုင်၊ အနောက်တိုင်းခရိုင်တို့နှင့် မတူချေ။ ညဘက်တွင် တိတ်ဆိတ်မှုနှင့် အမှောင်ထုသည် ဧရိယာအများစုကို လွှမ်းခြုံထားသည်။ လမ်းကြောင်းအနည်းငယ်သာ မီးထွန်းထားသည်။
လင်းရှန်သည် လမ်းမီးများကို တမင်ရှောင်ပြီး မှောင်သောထောင့်မှ လျှောက်သွားခဲ့သည်။
ချီအသွင်ပြောင်းခြင်းဆဌမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ၏ ကိုယ်ကာယကြံ့ခိုင်မှုသည် သူ၏ယခင်ဘဝက ပရော်ဖက်ရှင်နယ်အားကစားသမားများထက် များစွာသာလွန်ခဲ့သည်။
သူ့အရင်ဘဝက မီတာ (၁၀၀) အပြေးအမြန်နှုန်းက အခု သူ့အတွက် ပုံမှန်အမြန်နှုန်းလိုပင်။
ဇွဲ့လုံ့လ၏ ပြန်လည်သက်သာရေးအမြန်နှုန်း ၃၀% အကျိုးသက်ရောက်မှုနှင့်အတူ လင်းရှန်သည် သူ၏ခွန်အားကိုအသုံးပြုပြီး အချိန်ကြာမြင့်စွာ အရှိန်အဟုန်ဖြင့် ပြေးနိုင်တာကြောင့် စိတ်ပူစရာမလိုပေ။
ထို့ကြောင့် နာရီဝက်မပြည့်မီတွင် အရှေ့ပိုင်းခရိုင်မှ မြောက်ပိုင်းခရိုင်သို့ ဝင်ရောက်ခဲ့သည်။
မြောက်ပိုင်းခရိုင်သည် အရှေ့ပိုင်းခရိုင်ထက်
ပင် ပို၍တိတ်ဆိတ်ပြီး မှောင်နေသည်။
ကောင်းကင်ကနေ ကြည့်ရင် အကောင်ကြီးကြီး အိပ်ပျော်နေပြီး လူတွေကို အချိန်မရွေး ကိုက်စားတော့မယ့် အကောင်ကြီးလိုပင်။
အမှောင်ထဲမှာ နောက်ထပ် မိနစ်နှစ်ဆယ်လောက် ပြေးလွှားပြီးတဲ့နောက်မှာတော့ လင်းရှန်ဟာ သူ့ရဲ့ ဦးတည်ရာကို ရောက်သွားသည်။
ညနက်သန်းခေါင်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေသော မြောက်ပိုင်းခရိုင်မှမှောင်ခိုလမ်းသည် လှုပ်ရှားမှုများရှိနေသေးသော နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
လမ်းဝင်ပေါက်မှာ ရပ်ပြီး အတွင်းထဲကို လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ ရွေ့လျားနေတဲ့ အရိပ်အယောင်များစွာကို တွေ့လိုက်ရသည်။
လမ်းဘေးမှာ ဈေးဆိုင်တွေနဲ့ လူနေအဆောက်အအုံတွေ ရောယှက်နေသည်။ ညဘက်ဖွင့်တဲ့ ဆိုင်အများစုမှာ တံခါးတစ်ဝက်
ပိတ်ထားသည်။ တံခါးတစ်ဝက် ဖွင့်ရာမှ ထွက်လာသော မှိန်မှိန်ပျပျ အလင်းရောင်သည် မှောင်ခိုလမ်းပေါ်ရှိ တစ်ခုတည်းသောအလင်းရောင်ဖြစ်သည်။
သူ၏ အနည်းငယ် တောင့်တင်းသော မျက်နှာကိုချပြီး လင်းရှန်သည် မှောင်ခိုလမ်းပေါ်သို့ လျှောက်သွားသည်။
သူ့ဆီသို့ လျှောက်လာသော လူအနည်းငယ်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပေမဲ့ စိတ်မဝင်စားဘဲ အဝေးကို လှည့်သွားကြသည်။
မှောင်ခိုလမ်းထဲသို့ ဝင်ရောက်လာသူအများစုသည် မျက်နှာပြောင်းဆေးများ သောက်ခဲ့ကြသည်။ သူတို့မြင်တာက တခြားတစ်ယောက်ရဲ့ အသွင်အပြင်ကိုပင်။
အခြားသူများ၏ အထောက်အထားများကို စုံစမ်းခြင်းသည် ဤနေရာတွင် အဓိပ္ပါယ်မရှိသော လုပ်ရပ်များထဲမှ တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးကို ဒုက္ခရောက်အောင် လုပ်ဖို့ အလွယ်ဆုံးအရာလည်း ဖြစ်သည်။
ထျန်းတျန်း၏ မှတ်စုများတွင်ဖော်ပြထားသော အဆီအရည်ရောင်းချသည့်ဆိုင်သည် မှောင်ခိုမ်းအလယ်တွင် တည်ရှိသည်။
လင်းရှန်သည် ဖြည်းညှင်းစွာ လျှောက်လာပြီး လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များကို ကြည့်လိုက်သည်။
မှတ်စုတွင်ဖော်ပြထားသည့်အတိုင်း မှောင်ခိုလမ်းပေါ်တွင် ဈေးဆိုင်မျိုးစုံရှိသည်။
ဆေးပြားများ၊ လက်နက်များ၊ အဆောင်များ၊ ကျင့်ကြံနည်းစနစ်လက်စွဲများ၊ ရှားပါးဆေးဖက်ဝင်အပင်များ… အရာအားလုံးကို ဤနေရာတွင် တွေ့နိုင်သည်။ သူ စူးစူးဝါးဝါး ခံစားလိုက်ရသည်။
လင်းရှန်သည် နတ်ဆိုးများရောင်းသည့် ဆိုင်တစ်ဆိုင်ကိုပင် မြင်လိုက်ရသည်။
တံခါးဝမှ ဖြတ်သွားသောအခါ သားရဲများ၏ ဟိန်းဟောက်သံနှင့် ကောင်းကင်သို့ လွင့်ပျံလာသော ပြင်းထန်သည့် လေသံကို သူကြားလိုက်ရသည်။
နဂါးမြို့တော်တွင် နတ်ဆိုးသားရဲများ မွေးမြူခြင်းကို တားမြစ်ထားသည်။
ဂိုဏ်းသုံးခုစီရင်စုမှ ခွင့်ပြုချက် မရှိဘဲ မည်သူမဆို နတ်ဆိုးတိရစ္ဆာန်များကို လျှို့ဝှက်ကိုင်ဆောင်ထားကြောင်း တွေ့ရှိပါကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ ပြင်းထန်သောပြစ်ဒဏ်ကို ချက်ချင်းရင်ဆိုင်ရမည်ဖြစ်သည်။
လင်းရှန်သည် လမ်းတစ်လျှောက်တွင် အရာများစွာကို တွေ့ခဲ့ရသော်လည်း မည်သည့်အရာကိုမျှ ဝယ်ယူရန် ရည်ရွယ်ချက်မရှိပေ။
မှောင်ခိုလမ်းသည် လူမျိုးစုံနှင့် အရည်အသွေးအမျိုးမျိုးရှိသော ကုန်ပစ္စည်းများဖြင့် ပြည့်နေသည်။ မှောင်ခိုလမ်းကို ပထမဦးဆုံးအကြိမ် ရောက်လာတဲ့ ပြင်ပလူတွေသည် ကုန်ပစ္စည်းအတုတွေ ဝယ်မိဖို့ လွယ်ပြီး သူတို့ရဲ့ ပိုက်ဆံတွေကို အိတ်ကပ်ထဲကနေ ယူသွားနိုင်သည်။
ထို့ကြောင့် လင်းရှန်သည် မည်သည့်အရာမှ မဝယ်မီ ဂရုတစိုက် စောင့်ကြည့်ရမည့် နိယာမရှိနေသည်။ ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာရန် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ၊ သူသည် မတုန်မလှုပ် ဖြစ်နေသည်။ ဆိုင်ရှင်တော်တော်များများက သူ့ကို လမ်းတစ်လျှောက် ကြည့်နေကြသည်။
အခြားဆိုင်မှ ထွက်လာပြီးနောက် လင်းရှန်သည် လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ အရှေ့ဘက် ငါးမီတာမှ ခြောက်မီတာရှိ ဆိုင်တစ်ဆိုင်၏ တံခါးသည် ရုတ်တရက် ပွင့်သွားပြီး လူတစ်ဦး ပြေးထွက်လာသည်။ ထိုလူက မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
နှစ်မီတာခန့်ရှည်သော လူထွားကြီးတစ်ဦးသည် တံခါးမှ ထွက်လာကာ မြေပြင်ပေါ်ရှိလူကို ကျိန်ဆဲနေသည်။
“လူမိုက်၊ မင်းသေချင်နေတာလား။ ငါကဝက်ဝံနက်ပဲ။ အဲဒီနာမည်ကို မှတ်ထား။ မင်းဒီမှာ စားသောက်ပြီး ဘယ်လိုတောင် သတ္တိရှိတာလဲ”