ကိုယ်ခံပညာတည်မြဲရေးစံအိမ်နဲ့ ထပ်မံတွေ့ဆုံခြင်း။
Vol. 2 Ch. 24
အချိန်တွေ ကုန်ဆုံးသွားသည်။
သုံးရက်အကြာတွင် မြှင့်တင်ခြင်း အဆီအနှစ် ဆေးလုံး၏ အကူအညီဖြင့် လင်းရှန်သည် ချီအသွင်ပြောင်းခြင်း၏ သတ္တမအဆင့်သို့ အောင်မြင်စွာဖြတ်ကျော်သွားခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - ဘုရားသခင်၏မနာလိုမှု]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၇၊ ၄%%]
[ကျင့်ကြံနည်း- မူလအသက်ရှူခြင်း နည်းစနစ် (ကျွမ်းကျင်အဆင့် ၆၈%)၊နေမီးတောက်
လက်ဝါး(ကျွမ်းကျင်မဍအဆင့် ၈၀ %)၊ သေခြင်းအတားအဆီး (အစပြုသူ ၈%)]
[ကိုယ်ပွားအရေအတွက်- ၃(၃၀%)]
“ငါ ချီအသွင်ပြောင်းခြင်း အဆင့် ၇ကို ရောက်နေပြီ။”
လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ့နှလုံးသားမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေသည်။
တစ်လမပြည့်မီတွင် သူသည် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်မှ သတ္တမအဆင့်အထိ မြင့်တက်လာခဲ့သည်။ သူ့ရဲ့ ခွန်အားတွေ တိုးလာတဲ့ အရှိန်က အံ့ဩဖို့ကောင်းသည်။
ဤအရာအားလုံးသည် သူ၏ကိုယ်ပွါးတွေကြောင့်ပင် ဖြစ်သည်။
လင်းရှန်သည် သူ့ပတ်ဝန်းကျင်ရှိ လူသုံးယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
အခု သူ့မှာ ကိုယ်ပွါးသုံးကောင်ပဲရှိသည်။ အနာဂတ်မှာဂဏန်းနှစ်လုံးအထိ ပွားများလာသောအခါတွင် သူ၏ ကြီးထွားမှုနှုန်းသည် မည်မျှထိတ်လန့်ဖွယ်ကောင်းမည်နည်း။
အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် ပျော်ရွှင်ရာမှအသိပြန်ဝင်လာသည်။
သတ္တမအဆင့်ကို ဖြတ်ကျော်ဖို့အတွက် မြှင့်တင်ခြင်း အဆီအနှစ်အရည်အားလုံးကို အသုံးပြုခဲ့သည်။ အခု သူ့မှာ အဆီအရည်ပဲကျန်တော့သည်။
လင်းရှန်သည် မှောင်ခိုလမ်းမှဝယ်သော အဆီအရည်ပုံးကို သူ၏သိုလှောင်ကျောက်စိမ်းပြားမှထုတ်လိုက်သည်။ သူသည် ပြွန်တစ်ခုကို ကောက်ယူပြီး ကိုယ်ပွါး ၂ဆီသို့ ပစ်လိုက်သည်။
၎င်းကိုဖမ်းပြီးနောက် ကိုယ်ပွါး ၂သည် ဖော့ကိုချက်ချင်းဖယ်ကာ ခေါင်းကိုမြှောက်ပြီး ဆေးရည်ကို ပါးစပ်ထဲသို့လောင်းထည့်ကာ တစ်ကျိုက်တည်းသောက်လိုက်သည်။
ဆေးစွမ်းအား ပျံ့နှံ့သွားသည်နှင့်အမျှ လောင်မြိုက်ခြင်းသည် ရုတ်တရက်ပြည့်လာသည်။ ၎င်းသည် ဆေးဖက်ဝင်အရည်အစား ချော်ရည်ပူပူကို သောက်လိုက်ရသလိုပင်။
နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကိုယ်ပွါး ၂သည် တင်ပျဉ်ခွေထိုင်ပြီး ဆေး၏အစွမ်းကို ချေဖျက်ရန် တရားထိုင်သည်။
ကိုယ်ပွါး ၂သည် ဆေးစွမ်းအားကို လုံးဝစုပ်ယူရန် နာရီဝက်ကျော်ကြာသည်။ သို့သော် သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး သူ့ပုံစံက သိသိသာသာ အားနည်းသွားသည်။
“မှတ်စုက မှန်တာပဲ။ ဒီအရာက ခန္ဓာကိုယ်ကို တကယ်အန္တရာယ်ဖြစ်စေတယ်။”
လင်းရှန်က စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ ကိုယ်ပွါး ၂၏ ကျင့်ကြံမှုသည် ၂% တိုးလာသည်။
ဒီအကျိုးသက်ရောက်မှုက သူ့မျှော်လင့်ထားတာထက် မပိုချေ။
သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ တူညီသော ရှားပါးသည့် ဆေးဖက်ဝင်အပင်များ၏ အကျိုးသက်ရောက်မှုသည် သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။ မဟုတ်ပါက ဩဇာကြီးမားသောမိသားစုများ၏ တပည့်များသည် ဆေးပြားတစ်ပြားတည်းသောက်ခြင်းဖြင့် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဒီလိုသာဆိုရင် ယန်ကျုံးရီက ချီအသွင်ပြောင်းခြင်း အဆင့် ၇မှာ ရှိနေမှာ မဟုတ်ချေ။
ထို့အပြင် တူညီသောဆေးဖက်ဝင်ဆေးပြား အများအပြားကို သောက်သုံးပါက ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကို ခံနိုင်ရည်ရှိလာကာ ဆေးဖက်ဝင် အာနိသင်များကို လျှော့ချပစ်မည်ဖြစ်သည်။
လင်းရှန်ကတော့ အဆီအရည် ၁၀၀mlသည် ကျင့်ကြံမှု ၂%ကို တိုးပေးနိုင်သည့်အတွက် ကျေနပ်နေပြီဖြစ်သည်။
အမှန်မှာ ၎င်းသည် မျက်နှာပြင်၏ ဒစ်ဂျစ်တယ်စနစ်ကြောင့် ဖြစ်နိုင်သည်။ မဟုတ်ပါက ပုံမှန်အခြေအနေများတွင် မြှင့်တင်ခြင်းအဆီအနှစ်နှင့် အဆီအရည်၏ အကျိုးသက်ရောက်မှုသည် သိသာလိမ့်မည်မဟုတ်ပေ။
“ကြည့်ရတာ မှောင်ခိုဈေးကွက်ကိုသွားဖို့ နောက်ထပ်အခွင့်အရေးတစ်ခုရှာရဦးမယ်။”
အဆီအရည်၏အာနိသင်ကို အတည်ပြုပြီးသောအခါ စျေးဝယ်ထွက်ရန် လိုအပ်သည်။
လင်းရှန်၏ ခန့်မှန်းချက်အရ သူသည် ချီအသွင်ပြောင်းခြင်း နဝမအဆင့်သို့ ဖြတ်ကျော်လိုပါက အဆီအရည်သည် အနည်းဆုံး နှစ်ဆယ်မှ သုံးဆယ်လီတာ အထိ လိုအပ်မည်ဖြစ်သည်။ ကြာရှည်စွာအသက်ရှုခြင်းသို့ ဖြတ်ကျော်ရန် လိုအပ်သော အဆီအရည်ပမာဏသည် ပို၍ များပြားသည်။
ယခု သူ့တွင်ရှိသော အဆီအရည်ငါးလီတာသည် လုံလောက်မည် မဟုတ်ပေ။
သို့သော်လည်း သူသည် လွန်ခဲ့သည့် သုံးရက်က မှောင်ခိုလမ်းကို ရောက်ဖူးပြီး အချိန်တိုအတွင်း အဆီအရည် အမြောက်အမြားကို နှစ်ကြိမ်ဝယ်ယူတာက လူအများ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာသည်။ လင်းရှန်က ထိုအကြောင်းကို စဉ်းစားပြီး ရက်အနည်းငယ်အကြာမှ မှောင်ခိုလမ်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။
လောလောဆယ်တော့ အဆီအရည် ငါးလီတာကို သုံးရမည်။
သူသည် ကိုယ်ပွါး ၂ကို အဆီအရည်နဲ့ ကျင့်ကြံခိုင်းခဲ့ပြီး ကျန်နှစ်ယောက်ကို နေမီးတောက်လက်ဝါးနှင့် အရိပ်ကို နားလည်စေရန် အာရုံစိုက်ခိုင်းထားသည်။
လက်ရှိတွင် သူသည် နေမီးတောက်လက်ဝါးကို အထူးကျွမ်းကျင်အဆင့်သို့ရောက်ရန် ၂၀%သာလိုတော့သည်။ လင်းရှန်၏ ခန့်မှန်းချက်အရ သူသည် ပြိုင်ပွဲမစမီ အောင်မြင်မှုတစ်ခုကို ရယူနိုင်မည်ပင်။
တစ်ဖက်တွင် သူသည် အရိပ်အတွက် ရက်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သည်။ သူအများကြီးရရှိခဲ့ပေမဲ့ သူတို့ကြားမှာ ပါးလွှာတဲ့အတားအဆီးတစ်ခုရှိနေသလို အစပြုသူအဆင့်ကို မရောက်ခဲ့ပေ။
“တစ်ယောက်တည်း နားလည်အောင် ကျင့်ကြံရတဲ့ စွမ်းဆောင်ရည်က နည်းနည်းတော့ နည်းနေသေးတယ်။”
လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဘုရားသခင်၏ မနာလိုမှုကိူပြောင်းခဲ့ပြီး အရိပ်ကိုလည်း ကျင့်ကြံစေသည်။
…
“လင်းရှန် ကျိုးကျစ်ဟိုင်က မင်းကို ဒုက္ခမပေးဖူးမလား ?”
ကျောင်းဆင်းခါနီးတွင် ရှုယွမ်က ရုတ်တရက် လှည့်ကြည့်ကာ လင်းရှန်ကို အသံတိုးတိုးဖြင့် မေးသည်။
လင်းရှန်ခေါင်းယမ်းတာကိုမြင်တော့ကျန်ဟုန်ရှန်နဲ့ရှုယွမ်သည် တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာကြည့်နေကြသည်။
“ထူးဆန်းလိုက်တာ။ ကျိုးကျစ်ဟိုင်က အကျင့်စရိုက်။ ပြောင်းသွားတာလား၊ ဒါက သူ့ရဲ့ရန်လိုတတ်တဲ့ပုံစံနဲ့ မကိုက်ညီဘူး”
“သူ လင်းရှန်ကို ကြောက်နေတာ ဖြစ်နိုင်မလား”
“အဲ့ဒါ ဖြစ်နိုင်တယ်။”
သူတို့စကားပြောတာကို နားထောင်ရင်း လင်းရှန်က ဘာသိဘာသာ ပြုံးလိုက်သည်။
သူက လာသမျှကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ကျိုးကျစ်ဟိုင်က ကလဲ့စားချေသည်ဖြစ်စေ ၊ မချေသည်ဖြစ်စေ သူသည် ပိုမိုအားကောင်းလာစေရန်သာ ဆက်လက်အာရုံစိုက်နေရမည်ဖြစ်သည်။
သူ့မှာ လုံလောက်တဲ့ ခွန်အားတွေ ရှိနေသရွေ့တော့ အစီအစဥ်တွေ အားလုံးက ကြောက်စရာ မရှိချေ။
ယနေ့ ကျင့်ကြံရေးသင်တန်းများ မရှိ၍ နေ့ခင်းပိုင်းတွင် အသိပညာ ဆည်းပူးရေး သင်တန်းများကို ပို့ချပေးခဲ့သည်။
အတန်းပြီးသောအခါ စင်ပေါ်တက်ကာ ကျောင်းသားများ၏ အာရုံကို ဖမ်းစားနိုင်သည့်အရာကို ကျယ်လောင်စွာ ကြေငြာခဲ့သည်။
“မစ္စတာ ခုန်ဟုန်က ပြိုင်ပွဲအတွက် စာရင်းသွင်းဖို့ နောက်ဆုံးရက်နီးလာလို့ အားလုံးကို အသိပေးခိုင်းပါတယ်။ စိတ်ပါဝင်စားပေမယ့် စာရင်းမသွင်းရသေးတဲ့ ကျောင်းသားတွေအနေနဲ့ မြန်မြန်စာရင်းပေးဖို့ လိုပါတယ်။”
ဒါကိုကြားတော့ လင်းရှန်က သူ့နဖူးကို ချက်ချင်း ပုတ်လိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ကျင့်ကြံရန် အလွန်အလုပ်များနေသဖြင့် ပြိုင်ပွဲဝင်ရန် စာရင်းမသွင်းရသေးသည်ကို မေ့သွားခဲ့သည်။
ဒီလိုအကြောင်းပြချက်ကြောင့် ဖယ်ထုတ်ခံရရင် အတော်လေး စိတ်ပျက်စရာ ဖြစ်သွားမည်ပင်။
ဒါကိုတွေးပြီး လင်းရှန်က ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့ကို စကားပြောဖို့ စိတ်မ၀င်စားတော့ချေ။ သူက သူတို့ကို ကြုံသလိုရှင်းပြပြီး ခုန်
ဟုန်ရုံးခန်းဆီ ပြေးသွားသည်။
ခုန်ဟုန်၏ရုံးခန်းနှင့် လင်းရှန်၏ စာသင်ခန်းသည် တူညီသောအထပ်၏ တစ်ဖက်စီတွင် ဖြစ်သည်။
လင်းရှန်က ရုံးခန်းသို့ ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်ပြီး အနက်ရောင် ယူနီဖောင်းဝတ် လူသုံးယောက် ထွက်လာခဲ့သည်။
လင်းရှန်သည် သူတို့၏မျက်နှာများကို ရင်းနှီးနေသည်။ ငုံ့ကြည့်လိုက်တော့ သူတို့ရဲ့ရင်ဘတ်ပေါ်က ဒဏ္ဍာရီလာ သားရဲပုံစံကို တွေ့လိုက်ရတာကြောင့် သူမြင်ဖူးသည့်နေရာကို ရုတ်တရက် သတိရသွားသည်။
သူတို့သည် ထိုညက အဝါရောင် ခေါင်းစီးစစ်သည်တော်နောက်သို့ လိုက်ခဲ့သော ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များဖြစ်သည်။
လင်းရှန်၏ နှလုံးက ခုန်သွားသည်။ သူသည် သူတို့သုံးယောက်ကို တိတ်တဆိတ်ဖြတ်ကာ ရုံးခန်းထဲသို့ ဝင်သွားသည် ။
ဟန်ဝူသည် ခြေလှမ်းအနည်းငယ်လှမ်းပြီး ရုတ်တရက် သူ့ခြေလှမ်းများ ရပ်သွားသည်။ သူက ပဟေဠိဆန်တဲ့အမူအရာနဲ့ လှည့်ကြည့်
လိုက်တော့ လင်းရှန်က ရုံးခန်းတံခါးဝမှာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
“ဘာလို့လဲ ဆရာကြီး” သူ့လူတစ်ယောက်က သံသယနဲ့ မေးသည်။
“သူ့ကို ရင်းနှီးပုံရတယ်။ သူ့ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးမယ်ထင်တယ်” ဟန်ဝူက ပြောလိုက်သည်။
လက်အောက်ငယ်သား နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အရာရှိအနေဖြင့် ဟန်ဝူသည် ဩဇာကြီးမားသူတစ်ဦးဖြစ်သည်။ ချီအသွင်ပြောင်းခြင်းအဆင့်ကျောင်းသားကို သူဘယ်လိုသိနိုင်မလဲ။
ထိုပုဂ္ဂိုလ်သည် ဩဇာညောင်းသော မိသားစု ဆယ့်ရှစ်ခုထဲမှ တပည့်မဟုတ်ရင် မသိနိုင်ချေ။
သို့သော် ထိုသို့ဖြစ်လျှင် သူတို့နှစ်ဦးသည် သူ့ကို အထင်ကြီးသင့်သည်။
ခဏလောက်စဉ်းစားပြီးနောက် ဟန်ဝူက ခေါင်းခါပြီး ကြိုးစားတာကို ရပ်လိုက်သည်။
ထိုညတွင် အဝါရောင် စစ်သည်တော်နောက်သို့ လိုက်နေချိန်တွင် လမ်းတစ်လျှောက်တွင် လမ်းလျှောက်သူ ဒါဇင်နှင့်ချီ၍ ကြုံတွေ့ခဲ့ရသည်။ လင်းရှန်သည် ဤလူများကြားတွင် အထင်အရှားမရှိပေ။ ဟန်ဝူ၏ မှတ်ဉာဏ်သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ တစ်လခွဲကြာပြီးနောက် သူနှင့် မတော်တဆ တွေ့ဆုံခဲ့သော ဖြတ်သန်းသွားသူတစ်ဦးကို သတိရရန် မဖြစ်နိုင်ပေ။
“သွားကြရအောင်။ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒီည အချိန်ပိုလုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ထျန်းတျန်းကို မဖမ်းရသေးဘူး၊ အမှုအသစ်တစ်ခုက ပေါ်လာပြီ။ ငါအရမ်းပင်ပန်းနေပြီ”
“အဲ့ဒီထျန်းတျန်းက ဘယ်ရောက်သွားမှန်း မသိဘူး။ လူဒါဇင်နဲ့ တစ်လခွဲကျော်လောက် ရှာခဲ့ပေမယ့် သဲလွန်စမတွေ့ဘူး။ ထူးဆန်းလိုက်
တာ”
“သူက နဂါးမြို့တော်ကနေ လွတ်မြောက်တာ ဖြစ်နိုင်မလား”
“မဖြစ်နိုင်ဘူး၊ သူကကျင့်ကြံသူသခင် မဟုတ်ဘူး။ မြို့ရဲ့ ကာကွယ်ရေးဖွဲ့စည်းမှုကနေ ရုန်းထွက်လို့ မရဘူး။ အဓိက ဂိုဏ်းသုံးခုရဲ့ လက်မှတ်တွေ မရှိရင် မြို့ကနေလုံးဝမထွက်သွားနိုင်ဘူး”
“ဒါဆို သူက ထောင့်တစ်နေရာမှာ သေသွားနိုင်တယ်။”
“ဒီလိုသာဆိုရင်...”