← Chapters

စာမေးပွဲ ကန့်သတ်ချက်

Vol. 2 Ch. 25

စာမေးပွဲ ကန့်သတ်ချက်

Vol. 2 Ch. 25

အပြင်ဘက်မှ အသံများ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်ကို ကြားရမှ လင်းရှန်ကတိတ်တဆိတ် သက်ပြင်းချမိသည်။

နောက်ဆုံးတော့ သူက ထျန်းတျန်းကိုသတ်ပြီး သူ့အလောင်းကို ဖျောက်လိုက်သည်။ ထျန်းတျန်းကိုလိုက်ရှာနေသော ကိုယ်ခံပညာ တည်မြဲရေးစံအိမ်မှ အဖွဲ့ဝင်များနှင့်တွေ့သောအခါ သူမှာ အနည်းငယ်အပြစ်ရှိသလိုခံစားရတာ အသေချာပင်။

ကံကောင်းထောက်မစွာ သူတို့သည် သူ့ကို လုံးဝမှတ်မိပုံမပေါ်ချေ။

ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ခုန်ဟုန်၏ စားပွဲဆီသို့ လျှောက်သွားသည်။

ခုန်ဟုန်က လင်းရှန်ကို သတိထားမိပြီး သူ့မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။

“ငါ မင်းကို လိုက်ရှာနေတာ။ မင်း ပြိုင်ပွဲအတွက် စာရင်းမသွင်းရသေးဘူးမလား”

“အရင်ရက်က မေ့သွားလို့ အခုမှပဲ သတိရတ

တယ်ဆရာ”

ခုန်ဟုန်က ရယ်နေ၏ ။ သူက ဖောင်တစ်ခုကို ထုတ်ပေးပြီး မှတ်ပုံတင် အချက်အလက်ကို ဖြည့်ခိုင်းသည်။

လင်းရှန်က ရေးရင်း ပေါ့ပေါ့ပါးပါး မေးသလိုနဲ့ “ဆရာ၊ အခုပဲ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လူတွေကို တွေ့လိုက်ရတယ်။ သူတို့ က ကျောင်းမှာ ဘာတွေလုပ်အောင် လာတာလဲ”

ခုန်ဟုန်က သက်ပြင်းချရင်း “ မြောက်ပိုင်းခရိုင်မှာ လူသတ်မှုတစ်ခု ဖြစ်ပွါးခဲ့တယ်။ သေဆုံးသူတွေထဲက တစ်ယောက်က ငါတို့ ကျောင်းက ကျောင်းသားတစ်ယောက်ပဲ။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လူတွေက အဲဒီကျောင်းသားကို မေးဖို့ လာကြတယ်။

မြောက်ပိုင်းခရိုင်မှာ လူသတ်မှုဖြစ်တာလား

လင်းရှန်၏ မျက်လုံးများ လင်းလက်သွားပြီး “ဘာဖြစ်တာလဲ?”

“ငါလည်း သိပ်သေချာမသိဘူး။” ခုန်ဟုန်က ခေါင်းခါလိုက်သည်။ “ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ထဲက လူတွေက အဲဒါကို လျှို့ဝှက်ထားတယ်လို့ ပြောပြီး အမှုရဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်မပြဖူး”

ခေတ္တနားပြီးနောက် လင်းရှန်ကို မော့ကြည့်ကာ သူ့ကို သတိပေးလိုက်သည်။

“မင်း မြောက်ပိုင်းခရိုင်ကို ခဏလောက် ရှောင်ထားရင် ပိုကောင်းမယ်”

လင်းရှန် နှလုံးက ခုန်တက်သွားသည်။ ခုန်ဟုန်က သူ့ခရီးစဉ်ဖြစ်တဲ့ မှောင်ခိုလမ်းကို ရည်ညွှန်းနေတယ်လို့ သူထင်ခဲ့သည်။

သို့သော် ဤအကြောင်းအရာကို ခုန်ဟုန်သိဖို့ မဖြစ်နိုင်ကြောင်း သူ လျင်မြန်စွာ သဘောပေါက်

လိုက်သည်။ ခုန်ဟုန်သည် မြောက်ပိုင်းခရိုင်ရှိ လူမှုဖူလုံရေးအဖွဲ့အစည်းကို ရည်ညွှန်းတာဖြစ်ပြီး လက်ရှိအချိန်တွင် ထိုနေရာသို့ မပြန်ရန် တောင်းဆိုခဲ့သည်။

မျှော်လင့်ထားသလိုပဲ ခုန်ဟုန်က “ဟိုမှာ ကိစ္စတွေငြိမ်တဲ့အခါ လူမှုဖူလုံရေးအဖွဲ့ဆီကို သွားဖို့ အခွင့်အရေးတွေ ရှိနိုင်တယ်” ဟု ဆက်ပြောသည်။

လင်းရှန်က အနည်းငယ် စိတ်လျှော့ကာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

“စကားမစပ်” ခုန်ဟုန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လင်းရှန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ဒီမနက်က ကျောင်းသားတချို့ မင်းအကြောင်း ဆွေးနွေးနေတာ ကြားတယ်။ မင်းက နေမီးတောက်လက်ဝါးမှာ ကျွမ်းကျင်အဆင့် ရောက်နေပြီလို့ ပြောတယ်။ အဲ့ဒါ အမှန်လား”

လင်းရှန် နှင်းဆီပြာတွင် နေမီးတောက်လက်ဝါးကိုအသုံးပြုခဲ့တာကြောင့် သတင်းထွက်လာမည့်ကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ခဲ့ပြီးသားဖြစ်သည်။ ဒါကိုကြားတော့ သူ မအံ့ဩချေ။ သူက ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွမ်းကျင်အဆင့် ရောက်နေတာ ဆရာ”

လင်းရှန် ကိုယ်တိုင် ဝန်ခံတာကို ကြားတော့ ခုန်ဟုန်က သူ့၏အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ချေ။

လင်းရှန်၏ ယခင်အောင်မြင်မှုနှစ်ခုသည် ခုန်ဟုန်ကို များစွာ အံ့အားသင့်စေခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာ လင်ရှန်းက သူ့ကို တကယ်အံ့ဩသွားစေနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သူသည် နေမီးတောင်လက်ဝါးတွင် ကျွမ်းကျင်အဆင့်ကိုရောက်နေပြီး ချီအသွင်ပြောင်းခြင်း အဆင့် (၅)သို့ ရောက်ရှိခဲ့သည်။ ထိုစွမ်းရည်သည် မိုးမခသင်တန်းကျောင်းတစ်ခုလုံးရှိ သာမန် ကျောင်းသားများကြားတွင် ထိပ်တန်းငါးဦးစာရင်းဝင်ရန် လုံလောက်သည်။

အမှန်က သူသည် ဩဇာကြီးမားသောမိသားစုများမှ တပည့်အချို့ထက်ပင် ပို၍ထူးချွန်ခဲ့သည်။

ခုန်ဟုန်သည် တိတ်တဆိတ် အံ့အားသင့်သွားသည်။ လင်းရှန်သည် ယခင်က ပါရမီရှင်တစ်ဦးဖြစ်ကြောင်း အဘယ်ကြောင့် မသိခဲ့သနည်း။

“ကောင်းပြီ။ မင်းက မျှော်လင့်ထားတာထက် အများကြီး ပိုတော်လာပြီ။”

ခုန်ဟုန်က သူ့ရှေ့က ကျောင်းသားကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

“ဒီပြိုင်ပွဲမှာ ထိပ်တန်းငါးယောက်ကို ဝင်ဖို့က ပြဿနာ မရှိတော့ဘူး ။ မင်းကြိုးစားရင် ထိပ်တန်း (၃) ယောက်ထဲတောင် ဝင်သွားနိုင်တယ်။”

လင်းရှန်းက မငြင်းဘဲ ပြုံးလိုက်သည်။

အကယ်၍ ချီအသွင်ပြောင်းခြင်းသတ္တမအဆင့်သို့ ရောက်နေပြီး နေမီးတောက်လက်ဝါးကို အထူးကျွမ်းကျင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတာကိုသိပါက ခုန်ဟုန်မျက်လုံးများသည် သေချာပေါက် ပြူးထွက်လာမည်ဖြစ်သည်။

သို့သော်လည်း လင်းရှန်သည် အခြားသူများရှေ့တွင် သေခြင်းအတားအဆီးကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ သူပြသခဲ့သော ကျင့်ကြံမှုအဆင့်သည် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင်သာဖြစ်သည်။ ခုန်ဟုန်၏ မျက်လုံးများ မည်မျှ ထက်မြက်နေပါစေ ၊ လင်းရှန်၏ မှန်ကန်သော လေ့ကျင့်မှု အဆင့်ကို မမြင်နိုင်ပေ။

“စာမေးပွဲက နှစ်လပဲကျန်တော့တာ။ စာမေးပွဲအတွက် စာရင်းသွင်းရတော့မယ် ။” ခုန်ဟုန်က မေးသည်။

“ဟုတ်ကဲ့”

ခုန်ဟုန်က ခေါင်းညိတ်ပြပြီး လင်းရှန်လျှောက်ထားလိုသော အကယ်ဒမီသုံးကျောင်းကို မမေးခဲ့ပေ။

ယေဘူယျအားဖြင့် ပြောရလျှင် ဂိုဏ်းတစ်ခု၏ အခြေခံ ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံရန် ရွေးချယ်ခဲ့လျှင် ၎င်းတို့သည် အနာဂတ်တွင် ထိုဂိုဏ်းနှင့် သက်ဆိုင်သည့် ကျောင်းင်ု သေချာပေါက် ရွေးမည်ဖြစ်သည်။

တစ်ဖက်တွင် လင်းရှန်သည် နေမီးတောက်

လက်ဝါးကို ကျင့်ကြံထားသောကြောင့် သူမည်သည့် ကျောင်းကို လျှောက်မည်ဆိုတာ သိသာသည်။

“စာမေးပွဲအတွက် အကြောင်းကြားစာ ပို့ပြီးပြီ။ ဒီနှစ်မှာ ငါတို့ သင်တန်းကျောင်းက နေရာ (၃၀) ချထားပေးတယ်။”

ခုန်ဟုန်သည် လည်ချောင်းကို စိုစွတ်စေရန် လက်ဖက်ရည်သောက်ပြီး ဆက်ပြောသည် ။

“ငါမင်းကို လိမ်မပြောချင်ဘူး။ ဒီသုံးဆယ်ထဲက နှစ်ဆယ့်သုံးနေရာကို သြဇာကြီးတဲ့မိသားစုတွေရဲ့ သား သမီး၊ တပည့်တွေက သိမ်းပိုက်ထားပြီးသား။ ကျန်တဲ့ ခုနစ်ခုကို မင်းလို သာမန်ကျောင်းသားတွေကြား ခွဲပေးမှာ”

လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ဒီလိုမျိုးဟာ ကျောင်းအသီးသီးမှာ အဖြစ်များသည်။ သြဇာကြီး မားသောမိသားစုများမှ တပည့်များသည် စာမေးပွဲတွင် နေရာအများစုကို သိမ်းပိုက်ကြမည်ဟု သိပြီးသားဖြစ်သည်။

တကယ်တော့ ဒါက မတရားချေ။

နောက်ဆုံးတွင် သြဇာကြီးမားသောမိသားစုများမှ တပည့်များ၏ ကျင့်ကြံမှု အခြေအနေများသည် သာမန်ကျောင်းသားများထက် အဆပေါင်းများစွာ ကျော်လွန်နေသောကြောင့် ၎င်းတို့၏ ခွန်အားသည် သာမန်ကျောင်းသားများထက် များစွာသာလွန်နေသည်။

တပည့်အနည်းငယ်သာ ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်ထက် နိမ့်ကျသော ကျင့်ကြံမှုအဆင့်မှာ ရှိတာ ဖြစ်သည်။

ကိုယ်ခံပညာ နည်းစနစ်များတွင် ၎င်းတို့၏ အောင်မြင်မှုများသည် သာမန်ကျောင်းသားများထက် များစွာသာလွန်သည်။

သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့တင် စာမေးပွဲမှာ နေရာအမြောက်အမြားကို သိမ်းပိုက်ထားနိုင်တာက မထူးဆန်းချေ။

ခုန်ဟုန်က “သာမန်ကျောင်းသားတွေအတွက် စာမေးပွဲမှာ နေရာရဖို့ နည်းလမ်းအနည်းငယ်ပဲရှိတယ်”

“ပထမဆုံးအနေနဲ့ ချီအသွင်ပြောင်းခြင်း အဆင့် ၆ ဒါမှမဟုတ် ဒီထက်ပိုမြင့်တဲ့ ကျောင်းသားတွေကို အကဲဖြတ်ခြင်းကနေ ကင်းလွတ်ခွင့်ပေးပြီး စာမေးပွဲမှာ နေရာတစ်နေရာ ရစေနိုင်တယ်”

ဤစကားကို ပြောသောအခါ ခုန်ဟုန်၏ လေသံက အလွန်ရိုးစင်းနေပြီး

လင်းရှန်၏ မျက်လုံးများမှ အလင်းရောင်ကို သတိမထားမိပေ။

ခုန်ဟုန်၏အမြင်အရ တစ်နှစ်လျှင် ထိုကဲ့သို့သော သာမန်ကျောင်းသားတစ်ဦးရှိခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခုပင်။

ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်သော သာမန်ကျောင်းသားများသည် ထူးချွန်သည်ဟု ယူဆထားပြီးဖြစ်သည်။

ယခုနှစ်တွင် မိုးမခသင်တန်းကျောင်းတွင် ဤအဆင့်သို့ရောက်သူ ငါးဦး သို့မဟုတ် ခြောက်ဦးသာရှိသည်။

ထို့ကြောင့် လင်းရှန်သည် သတ္တမအဆင့်သို့ ရောက်နေပြီဟု သူဘယ်သောအခါမှ မတွေးခဲ့မိပေ။

“ဒုတိယအနေနဲ့ ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်နှစ်ခုကို ရရင် အကဲဖြတ်ခြင်းကနေ ကင်းလွတ်ခွင့်ရပြီး စာမေးပွဲမှာ နေရာကို ရယူနိုင်တယ်”

“နောက်ဆုံးနည်းလမ်းက စာရင်းသွင်းပြီး ကျောင်းရဲ့အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်ဖို့ပဲ။ အဲ့တာမှ စာမေးပွဲမှာ နေရာကို ရရှိနိုင်မှာ”

နည်းလမ်းသုံးမျိုးပြောပြီးနောက် ခုန်ဟုန်သည် လင်းရှန်ကိုကြည့်ကာ ပြုံးလိုက်သည်။

“မင်းရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ ဆိုကျန်နေတဲ့ ခုနစ်နေရာထဲက တစ်ခုကို သေချာပေါက်ရလိမ့်မယ်။ တစ်ခုတည်းသော ခြားနားချက်ကတော့ မင်းက ဒုတိယ ဒါမှမဟုတ် တတိယနည်းနဲ့ ရမှာ”

“ပြိုင်ပွဲမှာ ထိပ်ဆုံးနှစ်ဆင့်ကို ဝင်နိုင်ရင် ဒုက္ခအများကြီး သက်သာလိမ့်မယ် ။မူလဆေးလုံးကိုလည်း ဆုလာဘ်အဖြစ် ရယူနိုင်မှာ။ အဲဒါက မင်းအတွက် အရမ်းအကျိုးရှိမှာပါ။ ဒါကြောင့် မင်း ကြိုးစားရမယ်”

“နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာခုန်” လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

လင်းရှန်၏ “ဆုံးဖြတ်ထားသော” အမူအရာကိုမြင်တော့ ခုန်ဟုန်က ကျေနပ်စွာ ခေါင်းညိတ်သည်။

လင်းရှန်သည် ဆင်းရဲသော မိသားစုနောက်ခံရှိသော်လည်း သာမာန်ကျောင်းသားများကြားတွင် အကောင်းဆုံးဖြစ်လာရန် ကြိုးစားအားထုတ်သောကြောင့် ဤကျောင်းသားကို နှလုံးသားထဲမှ သဘောကျမိသည်။ ထုံးစံအတိုင်း ခုန်ဟုန်ကတော့ ပြိုင်ပွဲတွင် လင်းရှန် လင်းလက်တောက်ပနေသည်ကို မြင်တွေ့ဖို့ စောင့်မျှော်နေခဲ့သည်။

ဆရာတွေက သူ့တပည့်တွေကို ပိုးအိမ်ကနေ ထွက်ပြီး သူ့အကူအညီနဲ့ လိပ်ပြာအဖြစ်ပြောင်းသွားတာကို မြင်လိုတာပင်။

လက်ဖက်ရည်သောက်ရင်း ခုန်ဟုန်က ဒါကို စဉ်းစားထားပြီးသားပင်။ အကယ်၍ လင်းရှန်သည် ပြိုင်ပွဲတွင် ထိပ်တန်း နှစ်ယောက်သို့ မပါဝင်ခဲ့ပါက လင်းရှန်အတွက် မူလဆေးပြားအချို့ကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ပေးမည်ဖြစ်သည်။

သူ့အကူအညီနဲ့ အားပေးမှုတွေကြောင့် လင်းရှန်က ပြိုင်ပွဲရှုံးလို့ စိတ်ပျက်လက်ပျက်အခြေအနေကနေ အမြန်ပြန်ကောင်းလာမယ်လို့ ယုံကြည်ခဲ့သည်။ သူသည် ပြန်လည်း အားတင်းပြီး ကျော်ဖြတ်မှုများ ပြုလုပ်လိမ့်မည်။ ထို့နောက် သူသည် ကမ္ဘာကို တုန်လှုပ်စေကာ နောက်ဆုံးစာမေးပွဲတွင် ယန်ကိုးခု သင်တန်းကျောင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

ထို့နောက်တွင် ခုန်ဟုန်ကိုယ်တိုင်လည်း လင်းရှန်ကြောင့် နာမည်ကြီးလာပြီး လူတိုင်းလေးစားရသော ဆရာကြီးဖြစ်လာမည်။ ထိုအခါ မိုးမခသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရမည်ဖြစ်သည်။ အဲဒီနောက်ပိုင်း သူပြောမည့် မိန့်ခွန်းကိုပင် တွေးပြီးနေပြီ ဖြစ်သည်။

ခုန်ဟုန်သည် ဝမ်းသာလွန်းလို့ မရပ်မနားပြုံးနေမိသည်။

All Chapters