← Chapters

အရိုးပုံဖော်ခြင်းနည်းစနစ်

Vol. 2 Ch. 26

အရိုးပုံဖော်ခြင်းနည်းစနစ်

Vol. 2 Ch. 26

အချိန်တွေ ကုန်တာမြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်လေးရက်ကြာသွားလေသည်။

ကိုယ်ပွါး ၃ ၏ လုံ့လစိုက်ထုတ်မှုအောက်တွင် လင်းရှန်သည် နေမီးတောက်လက်ဝါးတွင် အထူးကျွမ်းကျင်အဆင့်သို့ရောက်ရှိခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည်-သန့်စင်သော ယန်ခန္ဓာကိုယ်]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၇၊ ၄၈ %]

[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်းနည်း စနစ်(အထူးကျွမ်းကျင်အဆင့် ၈၄ %)၊နေမီးတောက်လက်ဝါး ( အထူးကျွမ်းကျင်အဆင့် ၂%)၊ သေခြင်း အတားအဆီး (အစပြုသူအဆင့် ၁၆%)]

[ကိုယ်ပွားအရေအတွက်- ၃(၉၄%)]

“နောက်ဆုံးတော့”

လင်းရှန်မျက်နှာကို ကြည့်လိုက်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

သြဇာကြီးမားသော မိသားစုများ၏ တပည့်များထဲတွင်ပင် သူ့အသက်အရွယ်မှာ အခြေခံ ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များကို ကျွမ်းကျင်တတ်မြောက်နိုင်သူ

အများအပြားမရှိပေ။

ဥပမာအားဖြင့် ယန်ကျုံးရီ၏ နေမီးတောက်လက်ဝါးသည် ကျွမ်းကျင်အဆင့် ဖြစ်သည်။

လင်းရှန်၏ လက်ရှိအင်အားနဲ့ဆို သူသည် ယန်ကျုံးရီထက် မနိမ့်တော့ပေ။

ယန်ကျုံးရီလက်မှာ တခြားအစွပ်တွေမရှိရင် လင်းရှန်သည် ယန်ကျုံးရီကို ထိပ်တိုက်တိုက်ပွဲမှာ အနိုင်ယူနိုင်မယ်လို့တောင် ယုံကြည်နေသည်။

လွန်ခဲ့သည့်တစ်လခန့်ကပင် ဝတ်စုံအပြည့်ဖြင့်ယန်ကျုံးရီ၏တိုက်ခိုက်မှုကို ထိန်းထားနိုင်ခဲ့သည်။ ထိုအတွေးက လင်းရှန်းကို စိတ်

ခံစားချက် မြင့်သွားစေသည်။

ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် ကိုယ်ပွါး၏ သုံးစွဲမှုသုညအကွာအဝေးသည် (၇၀)မိတာအထိ အံ့သြဖွယ်ကောင်းလောက်အောင် တိုးလာခဲ့သည်။

ထို့အပြင် သူ၏ လက်ရှိ ကာယဗလနှင့် တက်ကြွမှုအရာ ကိုယ်ပွါးတွေကို မီတာ (၅၀၀)အကွာအဝေးတွင် အများဆုံး တစ်မိနစ်ခန့် ထိ ထားနိုင်သည်။

လင်းရှန်နေထိုင်သည့် အခန်းတွင် အနည်းဆုံး လူသုံးယောက်သည် လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီဖြစ်သည်။

လင်းရှန်က မလိုအပ်ဘဲ သူ့ကိုယ်ပွားတွေကိုသုံးမှာ မဟုတ်ပေ။

သူ၏ကိုယ်ပွားသည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည်။ သူဘယ်လောက်ပဲသတိထားနေပါစေ ၊ အရမ်းကြီးတော့လွတ်ထားလို့မရချေ။

“စတုတ္ထကိုယ်ပွားက ရခါနီးပြီ။ မနက်ဖြန်ပြိုင်ပွဲပြီးရင် ငါက ကိုယ်ပွါးအသစ်တစ်ခုကို ရမှာ”

လင်းရှန် စိတ်လှုပ်ရှားလာသည်။

သူမျှော်လင့်ထားသောအရာမှာ သူ၏ကိုယ်ပွါးအသစ်ဖြစ်သည်။

နောက်ထပ် ကိုယ်ပွါးတစ်ခုစီနှင့်အတူ သူ၏ ကျင့်ကြံမှုအရှိန်သည် အလွန်တိုးလာမည်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ သူသည် အရည်အချင်းသစ်များပါ ရရှိနိုင်သည်။

လင်းရှန်သည် သူ၏ စတုတ္ထမြောက် ကိုယ်ပွားကို မည်သို့ စွမ်းဆောင်နိုင်သည်ကို ကြည့်ရှုဖို့ မစောင့်နိုင်တော့ပေ။

“ငါ့ရဲ့ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ အရည်အချင်းတွေ ငါရနိုင်မယ်လို့ မျှော်လင့်မိတယ်”

လင်းရှန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ မူလအသက်ရှူခြင်းနည်းစနစ်ကို ချက်ချင်းကြည့်လိုက်သည်။

“မူလအသက်ရှူခြင်းနည်းစနစ်ရဲ့ တိုးတက်မှုက ၈၀%ထက်ကျော်သွားပြီ။ ငါက အနည်းဆုံးလေးရက်ကနေ ငါးရက်အတွင်း ပြီးပြည့်စုံမှုအဆင့်ကိုရောက်ရှိနိုင်တယ်”

လင်းရှန်သည် လွန်ခဲ့သောသုံးရက်က ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေရန်အတွက် အဆီအရည်ကို အရူးအမူးသောက်သုံးနေသော ကိုယ်ပွါး ၂ ကို တစ်ချက်ကြည့်လိုက်သည်။ အခု သူက အရည် နှစ်လီတာကို သုံးပြီးနေပြီပင်။

ရလဒ်အနေနဲ့ သူ၏ကျင့်ကြံမှုမှာ ၄၀ ရာခိုင်နှုန်းခန့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူသည် တစ်နေ့ထက်တစ်နေ့ ဖြူရော်လာသည်။ သူ့မျက်နှာကအပြာရောင်သန်းနေပြီး မကျန်းမမာဖြစ်နေသည်။

ဒါက ဆေးအဆိပ်တွေ အရမ်းများနေတယ်ဆိုတဲ့ လက္ခဏာပင်။

“သူ့ရဲ့သက်တမ်းကို မမြင်ရတာ သနားစရာပဲ။ ဘယ်လောက်ကြာကြာပဲ ခံနိုင်တော့မလဲ”

လင်းရှန်သည် အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ညက မှောင်မိုက်သွားသည်။

“ကျန်တဲ့ အဆီအရည် သုံးလီတာက အများဆုံး ငါးရက်လောက်ပဲ ကြာနိုင်တယ်။ နောက်ထပ်ဝယ်ဖို့ မှောင်ခိုလမ်းကို သွားရအုံးမယ်။”

ညကောင်းကင်ယံကို ကြည့်လိုက်ပြီး လင်းရှန်က အချိန်ဆွဲမနေပေ။ အဝတ်အစားလဲပြီး မျက်နှာပြောင်းဆေးကို ထုတ်ကာ မျိုချလိုက်သည်။ ထို့နောက် ဝရံတာမှ ခုန်ချလိုက်သည်။

မှိန်ဖျော့သော ညကောင်းကင်အောက်တွင် သူသည် မှောင်ရိပ်များနှင့် ထောင့်များမှတဆင့် မြောက်ပိုင်းခရိုင်သို့ ပြေးသွားခဲ့သည်။

မှောင်ခိုလမ်းကို သွားတာ ဒုတိယအကြိမ် ဖြစ်တာကြောင့် လင်းရှန်က အရင်ကလို စူးစမ်းချင်စိတ်မရှိတော့ချေ။ သူက အဆီအရည်ရောင်းတဲ့ဆိုင်ကို တည့်တည့်သွားခဲ့သည်။

ထိပ်ပြောင်ပိုင်ရှင်က ကောင်တာနောက်မှာ ထိုင်နေသည်။

ယခင်အချိန်ကဲ့သို့ပင် သူသည် “ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း” ကို စိတ်ဝင်တစား ဖတ်ရှုနေဆဲဖြစ်သည်။

“အဆီအရည် သုံးဆယ် လီတာ”

လင်းရှန်က ကောင်တာကို ခေါက်လိုက်ပြီး စူးရှသော အသံနဲ့ ဟန်ဆောင်လိုက်သည်။

ဆိုင်ပိုင်ရှင်က သူ့ကို မော့ကြည့်ပြီး ပျင်းရိစွာ ပြောသည် ။

“ငါ့မှာ ဆယ်လီတာပဲကျန်တော့တယ်။ ထပ်လိုချင်ရင်တော့ နောက်တစ်ခေါက်မှပြန်လာတော့”

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သော်လည်း မတွန့်ဆုတ်ပေ။ သူက ခေါင်းညိတ်ပြီး “ဒါဆို ဆယ်လီတာပဲ ပေးတော့”

အရောင်းအဝယ်က မြန်မြန်ပြီးသွားသည်။ လင်းရှန်သည် လက်တစ်ဖက်စီမှာ သေတ္တာတစ်လုံးစီကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ပစ္စည်းတွေဝယ်ပြီးပြီမို့ မှောင်ခိုလမ်းပေါ်မှာ မနေချင်တော့ချေ။ သူလာရာလမ်းကို ချက်ချင်းပြန်သွားပြီး အရှေ့ပိုင်းခရိုင်သို့ ပြန်သွားရန် ပြင်ဆင်သည်။

သို့သော် ဆိုင်တစ်ဆိုင်ကို ဖြတ်သွားသောအခါတွင် ဆူညံသံများကို ကြားလိုက်ရသည်။ ဆိုင်တံခါးကို အတွင်းကနေ တွန်းဖွင့်လိုက်ပြီး လူတစ်ဦး ပြုတ်ကျလာသည်။ ထိုလူက မြေပြင်ပေါ်လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေသည်။

လင်းရှန်သည် ခြေလှမ်းတုံ့သွားပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာဖြစ်သွားသည်။

ဒီအခြေအနေက ဘာကြောင့် ဒီလောက် ရင်းနှီးနေရတာလဲ။

အနီးကပ်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့လူက “လျှို့ဝှက်လက်စွဲစာအုပ်” ကိုရောင်းတဲ့ အဘိုးအိုကလွဲလို့ တခြားသူမဟုတ်မှန်း သူသိလိုက်သည် ။

“ အရူး အဘိုးကြီး။ မင်း ငါတို့ရဲ့ ဝန်ဆောင်မှုကို အလကား သုံးဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ။ မင်းမှာ ဘောလုံးတွေ ရှိရမယ်။ ဒီနေ့ မင်းကို သင်ခန်းစာ တစ်ခု သင်ပေးမှရမယ်”

မျက်လုံးပြူးပြူးနဲ့ ပိန်ပိန်အမျိုးသားက ဆိုင်ထဲမှ ထွက်လာပြီး ရက်စက်တဲ့ အကြည့်နဲ့ ယောက်ျားနှစ်ယောက်ကပါ အတူပါလာသည်။

လူနှစ်ယောက်သည် အဘိုးအိုကို မှုန်ကုပ်ကုပ်အမူအရာဖြင့် စိုက်ကြည့်နေကြသည်။ လက်သီးများကို ဆုပ်ထားရင်း ကွဲအက်နေသော အသံများ ထွက်ပေါ်လာချိန်တွင် သူတို့၏ မျက်လုံးများက ပြင်းထန်စွာ စူးရှနေသည်။

လင်းရှန်သည် ဆိုင်အတွင်းမှ ထွက်ပေါ်လာသော ပန်းရောင်အလင်းတန်းမှတဆင့် တံခါးဘေးနံရံပေါ်ရှိအမျိုးသမီး၏ ပိုစတာကို လှမ်းကြည့်လိုက်သည်။ ဤဆိုင်သည် မည်သို့သောဆိုင်ဖြစ်သည်ကို သူချက်ချင်းနားလည်သွားပြီး သူ့ပါးစပ်ထောင့်များက တုန်လှုပ်သွားသည်။

တကယ့် ကပ်ပါးရပ်ပါးလူကြီးပဲ

လင်းရှန်သည် အဘိုးအိုကို စကားမပြောဘဲ ကြည့်နေ၏။

အရင်က ထမင်းအလကားစားခဲ့တာဆိုပေမဲ့ ဒီတစ်ခေါက်မှာတော့ သူက ဒီ နေရာကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့သည် ။ သူ့မှာ တကယ် သေလိုတဲ့ ဆန္ဒရှိခဲ့တာပင်။

ဤသည်မှာ မှောင်ခိုလမ်းဖြစ်သည်။

ဖရိုဖရဲ မီးခိုးရောင် ဧရိယာ။

ပိုက်ဆံမပေးဘဲ ဒီကနေ ပစ္စည်းတွေကို ယူဖို့ ကြိုးစားရင် ဥပဒေကို ချိုးဖောက်သလိုမျိုး မရိုးရှင်းပေ။

လူဆိုးတစ်ယောက်နဲ့တွေ့ရင် နောက်နေ့နေရောင်ကိုမြင်နိုင်မှာတောင် မဟုတ်ချေ။

ဒီအဘိုးအိုက အခုအချိန်အထိ ဘယ်လိုရှင်သန်ခဲ့တာလဲ။

ပိန်လှီသောလူ၏အကြည့်အောက်တွင် ထွားကြိုင်းသောလူနှစ်ယောက်က အေးစက်သောအပြုံးများဖြင့် အဘိုးအိုထံသို့ ချဉ်းကပ်လာသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူ၏နှလုံးသားထဲမှ နောက်ဆုံးသင်ခန်းစာကို ပေးရန် ကြံစည်နေကြပုံပင်။

“ခဏစောင့်ပါကွာ...”

အဘိုးအိုသည် အလွန်ထိတ်လန့်သွားပြီး ချွေးများ ထွက်ကျလာသည်။ သူ့ခေါင်းကို ဘေးတစ်ဖက်သို့ လှည့်ရင်း သူ့မျက်လုံးများက လှည့်ပတ် ကြည့်လာသည်။ ရုတ်တရက် သူက လင်းရှန်ကိုတွေ့တော့ အရမ်းဝမ်းသာသွားသည်။ သူက ကောက်ရိုးတစ်ရာကိုတွေ့တဲ့ ရေနစ်နေတဲ့သူတစ်ယောက်လိုပင် စိုးရိမ်တကြီးနဲ့ “ကောင်လေး ငါတို့ပြန်တွေ့ကြပြီ။ ငါ့ကို ကူညီပါ”

လင်းရှန်သည် သူ့နှုတ်ခမ်းများကို ဟနေတုန်း နှလုံးက ရုတ်တရက် တုန်ခါသွားသည်။

မျက်နှာပြောင်းဆေးသောက်တိုင်း မျက်နှာအသစ်ကို ရသည်။ သူ၏ လက်ရှိအသွင်အပြင်သည် အဘိုးအိုကို နောက်ဆုံးတွေ့ဖူးသည့်အချိန်နှင့် လုံးဝမတူချေ။ ဒါဆို သူ့ကို ဘယ်လိုမှတ်မိတာလဲ။

ကျင့်ကြံသူသခင်များသာလျှင် မျက်နှာပြောင်းဆေး၏ အာနိသင်ကို လျစ်လျူရှုနိုင်ပြီး သောက်သုံးသူ၏ အသွင်အပြင်ကို မြင်တွေ့နိုင်သည်။ ဤအဘိုးအိုသည် ဒဏ္ဍာရီဆန်ဆန် ခွန်အားကြီးသော ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်နိုင်လား။

သို့သော်လည်း သူ၏ ညစ်ပတ်သောအဝတ်အစားများနှင့် ညစ်ညမ်းသောအသွင်အပြင်ကို မြင်လိုက်ရသောအခါ လင်းရှန်သည် မြင့်မားပြီး တန်ခိုးကြီးသောကျင့်ကြံသူသခင်မဖြစ်နိုင်ဟု တွေးမိသည်။

အဘိုးအို စကားကြားတော့ ပိန်ပိန်ပါးပါးလူက ထွားထွားကျိုင်းကျိုင်းနဲ့လူနှစ်ယောက်ကို ရပ်တန့်လိုက်ပြီး လင်းရှန်ကို

ကြည့်ဖို့ လက်ကို မြှောက်လိုက်သည် ။

“တစ်ယောက်နဲ့တစ်ယောက် သိကြတာလား?”

လင်းရှန် စကားမပြောမီတွင် အဘိုးအိုသည် မြေပြင်မှ ခုန်ဆင်းကာ သူ့နံဘေးသို့ အမြန်ပြေးသွားခဲ့သည်။

“ကောင်လေး၊ အဲဒါ အရေးပေါ်ကိစ္စပဲ။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ကူညီပါဦး”

လင်းရှန်က စိတ်ထဲမှ အံ့သြမှုကို မျိုသိပ်ထားပြီး တမင် ဟန်ဆောင်သည်။

“ ခင်ဗျား လူမှားနေပြီ၊ ကျွန်တော်တို့အရင်ကတွေ့ဖူးလို့လား။”

အဘိုးအိုက တခစ်ခစ်ရယ်ပြီး အသံကို လျှော့လိုက်သည်။

“ကောင်လေး မျက်နှာပြောင်းဆေးက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်ပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ အရိုးတည်ဆောက်ပုံကိုတော့ မပြောင်းပေးဘူး၊ ငါက တခြားဘာမှ မကျွမ်းကျင်ပေမယ့် အရိုးပုံဖော်ခြင်း နည်းစနစ်ကိုတော့ သိတယ်။ ငါမမှားနိုင်ဘူးလို့ ယုံကြည်တယ်။ မင်းကို တခြားတစ်ယောက်နဲ့မမှားတာ သေချာတယ် ။ပြီးခဲ့တဲ့ အကြိမ်က မင်းငါ့ဆီက နဂါးလှံတစ်အုပ်ဝယ်ဖို့ ဝိညာဉ်ဒင်္ဂါး ၂၀ သုံးခဲ့တယ်မလား”

All Chapters