ပြဿနာကို ဖြေရှင်းရန် အမြန်ဆုံးနည်းလမ်း
Vol. 2 Ch. 28
လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး စာတိုလေးကို ကြည့်လိုက်သည်။
သူ့အထင်မှန်ရင် ဒါက သူ့ကို ပစ်မှတ်ထားသည့် ဆုကြေးဖြစ်ရမည်။
မဆိုင်းမတွဘဲ လင်းရှန်က စာကို လက်ညှိုးထိုးပြပြီး အဖျော်ဆရာကို အသံနက်ကြီးဖြင့် ပြောသည် ။
“ဒီမစ်ရှင်ရဲ့ အသေးစိတ်ကို ငါကြည့်ချင်တယ်!”
အဖျော်ဆရာက မော့ကြည့်လိုက်သည်။
“ဝိညာဉ်ဒင်္ဂါး ၁၀၀၀”
လင်းရှန်သည် သူ့လျှာကို ကိုက်လိုက်သည်။ မစ်ရှင်အကြောင်းအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝိညာဉ်ဒင်္ဂါး ၁၀၀၀ ကုန်ကျမည်ဖြစ်သည်။ အမြတ်အစွန်းကောင်းတဲ့ လုပ်ငန်းတစ်ခုပင်။
ဝိညာဉ်ဒင်္ဂါး ၁၀၀၀ ကို ပေးချေပြီးနောက် အဖျော်ဆရာသည် ဘားအောက်တွင် ခဏတာရှာဖွေပြီး စာရွက်စာတမ်းတစ်ခုကို အမြန်ပေးလိုက်သည်။
လင်းရှန်က အဲဒါကို ကြည့်လိုက်သည်။
မျှော်လင့်ထားသလိုပဲ ဒါက သူ့ရဲ့အချက်အလက်ပင်။
၎င်းတွင် ကျောင်းရှိ သု့၏နှစ်နှင့်အတန်း၊ သူ့နေရပ်လိပ်စာ၊ သူ့နောက်ခံနှင့််အတူ ခွန်အားနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ ပါဝင်နေသည်။
ဆိတ်ငြိမ်သော နေမင်း ကိုယ်ခံပညာကျောင်းမှာ အချိန်ပိုင်းအလုပ်လုပ်တာကိုတောင်
စာရင်းထဲမှာ ထည့်ထားသည်။
ဒါအပြင် သူ့ကိုယ်လုံးပေါ် ဓာတ်ပုံတစ်ပုံလည်း ပါသည်။
နောက်ခံကို သုံးသပ်ကြည့်ရသလောက် ကိုယ်ခံပညာကျောင်းကနေ အိမ်အပြန်လမ်းမှာ လျှို့ဝှက်စွာ ရိုက်ယူထားတာ ဖြစ်ရမည်။
လင်းရှန်ကို တစ်စုံတစ်ဦးမှ လုပ်ကြံရန် လျှို့ဝှက်မြွေတွင် စာတင်ထားကြောင်း ကို အဘိုးအိုဝူက အဘယ်ကြောင့် သိရှိခဲ့သနည်း။
သို့သော် သူ့အား စိတ်ရှုပ်ထွေးစေသည့်အရာမှာ ဤအချက်အလက်ကိုရှာဖွေရန် အခကြေးငွေပေးရခြင်းဖြစ်သည်။ အဘိုးအိုဝူမှာ ပိုက်ဆံမရှိလို့ ဒီအချက်အလက်ကို သူဘယ်လိုမြင်နိုင်မလဲ
လျှို့ဝှက်မြွေဆီက မစ်ရှင်များကိုလည်း လက်ခံခဲ့တာလား။
လင်းရှန်သည် မနီးမဝေးတွင်ရှိသော အဘိုးအိုဝူကို တစ်ချက်ကြည့်လိုက်သည်။ သူက ဝိုင်ပုံးထဲမှာ ဝိုင်တွေကို ခဏခဏ မျိုချနေသည်။
“ ထူးဆန်းတဲ့သူပဲ”
လင်းရှန်က သူ့ကိုကြည့်နေတာကို ရပ်လိုက်ပြီး သူ့လက်ထဲက အချက်အလက်တွေကို အာရုံစိုက်လိုက်သည်။
“ကံမကောင်းစွာနဲ့ ဒီအချက်အလက်တွေက ခေတ်မမှီဘူးပဲ”
အကယ်၍ တစ်စုံတစ်ယောက်သည် လင်းရှန်ကို လုပ်ကြံရန် ဤမစ်ရှင်ကို အမှန်တကယ် လက်ခံခဲ့ပါက ချီအသွင်ပြောင်းခြင်း အဆင့်(၇)နဲ့ နေမီးတောက်လက်ဝါး ကျွမ်းကျင်အဆင့်ကို ရင်ဆိုင်ရမည်ကို ဖြသည်။
တစ်ယောက်တည်းမဟုတ်ဘဲ လေးယောက်နဲ့တောင်ရင်ဆိုင်ရမည်။
ဒါတောင် လင်းရှန်က တခြားသူတွေကို ဒီမစ်
ရှင်ကို လက်ခံခွင့်မပေးချေ။
မစ်ရှင်ကိုလက်ခံသူသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူဖြစ်ပါက သူ့အနေနဲ့ ကြီးမားသောဒုက္ခဖြစ်လိမ့်မည်။
လင်းရှန်သည် သူ့ဘဝနှင့်သက်ဆိုင်သော ကိစ္စများအတွင် တခြားကို အခွင့်အရေးပေးမည်မဟုတ်ပေ။
“ဒီမစ်ရှင်ကို လက်ခံမယ်”
အဖျော်ဆရာသည် နောက်ဆုံးတွင် သူ့ဖန်ခွက်ကို သုတ်တာ ရပ်လိုက်ပြီး လင်းရှန်ကို စိုက်ကြည့်လိုက်သည်။
“စပေါ်ငွေ ၃၀,၀၀၀”
လင်းရှန်က သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို ယူချင်ယောင်ဆောင်ခဲ့ပေမယ့် တကယ်တော့ သူသိုလှောင်ကျောက်စိမ်းပြားထဲက ဝိညာဉ်
ဒင်္ဂါး ၃၀,၀၀ကို ထုတ်ပြီး ဘားပေါ်မှာ တင်ထားခဲ့သည်။
အဖျော်ဆရာက ရေတွက်နေချိန်မှာ သူက ပေါ့ပေါ့ပါးပါးနဲ့ မေးဟန်ဆောင်သည်။
“ပစ်မှတ်ပေါ်က မင်းရဲ့အချက်အလက်တွေက တိကျလို့လား”
“အချက်အလက်ကို ဖောက်သည်က ပေးတာပါ။ အမှားအယွင်းရှိရင် လက်ခံသူအတွက် လျော်ကြေးအဖြစ် ဖောက်သည်ရဲ့ စပေါ်ငွေတစ်ဝက်ကို နှုတ်ထားမှာပါ” အဖျော်ဆရာက မော့မကြည့်ဘဲ ပြောလိုက်သည်။
သူပြောမထားတာတစ်ခုရှိသေးသည်။
မစ်ရှင်ကိုလက်ခံသော လုပ်ကြံသတ်ဖြတ်သူသည် မှားယွင်းသောအချက်အလက်များကြောင့် သေဆုံးသွားပါက သူ့စပေါ်ငွေသည် သဘာဝအတိုင်း လျှို့ဝှက်မြွေဟာ ဖြစ်လာမည်ဖြစ်သည်။
လင်းရှန်ကလည်း အဲ့တာကို သိသည်။ သူက အတွင်းထဲမှာ သက်ပြင်းချမိသည်။ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ငွေက အမြဲတမ်း အုပ်ချုပ်နေသည်။
“ပစ်မှတ်ကို သတ်ပြီး ငွေရဖို့ ငါဘာတွေလုပ်ပေးဖို့လိုလဲ”
“ပစ်မှတ်ရဲ့ အလောင်း ဒါမှမဟုတ် ဦးခေါင်းကို ပေးအပ်ပါ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ ဓာတ်ပုံကျောက်တုံးကို အသုံးပြုပေးပါ။ အမှားအယွင်းမရှိဘူးဆိုတာကို ဖောက်သည်နဲ့ စစ်ဆေးပြီးရင် ငါတို့က မင်းကို နေရာမှန်မှာ ဆုကြေးပေးပါမယ်။”
“မစ်ရှင်မှာ ဖောက်သည်သေဆုံးသွားရင်ရောဘယ်လိုလုပ်မလဲ”
“မစ်ရှင်ကို ဖျက်သိမ်းပြီး စပေါ်ငွေကို ပြန်ပေးပါမယ်။ မစ်ရှင်စပေါ်ငွေရဲ့ နောက်ထပ် ၃၀% ကိုလည်း လျော်ကြေးအဖြစ် ပေးဆောင်ပါမယ်”
လင်းရှန်က ခေါင်းညိတ်ပြပြီး အဘိုးအိုဝူနှင့်အတူ ထွက်သွားသည် ။
လမ်းကြားမှ ထွက်လာပြီးနောက် အဘိုးအိုဝူက ရယ်မောလိုက်သည်။
“ဘယ်လိုလဲ၊ ငါမင်းကိုလိမ်ခဲ့တာမဟုတ်ဘူး မလား။ ဒီသတင်းက ဝိညာဉ်ဒင်္ဂါး ၅၀၀တန်တယ်မဟုတ်လား”
လင်းရှန်က အပြုံးမပျက် တစ်ချက်ကြည့်လိုက်သည်။
“ဒါပေမယ့် ပစ္စည်းတွေ နောက်တခါ အလကားယူပြီး ငါ့အကူအညီအတွက် ဘာနဲ့လဲအုံးမှာလဲ”
အဘိုးအိုဝူ၏ အပြုံးသည် အေးခဲသွားသည်။ သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ငါက မကြာသေးခင်ကမှ ပိုက်ဆံပြတ်သွားလို့ပါ။ တကယ်တော့ ငါက ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ။”
လင်းရှန်က ဘာမှ မပြောဘဲ ပြုံးလိုက်သည်။
မှောင်ခိုလမ်းပေါ်ရှိ လူများအဖို့ နိုင်ငံ့သားကောင်းများဆိုတာက အကြီးမားဆုံးသော ပြက်လုံးပင် ဖြစ်သည်။
လင်းရှန်က သူ့ကို မယုံတာကို မြင်တော့ အဘိုးအိုဝူက သက်ပြင်းချပြီး လှည့်ထွက်သွားသည်။ သူ့က အတော်လေး စိတ်ပျက်သွားပုံရသည်။
“ဘာလို့ လူတွေကြားထဲမှာ အခြေခံယုံကြည်မှု လေးတောင် မရှိရတာလဲ…”
သူသည် အမှောင်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လင်းရှန်က ရယ်မိသည်။
အဘိုးအိုဝူကို အရူးဟုခေါ်ခြင်းသည် သူ့ကို လျှော့တွက်ခြင်းပင်။
အနည်းဆုံးတော့ တကယ့်အရူးတစ်ယောက်ဟာ အရိုးပုံဖော်ခြင်းကို မသိသလို သူ့သိချင်စိတ်ကိုလည်း မျိုသိပ်ထားမှာ မဟုတ်ချေ။ ဒီတချိန်လုံး အဘိုးအိုဝူက လင်းရှန်ဘာကြောင့် သူ့ဘာသာ သတ်ဖို့ကို လက်ခံရသလဲ၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားလဲဆိုတာကို ဘယ်တော့မှ မမေးဖူးချေ။
သို့သော်လည်း အဘိုးအိုဝူသည် ထက်မြက်သောလူမဟုတ်ပေ။
ထက်မြက်သောလူသည် တစ်ချိန်လုံး မှောင်ခိုလမ်းပေါ်တွင် ကပ်ပါးရပ်ပါးဖြစ်လာမည်မဟုတ်ပေ။
ခြုံပြောရရင်တော့ သူဟာ အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်
ယောက်ပင်။
သူ့ခေါင်းကို ခါယမ်းရင်း လင်းရှန်သည် အဘိုးအို၏ ကိစ္စကို စိတ်ထဲတွင် ထားလိုက်ပြီး မစ်ရှင်အကြောင်း စဉ်းစားရန် လှည့်လိုက်သည်။
ထုံးစံအတိုင်း သူသည် အခြားလုပ်ကြံသတ်ဖြတ်သူများ လက်မခံဖို့ သူ့ဘာသာလုပ်ကြံမည့် မစ်ရှင်ကို လက်ခံခဲ့သည်။
မစ်ရှင်တစ်ခုကို တစ်စုံတစ်ယောက်က လက်ခံထားသရွေ့ မစ်ရှင်၏ အချိန်ကန့်သတ်ချက် ပြီးဆုံးသည်အထိ အခြားမည်သူမျှ ဝင်
ရောက်စွက်ဖက်ခြင်း မပြုနိုင်ချေ။
အနည်းဆုံး နောက်ထပ် ဆယ်ရက်လောက်ကြာတဲ့အထိ လင်းရှန်ကို အန္တရာယ်ပြုဖို့ သူ့အိမ်တံခါးကို လုပ်ကြံသတ်ဖြတ်သူတွေ ရောက်လာမှာကို စိုးရိမ်စရာ မလိုချေ။
မစ်ရှင်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကတော့…
ရိုးသားစွာ ပြောရလျှင် လင်းရှန်သည် ဤမစ်ရှင်ကို ပြီးမြောက်စေဖို့ ပစ်မှတ်အဖြစ် သူ၏ကိုယ်ပွားကို အသုံးပြုရန် စဉ်းစားခဲ့သည်။
သူသည် “ပစ်မှတ်ကို လုပ်ကြံခြင်း” ဖြစ်စဉ်ကို ဓာတ်ပုံကျောက်တုံးဖြင့် မှတ်တမ်းတင်ပြီး လျှို့ဝှက်မြွေကို လွှဲပြောင်းပေးမည်။ သူသည် မစ်ရှင်ကို ပြီးမြောက်သွားပြီး သူ၏ဆုအဖြစ် ဝိညာဉ်ဒင်္ဂါး ၃၀၀,၀၀၀ကို ရရှိမည်ဖြစ်သည်။
ကိုယ်ပွါး၏ အသွင်အပြင်နှင့် ကျင့်ကြံမှုအဆင့်နှစ်မျိုးလုံးက သူနှင့်တူညီသည်။ လျှို့ဝှက်မြွေက ဘယ်လောက်ပဲ အစွမ်းထက်
နေပါစေ ၊ သူတို့ နှစ်ယောက်ကို မခွဲခြားနိုင်ချေ။
သို့သော် ၎င်းကို သေချာစဉ်းစားပြီးနောက် လင်းရှန်သည် ဤဆွဲဆောင်မှုရှိသော အကြံဉာဏ်ကို ငြင်းပယ်ခဲ့သည်။
မစ်ရှင်ကို တင်သွင်းသည့်အခါ လျှို့ဝှက်မြွေမှလူများက ၎င်းသည် ပစ်မှတ်အစစ်ဟုတ်၊ မဟုတ်ကို မပြောနိုင်ပေ။
သို့သော်လည်း မစ်ရှင်ကို ထုတ်ပေးသူသည် လင်းရှန် အသက်ရှင်နေသေးပြီး အေးဆေးဖြစ်နေတာကိုမြင်ရင် လျှိူ့ဝှက်မြွေကို သူတို့ သေချာပေါက် မေးခွန်းထုတ်ကြလိမ့်မည်ပင်။
ထိုသို့ဖြစ်သောအခါ လျှို့ဝှက်မြွေသည် မစ်
ရှင်ကိုလက်ခံသည့်သူကို ရှာမတွေ့သဖြင့် လင်းရှန်အပေါ် စုံစမ်းစစ်ဆေးမှုကို သေချာစွာ အာရုံစိုက်သွားမည်ဖြစ်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော လုပ်ကြံသတ်ဖြတ်ရေးအေဂျင်စီက စုံစမ်းစစ်ဆေးမှုတွင် ပါဝင်လာသောအခါတွင် သူ၏လျှို့ဝှက်ကိုယ်ပွါးများပါ ဖော်ထုတ်ခံရနိုင်ဖွယ်ရှိသည်။
ဝိညာဉ်ဒင်္ဂါး ၃၀၀,၀၀၀၏ များပြားလှသော ပမာဏသည် အလွန်ဆွဲဆောင်မှုရှိသော်လည်းသူ.ကိုယ်ပွားများ၏ လျှို့ဝှက်ချက်လောက် အရေးမကြီးချေ။
လင်းရှန်သည် မလိုအပ်ဘဲ ဒုက္ခမဖြစ်ချင်ပေ။
သူနဲ့အတူ သူ့ကိုယ်ပွားတွေ ရှိနေသည်။ ဝိညာဉ် ဒင်္ဂါး၃၀၀,၀၀၀ မရှိလျှင်ပင် သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်သည်။ ဒီလို အဓိပ္ပါယ်မဲ့ စွန့်စားတာမျိုး လုပ်စရာမလိုချေ။
ထို့အပြင် သူ့တွင် မိမိသေခြင်းကို အတုလုပ်ခြင်းထက် ပိုမိုကောင်းမွန်သော အဖြေတစ်ခုရှိသည်။
ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ပိုမြန်တဲ့ အဖြေက ဘာလဲ။
အဖြေတစ်ခုပဲရှိပြီး အဲဒါက မစ်ရှင်အပ်တဲ့သူကို ဖယ်ရှားဖို့ပင်။
မစ်ရှင်ကို ထုတ်ပေးသောဖောက်သည်သည် ၁၀ ရက် ကန့်သတ်ချက်အတွင်းသေဆုံးသွားသရွေ့ မစ်ရှင်ကိုသဘာဝအလျောက်ဖျက်သိမ်းလိမ့်မည်ပင်။
ဖောက်သည်နဲ့ပတ်သက်ပြီး…
လင်းရှန်၏ မျက်လုံးများတွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်လာသည်။
များသောအားဖြင့် သူက ကျင့်ကြံနေခဲ့သည်။ အတန်းတက်ပြီး သူ့အချိန်ပိုင်းအလုပ်ချိန်ကလွဲလို့ အချိန်တိုင်းနီးပါး ကျင့်ကြံနေခဲ့သည် ။ သူ့တွင် ရန်သူများရှိဖို့နေနေသာသာ မလိုအပ်သောလူများနှင့် ပင် ဆက်ဆံချေ။
မကြာသေးမီက သူနှင့် ပဋိပက္ခဖြစ်ခဲ့သည့် တစ်ဦးတည်းသောလူမှာ ကျိုးကျစ်ဟိုင်ဖြစ်သည်။
သို့သော်လည်း ကျိုးကျစ်ဟိုင်သည် ဤမျှ သဘောထားသေးသိမ်မည်ဟု လင်းရှန်မမျှော်လင့်ခဲ့ပေ။
သာမာန်ပဋိပက္ခတစ်ခုမျှသာဖြစ်သော်လည်း ကျိုးကျစ်ဟိုင်သည် သူ့ကိုသတ်ရန်အတွက် လူသတ်သမားများကို ငှါးရမ်းခဲ့သည်။
အကယ်၍ အဘိုးအိုဝူဆီက မစ်ရှင်အကြောင်းကို မတော်တဆ မသိခဲ့ပါက သူသည် ကြီးမားသော ဒုက္ခဖြစ်လိမ့်မည် ။
လင်းရှန်က သူ့စိတ်ကို အမြန်မဆုံးဖြတ်မီ မျက်လုံးများက ခဏတာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ကျိုးကျစ်ဟိုင်သည် အလွန်ရက်စက်
ကြမ်းကြုတ်သောကြောင့် လင်းရှန်သည် ထိုပုံစံအတိုင်း ပြန်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။