← Chapters

ပြိုင်ပွဲဖွင့်ပွဲ

Vol. 2 Ch. 29

ပြိုင်ပွဲဖွင့်ပွဲ

Vol. 2 Ch. 29

“လင်းရှန် ဒီမှာ”

ကွင်းထဲသို့ ဝင်သွားသည်နှင့် လင်းရှန်ကိုမလှမ်းမကမ်းမှ ကျန်ဟုန်ရှန်က လက်ပြနှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။

သူတို့ဘေးတွင် ရှုယွမ်နဲ့ချန်ဟွေ့တို့က ရပ်နေကြသည်။

လင်းရှန်ကပြုံးပြီး နှုတ်ဆက်ဖို့ သူတို့ဆီ အမြန်လျှောက်လာခဲ့သည်။

“မင်းတို့ ဒီမှာရောက် နေတာကြာပြီလား”

“ငါတို့ကြာပြီ”

ကျန်ဟုန်ရှန်က ရယ်မောလိုက်သည်။

“ဒီလိုပြိုင်ပွဲကို လူတော်တော်များများကလာကြည့်ကြတယ်လေ။

စောစောသာမလာခဲ့ရင် ငါတို့က နေရာကောင်းကို ရနိုင်မှာ မဟုတ်ဘူး။”

လင်းရှန်သည် ပတ်ပတ်လည်ကို ကြည့်ပြီး ကျန်ဟုန်ရှန်ပြောတာကို သဘောတူလိုက်သည်။

ကျယ်ဝန်းသော အားကစားကွင်းအလယ်မှ နေရာလွတ်ကို ပြိုင်ပွဲကွင်းအဖြစ် အသုံးပြုခဲ့သည်။ ပတ်၀န်းကျင်မှာက လူတွေ ပြည့်ကျပ်နေတာ ကြာပြီပင်။

လူစည်ကားပြီး ဆူညံနေတဲ့ မနက်ခင်းဈေးထက် ပိုအသက်ဝင်သည်။

တတိယနှစ် ကျောင်းသားတွေသာမက ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားတွေလည်း ပွဲကို လာကြည့်ကြသည်။

ကျောင်းသားအများစုသည် သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ရှိနေကြသည်။သေချာတာ သူတို့က လာမယ့်

ပြိုင်ပွဲကို စောင့်မျှော်နေကြတာပင်။

အားကစားကွင်းထောင့်မှာတော့

ဆရာဆယ်ဦးကျော်တို့က ရပ်နေပြီး အချင်းချင်း တီးတိုးလေးပြောနေကြသည်။

ထိုထဲတွင် ခုန်ဟုန်လည်းပါသည်။

လင်းရှန်ကို မြင်သောအခါ ပြုံးပြီး ခေါင်းညိတ်ပြသည်။

လင်းရှန်က သူ့ဘေးနားသို့ ဝင်လာသော ကျန်ဟုန်ရှန်ကြားဖြတ်ပြောနေတဲ့ကြားက

ပြန် ခေါင်းညိတ်ပြလိုက်သည်။

“လင်းရှန် ငါမေးပြီးပြီ”

“မင်းအပါအဝင်၊ ဒီပြိုင်ပွဲမှာ ပါဝင်သူ စုစုပေါင်း (၃၁) ယောက်ရှိတယ်။ သူတို့အားလုံး ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်နဲ့ အထက်မှာရှိတဲ့ ကျောင်းသားတွေချည်းပဲ”

သင်တန်းသားတွေရဲ့ ကျင့်ကြံမှုအဆင့်တွေက ကန့်သတ်ချက်မရှိပေ။ တတိယနှစ်

ကျောင်းသား/သူများ စာရင်းပေးသွင်းနိုင်သည်။

သို့သော် ချီအသွင်ပြောင်းခြင်းစတုတ္ထအဆင့်အောက် ကျောင်းသားများသည် ထိပ်တန်းဆယ်ယောက်သို့ မရောက်နိုင်ပေ။ ပြိုင်ပွဲတွင် ပါဝင်ခြင်းသည် အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လျှောက်ထားသူအားလုံးသည် စတုတ္ထအဆင့် အထက်တန်းစား ကျောင်းသားများဖြစ်သည်။

“သူတို့ငါးယောက်ကိုတော့ မင်း အထူးသတိထားရမယ်။ သူတို့အားလုံးက ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို ရောက်သွားကြပြီ။ သူတို့ထဲက သုံးယောက်က မင်းလိုပဲ နေမီးတောက်လက်ဝါးမှာ ကျွမ်းကျင်အဆင့်ရောက်နေပြီ။ သူတို့က တော်တော်ကို အရည်အချင်းရှိတယ်။ မင်း သူတို့ကို တွေ့ရင် သတိထားရမယ်”

လင်းရှန်စကားမပြောမီ ချန်ဟွေ့က ပြုံးပြီး ပြောသည် ။

“စိတ်မပူပါနဲ့ လင်းရှန်က အရမ်းအစွမ်းထက်တယ်။ သူက ထိပ်တန်းဆယ်

ယောက်ထဲကို သေချာပေါက်ရောက်မှာပါ”

“ထိပ်တန်းဆယ်ယောက်တင်မဟုတ်ဘူး”

ရှုယွမ်က ပြုံးပြီး ဆက်ပြောသည် “ လင်းရှန်ရဲ့ ခွန်အားကို မင်းမမြင်ဖူးသလိုပဲ၊ ထိပ်တန်းလေးယောက်ဝင်ဖို့က သူ့အတွက် ပြဿနာရှိမှာ မဟုတ်ဘူး”

လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးပြသော်လည်း ဘာမှပြန်မပြောချေ။

ထိုအချိန်တွင် လူအုပ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

အသံ၏ဦးတည်ရာသို့ လှမ်းကြည့်လိုက်တော့ အားကစားကွင်းဘေးရှိ လူအုပ်ကြီးသည် ရုတ်တရက် လမ်းခွဲသွားသည်ကို တွေ့လိုက်ရသည်။

လူအုပ်စုတစ်စုသည် ခေါင်းမော့မော့ ရင်ကော့ကော့နဲ့ ထိုလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် လူအုပ်ကြီးရှေ့သို့ တည့်တည့်သွားကြသည်။

ကျန်ဟုန်ရှန်က အော်ပြောလိုက်သည် ။

“သူတို့က ပြိုင်ပွဲကြည့်ဖို့ ဘာလို့ လာတာလဲ။”

ဩဇာကြီးမားသော မိသားစုများမှ တပည့်များ၏ ရုတ်တရက် အသွင်အပြင်သည် လူအများစု၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။

ဦးဆောင်သူ ယန်ရှင်းနှင့် ကျောက်ရွှယ်ရင်တို့သည် ညအခါ၌ ပိုးစုန်းကြူးများကဲ့သို့ပင်။ အထူးသဖြင့် သူတို့သည် လူအများ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

“အဲ့တာက ယန်ရှင်းနဲ့ကျောက်ရွှယ်ရင်ပဲ”

“ဒီလူတွေက ဘာလို့ ဒီကို ရောက်နေတာလဲ၊ သူတို့လည်း ပြိုင်ပွဲမှာ ပါဝင်နေတာလား”

“မဖြစ်နိုင်ဘူး၊ ငါမေးထားတယ်။ ပြိုင်ပွဲဝင်သူတွေထဲမှာ အခန်း(၅)က စုနျန်ကပဲ အာဏာကျဆင်းတဲ့ မိသားစုက ။ သူ့အပြင် သြဇာရှိတဲ့ မိသားစုက တခြားတပည့်တွေ မရှိဘူး”

“ဒါဆိုရင် သူတို့ တိုက်ပွဲကို စောင့်ကြည့်ဖို့ ဒီမှာပဲ ရှိနေတာလား”

“ ဟုတ်လောက်တယ်”

ပတ်ဝန်းကျင်လူအုပ်က စိတ်လှုပ်ရှားစွာ ဆွေးနွေးကြပြီး ဩဇာကြီးမားသော မိသားစုများ၏ တပည့်များကို ထောက်ပြကြသည်။

လင်းရှန်၏အကြည့်သည် ယန်ရှင်းနှင့် ကျောက်ရွှယ်ရင်ဖြတ်သွားပြီး လူအုပ်၏နောက်

ဘက်ရှိ ကျိုးကျစ်ဟိုင်ဆီသို့ ရောက်သွားခဲ့သည်။

ခဏအကြာတော့ ဒီအချိန်မှာ တချက်ကြည့် ဖြစ်သွားကြသည်။

သူတို့မျက်လုံးချင်းဆုံမိသည့်အခိုက်မှာတော့ ကျိုးကျစ်ဟိုင်မျက်လုံးများပေါ်တွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်တောက်ပလာပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့သည် ကျိုးကျစ်ဟိုင်ကို သတိထားမိကြသည်။

ကျိုးကျစ်ဟိုင် တစ်ချက်ကြည့်ပြီး ခေါင်းကို လှည့်လိုက်တာကြောင့် ကျန်ဟုန်ရှန်က မရယ်ဘဲ မနေနိုင်ချေ။

“ဟား။ ကျိုးကျစ်ဟိုင်က လင်းရှန်ကို ကြောက်နေတာ အမှန်ပဲ။ သူ့ကို မကြည့်ဝံ့ဘူး”

“သူက အားနည်းသူကိုပဲ အနိုင်ကျင့်ပြီး သန်မာတဲ့သူကို ကြောက်တဲ့သူပဲ” ရှုယွမ်က ထပ်ပြောသည်။

လင်းရှန်က မငြင်းဘဲ ပြုံးလိုက်သည်။

ကျိုးကျစ်ဟိုင်က သူ့ဒေါသကို ယခု ချုပ်

နှောင်ထားရခြင်းကို သူကိုယ်တိုင်သာ နားလည်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပို၍ကြီးမားသော အမုန်းတရားများ ပေါ်ပေါက်နေပြီဖြစ်သောကြောင့်ပင်။

ထိုအချိန်တွင် လင်းရှန်သည် အခြားအကြည့်များကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့အာရုံနဲ့ လိုက်ကြည့်တော့ ယန်ကျုံးရီကိုမြင်လိုက်သည်

သူသည်လည်း သြဇာကြီးသော မိသားစုများ၏ တပည့်များထဲတွင် ပါဝင်ခဲ့သည်။

လင်းရှန်ကို မြင်တော့ ယန်ကျုံးရီက ပြုံးပြီး ဝှေ့ယမ်းပြလိုက်တာကြောင့် သူ့ဘေးနားက တပည့်များစွာရဲ့ အာရုံကို ဖမ်းစားလိုက်သလို ဖြစ်ပေမဲ့ သူကတော့ လုံးဝ ဂရုမစိုက်ချေ။

လင်းရှန်က ပြုံးပြီး လက်ကို မြှောက်ကာ နှုတ်ဆက်ခဲ့သည်။

နောက်ဆယ်မိနစ်ကြာတော့

ဆရာတစ်ဦးသည် အားကစားကွင်းအလယ်သို့ လျှောက်လာကာ လူတိုင်းကို ငြိမ်သက်ဖို့ အချက်ပြရန် သူ့လက်ကို မြှောက်လိုက်သည်။

“ပြိုင်ပွဲကစတော့မယ်။ ပထမအကျော့ပြိုင်ပွဲကို စမယ်။ နာမည်ခေါ်တဲ့ ကျောင်းသား၊ ကွင်းအလယ်မှာ ရပ်ပေးပါ”

“မှတ်ထားကြ… ပြိုင်ပွဲက နှိုင်းယှဉ်ရုံပဲနော်။ ကန့်သတ်ချက်ထက် မကျော်လွန်စေနဲ့။ ပြိုင်ဘက်တွေကို တမင်တကာ ရက်စက်စွာ ပြုမူပြီး ဒဏ်ရာရအောင် လုပ်တဲ့သူတွေကို ပြိုင်ပွဲမှာ ခွင့်မပြုရုံတင်မဟုတ်ဘဲ ကျောင်းကလည်း ပြင်းထန်စွာ အပြစ်ပေးမှာ”

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျောင်းသားတွေ အားလုံး တိတ်ဆိတ်ငြိမ်

သက်စွာ နားထောင်နေကြတာကြောင့် ဆရာက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ပြိုင်ပွဲစလိုက်ကြရအောင်။ ပထမဆုံးပြိုင်ပွဲက ဟွမ်ဝေ့ချင်းနဲ့ ရှီကျင်းတို့ရဲ့ပွဲ”

ဆရာစကားပြောပြီးတာနဲ့ ကောင်လေးနှစ်ယောက်က လူအုပ်ထဲက ထွက်လာသည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူတို့နှစ်ဦးသည် ကွင်းလယ်

ခေါင်သို့ လျင်မြန်စွာ လျှောက်သွားပြီး ငြိမ်သက်စွာ ရပ်ကာ တစ်ယောက်ကို တစ်ယောက် ပြင်းပြင်းထန်ထန် ကြည့်နေကြသည်။

ဒိုင်လူကြီးက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်နှင့် သူတို့နှစ်ဦးက ချက်ချင်း ပြေးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံခဲ့ရသည်။

“ဟွမ်ဝေ့ချင်းက အတန်း (၄)ကဖြစ်ပြီး ရှီကျန်းက အတန်း(၈)ကပါ။ သူတို့နှစ်

ယောက်လုံးက ချီအသွင်ပြောင်းခြင်း အဆင့်(၄)နဲ့ နေမီးတောက်လက်ဝါး အစပြုသူအဆင့်တွေပဲ။ သူတို့ရဲ့ အားသာချက်တွေက အတူတူပါပဲ” ဟု ကျန်ဟုန်ရှန်က အသံတိုးတိုးဖြင့် ရှင်းပြသည်။

သူပြောသလိုပဲ ဟွမ်ဝေ့ချင်းနဲ့ ရှီကျန်းတို့ရဲ့ အားသာချက်တွေက အတူတူပင်။

သူတို့နှစ်ယောက်က လေးငါးမိနစ်လောက် တိုက်ခိုက်ကြသည်။ အဆုံးတွင် ရှီကျန်းသည် အနည်းငယ် ပိုကောင်းလာပြီး ဟွမ်ဝေ့ချင်းကို လက်ဝါးတစ်ချက်ဖြင့် လွင့်သွားစေသည်။ ဟွမ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အချိန်အကြာကြီး မထနိုင်တော့ပေ။

ဒိုင်လူကြီးက ဟွမ်ဝေ့ချင်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေငြာသည် ။

“ ရှီကျန်းက အောင်နိုင်သူပဲ”

ရှီကျန်းက ဝမ်းသာအားရဖြစ်နေသည် ။ သူသည် ဒိုင်လူကြီးထံမှ စွမ်းအင်ပြန်လည်ရရှိရေးဆေးပြားကိုယူပြီး စင်မြင့်အနီးပတ်ဝန်းကျင်မှ မနာလိုသောအကြည့်များဖြင့် ကြည့်နေသောသူများဘေးမှ ထွက်ခွာသွားခဲ့သည်။

ခဏကြာတော့ ဟွမ်သည် စိတ်ပျက်လက်ပျက်ထကာ အားကစားကွင်းမှ ထွက်ခွာသွားခဲ့သည်။ နောက်ပွဲတွေကိုတောင် မကြည့်ချင်တော့ချေ။

“နောက်တစ်ဝိုင်း စွန်းကျယ်နဲ့ ချီကွမ်းယွမ်”

နောက်ထပ် လူနှစ်ယောက်က လူအုပ်ထဲမှ ထွက်လာပြီး ကွင်းထဲကို ဝင်သွားသည်။

ပါဝင်သူများက စင်မြင့်ထက်သို့ အသီးသီးတက်လာကြပြီး ဆုရရှိသူများကိုလည်း အလှည့်ကျ ကြေငြာခဲ့သည်။ ခန်းမအတွင်း လေထုက တဖြည်းဖြည်း မြင့်တက်လာသည်။

အဆင့်-၅ ကျောင်းသား ပေါ်လာသောအခါ အားကစားကွင်းရှိ လေထုသည် ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်သွားသည်။

သူတို့ရဲ့ အိုင်ဒေါကို မြင်လိုက်ရတဲ့ ပရိတ်သတ်တွေလိုပဲ လူအုပ်ထဲက စိတ်လှုပ်ရှားစွာ အော်သံတွေတောင် ရှိခဲ့သည်။

ပထမတော့ လင်းရှန်က သူ့ပတ်ဝန်းကျင်က လူတွေ ဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေကြတာလဲဆိုတာကို အံ့ဩသွားသည်။ သို့သော် စင်ပေါ်တက်သွားသူ၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် ချက်ချင်းပင် ရိပ်မိသွားသည်။

ကျောင်းသားက ယောက်ျားလေးပင်။ သူက သိအရပ် သိပ်မရှည်ချေ။ အရပ် ၁.၇ မီတာရှိပြီး ပိန်ပိန်ပါးပါးအသားအရေသည် တစ်နှစ်ပတ်လုံး နေရောင်နှင့် မထိတွေ့ရသကဲ့သို့ ဖြူဖျော့နေသည်။

သူ့ရုပ်ရည်ကို ဘယ်လိုဖော်ပြရမလဲ မသိချေ။ ကောင်မလေးတစ်ယောက်နဲ့တောင် လွယ်လွယ်မှားသွားနိုင်သည်။

သူ၏ ယောက်ျား ယူနီဖောင်းကြောင့် မဟုတ်ရင် လင်းရှန်က သူ့ကို ချောမောတဲ့ မိန်းကလေးလို့ ထင်မိမှာ သေချာသည်။

တကယ်တော့ ယောက်ျားလေးတွေ တော်တော်များများကပင် စိတ်လှုပ်ရှားစွာ အော်နေကြသည်။

“သူက ဘယ်သူလဲ?”လင်းရှန်က ကျန်ဟုန်ရှန်ကို မေးကြည့်သည်။

ကျန်ဟုန်ရှန်က ဘာမှ မတွေးဘဲ ပြောလိုက်သည် ။

“သူက စောစောက ပြောခဲ့တဲ့ ကျောင်းသားလေ၊ သင်တန်းသားတွေထဲမှာ အာဏာကျဆင်းနေတဲ့ မိသားစုထဲက တစ်ဦးတည်းသော ကျောင်းသားပဲ။ သူကတော့ အတန်း ၁၂ ကစုနျန်”

“သူ့ရဲ့ နုနယ်တဲ့အသွင်အပြင်ကြောင့်တော့ လျော့မတွက်နဲ့။ သူက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ပဉ္စမအဆင့်ကို တက်လှမ်းနေပြီလို့ ပြောလို့ရတယ်။ သူက နေမီးတောက်လက်ဝါးကို ကျွမ်းကျင်အဆင့်အထိ ရောက်နေပြီ”

“ဒီပြိုင်ပွဲမှာ သူက ပထမနေရာကို ရယူနိုင်ဖို့ အခွင့်အလမ်းအများဆုံးသူပဲ”

All Chapters