← Chapters

အံ့ဩစရာမရှိ

Vol. 2 Ch. 30

အံ့ဩစရာမရှိ

Vol. 2 Ch. 30

ဆုတ်ယုတ်လာသော မိသားစုအများစုသည် မျိုးဆက်ပေါင်းများစွာ ကျဆင်းလာခဲ့သည့် ကျင့်ကြံရေးမိသားစုများဖြစ်သည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်သည် လက်ရှိ ဩဇာညောင်းသော ဆယ့်ရှစ်မိသားစုများထက် များစွာ နိမ့်ကျသည်။

ထို့အတွက်ကြောင့် ကျဆင်းလာသော မိသားစုများမှ ကျောင်းသားများသည် ဩဇာကြီးမားသော မိသားစုများ၏ သားသမီးထက် ယေဘုယျအားဖြင့် အားနည်းကြသည်။

ကျိုးကျစ်ဟိုင်သည် ထိုထဲက တစ်ယောက်ဖြစ်ပြီး စုနျန်လည်း အတူတူပင်။

ချီအသွင်ပြောင်းခြင်း အဆင့်၅တွင် ၎င်းတို့သည် သာမာန်ကျောင်းသားများအကြား ထူးချွန်သော်လည်း သြဇာကြီးမားသောမိသားစုများ၏ တပည့်များဖြစ်သည့် ယန်ရှင်း၊ ကျောက်ရွှယ်ရင်၊ ယန်ကျုံးရီတို့နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အလွန်နိမ့်ကျသည်။

ဒါတောင် စုနျန်ရဲ့ ခွန်အားက ဒီပြိုင်ပွဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပင်။

လူတိုင်း၏သနားစရာကောင်းသောအကြည့်များအောက်တွင် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်ရှိ စုနျန်၏ပြိုင်ဘက်သည် ခါးသီးသောအမူအရာဖြင့် ကွင်းထဲသို့ဝင်ရောက်လာခဲ့သည်။

သူသည် "ကံမကောင်းသောနေ့" နှင့် "ဆိုးသောနေ့" ဟု ရေရွတ်နေပုံရသည်။ ရှင်းရှင်းပြောရရင် သူက စုနျန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သူသိသည်။

ဒါအမှန်တရားပင်။ ကောင်လေးသည် စုနျန်၏ ထိုးချက်ကြောင့် မလွင့်ပျံမှီ မိနစ်ဝက်ခန့်သာ ခံနိုင်ရည်ရှိခဲ့သည်။ စုနျန်သည် နေမီးတောက်လက်ဝါးကိုပင် အသုံးမပြုခဲ့ပေ။

" စုနျန် အနိုင်ရပါတယ်”

စုနျန်သည် စွမ်းအင်ပြန်လည်ဖြည့်တင်းရေး ဆေးကိုယူကာ စကားတစ်ခွန်းမှ မပြောဘဲ ကွင်းထဲမှ ထွက်လာခဲ့သည်။

ပွဲက ဆက်တိုက်ပင်။

ပြိုင်ပွဲသည် စတုတ္ထအဆင့်မှ လူနှစ်ဦးကြား သို့မဟုတ် စတုတ္ထအဆင့် ကျောင်းသားနှင့် ပဉ္စမအဆင့် ကျောင်းသားတစ်ဦးကြားတွင် သာ ယှဉ်ပြိုင်စေကြောင်း လင်းရှန်က နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ပဉ္စမအဆင့် နှစ်ယောက် မတွေ့ကြုံသေးချေ။

သေချာတာက နှစ်ဦးတိုက်ခိုက်မှုသည် လုံးဝကျပန်းမဟုတ်ခဲ့ပေ။

ဆယ့်ငါးကြိမ်မြောက် စင်ပေါ်တက်ကြသည့်တိုင် လင်းရှန်၏ အမည်ကို မခေါ်သေးပေ။

သူကတော့ ပြိုင်ဘက်မရှိ အဆင့်တက်နေသည်။

ပါဝင်သူ ၃၁ ဦးသည် တစ်ဦးချင်း တိုက်ခိုက်ခဲ့သည်။ ထုံးစံအတိုင်း နှုတ်ဆက်ထွက်ခွါရတဲ့လူ ရှိသည်။

"ကံကောင်းလိုက်တာ လူယုတ်မာက “ ကျိုးကျစ်ဟိုင်က ဟစ်အော်လိုက်သည်။

သူပြောပြီးတာနဲ့ ယန်ကျုံးရီက လှည့်ပြီး ပြုံးလိုက်သည်။

" လင်းရှန်က ကံကောင်းတာလားဆိုတာကို မင်းအသိဆုံးနေမှာပါ ။ မင်းက လင်းရှန်ကို ရှုံးခဲ့တယ်လေ”

"မင်း…"

ကျိုးကျစ်ဟိုင်က ချက်ချင်း နီမြန်းသွားသည်။ ယန်ကျုံးရီအား ချေပချင်သော်လည်း ဘာမှ မပြောနိုင်ပေ။ ယန်ကိုသာ စူးစူးစိုက်စိုက်ကြည့်နိုင်ခဲ့သည်။

ယန်ကျုံးရီက မထီမဲ့မြင် ပြုံးပြီး ခေါင်းကို လှည့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။

သြဇာကြီးသော မိသားစုများမှ အနီးနားရှိ တပည့်များသည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြသည်။

မကြာခဏ အတန်းမတက်ကြသော်လည်း ကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကို သူတို့သိသည်။

အနည်းဆုံးတော့ ချီအသွင်ပြောင်းခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်သွားတဲ့ကျောင်းက သာမန်ကျောင်းသားတွေအကြောင်း သူတို့သိသည်။

အဲဒီအထဲမှာ လင်းရှန်လည်း ပါဝင်သည်။

လင်းရှန်၏ ခွန်အားဖြင့် ပထမအချီကို ကျော်ဖြတ်နိုင်မှာ သေချာသည်။

သူ့က အဆင့်အော်တိုတက်တာဆိုရင်တောင် အဲ့လိုကံမျိုးကို ဖြတ်သန်းဖို့ မလိုအပ်ချေ။

ကျိုးကျစ်ဟိုင်၏ စကားများသည် အဓိပ္ပါယ်မရှိပေ။ ထုံးစံအတိုင်း သူ့ကို ဘယ်သူကမှ ပြောဖို့ ဆန္ဒမရှိခဲ့ချေ။

သူ့ပတ်ဝန်းကျင်က လေထုကို အာရုံခံလိုက်

သလိုပဲ ကျိုးကျစ်ဟိုင်က ဒေါသတကြီးနဲ့ ခေါင်းကို လှည့်လိုက်ပြီး တခြားဘာမှ မပြောတော့ပေ။

ဆယ်မိနစ်ခန့် အနားယူပြီးနောက် ပြိုင်ပွဲ ဒုတိယအကျော့ စတင်ခဲ့သည်။

လူရှစ်ဦးကို ဖယ်ထုတ်ခဲ့ပြီး ဤအချီတွင် နှုတ်ဆက်ခြင်းလည်း မရှိခဲ့ပေ။

လင်းရှန်၏ပြိုင်ဘက်သည် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့် ကျောင်းသားဖြစ်သည်။ သူက ပြိုင်ဘက်ကို လွယ်လွယ်ကူကူ အနိုင်ယူပြီး အဆင့်တက်သွားသည်။

တစ်နာရီကျော်အတွင်းမှာပဲ ထိပ်တန်းရှစ်ယောက်ကို ဆုံးဖြတ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း လင်းရှန် အပါအဝင် ချီအသွင်ပြောင်းခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ရောက်ရှိခဲ့သော ကျောင်းသားငါးဦးစလုံး တက်ရောက်ခဲ့ကြသည်။

ကျန်သုံးယောက်သည် ချီအသွင်ပြောင်းခြင်းစတုတ္ထအဆင့်မှ ထူးချွန်ကျောင်းသားများဖြစ်သည်။

ယခုအချိန်တွင် ဆုရရှိရန်နေရာ ဆယ်ခုအနက် ရှစ်ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဒုတိယအကျော့မှာတော့ ဖယ်ထုတ်ခံရသော ပါဝင်သူများထဲမှ ကျန်နေရာနှစ်ခုကို ဆုံးဖြတ်မည်ဖြစ်သည်။

ဒါပေမယ့် အဲဒါက မဖြစ်နိုင်သေးပေ။

နောက်တစ်ခုကတော့ ကွာတားဖိုင်နယ်ပင်

လင်းရှန်နဲ့ စုနျန်၏ပြိုင်ဘက်နှစ်ဦးစလုံးသည် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်မှ ကျောင်းသားများဖြစ်သည်။ သူတို့က လွယ်လွယ်ကူကူ အနိုင်ယူခဲ့ကြသည်။

ကွာတားဖိုင်နယ်၏ နောက်ဆုံးပွဲသည် ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်မှ ကျောင်းသားနှစ်ဦးကြား ပြိုင်ပွဲဖြစ်သည်။

သူတို့နှစ်ဦးသည် တူညီသော ကျင့်ကြံမှုအဆင့်ရှိကြပြီး ၎င်းတို့၏ နေမီးတောက်လက်ဝါးနှစ်ခုစလုံးသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့၏ တိုက်ပွဲသည် အထူးပြင်းထန်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှ လူများက အော်ဟစ်ခဲ့ကြသည်။

အောင်နိုင်သူကို အဆုံးအဖြတ်ပေးသည့်တိုင် အနီးနားရှိ ကျောင်းသားများက အနည်းငယ် မကျေမနပ်ဖြစ်နေကြသည်။

"ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွေက အံ့မခန်းပဲ။ တိုက်ပွဲက အတော်ပြင်းထန်လာပြီ”

"ငါ့သွေးတွေဆူပွက်အောင် လုပ်နေသလိုပဲ”

"ထိပ်တန်းလေးယောက်စလုံးက ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်မှာ ရှိနေတယ်။ ဒါက စိတ်ဝင်စားစရာဖြစ်မှာပဲ”

"မြန်မြန် စလိုက်ပါ။ ငါ မစောင့်နိုင်တော့ဘူး”

ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့သည်လည်း ထူးထူးခြားခြား စိတ်လှုပ်ရှားနေကြသည်။

"လင်းရှန်က ထိပ်ဆုံးလေးယောက်ဝင်မယ်ဆိုတာ ငါသိတယ်”

"သူ့မှာ မူလ ဆေးလုံး ခြောက်ခုရတော့မယ်”

ပြိုင်ပွဲတွင် ဒုတိယမှ စတုတ္ထနေရာအတွက် ဆုများမှာ မူလဆေးလုံးများဖြစ်သည်။

နောက်ကျ လင်းရှန် ရှုံးခဲ့ရင်တောင် သူ ဒီဆုတွေကို ရရှိနိုင်သေးသည်။

ဒီပြိုင်ပွဲအတွက် ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့၏ အကောင်းဆုံးမျှော်လင့်ချက်သို့ ရောက်ရှိလာခဲ့သည်။

လင်းရှန်က ပထမနေရာကို မရဘူးဆိုရင်လည်း ဒုတိယကနေ စတုတ္ထအထိ ဆုတွေက မခြားမနားပင်။

လင်းရှန်သည် ပထမနေရာကိုရရန် မလွယ်ကူခဲ့ပေ။ အခြားသူတွေထက် စုနျန်သည် အလွန်ပြင်းထန်သော ပြိုင်ဘက်တစ်ဦးဖြစ်သည်။

ကျန်ဟုန်ရှန်နဲ့ ရှုယွမ်၏စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် လင်းရှန်သည် အလွန်တည်ငြိမ်နေပုံရသည်။ မသိတဲ့သူတွေက ကျန်နဲ့ရှုတို့က ဆီမီးဖိုင်နယ်ကို တက်သွားတဲ့သူတွေလို့ ထင်ကြလိမ့်မည်။

ကျိုးကျစ်ဟိုင်၏ ဦးတည်ရာကို လှမ်းကြည့်လိုက်တဲ့အခါ လင်းရှန်မျက်လုံးတွေ လင်းလက်သွားသည်။ သူက ရုတ်တရက်လှည့်ကြည့်ပြီး လူအုပ်ထဲက ထွက်သွားသည်။

"လင်းရှန် ဘယ်သွားမလို့လဲ၊ ဆီမီးဖိုင်နယ်ပွဲစတော့မယ်။" ရှုယွမ်က အံ့အားသင့်သွားသည် ။

" အိမ်သာ ခဏ သွားမလို့”

လင်းရှန်သည် နောက်ပြန်လှည့်မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကံကောင်းထောက်မစွာပဲ သူသည်

အချိန်အကြာကြီး ထွက်ခွာမသွားဘဲ နှစ်မိနစ်မပြည့်မီ ကွင်းထဲသို့ ပြန်လာခဲ့သည်။

ယခုအချိန်တွင် ဒိုင်လူကြီးက ပထမပွဲအတွက် နာမည်များကို ကြေညာပြီးဖြစ်သည်။

"စုနျန်၊ ဝမ်ဝေ့ချောင်“

နာမည်ခေါ်သော လူနှစ်ယောက်သည် တစ်ချိန်တည်းတွင် ကွင်းလယ်ခေါင်သို့ တိုးဝင်လာသည်။

အငွေ့အသက်များ တိုးလာပြီး တိုက်ပွဲကို စောင့်ကြည့်နေသည့် ကျောင်းသားများကနောက်ဆက်တွဲမြင်ကွင်းကို လွတ်သွားမည်ကို စိုးရိမ်သဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။

ကွင်းလယ်ခေါင်မှာတော့ ဝမ်ဝေ့ချောင်က စုနျန်ကို မဟာရန်သူနဲ့ ရင်ဆိုင်နေသယောင်

ကြည့်နေသည်။

ပထမနေရာကိုအနိုင်ရဖို့ အခွင့်အလမ်းအများဆုံးရှိတဲ့ ဒီပြိုင်ဘက်ကိုရင်ဆိုင်ရတဲ့အခါ ဝမ်ဝေ့ချောင်က စုနျန်ကို လျှော့တွက်တာမျိုး ဒါမှမဟုတ် ပေါ့ဆတာမျိုး မလုပ်ဝံ့ပေ။

ဒိုင်လူကြီးက အမိန့်ပေးလိုက်တာနဲ့ ဝမ်ဝေ့ချောင်သည် ရုတ်တရက် အော်လိုက်သည်။သူ့သည် ယုန်ကိုလိုက်နေသော ခြင်္သေ့ကဲ့သို့ စုနျန်ဆီသို့ ခုန်လိုက်သည်။

သူ အသာစီးရနိုင်သရွေ့ စုနျန်ကို အနိုင်ယူဖို့ အခွင့်အလမ်းက အနည်းဆုံး ၂၀%တိုးလာနိုင်သည်။

ကံမကောင်းစွာပဲ အစီအစဉ်အတိုင်းဖြစ်မလာပေ။

ဝမ်ဝေ့ချောင် စုနျန်ဆီသို့ရောက်သွားတဲ့အခါ သူ့ကို နှုတ်ဆက်သည့်အရာမှာ အပူလှိုင်းများဖြင့် ထုပ်ပိုးထားသော နီမြန်းသော လက်ဖဝါးကြီးတစ်ခုဖြစ်သည်။

ပုံမှန်အားဖြင့် သေးသွယ်ပြီး လှပသော လက်ဖဝါးသည် ယခုအခါ တောက်လောင်နေသော အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသည် ။ ပတ်ဝန်းကျင်လေထုသည် မီးလောင်နေပုံရပြီး အပူလှိုင်းများသည် ဒီလှိုင်းများကဲ့သို့ ရှေ့သို့ ရွေ့လျားသွားသည်။

ဘုန်း

ဝမ်ဝေ့ချောင်က တုံ့ပြန်ရန် အချိန်မရှိပေ။ တခဏအတွင်းမှာပင် သူသည် လှိမ့်နေသော အပူလှိုင်းဒဏ်ကို ခံရပြီး အော်သံနှင့်အတူ လွင့်ပျံသွားခဲ့သည်။

ပြုတ်ကျလာပြီးနောက် အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။ ပွက်

ပွက်ဆူနေသောရေဖြင့် အပြုတ်ခံရသကဲ့သို့ သူ၏အရေပြားသည် နီရဲနေသည်။

ရှူး

ဒိုင်လူကြီးသည် ဝမ်ဝေ့ချောင်ထံသို့ ပြေးသွားပြီး ဒူးထောက်ကာ ထိုင်ချလိုက်သည်။ ဝမ်ဝေ့ချောင်အား ဆေးလုံးတစ်လုံးကို အမြန်တိုက်ကျွေးခဲ့သည်။

ဆေးအစွမ်း ပျံ့နှံ့လာသည်နှင့်အမျှ ဝမ်ဝေ့ချောင်၏ အရေပြားပေါ်ရှိ အနီကွက်များသည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။

ဒါကိုမြင်တော့ ဒိုင်လူကြီးက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ စုနျန်ကို ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အံ့သြမှုတွေ ပြည့်နှက်နေသည်။

" ချီအသွင်ပြောင်းခြင်း အဆင့်(၆)၊ နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်”

ပတ်ဝန်းကျင်က လူအုပ်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။

နောက်တော့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"တကယ်လား စုနျန်က ချီအသွင်ပြောင်းခြင်းဆဋ္ဌမအဆင့်ကို ရောက်သွားပြီလား”

" နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်လား “

"မယုံနိုင်စရာပဲ”

"ဒါက အံ့ဩစရာပဲ”

အာမေဋိတ်သံတွေ အဆက်မပြတ် ထွက်ပေါ်လာသည်။

အစကတော့ ပြိုင်ဘက်တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်မယ်လို့ သူတို့ထင်ခဲ့သည်။ စုနျန်သည် ချီအသွင်ပြောင်းခြင်းဆဌမအဆင့်သို့ တက်လှမ်းနေပြီဟု မည်သူထင်မည်နည်း။ သူသည် နေမီးတောက်လက်ဝါးတွင် အထူးကျွမ်းကျင်အဆင့်သို့ရောက်ရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။

ဒီလို ခွန်အားတွေနဲ့ဆို သာမာန်ကျောင်းသားတစ်ယောက်က သူ့ပြိုင်ဘက် ဖြစ်လာနိုင်ပါ့မလဲ။

ဒီပြိုင်ပွဲမှာ ဘယ်သူက ပထမနေရာကို ရမလဲဆိုတာ လုံးဝအံ့ဩစရာမရှိတော့ပေ။

All Chapters