ဘယ်လောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု အရှိန်လဲ
Vol. 3 Ch. 32
တုန်လှုပ်စရာပဲ
အားလုံး အံ့အားသင့်သွားသည်။
အားကစားကွင်းရှိ ဆရာများနှင့် ကျောင်းသားများအားလုံးက နေရာတွင် အကြာကြီး အေးခဲသွားကြသည်။
အချိန်အတော်ကြာပြီးနောက် ဒိုင်လူကြီးသည် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူသည် လျူရှောင်မင်အနားသို့ အလျင်အမြန်
ရောက်လာပြီး သူ့ကို ကုသဆေးတစ်လုံး ကျွေးလိုက်သည်။ ထို့နောက် လင်းရှန်း
အား အံ့သဩစွာကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"လင်းရှန်က အောင်နိုင်သူပဲ”
သူပြောပြီးသည်နှင့် အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည်အသိပြန်ဝင်ကုန်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"အို ဘုရားသခင် လင်းရှန်က ချီအသွင်ပြောင်းခြင်းအဆင့် ဆဋ္ဌမအဆင့်ကို ရောက်နေပြီ”
"နေမီးတောက်လက်ဝါးရောပဲ ။ အဲ့တာက နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်ပဲ”
"မယုံနိုင်စရာပဲ၊ လင်းရှန်က မကြာသေးမီကမှ ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်ကို ဖြတ်ကျော်သွားခဲ့တာ မဟုတ်ဘူးလား၊ သူက ဘယ်လို မြန်မြန်ဆန်ဆန် ထပ်ပြီး ဖြတ်ကျော်သွားတာလဲ။ သူဘယ်လိုလုပ်လိုက်တာလဲ"
"ဒါက မယုံနိုင်စရာပဲ”
အာမေဋိတ်သံတွေ ဆက်ထွက်လာသည်။
ကျဆင်းသော မိသားစုမှ ဆင်းသက်လာသည့် စုနျန်နှင့် နှိုင်းယှဉ်ပါက လင်းရှန်၏ ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်အထိ အောင်မြင်မှု နှင့် နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်မှုသည် ရှိနေသူတိုင်းကို သံသယဝင်စရာ ဖြစ်စေခဲ့သည် ။
လင်းရှန်သည် လူမှုဖူလုံရေးဌာနမှလာကြောင်း လူများစွာ သိကြသည်။ သူ့မိသားစုက သာမန်ကျောင်းသားတွေထက်တောင် ပိုဆင်းရဲသည်။ ဒါကိုကြည့်ရုံနဲ့ ရှားပါးသော
ကျင့်ကြံမှု အရင်းအမြစ် ဘယ်လောက်ရှိတာ သိသာသည်။
ဤအခြေအနေမျိုးတွင် သူသည် ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားနိုင်ဆဲဖြစ်သောကြောင့် ၎င်းတို့သည် မည်သို့ မတုန်လှုပ်ဘဲ နေမည်နည်း။
"ဟင် ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျိုးကျစ်ဟိုင်၏ မျက်လုံးများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ကျယ်လာသည်။
လင်းရှန်သည် မကြာသေးမီက ချီအသွင်ပြော င်းခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိလာခဲ့သည်။ သိပ်မကြာခင်မှာပဲ သူက ချီအသွင်ပြောင်းခြင်း ဆဌမအဆင့်ကို ရောက်သွားခဲ့သည်။
ထို့အပြင် သူသည် နေမီးတောက်လက်ဝါးတွင် အထူးကျွမ်းကျင်အဆင့်ကိုပင်ရောက်ရှိခဲ့သည်။
ကျင့်ကြံမှု အရှိန်က ဘယ်လိုတောင်လဲ။
ရုတ်တရက် ကျိုးကျစ်ဟိုင်က တစ်ခုခုကို တွေးနေပုံရပြီး သူ့အမူအရာက အလွန်ရုပ်ဆိုးသွားခဲ့သည်။
" အရမ်းမိုက်တာပဲ..."
ယန်ကျုံးရီက ပြောစရာ မရှိပေ။
သူသည် အအံ့သြဆုံးသူဖြစ်သည်မှာ သေချာသည်။
လွန်ခဲ့သည့်လတွင် သူသည် လင်းရှန်နှင့် နေ့တိုင်းနီးပါး လေ့ကျင့်ခဲ့သည်။
လင်းရှန်သည် အစပိုင်းတွင် အလွန်အားနည်းခဲ့ပြီး ယန်ကျုံးရီ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိအောင် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ခဲ့ရသည်။ ယခု သူသည် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်အထက်တန်းစား ကျောင်းသားတစ်ဦးကို လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။ လင်းရှန်၏ ခွန်အားများ တိုးလာသော အရှိန်ကြောင့် မေးရိုးများပင် အောက်ကျသွားသည်။
" ချီအသွင်ပြောင်းခြင်း အဆင့်(၆) ကျွမ်းကျင်မှု... အဲ့ခွန်အားနဲ့သာဆို ငါက သူ့ပြိုင်ဘက်ဖြစ်ရင်တောင် အနိုင်ရမယ်လို့ အာမမခံနိုင်ဘူး”
ယန်ကျုံးရီ၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ သူ အတော်လေး ရှက်သွားပုံရသည်။
လင်းရှန်၏ခွန်အားများ တိုးလာသည့် အရှိန်ကြောင့် သူက ဘာမှ မကျင့်ကြံလိုက်ရသလို ခံစားလိုက်ရသည်။
သြဇာကြီးသောမိသားစုများမှ အခြားတပည့်များသည် ခံစားချက်များရောနှောကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ဒီလောက်ထိတ်လန့်စရာကောင်းတဲ့ အရည်အချင်းတွေ”
ကျောက်ရွှမ်ရင်က လင်းရှန်ကို ကြည့်ကာ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်လျက်ပင်။
"အရင်တုန်းက ဒီလိုအရည်အချင်းတွေကို ဘာလို့မသိရတာလဲ”
ယန်ရှင်းက မျက်မှောင်ကျုံ့ထားပြီး ဆက်ပြောသည် ။
" လင်းရှန်က သူ့အရည်အချင်းကို မပြခင်မှာ အတွေ့အကြုံတွေ အများကြီး စုဆောင်းထားခဲ့တယ်လို့ ဆရာတစ်ယောက်ပြောတာကို ငါ ကြားမိတယ်။"
"အတွေ့အကြုံတွေ အများကြီး စုဆောင်းထားတာလား”
ကျောက်ရွှမ်ရင်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတော့ သူမ မျက်ခုံးမွှေးကို ဖြေလျှော့ကာ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
အဲဒါက တစ်ခုတည်းသော ရှင်းပြချက်လို့ ထင်ရသည်။
သို့သော် ထိုစကားကို ပြောသူမှာ အံ့အားသင့်နေပြီဖြစ်သည်။ ပါးစပ်
အဟောင်းသားဖြစ်နေပြီး ဘာမှပြန်မပြောနိုင်တာကြာပြီပင်။
ဆရာတစ်ယောက်က ခုန်ဟုန် ပုခုံးကို ထိလိုက်တာကြောင့် အံ့ဩရာမှ အသိဝင်လာသည်။
"မဆိုးပါဘူး ခုန်။ မင်းက ကောင်းကောင်း ဝှက်ထားတာပဲ။ မင်းအတန်းထဲမှာ ဒီလောက် တော်တဲ့ ပါရမီရှင် ရှိမှန်း ငါမသိခဲ့ဘူး”
ခုန်ဟုန်က ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းသည်။ "ငါကိုယ်တိုင်တောင် မသိပါဘူး ။ မင်းသိဖို့ နေနေသာသာ"
လင်းရှန်သည် ဤမျှ တိုးတက်လာသည်ဟု မည်သူမျှ မထင်ခဲ့ပေ။
လင်းရှန်သည် ပြိုင်ပွဲတွင် တောက်ပနိုင်မည်ဟု သူမျှော်လင့်ထားသော်လည်း လင်းရှန်၏ စွမ်းဆောင်မှုသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
သူ့ရဲ့ စွမ်းဆောင်ရည်ကို အံ့မခန်းဟု ပြောတာကပင် လျှော့တွက်ထားသလို ဖြစ်နေသည်။
"ဒါပေမယ့်၊ ဒီကလေးက သူ့ရဲ့ အရောင်အဝါကို ထိန်းထားဖို့ ကျင့်ကြံနည်းကို ဘယ်မှာ သင်ယူခဲ့တာလဲ။ ငါတောင် မရိပ်မိဖူး” ခုန်ဟုန်သည် တိတ်တဆိတ် အံသြသွားသည်။
သို့သော် ဤသံသယကို အံ့ဩမှုဖြင့်လျင်မြန်စွာ အစားထိုးခဲ့သည်။
ဘာပဲဖြစ်ဖြစ် အတန်းထဲမှာ လင်းရှန်လို ပါရမီရှင်တစ်ယောက်ရှိတာက ခုန်ဟုန်အတွက် သေချာပေါက် သတင်းကောင်းပင်။
တခြားဆရာတွေကလည်း ဒီအချက်ကို နားလည်သည်။ခုန်ဟုန်ကို တစ်ယောက်ပြီး တစ်ယောက် ဂုဏ်ပြုကြသည်။ ခုန်ဟုန်သည် ဝမ်းသာလွန်းလို့ ပါးစပ်ကို မပိတ်နိုင်ချေ။
အတန်း (၁၂) ရဲ့ ဆရာကျန်းတောင်ကတော့ နှလုံးသားထဲမှာ မနာလိုစိတ်တွေ တိုးလာတာကြောင့် သူ့နှုတ်ခမ်းတွေကို သပ်လိုက်သည်။
၎င်းတို့တွင် တူညီသောအောင်မြင်မှုများရှိသော်လည်း တစ်ခုမှာ ကျဆင်းနေသော မိသားစုမှဖြစ်ပြီး ကျန်တစ်ခုမှာ လူမှုဖူလုံရေးတက္ကသိုလ်မှဖြစ်သည်။ ဘယ်သူက ပိုထက်မြက်တယ်ဆိုတာ ပြောဖို့ မလိုချေ။
အနီးနားမှ စုနျန်အပေါ် အံ့အားသင့်မှုတွေက ချက်ချင်းလျော့သွားသည်။
ကွင်းထောင့်တစ်ခုတွင် စုနျန်သည် လင်းရှန်ကို ကြည့်လိုက်သည်။ သူ့လက်သီးတွေကို ဆုပ်ကိုင်ထားရုံကလွဲပြီး သူ့မျက်လုံးတွေက ပြင်းထန်တဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်တွေနဲ့ တောက်ပနေသည်။
အားကစားကွင်းတစ်ခုလုံးသည် လင်းရှန်ကြောင့် အံ့ဩရမှုတွေနဲ့ ပြည့်သွားသည်။
သို့သော် လင်းရှန်ကိုယ်တိုင်က တည်ငြိမ်သော အမူအရာ ရှိနေသည်။
ဒိုင်လူကြီးထံမှ စွမ်းအင်ပြန်လည်ရရှိရေးဆေးကိုယူပြီး လင်းရှန်က စင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။
ရှုယွမ်နှင့် ကျန်ဟုန်ရှန်တို့သည် ဘီလူးတစ်ကောင်ကို ကြည့်နေသလိုမျိုး သူ့ကို ကြည့်ကြသည်။
"မင်းဘယ်တုန်းက ဖြတ်ကျော်ခဲ့တာလဲ။ မင်း ငါတို့ကို မပြောဘဲ ထားခဲ့တာပါလား”
"ငါသာ မင်းဆိုရင် ဒီဟာကို ဖြန့်ပစ်မှာ။ မင်း အခုအချိန်အထိ ဘယ်လိုတောင် ထိန်းထားနိုင်လဲဆိုတာ မယုံနိုင်ဘူး ဖြစ်နေတယ်။ နောက်တစ်ကြိမ် သတ္တမအဆင့်ကို ဖြတ်သွားတယ်လို့ပြောရင် ငါ အံ့သြမှာ မဟုတ်တော့ဘူး။"
ရှုယွမ်နှင့် ကျန်ဟုန်ရှန်၏ ထပ်ခါတလဲလဲ မကျေနပ်ချက်များကြောင့် လင်းရှန်အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
ချန်ဟွေ့က ပြုံးပြီး ဘေးကနေ ကြည့်နေသည်။ သုံးယောက်သား ရယ်မောပြီးသောအခါ သူမကပြောသည်။
"ဒီတစ်ခါ လင်းရှန်ကဘပထမနေရာကိုရောက်ဖို့ အခွင့်အရေးရှိတယ်“
ရှုယွမ်နှင့် ကျန်ဟုန်ရှန်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သဘောတူစွာနဲ့ ခေါင်းညိတ်လိုက်ကြသည်။
အခုပဲ လင်းရှန်က ပထမနေရာကိုရဖို့ မျှော်လင့်ချက်မရှိတော့လို့
နောင်တရနေသေးပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းရှန်က သူတို့ကို ထိတ်လန့်စေခဲ့သည်။
လက်ရှိအခြေအနေအရ လင်းရှန်၏ ဝင်ခွင့်စာမေးပွဲနေရာက ကျောက်တုံးလို မြဲမြံပြီးသားဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ စုနျန်ကို အနိုင်ယူပြီး ပထမနေရာကို ရယူနိုင်မလားဆိုတာပင်။
စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် ကျန်ဟုန်ရှန်က " လင်းရှန် မင်းစုနျန်ကိုအနိုင်ယူနိုင်တာ သေချာရဲ့လား" ဟု မေးလိုက်သည်။
လင်းရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "စောင့်ကြည့်ကြတာပေါ့”
ဆယ်မိနစ် အနားယူချိန်သည် မကြာမီ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးပွဲစဉ်သည် စတင်တော့မည်ဖြစ်သည်။
လူတိုင်း၏မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားနေသောအကြည့်များအောက်တွင် လင်းရှန်နှင့် စုနျန်နှစ်ဦးစလုံးသည် ကွင်းလယ်ခေါင်သို့ရောက်လာပြီး မီတာ (၂၀) အကွာမှ မျက်နှာချင်းဆိုင်ရပ်နေကြသည်။
စုနျန်၏ စိတ်ဓာတ်မြင့်မားမှုနှင့် နှိုင်းယှဉ်လျှင် လင်းရှန်သည် ထူးထူးခြားခြား ငြိမ်သက်နေပုံရသည်။
သူ့ပြိုင်ဘက်၏အမူအရာကိုမြင်တော့ စုနျန်က မျက်မှောင်ကြုတ်လိုက်သော်လည်း လျှင်မြန်စွာ စိတ်လျှော့လိုက်သည်။
ပြိုင်ဘက်ရဲ့ စိတ်ဓာတ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ အနိုင်ယူဖို့ အကောင်းဆုံး ကြိုးစားရမည်။
"စလို့ရပြီ”
ဒိုင်လူကြီး၏အမိန့်ကို လိုက်နာပြီး ၎င်းတို့နှစ်ဦးက တစ်ချိန်တည်းနီးပါး တိုက်ခိုက်ခဲ့သည်။
ကျောင်းသားအများစုသည် သူတို့ရှေ့တွင် အလင်းတန်းတစ်ခုသာ မြင်ကြသည်။ လင်းရှန်နဲ့ စုနျန်သည် ကွင်းလယ်တွင် အချင်းချင်း တိုက်မိနေပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
သူတို့နှစ်ဦးသည် တစ်ယောက် လက်ဖဝါးဖြင့် တစ်ယောက် ထိတွေ့ပြီး အချင်းချင်း တိုက်ခိုက်ရန် ခွန်အားကို အသုံးပြုကြသည်။ သူတို့နှစ်ဦးစလုံး လက်ဗလာဖြစ်နေသော်လည်း သူတို့၏အရှိန်အဟုန်မှာ အလေးချိန် ၅၀၀ ကီလိုဂရမ်ကျော်ရှိသော သံချပ်ကာ ကြေးဝါလူသားနှစ်ဦး အချင်းချင်း တိုက်မိသလို ဖြစ်နေပြီး မိုးခြိမ်းသံကဲ့သို့ နားအူစေသော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ပိုထိတ်လန့်စရာကောင်းတာက မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ရဲ့ပတ်ဝန်းကျင်ဟာ နီမြန်းတဲ့အပူလှိုင်းတွေနဲ့ ဖုံးလွှမ်းနေသည်။
အဝေးမှကြည့်ရင် ကွင်း၏အလယ်ဗဟိုတွင် ပန်းကန်လုံးပြောင်းပြန်ပုံစံနဲ့ အနီရောင်မြူတစ်ခုပေါ်လာသည်။
အပူချိန်များ လျင်မြန်စွာ မြင့်တက်လာမှုကြောင့် ပြိုင်ပွဲကျင်းပရာနေရာနှင့် အနီးဆုံး ကျောင်းသားများပါ အားလျော့လာတာကြောင့် တစ်ယောက်ပြီး တစ်ယောက် ပြန်ဆုတ်သွားကြသည်။
"အဲဒါ အရမ်းကောင်းတာပဲ”
"ဒါက နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်ရဲ့ စွမ်းအားပဲလား။"
"ငါသာဆိုရင် တစ်ချက်တည်းနဲ့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
ကျောင်းသားများသည် စကားမပြောနိုင်ကြတဲ့အပြင် အဝေးကိုလည်း အာရုံမလွှဲနိုင်ကြပေ။ သူတို့၏ မျက်လုံးများသည် ကွင်းလယ်ရှိ တိုက်ပွဲကိုသာ စိုက်ကြည့်နေသည်။
သူတို့အမြင်အရတော့ နှစ်ဘက်စလုံးက အညီအမျှပင်။ ဤမျှ ပြင်းထန်သော တိုက်ပွဲဖြစ်ခဲ့သည်။
သို့သော် ဆရာများအပြင် ယန်ရှင်း၊ ကျောက်ရွှမ်ရင်၊ ယန်ကျုံးရီနှင့် သြဇာကြီးမားသော မိသားစုများမှ အခြားတပည့်များသည် မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားကြသည်။
သူတို့ရဲ့ အဆင့်တွေက ပိုမြင့်တာကြောင့် အဖြစ်အပျက်တွေကို ပိုရှင်းရှင်းလင်းလင်း မြင်ရသည်။
မြူအနီရောင်များအတွင်း၌ လင်းရှန်သည် အသာစီးရခဲ့သည်မှာ ထင်ရှားသည်။