← Chapters

ပြိုင်ပွဲတွင် ပထမဆု

Vol. 3 Ch. 33

ပြိုင်ပွဲတွင် ပထမဆု

Vol. 3 Ch. 33

လင်းရှန်၏ စစ်မှန်သော ခွန်အားသည် စုနျန်ထက်သာလွန်သည်။

သူ့၏ စစ်မှန်သော ကျင့်ကြံမှုအဆင့်ဖြစ်သည့် ချီအသွင်ပြောင်းခြင်းသတ္တမအဆင့်ကို မသုံးဘဲ သန့်စင်သော ယန်ခန္ဓာကိုယ်စွမ်းရည်သို့ ပြောင်းထားရင်တောင် စုနျန်ကို နှစ်ချီသုံးချီအတွင်း အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။

ဒါပေမယ့် သူဒီလိုလုပ်ခဲ့မယ်ဆိုရင် သက်ရောက်မှုက အရင်ကထက် အများကြီးပိုကြီးမှာ သေချာသည်။

လင်းရှန်အနေနဲ့ အာရုံစူးစိုက်မှုများစွာကို စွဲဆောင်နေပြီး နောက်ထပ် ရုတ်ရုတ်သဲသဲဖြစ်ရန် မရည်ရွယ်ထားချေ။

ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံမှုကို ဆဋ္ဌမအဆင့်အထိ ဖိနှိပ်ခဲ့ပြီး သူ၏စွမ်းရည်ကို ဇွဲလုံ့လအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ဒါတောင် သူက စုနျန်ကို ပြတ်ပြတ်သားသား နှိပ်ကွပ်နိုင်တုန်းပင်။

ဇွဲလုံ့လသည် ခံနိုင်ရည်အား +၅၀% နှင့် ခံနိုင်ရည်အား ပြန်လည်ဖြည့်တင်းခြင်း +၃၀ % ပေးစွမ်းသော စွမ်းရည် တစ်ခု ဖြစ်သည်။

ဒါက တူညီသော အဆင့်ရှိသည့် လူနှစ်ဦးကြား တိုက်ပွဲ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ စုနျန်၏ ခံနိုင်ရည်သည် တဖြည်းဖြည်း ကုန်သွားသည်။ သူ၏ ခန္ဓာကိုယ် အပူချိန်မှာလည်း အချိန်အကြာကြီး လှိမ့်နေသော အပူလှိုင်းထဲတွင် ရှိနေရတာကြောင့် အလွန်မြင့်မားလာသည်။ သူ့မှာ ချွေးတွေ တဒီးဒီးကျနေသည်။

ဆန့်ကျင်ဘက်မှာတော့ လင်းရှန်သည် စိတ်အားထက်သန်နေသေးသည်။ သူ့ခြေထောက်တွေက တည်ငြိမ်နေပြီး ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် မတွေ့ရချေ။

တိုက်ခိုက်ရင်း စုနျန်က သူ့ဘာသာ သံသယဝင်လာခဲ့သည်။

"ငါတို့နှစ်ယောက်လုံး ချီအသွင်ပြောင်းခြင်း ဆဌမအဆင့်မှာ ရောက်နေပေမယ့် ငါတို့ကြားက ဘာလို့ ဒီလောက်ကွာဟနေတာလဲ?"

တိုက်ပွဲကို စောင့်ကြည့်နေသည့် လူအုပ်ကြီးသည် သဲလွန်စများကို တဖြည်းဖြည်းမြင်ပြီး အံ့သြသွားပုံရသည်။

" လင်းရှန်က အသာစီးရနေပုံရတယ်။ ဟုတ်တယ်မလား?"

"ထင်ရပုံပေါ်တာ မဟုတ်ပါဘူး ။ အဲဒါက သိသာထင်ရှားတယ်။ မင်းလည်း အဲ့လို ပြောနိုင်တယ်မလား”

"အံ့ဩစရာပဲ။ သူက စုနျန်နဲ့ ကျင့်ကြံမှု အဆင့်အတူတူမှာ ရှိနေပေမယ့် ဒီအတိုင်းအတာအထိ ဖိနှိပ်နိုင်ခဲ့တယ်”

"သြဇာရှိတဲ့မိသားစုရဲ့ တပည့်တွေတောင် ဒီလောက်မသန်မာဘူး”

သူတို့ပတ်ဝန်းကျင်မှာ ဆွေးနွေးနေတာကို ကြားတော့ ဩဇာကြီးမားသော မိသားစုတွေ၏ တပည့်တွေ ပါးစပ်က နည်းနည်းလှုပ်သွားပေမယ့် ချေပဖို့ ဘာမှ မပြောနိုင်ကြချေ။

ယန်ရှင်း၊ ကျောက်ရွှမ်ရင်၊ ယန်ကျုံးရီနှင့် အခြားအနည်းငယ်မှလွဲ၍ ကျန်သူများသာ စုနျန်နေရာတွင်ရှိနေပါက ၎င်းတို့သည် ကြာရှည်ခံနိုင်ရည်ရှိဖို့ မသေချာပေ။

လင်းရှန် ခွန်အားသည် သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။

ကျိုးကျစ်ဟိုင်၏မျက်နှာသည် အလွန်နက်

မှောင်နေပြီး ရေများ ယိုထွက်တော့မည်ဟု ထင်ရသည်။

လင်းရှန်၏ အင်အားကို လျှော့တွက်ထားကြောင်း သူသဘောပေါက်ခဲ့သည်။

ဤနည်းအားဖြင့် ထိုလူများက အတွေးကို တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်လိုက်ရသည်။

အားလုံးက တအံ့တသြအော်နေကြချိန်မှာတော့ ပြိုင်ပွဲက ပြီးဆုံးသွားခဲ့သည်။

လင်းရှန်သည် တိုက်ပွဲတွင် ပိုမိုပြင်းထန်လာကာ နောက်ဆုံးတွင် စုနျန်က ခံနိုင်တော့ပေ။

လင်းရှန်း၏ လက်ဖဝါးဖြင့် ထိလုနီးပါးဖြစ်ပြီးနောက် ရှုံးနိမ့်မှုကို ဝန်ခံရန် ရွေးချယ်ခဲ့သည်။

"မင်းက တော်ပါတယ်”

စုနျန်က အသက်ပြင်းပြင်းရှူပြီး လင်းရှန်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ငါ မင်းနဲ့ နောက်တစ်ကြိမ် တိုက်ခွင့်ရှိမယ်လို့ မျှော်လင့်ပါတယ်”

"ဒါက ဂိမ်းကောင်းတစ်ခုပါပဲ”

လင်းရှန်က ရယ်မောလိုက်သည်။ စုနျန်ပုံပန်းသဏ္ဍာန်အရ သူက ဘယ်လောက် တိုက်ခိုက်လိုစိတ်ပြင်းနေသည်ကို မည်သူမျှမသိနိုင်ပေ။

ပြိုင်ပွဲပြီးဆုံးသောအခါတွင် လူအုပ်ကြီးမှ ဆူညံစွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အကြည့်များသည် လင်းရှနအပေါ်သို့ ရောက်ရှိလာပြီး အံ့သြမှု၊ စူးစမ်းမှု၊ သဘောကျမှု၊ ငြူစူမှုနှင့် အခြားသော စိတ်ခံစားမှု အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသည်။

ပြိုင်ပွဲမစတင်မီတွင် လင်းရှန်အနိုင်ရမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

လင်းရှန်သည် သူ၏ အစွမ်းထက်သော အစွမ်းသတ္တိကို ပြသပြီးနောက် စုနျန်ကို ဆက်လက် နှိမ်နင်းနိုင်မည်ဟုလည်း ၎င်းတို့ မမျှော်လင့်ခဲ့ပေ။

ဒီနေ့ လင်းရှန်ရဲ့ တိုက်ခိုက်မှုက တကယ်ကို အံ့မခန်းပင်။

မိုက်လိုက်တာ။

တကယ့်ကို ပါရမီရှင်ပဲ

ချက်ချင်းပင် လင်းရှန်သည် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သည်။

ဖိုင်နယ်ပွဲအပြီးတွင် နဝမ နှင့် ဒဿမနေရာများကို ဆုံးဖြတ်ပြီးသည်အထိ ပြိုင်ပွဲအများအပြားကျင်းပခဲ့သည်။ ဆုပေးပွဲ အခမ်းအနားကိုကျင့်ပပြီး ပြိုင်ပွဲ တရားဝင် ပြီးဆုံးသွားခဲ့သည်။

ဌာနမှူးထံမှ မူလဆေးပြားများပါရှိသော ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး

လင်းရှန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။

မူလဆေးပုလင်းနှင့် မှောင်ခိုလမ်းမှဝယ်လာသောအဆီအရည်ကြောင့် သူသည်

ချီအသွင်ပြောင်းခြင်း နဝမအဆင့်သို့ဖြတ်ကျော်ရန် ကြာမြင့်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။

"စာမေးပွဲက တစ်လလောက်ပဲ လိုတော့တာ။ မင်းရဲ့စွမ်းဆောင်ရည်ကို ငါစောင့်မျှော်နေပါတယ်"

ဌာနမှူးက လင်းရှန်နဲ့စုနျန်ကို ညင်သာစွာ ပြုံးပြသည်။

နှစ်ယောက်လုံး နှုတ်ခမ်းလေးတွေ သပ်ပြီး ခေါင်းညိတ်လိုက်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ခုန်ဟုန်သည် မပြန်ခင် လင်းရှန်ကို အားပေးစကားအနည်းငယ်ပြောခဲ့သည်။

ခုန်ဟုန်သည် ပိုးကောင်တစ်ကောင်ကို လိပ်ပြာအဖြစ်သို့ မပြောင်းလဲနိုင်တော့သော်လည်း သူ့အတန်းထဲတွင် ပါရမီရှင် ကျောင်းသားတစ်ယောက်ရှိသည့်အတွက် သူ အလွန်ပျော်နေသေးသည်။

ခုန်ဟုန်ထွက်သွားပြီး သိပ်မကြာခင်မှာပဲယန်ကျုံးရီရောက်လာသည်။

"ဟျောင့် မင်းက ကောင်းကောင်း ဝှက်ထားတာပဲ။ မင်းဖြတ်ကျော်သွား တာကို ငါတောင် သတိမထားမိဘူး။ ဒီနေ့ မင်းက လူတိုင်းကို တုန်လှုပ်သွားအောင် လုပ်ပြီးပြီ”

ယန်ကျုံးရီက ပြုံးပြီး လင်းရှန် ရင်ဘတ်ကို လက်ဖြင့် ထိုးလိုက်ကာ သူ့အမူအရာက အရင်ကထက် ပိုရင်းနှီးလာခဲ့သည်။

လင်းရှန်က မငြင်းဘဲ ပြုံးလိုက်သည်။ဒါက ယုံကြည်ဖို့ခက်သည်။

ယန်ကျုံးရီသည် ချဉ်းကပ်ရလွယ်ပုံရသော်လည်း ၎င်းသည် သူ့စရိုက်နဲ့သူပင်။

စိတ်ထဲမှာတော့ ယန်ကျုံးရီက သူ့ကို တန်းတူရည်တူ ဆက်ဆံတာ မဟုတ်ချေ။

ယန်ကျုံးရီသည် ကြောင်သူတော် သို့မဟုတ် ဟန်ဆောင်သည်ဟု မဆိုလိုချေ။ သူ့အမူအရာက သူကြီးပြင်းလာတဲ့ ပုံစံလိုပင်။

ဥပမာအားဖြင့် လုပ်ငန်းရှင်ကြီးတစ်ဦးသည် သာမန်လူတစ်ဦးအပေါ် နှိမ့်ချပြီး ယဉ်ကျေးစွာဆက်ဆံတတ်သော်လည်း သူ၏စိတ်နှလုံးထဲတွင်မူ သူနှင့်တူညီသောအဆင့်အတန်းတစ်ခုအဖြစ် မဆက်ဆံနိုင်ပေ။

ဒါဟာ နှိမ့်ချမှု တစ်မျိုးပင်။ ကျင့်ကြံခြင်း သို့မဟုတ် ယဉ်ကျေးသိမ်မွေ့ခြင်းကို ဆိုလိုသော်လည်း လေးစားမှု လုံးဝမဖြစ်ပေ။

အခုက အရင်က ပုံစံနဲ့မတူပေ။

လက်ရှိမှာ သူက လင်းရှန်ကို တန်ဖိုးထားသည်။

ပြိုင်ပွဲတွင် သူပြသခဲ့သည့် အရည်အချင်းနှင့် ခွန်အားကို ယန်ကျုံးရီက အသိအမှတ်ပြုခဲ့သည်။

ထို့ကြောင့် ယန်ကျုံးရီသည် သူ့ကို တန်းတူရည်တူ ဆက်ဆံခဲ့သည်။

လင်းရှန်က စောဒကတက်စရာလိုသည်ဟု မခံစားမိချေ။

သန်မာသူများသာလျှင် အခြားသူများ၏ လေးစား အသိအမှတ်ပြုခြင်းကို ခံရနိုင်သည်။ ဒါဟာ အလွန်လက်တွေ့ကျပေမယ့် ငြင်းလို့မရတဲ့ နိယာမတစ်ခုပင်။

လင်းရှန်း၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။ ယန်ကျုံးရီအနားက စုနျန်ကိုကြည့်ပြီး အံ့သြစွာပြောသည် ။

"မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလား?"

"အဲဒါထက် ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပိုသိတယ်”

ယန်ကျုံးရီသည် စုနျန်၏ ပခုံးကို ချစ်ခင်စွာ ဖက်ထားသည်။

စုနျန်သည် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် သူ့လက်ကို ဖယ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။

" ငါ့ကိုမထိနဲ့။ တစ်ယောက်ယောက်က မသိရင် မင်းရဲ့လိင်စိတ်တိမ်းညွှတ်မှုကို သံသယဖြစ်လိမ့်မယ်”

"ဘာ”

ယန်ကျုံးရီက စုနျန်ကို ချက်ချင်း လက်ခလယ်ထောင်ပြလိုက်သည်။

" ငါရဲ့ လိင်စိတ်တိမ်းညွှတ်မှုက အသိသာကြီး။ ငါက ကြောင်မိန်းကလေးတွေကို အကြိုက်ဆုံးဆိုတာ လူတိုင်းသိပါတယ်။ မင်းကသာ ကျောင်းမှာ ယောက်ျားလေးပရိသတ်တွေ အများကြီးရှိတယ်ဆိုတာ ငါကြားတယ်။"

သူတို့နှစ်ယောက် တိုက်ခိုက်နေကြတာကို ကြည့်လိုက်တော့ လင်းရှန်က ခေါင်းခါပြီး ရယ်နေသည်။

သူတို့နှစ်ယောက်က ကောင်းတဲ့ဆက်ဆံရေးရှိတယ်လို့ ပြောလို့ရသည်။

"စကားမစပ် လင်းရှန် ဒီည နင်အားလား။ အားရင် ညစာ ဝယ်ကျွေး၊ မင်း ပြိုင်ပွဲမှာ အနိုင်ရသူ ဖြစ်လာတာကို ဂုဏ်ပြုရအောင်" ယန်ကျုံးရီက ပြုံးပြသည်။

စုနျန်က လင်းရှန်ကို ကြည့်လိုက်သည် ။

သူ့ကိုယ်ပိုင်အခြေအနေကြောင့် မိသားစုနောက်ခံနိမ့်ကျသော်လည်း လက်ရှိအောင်မြင်မှုများရရှိဖို့ သူ၏ဇွဲလုံ့လနှင့် အားကိုးခဲ့သော လင်းရှန်ကို ကောင်းကောင်းအထင်ကြီးကြသည်။

လင်းရှန်သည် အကြာကြီး တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ သဘောတူလိုက်သည်။

သူ့မှာ ယန်ကျန်းရီကို မေးစရာရှိနေသည်။

စုနျန်နဲ့ ယန်ကျုံးရီ မထွက်ခွါခင် သူက ရှုယွမ်နဲ့ ကျန်ဟုန်ရှန်ဘက်လှည့်ပြီး စကားအနည်းငယ်ပြောခဲ့သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အနီးနားက ကျောင်းသားတော်တော်များများ စိတ်ပျက်သွားကြသည်။

သူတို့က လင်းရှန်နဲ့ ရင်းနှီးချင်ပေမယ့် အဲဒါကို မလုပ်ဆောင်ခင်မှာ ယန်ကျုံးရီနဲ့ စုနျန်က သူတို့ထက် ဦးသွားသည်။

လူအုပ်ထဲတွင် ကျိုးကျစ်ဟိုင်သည် အလွန်ရုပ်ဆိုးသော အမူအရာဖြင့် အနောက်မှ လင်းရှန်ကို ကြည့်နေသည်။

" မင်းက ပြိုင်ပွဲမှာ ပထမရတော့ရော ဘာဖြစ်လဲ။ အခုတော့ မင်းကို ဘဝင်ရူးခွင့်ပေးထားဦးမယ်။ ရက်အနည်းငယ်ကြာရင် မင်း စာမေးပွဲမှာ မပါဝင်နိုင်တော့ပါဘူး”

ကျိုးကျစ်ဟိုင်သည် အော်ဟစ်ပြီး အားကစားကွင်းမှ ထွက်ခွာသွားခဲ့သည်။

ကျောင်းကနေ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အသွင်အပြင်တစ်ခုက ရုတ်တရက် သူ့လမ်းကြောင်းကို ပိတ်ဆို့သွားသည်။

ကျိုးကျစ်ဟိုင်က မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။ လမ်းကို ပိတ်ဆို့နေသူမှာ အရပ်အမောင်း အလယ်အလတ်ရှိသော သာမန်လူတစ်ယောက်ဖြစ်သည်။

သူစိတ်ညစ်သွားသည်။ ဒါကိုမြင်တော့ မတွေးဘဲ ကျိန်ဆဲမိသည်။

"ထွက်သွား”

ထိုသူက စိတ်မဆိုးချေ။ သူက ကျိုးကျစ်ဟိုင်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းပေးထားတဲ့ အချက်အလက်က တော်တော်မှားနေပြီ”

ကျိုးကျစ်ဟိုင်၏ မျက်လုံးသည် ကျုံ့သွားကြသည်။ " လျှို့ဝှက်မြွေ ပို့လိုက်တာ..."

သူ့စကား တစ်ဝက်တစ်ပျက်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်က လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ တိုးတိုးလေးပြောရင်း သူ့အမူအရာက ပြောင်းလဲသွားသည်။

"ငါတို့ဒီမှာစကားပြောလို့မရဘူး။ ငါနဲ့လိုက်ခဲ့”

ထို့နောက် သူသည် မဝေးသော လမ်းကြားတစ်ခုဆီသို့ လျှောက်လာသည်။

ထိုလူက မျက်မှောင်ကျုံ့လိုက်ပြီး ကျိုးကျစ်ဟိုင်နောက်ကို စကားတစ်ခွန်းမှ မပြောဘဲ လိုက်သွားခဲ့သည်။

All Chapters