← Chapters

ကိုယ်ပွါးကို အပြစ်တင်ပါ။ ငါမဟုတ်ဘူး။

Vol. 3 Ch. 34

ကိုယ်ပွါးကို အပြစ်တင်ပါ။ ငါမဟုတ်ဘူး။

Vol. 3 Ch. 34

သူတို့နှစ်ယောက်သည် အမှောင်လမ်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြသည်။

လူစုလူဝေးနဲ့ ဝေးကွာပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေမှသာ ကျိုးကျစ်ဟိုင်ကလှည့်ပြီး ပြောသည်။

" ငါ အချက်အလက် အမှားတွေပေးတာ မဟုတ်ပါဘူး။ လင်းရှန်ရဲ့ ခွန်အားက မြန်မြန်ဆန်ဆန် တိုးလာနိုင်မယ်လို့ ဘယ်သူက ထင်မှာတုန်း... မစ်ရှင်ကို လက်ခံတဲ့သူရှိလား။"

မမျှော်လင့်ဘဲ ကျိုးကျစ်ဟိုင်၏မေးခွန်းကိုကြားသောအခါ ထိုလူ၏မျက်နှာတွင် မချိုအပြုံးတစ်ခုပေါ်လာသည်။

"တကယ်က မင်းပဲ။"

"ဘာကိုဆိုလိုတာလဲ”

ကျိုးကျစ်ဟိုင်သည် ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူဘာတွေဖြစ်နေလဲဆိုတာကို ချက်ချင်းသဘောပေါက်သွားပြီး သူ့ရဲ့အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

"မင်းက လျှို့ဝှက်မြွေက မဟုတ်ဘူး”

ကျိုးကျစ်ဟိုင်သည် ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။ မတွေးဘဲ အမြန်နောက်ဆုတ်လိုက်သည် ။

ကံမကောင်းစွာပဲ နောက်ကျသွားသည်။

အနီရောင်အလင်းတန်းသည် ရုတ်တရက် လင်းထိန်သွား၏။ တောက်ပနေတဲ့ နေရောင်က တိမ်တွေကိုဖြတ်လာပြီး လမ်းကြားထဲက အမှောင်ထုကို ချက်ချင်း ဖြိုခွဲပစ်လိုက်သလိုပင်။

ဒါကိုမြင်တော့ ကျိုးကျစ်ဟိုင်က ထိတ်လန့်စွာနဲ့ မျက်လုံးပြူးပြီး အော်လိုက်သည်။

"နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေပြီ”

သူပြောပြီးသည်နှင့် တပြိုင်နက် တောက်လောင်နေသော အပူလှိုင်းတစ်ခုသည် ဒီလှိုင်းကြီးတစ်ခုကဲ့သို့ လွင့်ပျံလာပြီး သူ့ကို ထိတ်လန့်စွာ နစ်မြှပ်သွားစေသည်။

ဘုန်း

ကျိုးကျစ်ဟိုင်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်သွားခဲ့သည်။

သူသည် လေထဲ၌ ရှိနေဆဲဖြစ်ပြီး ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သွေးများသည် အလွန်ပူပြင်းပြီး မြေပြင်ပေါ်သို့ မကျရောက်မီတွင် သွေးတိမ်တိုက်ကြီးတစ်ခုအဖြစ်သို့ အငွေ့ပျံသွားသည်။

ဘုန်း

ကျိုးကျစ်ဟိုင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားပုံရပြီး ခြေလက်တွေ တုန်ယင်နေတာ မရပ်

တော့ချေ။

မှိန်ဖျော့ဖျော့အရောင်အောက်တွင် သူ့ရင်ဘတ်ပေါ်ရှိ လက်ဖဝါးအနီကို မြင်လိုက်ရသည်။ သူ့အရေပြားပေါ်တွင် အရည်ကြည်ဖုကြီးများပေါ်လာပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် သွေးနီရောင်အဖြစ်သို့ အရည်ပျော်သွားသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ခြောက်သွားကာ မီးလောင်ထားသော သားရေနှင့်တူသွားသည်။

သန့်စင်သော ယန်ခန္ဓာကိုယ်နှင့် နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်း အဆင့်စွမ်းအားသည် အလွန်အစွမ်းထက်သည်။ ကျိုးကျစ်ဟိုင်သည် ဤထိုးနှက်ချက်ကို ခံလိုက်ရပြီး သူ၏ ရင်ဘတ်ကဲ့သို့ အရေးကြီးသော နေရာကို ထိမှန်သွားသည်။ သူ၏ အတွင်းအင်္ဂါများ ပြုတ်ကျလုမတတ် ဖြစ်နေသည်။ သူက ပြင်းပြင်းထန်ထန် မောဟိုက်လာရင်း သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အဖြူရောင် မီးခိုးတွေကို ရှူထုတ်လိုက်သည်။ သူကြာကြာ အသက်မရှင်နိုင်တော့တာ သေချာသည်။

ကျိုးကျစ်ဟိုင်၏ မျက်နှာသည် နာကျင်စွာနဲ့ ဖျော့တော့သွားသည်။ သူ့ရှေ့ကလူကို စိုက်ကြည့်ရင်း သူ့လည်ပင်းက နီရဲနေတဲ့ သွေးပြန်ကြောတွေ ထလာသည်။

သူသည် စိတ်ပျက်အားငယ်မှု၊ ထိတ်လန့်မှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ဒီလူက ဘယ်သူလဲ၊ ဘာကြောင့် တိုက်ခိုက်ခံရတာလဲဆိုတာ သူ မသိနိုင်ချေ။

ကံမကောင်းစွာပဲ သူ့မှာ ဒီမေးခွန်းရဲ့အဖြေကို သိခွင့်မရှိတော့ချေ။

ကျိုးကျစ်ဟိုင်သည် သူ၏ အသက်စွမ်းအား လျင်မြန်စွာ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။

ထာဝရအမှောင်ထဲသို့ မကျရောက်မီ သူ၏အမြင်အာရုံထဲတွင် ကျန်ရစ်ခဲ့သော မြင်ကွင်းမှာ ထိုလူသည် ကျောက်တုံးနှင့်ထိမှန်သော ရေကန်အတွင်း ရောင်ပြန်ဟပ်မှုတစ်ခုကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တာပင် ဖြစ်သည်။

မီတာ ၂၀၀ ကျော်အကွာ ကျောင်းအဝင်ဝတွင်

ယန်ကျုံးရီက လင်းရှန်နဲ့ စုနျန်တို့ကို ကားထဲသို့ ခေါ်သွားစဉ်တွင် အဝေးရှိ လူအုပ်ကြား၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။

လူများစွာက ကျယ်လောင်စွာ အော်ဟစ်ကြပြီး "သေပြီ" ပြီးတော့ "မိုးမခကျောင်း” ဟူသော စကားလုံးများကို ယောင်ဝါးဝါး ကြားနေရသည်။

ကျောင်းမှ ကျောင်းသားအချို့သည် ထိတ်လန့်သောအမူအရာများဖြင့် ပြန်ပြေးလာပြီး ကျောင်း၏ အဝင်ပေါက်ဆီသို့ ပြေးသွားကြသည်။ သူတို့ ဆရာကို အကြောင်းကြားချင်ပုံရသည်။

ယန်ကျုံးရီက သူတို့ထဲက တစ်ယောက်ကိုလှမ်းမေးဖို့ တားလိုက်သည်။

"ဘာဖြစ်တာလဲ?"

ကျောင်းသားက ယန်ကျုံးရီကို သိသည်။ မေးတဲ့သူကိုကြည့်ပြီး မေးခွန်းကို ဖြေရမည်ပင်။

"ရှေ့လမ်းကြားမှာ တစ်ယောက်ယောက်သေသွားတယ်”

"ဘယ်သူလဲ။ ငါတို့ ကျောင်းထဲက တစ်ယောက်ယောက်လား။"

"ဟုတ်တယ် ကျိုးကျစ်ဟိုင်”

ယန်ကျုံးရီ အံ့သြသွားသည်။

ထိုအခိုက်အတန့်တွင် အနောက်ဘက်မှ အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လျှပ်စီးလက်သော အရှိန်ဖြင့် ဖြတ်သွားသော လူအချို့သည် လမ်းကြားဆီသို့ ပြေးသွားကြသည်။

သူတို့သည် သတင်းကြားပြီးနောက် အမြန်ပြေးလာသော ဆရာများဖြစ်သည်။

ဒါကိုမြင်တော့ ယန်ကျုံးရီက ချက်ချင်းပင် သူတို့နောက်ကို လိုက်သွားသည်။

"သွားကြည့်ရအောင်”

လင်းရှန်နဲ့ စုနျန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ယန်ကျုံးရီနောက်သို့ ချက်ချင်း လိုက်ကြသည်။

သူတို့သုံးယောက် လမ်းအဝင်ဝကို ရောက်တဲ့အခါမှာတော့ လူတွေက ဝိုင်းနေပြီပင်။

" ကျိုးကျစ်ဟိုင် သေသွားပြီလို့ ငါကြားတယ်“

"ဟုတ်တယ်။ အခုပဲကြည့်လိုက်တော့ သနားစရာကောင်းလောက်အောင် သေဆုံးသွားတာ။ သူ့တစ်ကိုယ်လုံးက သွေးတွေရဲနေပြီး ပုဇွန်ပြုတ်လိုပဲ”

"ဘာလို့ နေမီးတောက်လက်ဝါးရဲ့ လက္ခဏာနဲ့ တူနေတာလဲ”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။

ကျိုးကျစ်ဟိုင်သည် မိုးမခကျောင်းမှကျောင်းသားတစ်ဦးဖြစ်သော်လည်း ၎င်းအနီးအနားတွင် သေဆုံးသွားခဲ့သည်။ ထုံးစံအတိုင်း လူများစွာသည် ဆူပူအုံကြွမှုကို ကြည့်ရှုဖို့ ရပ်နေကြသည်။

တစ်ချို့က သူ့ကို သနားကြသည်။ တစ်ချို့က ကြောက်ကြသည်။ တစ်ချို့က ရင်တုန်ကြသည်။

ကျိုးကျစ်ဟိုင်သည် သြဇာကြီးသော မိသားစု၏ တပည့်တစ်ဦးဖြစ်သောကြောင့် ကျောင်းကို မကြာခဏ ဖိနှိပ်ခဲ့သည်။ ယခု သူသည် လမ်းကြားထဲတွင် ကြေကွဲဖွယ် ကွယ်လွန်သွားသဖြင့် ထိုသို့ အနိုင်ကျင့်သောသူများနဲ့သာ ထိုက်တန်သည်ဟု ခံစားရပေလိမ့်မည်။

ယန်ကျုံးရီက လမ်းကို ဦးဆောင်နေသဖြင့် ဆယ်ကျော်သက် သုံးယောက်သည် လူအုပ်ကြီးရှေ့သို့ အောင်မြင်စွာ တိုးဝင်လာနိုင်ခဲ့သည်။

အမှောင်လမ်းကြားတွင် ဆရာသုံးဦးသည် လေးနက်သောအမူအရာဖြင့် အလောင်းများကို စစ်ဆေးနေကြသည်။

ခေါင်းဆောင်မှာ ခုန်ဟုန်ဖြစ်သည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ လက်ဖဝါးလဲ”

ခုန်ဟုန်သည် အလောင်း၏ရင်ဘတ်ပေါ်ရှိ မီးလောင်နေသော လက်ဖဝါးပုံကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

"တောက်လောင်တဲ့စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားတာ။ သူ့အတွင်းအင်္ဂါတွေက ကျက်ခါနီးဖြစ်နေပြီ၊ ပြီးတော့

သူ့သွေးတစ်ဝက်ကျော်လည်း အငွေ့ပျံသွားခဲ့တယ်။ ပြစ်မှုကျူးလွန်သူက နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီဆိုတာ ဖြစ်နိုင်တယ်”

ဒါကိုကြားတော့ သူ့ဘေးနားက ဆရာနှစ်ယောက်က ချက်ချင်း အသက်ပြင်းပြင်းရှူလိုက်ကြပြီး မျက်နှာတွေက ထိတ်လန့်သွားကြသည်။

နေမီးတောက်လက်ဝါး ပြီးပြည့်စုံမှု။

မိုးမခသင်တန်းကျောင်းတစ်ခုလုံးရှိ ဆရာလက်တစ်ဆုပ်စာမျှသာ ဤအဆင့်သို့ ရောက်ရှိနိုင်သည် ။

ဥပမာအားဖြင့် သူတို့သုံးဦးသည် နေမီးတောက်လက်ဝါးတွင် အထူးကျွမ်းကျင်အဆင့်သို့သာ ရောက်ရှိခဲ့သည်။

"အဲဒီအခြေအနေမှာ ပြစ်မှုကျူးလွန်သူက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်က ဖြစ်နိုင်တယ်”

"ဒါက ဖြစ်နိုင်ချေ အရမ်းများတယ်။ အဲဒါမဟုတ်ရင်တောင် အနည်းဆုံး ချီအသွင်

ပြောင်းခြင်း နောက်ပိုင်းအဆင့်မှာ ရှိလောက်တယ်”

ခုန်ဟုန်၏အမူအရာသည် ပုံမှန်မဟုတ်သော လေးနက်မှုရှိသည်။

အခြေခံအကျဆုံးကနေ ပြီးပြည့်စုံခြင်းအထိ ကိုယ်ခံပညာကိုကျင့်ကြံရန် မလွယ်ကူချေ။

အထူးကျွမ်းကျင်မှုနှင့် ပြီးပြည့်စုံမှုသည် ခြေတစ်လှမ်းသာ ကွာဝေးသော်လည်း ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဤအဆင့်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

ဥပမာအားဖြင့် သူတို့သုံးဦးသည် အထူးကျွမ်းကျင်အဆင့်တွင် ခုနစ်နှစ်မှ ရှစ်နှစ်ကြာ ပိတ်မိနေခဲ့ပြီး ဤအတားအဆီးကို ဖြတ်ကျော်နိုင်ခြင်းမရှိသေးပေ။

စွမ်းရည်သည် တစ်ခုတည်းသောအချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အခြားသော ကိုယ်ခံပညာများကို ကျင့်ကြံရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်သူက နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်းကို ရောက်

နိုင်တဲ့အတွက် သူ့မှာ အဆင့်မြင့် ကျင့်ကြံမှုအဆင့်ရှိရမည်။

သူတို့ဟာ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်မှာမဟုတ်ရင်တောင် ချီအသွင်ပြောင်းခြင်း အဌမအဆင့် သို့မဟုတ် နဝမအဆင့်မှာ ရှိနေခဲ့တာ သေချာသည်။

"ငါတို့ ဒါကို သတင်းပို့ရမယ်”

ခုန်ဟုတ်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်ခုံးကြားရှိနေရာကို ပွတ်သပ်လိုက်သည်။ ဒီလို ရုတ်တရက် အဖြစ်အပျက်ကြောင့် ဆရာ ဆရာမတွေ ခဏတာ အလုပ်ရှုပ်နေလိမ့်မည်ပင်။

ရုတ်တရက် ခုန်ဟုန်က တခုခုကို ပြန်သတိရပြီး တခြားသူတွေကို ညွှန်ကြားလိုက်သည်။

"ငါတို့ ကိုယ်ခံပညာတည်မြဲရေး စံအိမ်ကို အကြောင်းကြားရမယ်”

"တစ်ချိန်က မြောက်ပိုင်းခရိုင်မှာ ကျောင်းသားတစ်ယောက် သေခဲ့ဖူးတယ်မလား။ ကျိုးကျစ်ဟိုင်သေဆုံးမှုက ဒီကိစ္စနဲ့ ပတ်သတ်နိုင်တယ်”

ဆရာနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

လမ်းအဝင်ဝမှာတော့

ယန်ကျုံးရီသည် ဆရာသုံးယောက်၏ သုံးသပ်ချက်ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ လင်းရှန်ကို မသိစိတ်က စူးစူးစိုက်စိုက်ကြည့်ရင်း သူ့မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

ရိုးရိုးသားသားပြောရရင် ကျိုးကျစ်ဟိုင် အသတ်ခံရတာကို ကြားတာနဲ့ လင်းရှန်

အကြောင်းကို ချက်ချင်း တွေးလိုက်သည်။

လင်းရှန်သည် ကျိုးကျစ်ဟိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ဖူးသူဖြစ်ပြီး ၎င်းကို သတ်နိုင်စွမ်းရှိသူဖြစ်သည်။

သို့သော် ကျိုးကျစ်ဟိုင် သေဆုံးချိန်တွင် လင်းရှန်သည် ယန်ကျုံးရီအနားတွင် ရှိနေခဲ့သည်။ ထို့အပြင် ဆရာသုံးဦး၏ ခွဲခြမ်းစိတ်ဖြာမှုအရ လင်းရှန်၏ စွမ်းအားသည် ပြစ်မှုကျူးလွန်သူနှင့် မကိုက်ညီပေ။

ကျိုးကျစ်ဟိုင်ကိုသတ်ဖို့ တစ်စုံတစ်ယောက်ကို ငှါးရမ်းရအောင်လည်း လူမှုဖူလုံရေးတက္ကသိုလ်မှ လာသော လင်းရှန်သည် ငွေကြေးအရင်းအနှီးနှင့် လမ်းကြောင်းများ မည်သို့ရှိနိုင်မည်နည်း။

ဒါကိုတွေးပြီး ယန်ကျုံးရီက သူ့ဘာသာ လှောင်ပြောင်မိသည်။

သူ့စိတ်ကူးက တကယ်ပဲ ရိုင်းစိုင်းခဲ့သည်။ လင်းရှန်က ဘယ်လိုပါဝင်ခဲ့တာလဲ။

ကျိုးကျစ်ဟိုင်သည် အမြဲတမ်း မာနကြီးပြီး လူမုန်းများသည်။ သူ့ကိုမုန်းတီးတဲ့လူ မရေမတွက်နိုင်အောင်ရှိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ လင်းရှန် လက်စားချေရန် အလှည့်မဟုတ်ပေ။

လင်းရှန်သည် ယန်ကျုံးရီ၏ စိတ်ထဲတွင် တောက်လောင်နေသည့် အတွေးများကို မသိပေ။ သူသေရင်တောင် လုံးဝ ဂရုမစိုက်ပေ။

သူသည် မဝေးလှသော မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်ပြီး မတုန်မလှုပ် အမူအရာဖြင့် ကြည့်နေသည်။ သူ့အတွက် သံသယဖြစ်စရာ ဘာမှမရှိချေ။

"ငါ့ကိုယ်ပွားရဲ့ လုပ်ရပ်က ငါနဲ့ သက်ဆိုင်တာမှ မဟုတ်တာ”

All Chapters