← Chapters

စတုတ္ထကိုယ်ပွား

Vol. 3 Ch. 36

စတုတ္ထကိုယ်ပွား

Vol. 3 Ch. 36

လင်းရှန်နှင့် အခြားနှစ်ယောက် စကားပြောနေချိန်တွင် ဘားရှိ သီးသန့်ခန်းတွင် နောက်ထပ် စကားစမြည်ပြောနေခဲ့ကြသည်။

"ဒါဆို သူက ပြိုင်ပွဲမှာ ပထမရရင် ဘယ်လိုလုပ်မလဲ"

လုကျီကျန်က ပြင်းပြင်းထန်ထန် ငြီးတွားလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားပေ။

"ဒါက သာမာန်ကျောင်းသားတွေကြားက ပြိုင်ဆိုင်မှုတစ်ခုပါပဲ။ ကျဆင်းတဲ့ မိသားစုကလာတဲ့ စုနျန်ကပဲ ပါဝင်ယှဉ်ပြိုင်တာ”

"ခိုင်လုံတဲ့သက်သေက နောက်လစာမေးပွဲပဲလေ”

"စာမေးပွဲမှာ ကောင်းကောင်းအောင်တဲ့သူတွေက စစ်မှန်တဲ့ အထက်တန်းစားနဲ့ ပါရမီရှင်တွေပဲ”

ဇိမ်ကျကျ အလှဆင်ထားသော သီးသန့်ခန်းထဲတွင် သြဇာကြီးမားသော မိသားစုများမှ တပည့် ၂၀ ကျော် ထိုင်နေကြသည်။ အားလုံးက စာမေးပွဲဖြေဖို့ အရည်အချင်းတွေ ရှိကြသည်။

ယန်ရှင်းနဲ့ ကျောက်ရွှမ်ရင်တို့လည်း ပါဝင်သည်။

လုကျီကျန်၏စကားကိုကြားတော့ လူအများစုက သူ့ပြောတာကို သဘောတူကြသည်။

ပြိုင်ပွဲလို့ ခေါ်တဲ့ ပြိုင်ဆိုင်မှုက အဆင်မပြေဘူးလို့ ခံစားမိတဲ့အတွက် သူတို့က ပါဝင်ဖို့ စာရင်းမသွင်းခဲ့ကြချေ။

ဒီလိုမှမဟုတ်ရင် ဒီသာမန်ကျောင်းသားတွေ အခွင့်အရေးရလာမှာမဟုတ်ချေ။

သို့သော်လည်း ကန့်ကွက်သူများလည်း ရှိခဲ့သည်။

"မင်းပြောတာ ငါသဘောတူတယ်၊ ဒါပေမယ့် အဲဒါ ငါတို့ အားလုံးနဲ့မသက်ဆိုင်ဘူး။ လင်းရှန်နဲ့ စုနျန်နှစ်ယောက်လုံးမှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်။ နောက်ဆုံးတော့ နေမီးတောက်လက်ဝါးမှာ အထူးကျွမ်းကျင်အဆင့်ကို ရောက်နေပြီ။ ငါတို့ထဲက တော်တော်များများက အဲဒီအဆင့်ကိုမရောက်သေးဘူး”

သြဇာကြီးမားသော မိသားစုများ၏ တပည့်များသည် ၎င်းတို့အား ထောက်ပံ့ရန် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များ ရှိကြပြီး ၎င်းတို့၏ ကျင့်ကြံမှု အဆင့်များသည် ယေဘုယျအားဖြင့် သာမန်ကျောင်းသားများထက် များစွာ သာလွန်သည်။

သို့သော် ကိုယ်ခံပညာနည်းစနစ်များသည် ဆရာကြီးတစ်ဦး၏ လမ်းညွှန်မှုအောက်မှာတောင် လုံလောက်သော အရည်အချင်းမရှိလျှင် လျင်မြန်စွာ တိုးတက်ရန် အလွန်ခက်ခဲသည်။

ဤနေရာတွင် လူ(၂၀) ဦးအနက်မှ ငါးဦးလောက်သာ နေမီးတောက်လက်ဝါးတွင် အထူးကျွမ်းကျင်အဆင့်ရောက်ပြီး ယန်ရှင်းနဲ့ ကျောက်ရွှမ်ရင်တို့က အပါအဝင် ဖြစ်သည်။

ဘယ်သူကမှ ပြီးပြည့်စုံခြင်းအဆင့်ကို မရောက်ခဲ့ပေ။

"သူတို့နှစ်ယောက်က တကယ်ကို အရည်အချင်းရှိတဲ့သူတွေပဲ”

လုကျီကျန်က ပခုံးတွန့်ပြီး အော်ဟစ်လိုက်သည်။

"ဒါပေမယ့် ဒါပါပဲ”

"စာမေးပွဲက လူတစ်ဦး၏ အလုံးစုံစွမ်းအားဖြစ်တဲ့ ကျင့်ကြံမှု၊ အဆင့်၊ ကိုယ်ခံပညာပေါင်းစပ်မှုနဲ့ တိုက်ပွဲဝင်စွမ်းရည်အားလုံးကို စမ်းသပ်တာ”

"လင်းရှန်နဲ့ စုနျန်တို့က သူတို့ရဲ့ လေ့ကျင့်မှု နဲ့ ကိုယ်ခံပညာ အဆင့်တွေမှာ အဆင်ပြေပါတယ်၊ ဒါပေမယ့် တခြား ကဏ္ဍတွေမှာ ထူးထူးခြားခြား ဘာမှ မရှိပါဘူး”

"ဒါက အထူးသဖြင့် လင်းရှန်။ သူက ကျဆင်းနေတဲ့ မိသားစုကတောင်မှ မဟုတ်ပဲ သူကျင့်ကြံတဲ့ တစ်ခုတည်းသော ကိုယ်ခံပညာက နေမီးတောက်လက်ဝါး၊ သူ့မှာ လှုပ်ရှားမှု နည်းစနစ်တောင် မရှိဘူး။ သူက ငါတို့ထက် အများကြီး နိမ့်ကျတယ်”

"တကယ် တိုက်ခိုက်ရေး နည်းစနစ်နဲ့ ပြောရရင်... သူတို့က သာမန်ပါပဲ”

လုကျီကျန်သည် လင်းရှန်၏ နောက်ဆုံးအချက်ကို ထပ်မံဝေဖန်လိုသော်လည်း ထိုနေ့အစောပိုင်းက လင်းရှန်နဲ့ စုနျန်တို့၏ တိုက်ပွဲကို ချက်ချင်းပြန်သတိရသွားသည်။

အတိအကျပြောရလျှင်လင်းရှန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ၎င်းတို့ထက် များစွာ နိမ့်ကျခြင်းမရှိပေ။ လုကျီကျန်သည် လင်းရှန်ကို နှိမ့်ချပါက အပိုပြောသလိုဖြစ်မှာ စိုးတာကြောင့် ၎င်းကို ဖျောက်ပစ်ရန် သူ၏ရွေးချယ်မှုကို ပြောင်းလဲလိုက်သည်။

သို့သော် လူအများက သဘောတူကြောင်း ခေါင်းညိတ်ကြသည်။

"ကျီကျန်ပြောတာ မှန်ပါတယ်။ လင်းရှန်နဲ့ စုနျန်တို့က ငါတို့ရဲ့ အာရုံစိုက်မှုကို ခံထိုက်ပေမယ့် ခြိမ်းခြောက်မှုကိုတော့ မခံစားရပါဘူး။"

"ဟုတ်တယ်။ ငါတို့အားလုံး စာမေးပွဲအတွက် ပြင်ဆင်နေတာကြာပြီ။ သာမန်လူဟောင်းတွေနဲ့ ဆုတ်ယုတ်ကျဆင်းနေတဲ့ မိသားစုအဖွဲ့ဝင်တွေကို ဘာလို့ကြောက်ရမှာလဲ"

"ငါတို့ရဲ့ အာရုံစူးစိုက်မှုကို အမှန်တကယ်ခံထိုက်သူတွေက အခြားကျောင်းတွေက ဩဇာကြီးမားတဲ့မိသားစုတွေရဲ့ တပည့်တွေပဲ။ငါသတင်းရထားတာတော့ နေကိုးစင်းသင်တန်းကျောင်းကသူအများအပြားက အရင်နှစ်ကထက် ယခုနှစ်တွေမှာ စာမေးပွဲမှာ ပါဝင်နေကြတယ်”

"စိတ်မပူပါဘူး။ ဝင်ခွင့်စာမေးပွဲမှာ အစွမ်းပြဖို့ မစောင့်နိုင်တော့ဘူး”

"မင်းက ကြွားလုံးထုတ်နေတာ။ မင်းက ချီအသွင်ပြောင်းခြင်းဆဌမအဆင့်ပဲ ရှိသေးတာ။ အဲဒါက မင်းဂုဏ်ယူဖို့ လုံလောက်တယ်လို့ မင်းထင်နေလား။ သခင်လေးယန်ဖန်နဲ့ ညီမရင်တို့ကမှ စွမ်းအားကို ပြသနိုင်မဲ့လူတွေပဲ”

"ဟုတ်တယ်။ သခင်လေးယန်နဲ့ ညီမလေးရင်တို့ က သင်တန်းသားတွေထဲမှာ အကောင်းဆုံးပါဘဲ”

လူတိုင်း၏ မြှောက်ပင့်ပြောဆိုသံကိုကြားတော့ ယန်ရှင်းက ပြုံးကာ လက်ဖက်ရည်သောက်လိုက်သည်။

သူတို့အငြင်းပွားမှုကို နှလုံးမသွင်းခဲ့ပေ။

သူက လင်းရှန်နဲ့ စုနျန်ကို တချိန်လုံး အလေးအနက် မထားခဲ့ပေ။

သူတို့သည် ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်တွင်သာ ရှိခဲ့သည်။ သူအနေနဲ့ အာရုံစူးစိုက်ဖို့ မတန်ပေ။

နေမီးတောက်လက်ဝါးမှာ အထူးကျွမ်းကျင်အဆင့် မရောက်ခဲ့ရင်တောင် သူ အံ့သြမှာ မဟုတ်ချေ။

ပါရမီရှင်တွေလို့ ခေါ်တာတောင် သူက သိပ်မစဉ်းစားပေ။

ကျင့်ကြံမှု၊ ချမ်းသာမှု၊ အပေါင်းအသင်းများ၊ နည်းစနစ်များနှင့် မြေယာသည် မရှိမဖြစ်လိုအပ်သည်။

လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိရင် သူတို့ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ အဝေးကို မသွားနိုင်ချေ။

သြဇာကြီးမားသော မိသားစုများ၏ တပည့်များနဲ့ သာမန်အကြား ကွာဟမှုသည် အရည်အချင်းရှိရုံမျှဖြင့် ပေါင်းစပ်နိုင်သော အရာမဟုတ်ပေ။

"ဒါပေမယ့် လင်းရှန်က ကျင့်ကြံရကျိုးနပ်ပါတယ်။ စာမေးပွဲပြီးရင် စောင့်ကြည့်အုံးမယ်။ သူ့စွမ်းဆောင်ရည်က ထူးချွန်ရင် ငါနဲ့ အတူနေဖို့ အခွင့်အရေးပေးမှာပါ” ယန်ရှင်းက သူ့ဘာသာ တွေးလိုက်သည်။

ကျောင်းသို့ရောက်ပြီးရင် သူ့ကိုယ်ပိုင်အဖွဲ့ကို ထူထောင်ရန် ကြိုးစားရမည်။

လင်းရှန်ကဲ့သို့ တစ်စုံတစ်ယောက်သည် လေ့ကျင့်ရကျိုးနပ်ပြီး သက်တောင့်သက်သာရှိနေဆဲဖြစ်သည်။

အနည်းဆုံးတော့ သူက ကျိုးကျစ်ဟိုင်လို အမှိုက်တွေထက် ပိုသန်မာသည်။

သူတွေးနေစဉ်မှာပဲ ကုလားထိုင်ကို တွန်းဖယ်

လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။

အဲဒီနောက် ကျောက်ရွှမ်ရင်က ပြောလိုက်သည်။

" ငါဗိုက်ပြည့်ပြီ။ နောက်မှ တွေ့ကြမယ်”

ယန်ရှင်းက အသိပြန်ဝင်လာသည် ။ ချက်ချင်းထရပ်ပြီး ကျောက်ရွှမ်ရင်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ငါ မင်းကို လိုက်ပို့ပေးမယ်။"

"ရပါတယ်ကျေးဇူးပါ”

ကျောက်ရွှမ်ရင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ပြီးတော့ နောက်တစ်ခါ ဒီလိုပျင်းစရာကောင်းတဲ့ ညစာစားဖို့ မဖိတ်နဲ့”

ယန်ရှင်း၏ အပြုံးသည် အေးခဲသွားသည်။ သူဘာမှပြန်မပြောခင် ကျောက်ရွှမ်ရင်က သူ့ကို လေးစားမှုမပြဘဲ လှည့်ထွက်သွားသည်။

ကျောင်ရွှမ်ရင် တံခါးမှ ထွက်သွားသည်ကို ကြည့်ရင်း သူ့မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် နဲ့ မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ညစာစားပွဲက ညဆယ်နာရီကျော်တဲ့အထိ ကြာသည်။ လူတိုင်းက ပျော်နေကြသည်။

လင်းရှန်က သူ့ဆန္ဒ ပြည့်ဝခဲ့ပြီး ယန်ကျုံးရီထံမှ စာမေးပွဲနှင့်ပတ်သက်သည့် အချက်အလက်များစွာကို ရယူခဲ့သည်။

ညစာစားပြီးနောက်တွင် ယန်ကျုံးရီ၏ အကြံပြုချက်ဖြစ်သော စတုတ္ထထပ်တွင်နေထိုင်ရန်နှင့် ဝန်ဆောင်မှုကိုခံစားရန်ကိစ္စကို ယဉ်ကျေးစွာငြင်းဆိုခဲ့သည်။ ထိုကိစ္စစိတ်မဝင်စားသော စုနျန်နှင့်အတူ သူသည် ကလပ်မှ ထွက်လာခဲ့သည်။

"အချိန်ရတဲ့တစ်နေ့ ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်းကို သွားမယ်။ ငါတို့ ထိုးနှက်ချက်နည်းနည်းချင်း ဖလှယ်လို့ရတာပေါ့”

သူတို့လမ်းမခွဲခင် စုနျန်က လင်းရှန်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်သည်။

သူ့အပြောအဆိုအရ စုနျန်သည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခြင်းအပေါ် တနုံ့နုံ့နဲ့ စဉ်းစားနေသေးသည်ကို လင်းရှန် သိလိုက်ရသည် ။

"ကောင်းပြီ ငါစောင့်နေမယ်”

ပြိုင်ဘက်သည် ၎င်း၏ တိုက်ခိုက်ရေး အတွေ့အကြုံကို တိုးမြှင့်နိုင်သည်။

လင်းရှန်သည် သဘာဝအတိုင်း ငြင်းမည်မဟုတ်ပေ။

အိမ်ပြန်ရောက်သောအခါ လင်းရှန်သည် ကိုယ်ပွါး ၂ ကိုချက်ချင်းခေါ်ပြီး မူလဆေးပြားကိုပေးလိုက်သည်။ ထို့နောက် ဆေး၏ အာနိသင်ကို စမ်းသပ်ရန် တရားထိုင်လိုက်သည်။

အဲဒီနောက်မှာတော့ သူက မျက်နှာပြင်ကို ဖွင့်လိုက်သည်။

[ကိုယ်ပွါး ၄ ]

[ အရည်ဖွဲ့မှု ပြီးပါပြီ ။ လက်ရှိတိုးတက်မှု- ၁၀၀ %]

ရက်နှစ်ဆယ်ကြာပြီးနောက် စတုတ္ထမြောက်ကိုယ်ပွားသည် နောက်ဆုံးတွင် ပြီးမြောက်ခဲ့သည်။

လင်းရှန်သည် သူ၏ပျော်ရွှင်မှုကို မျိုသိပ်လိုက်သည်။ အတွေးတစ်ခုဖြင့် အရိပ်တစ်ခုသည် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ပုံသဏ္ဍာန်အဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။

[ကိုယ်ပွါး ၄]

[စွမ်းရည် : အရည်အချင်းရှိသော အဂ္ဂရိတ်ဆရာ]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့်(၇)၊ ၄၈ %]

[လက်ရှိ ကျင့်ကြံမှု- မရှိ]

"အရည်အချင်းရှိတဲ့ အဂ္ဂရိတ်ဆရာ ၊ ဒါက ဘယ်လိုအရည်အချင်းမျိုးလဲ"

လင်းရှန်သည် အလွန်သိချင်စိတ်ပြင်းပြပြီး ချက်ချင်းပင် အနီးကပ်ကြည့်လိုက်သည်။

[ထူးချွန်သော အဂ္ဂိရတ်ပညာရှင်- အဂ္ဂိရတ်အောင်မြင်မှုနှုန်း +၃၀%, ဆေးပြားအရည်အသွေး တိုးတက်မှုဖြစ်နိုင်ခြေ +၅၀%]

"အဂ္ဂိရတ်ပညာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ..."

လင်းရှန် အနည်းငယ် စိတ်ပျက်သွားသည်။

အဂ္ဂိရတ်သမားများသည် နဂါးမြို့တော်တွင် အလွန်မြင့်မားသောအဆင့်အတန်းရှိပြီး အထက်တန်းစားများဖြစ်သည်။

အနိမ့်ဆုံးအဆင့် တရားဝင်အဂ္ဂိရတ်ပညာရှင်ပင် အဆင့်အတန်းသတ်မှတ်

ချက်အရ ကျင့်ကြံသူသခင်ထက် နိမ့်ကျသည် မဟုတ်ပေ။

ဒါပေမယ့် ပြဿနာတစ်ခုရှိခဲ့သည်။ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အနည်းဆုံးတော့တောက်ပသော ဝင်ပေါက်အဆင့်မှာ ရှိရမည် ။ ငွေကြေးအမြောက်အမြား ပံ့ပိုးပေးရမည်။ လင်းရှန်သည် ထိုအခြေအနေများကို မရောက်နိုင်ပေ။

ပြောရလျှင် သူသည် အခြေအနေများနှင့် ကိုက်ညီလျှင်ပင် အဂ္ဂိရတ်ပညာရှင် မဖြစ်ချင်ခဲ့ပေ။

သူသည် ကိုယ်ပိုင် အစွမ်းအစရှိသော ကျင့်ကြံသူ သခင် ဖြစ်ချင်သည်။

အမှန်တော့ သူက အဂ္ဂိရတ်ပညာကို မကျွမ်းကျင်ဘူးဆိုရင်တောင် အချိန်ပိုင်းအလုပ်တစ်ခုအနေနဲ့ သူလုပ်နိုင်သည်။

လင်းရှန်အနေနဲ့ အနာဂတ်မှာ အချိန်ရလာတဲ့အခါမှ အဂ္ဂိရတ်ပညာကို သင်ယူရတာက

ပြသနာမရှိချေ။

သို့သော် ဤအဆင့်တွင် အဂ္ဂိရတ်ပညာနှင့် ပတ်သက်သော စွမ်းရည်သည် သူ့အတွက် အသုံးမဝင်ပေ။

ကံကောင်းထောက်မစွာ လင်းရှန်သည် တစ်ကြိမ်တည်းတွင် ထူးချွန်ထက်မြက်သော အရည်အချင်းတစ်ခု ရရှိရန် မမျှော်လင့်ခဲ့ပေ။ သူသည် သူ၏စိတ်ပျက်မှုကို အမြန်ငြိမ်

သက်နိုင်အောင် ကိုယ်ပွါး ၄ ကို သတ်ခဲ့သည်။ မနက်ဖြန်မှာ စွမ်းရည်တွေ ပြန်လည်ဆန်းသစ်လာဖို့ စောင့်မျှော်နေမိသည်။

တစ်နာရီအကြာတွင် ကိုယ်ပွါး ၂ သည် မူလဆေးလုံး၏ ဆေးဘက်ဆိုင်ရာ စွမ်းအားကို စုပ်ယူမှု ပြီးဆုံးသွားပြီး ၎င်း၏ ကျင့်ကြံမှုသည် ၃ ရာခိုင်နှုန်း တိုးလာသည်။

"ကောင်းတယ်၊ အကျိုးသက်ရောက်မှုက မြှင့်တင်ခြင်း အဆီအနှစ်ဆေးလုံးနဲ့ အဆီအရည် ထက် အများကြီး ပိုကောင်းတယ်။"

လင်းရှန်၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ တောက်ပလာသည်။

မူလဆေးလုံး ၁၂ ပုလင်းသည် သူ၏ ကျင့်ကြံမှုကို စုစုပေါင်း ၃၆ ရာခိုင်နှုန်း တိုးလာနိုင်သည်။

အဆီအရည် တစ်လီတာနှင့်အတူ

ချီအသွင်ပြောင်းခြင်း အဆင့်(၈)သို့ ဖြတ်ကျော်ရန် လုံလောက်သည်။

All Chapters