← Chapters

ထူးချွန်သော ကိုယ်ခံပညာ

Vol. 3 Ch. 37

ထူးချွန်သော ကိုယ်ခံပညာ

Vol. 3 Ch. 37

ပြိုင်ပွဲအပြီးတွင် လင်းရှန်ဘယ်ကိုသွားသည်ဖြစ်စေ လူတွေက သူ့ကို ကြည့်နေတာကို သိလိုက်ရသည်။

ကျန်ဟုန်ရှန်၏ အဆိုအရ သူသည် ကျောင်းတွင် ကျော်ကြားသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။

သာမာန်ကျောင်းသားတွေကြားထဲမှာ သူက သြဇာကြီးတဲ့ မိသားစုတွေရဲ့ တပည့်တွေထက်တောင် ပိုကျော်ကြားခဲ့သည်။

ကျန်ဟုန်ရှန်က ဒီစကားကို ပြောတဲ့အခါ မနာလိုတဲ့ အမူအရာ ရှိနေသည်။

သို့သော် လင်းရှန်သည် ထိုကဲ့သို့သောကျော်ကြားမှုကို မလိုချင်ခဲ့ပေ။

သူသည် သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် စိတ်မဝင်စားသလို၊ လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှု အမျိုးမျိုးတို့ကို ကိုင်တွယ်ဖြေရှင်းဖို့လည်း စိတ်အားထက်သန်မှု မရှိခဲ့ပေ။

သူနှင့်ပေါင်းသင်းရန် အကြိမ်ကြိမ်ကြိုးစားသော ကျောင်းသားများစွာ၏ ဝန်းရံမှုကို ခံရပြီးနောက် လင်းရှန်သည် ခွင့်ယူရန် ခုန်ဟုန်ရုံးခန်းသို့ ပြေးသွားခဲ့သည်။

"မင်း တစ်လတောင် ခွင့်ယူဖို့လား”

ခုန်ဟုန်သည် လင်းရှန်ကို တအံ့တသြကြည့်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နောက်လကို စာမေးပွဲအတွက် ပြင်ဆင်ဖို့ အာရုံစိုက်ချင်လို့ပါ” လင်းရှန်က ခေါင်းညိတ်လိုက်သည်။

ခုန်ဟုန်က နားလည်လာသည်။

နောက်ဆုံးစာမေးပွဲက တစ်လပဲ လိုတော့သည်။ စာမေးပွဲတွင် ပါဝင်ရန် အရည်အချင်းများ ရရှိထားပြီးဖြစ်သည့် လင်းရှန်ကဲ့သို့ ထူးချွန်သော ကျောင်းသားတစ်ဦးသည် အသိပညာသင်တန်းများတွင် အချိန်ဖြုန်းမည့်အစား ကျင့်ကြံမှုတွင် အချိန်ပိုသုံးလိုသည်မှာ သဘာဝအတိုင်း ဖြစ်သည်။

ယခင်နှစ်များတွင်လည်း အလားတူဥပမာများစွာရှိခဲ့သည်။

ကျောင်းသည် ထိုကဏ္ဍအတွက် အမြဲတစေ အလေးထားပြီး တောင်းဆိုမှုအားလုံးကို လက်ခံခဲ့သည်။

ထို့ကြောင့် ခုန်ဟုန်သည် အကြာကြီးမစဉ်းစားဘဲ လင်းရှန် ခွင့်ယူမှာကို လက်ခံခဲ့သည်။

"ကျောင်းဝင်ခွင့်စာမေးပွဲမှာ မင်း ကောင်းကောင်းအောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ ထူးချွန်တဲ့ ရလဒ်တွေရအောင် မင်းအစွမ်းကုန်ကြိုးစားပါ။ ကျောင်းဝင်ခွင့်ရပြီးရင် မင်းအတွက် အရမ်းအကျိုးရှိမှာပါ" ဟု ခုန်ဟုန်က အဓိပ္ပါယ်ရှိစွာ ပြောကြားခဲ့သည်။

လင်းရှန်သည် ယန်ကျုံးရီထံမှ သက်ဆိုင်သော အချက်အလက်ကို သိရှိထားပြီးဖြစ်သည်။ သူက အေးအေးဆေးဆေး ခေါင်းညိတ်လိုက်သည်။

ရုံးခန်းမှထွက်ပြီးနောက် လင်းရှန်သည် စာသင်ခန်းသို့ပြန်လာပြီး ကျန်ဟုန်ရှန်နဲ့ ရှုယွမ်တို့အား အကျိုးအကြောင်းပြောကာ မဆိုင်းမတွ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီးသည်နှင့် စာသင်ခန်းထဲတွင် စကားသံတစ်ခုက ချက်ချင်းဆိုသလို စတင်လာသည်။

"လင်းရှန်က အတန်းမတက်တော့ဘူး ကြားတယ်"

"အဲဒါက အဓိပ္ပာယ်ရှိပါတယ်။ စာမေးပွဲအတွက် အရည်အချင်းတွေ ရှိတယ်ဆိုရင် နောက်လအတွက် ကျင့်ကြံမှုအပေါ် အာရုံစိုက်ချင်မှာ သေချာပါတယ်။ အဲဒီ အသုံးမကျတဲ့ အသိပညာတွေရထားတဲ့ သင်တန်းတွေကို ဘယ်သူက တက်နေမှာလဲ”

"လင်းရှန်က အနာဂတ်မှာ ကောင်းကင်ဘုံကို ပျံတက်တော့မှာ။ ငါမနာလိုဖြစ်လိုက်တာ”

"သူက ပါရမီရှင်ပဲ။ ငါ့မှာသာ လင်းရှန်ရဲ့ အရည်အချင်းတွေ ရှိခဲ့ရင်"

"ဒီည စောစောအိပ်ပါ။ မင်းရဲ့ဆန္ဒတွေ မင်းအိပ်မက်တွေ အကောင်အထည်ဖော်နိုင်မှာပါ”

"..."

သူတို့ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေကို နားထောင်ရင်း ကျန်ဟုန်ရှန်နဲ့ရှုယွမ်တို့သည် ရှုပ်ထွေးတဲ့အမူအရာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လွန်ခဲ့သည့်တစ်လကပင် လင်းရှန်သည် သူတို့နှင့်အတူတူဖြစ်ပြီး အတန်းထဲတွင် ထင်ထင်ရှားရှားမရှိသူတစ်ဦးဖြစ်သည်။

လင်းရှန်သည် အချိန်တိုလေးအတွင်း ခုန်တက်သွားလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ သူ့ရဲ့ ခွန်အားတွေ အရမ်းတိုးလာပြီး ပြိုင်ပွဲမှာ ပထမနေရာကိုတောင် ရခဲ့သည်။ ယခုအခါ တောက်ပသော အနာဂတ်နှင့်အတူ အကယ်ဒမီတွင် သြဇာကြီးသူတစ်ဦးဖြစ်ခဲ့သည်။

လင်းရှန်သည် နောက်ဆုံးတွင် ၎င်းတို့ မရောက်နိုင်သည့် အမြင့်သို့ တက်လာမည်ဟု ပြောနိုင်သည်။

ဒါတွေကို တွေးကြည့်တဲ့အခါ သူတို့ရဲ့ ခံစားချက်တွေက အလွန် ရှုပ်ထွေးနေသည်။

နောက်ပိုင်းကာလများတွင် လင်းရှန်သည် သူ၏ ကျင့်ကြံမှုအပေါ် အာရုံစိုက်နိုင်ခဲ့သည်။

အချိန်ပိုင်းလေ့ကျင့်ဖော်အဖြစ် ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်းသို့ သွားတဲ့အချိန်ကလွဲရင် ကျန်အချိန်များကို အိမ်၌ပင် ကျင့်ကြံခဲ့သည်။

ဆေးဖက်ဝင်ဆေးပြားများနှင့် ဝိညာဉ်သားရဲအသားနဲ့တင် အစွမ်းသတ္တိများက အံ့အားသင့်ဖွယ်အရှိန်ဖြင့် တိုးလာခဲ့သည်။

နောက်ဆုံးငါးရက်အကြာတွင် လင်းရှန်သည် ချီအသွင်ပြောင်းခြင်း အဆင့် (၈) သို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည်- ဘုရားသခင် မနာလိုမှု]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၈၊ ၃%]

[နည်းစနစ်- မူလ အသက်ရှုခြင်း နည်းစနစ် (ပြီးပြည့်စုံမှု)၊နေမီးတောက်လက်ဝါး (အထူးကျွမ်းကျင်မှုအဆင့် ၂၄% ) သေခြင်းအတားအဆီး (အစပြုသူအဆင့် ၂၄ %)၊ အရိပ် (အစပြုသူအဆင့် ၃ %)]

[ကိုယ်ပွားအရေအတွက်- ၄ (၁၀ %)]

လင်းရှန်သည် အနည်းငယ် လှုပ်ရှားလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ချီအသွင်ပြောင်းခြင်း အဆင့်(၈) သို့ ဖြတ်ကျော်ပြီးနောက် သူ၏ကိုယ်ကာယ ကြံ့ခိုင်မှုက သိသိသာသာ တိုးလာသည်ကို ထင်ရှားစွာ ခံစားလိုက်ရသည်။

"ငါ့ရဲ့ မူလအသက်ရှူခြင်းနည်းစနစ်က ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားပြီ။ ငါ့ကျင့်ကြံမှုက ထပ်တိုးသွားပြီ”

"အရိပ်ရောပဲ။ အဲဒါကို ရက်အတော်ကြာ နားလည်ပြီး နောက်ဆုံးတော့ အစပြုသူအဆင့်ကို အောင်မြင်စွာ ရောက်လာပြီ”

လင်းရှန်သည် ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများသည် အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီး နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါတွင် သူသည် ငါးမီတာမှ ခြောက်မီတာအကွာတွင်ရှိနေပြီဖြစ်သည်။

ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် လင်းရှန်သည် မတူညီသော နေရာများတွင် ဆက်လက် ပေါ်လာသည်။ သူသည် တစ္ဆေသဖွယ် လှုပ်ရှားပြီး လျှပ်စီးကဲ့သို့ မြန်သည်။

သူသည် အရုပ်အသစ် ရထားသည့် ကလေးနှင့်တူသည်။ သူက မရပ်ခင် ငါးမိနစ်ကနေ ခြောက်မိနစ်လောက် ကြိုးစားကြည့်နေပြီး ဒီထက်မက ကြိုးစားချင်မိသည်။

"နားလည်ဖို့ အချိန်အတော်ကြာတာ အံ့သြစရာ မရှိပါဘူး။ ဒီလှုပ်ရှားမှုနည်းစနစ်ရဲ့ စွမ်းအားက တကယ့်ကို ထူးထူးခြားခြားပါပဲ”

လင်းရှန်သည် သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

အရိပ် နှင့်အတူ သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်သည် သံသယဖြစ်စရာ များပြားလာပြီး တိုက်ပွဲများတွင် သူ၏ ရှင်သန်နိုင်မှုသည် အခြားအဆင့်သို့ ခုန်တက်သွားခဲ့သည်။

"ဒါက အစပြုသူအဆင့်ပဲရှိသေးတယ်။ အထူးကျွမ်းကျင်မှု ဒါမှမဟုတ် ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်တဲ့အခါ ငါဘယ်လောက်မြန်မြန်သွားနိုင်မလဲလို့ တွေးမိတယ်။"

လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။

အရိပ်သည် အလားအလာကောင်းများရှိသည့် ကိုယ်ခံပညာတစ်ခုဖြစ်ကြောင်း သိသာသည်။ ကြာရှည်စွာ အသက်ရှုခြင်းနည်းစနစ်မှာတောင် ဒါက လျှော့တွက်လို့မရတဲ့ အခန်းကဏ္ဍမှာ ရှိနေသည်။

"နောက်တော့ အရိပ်တွေကို ကျင့်ကြံဖို့ အထူးကျွမ်းကျင်တဲ့ ကိုယ်ပွားတစ်ဉီးကို ငါစီစဉ်ရလိမ့်မယ်။"

အတွေးတစ်ခုဖြင့် လင်းရှန်သည် စနစ်မျက်နှာပြင်ကို ခေါ်လိုက်သည်။

ကိုယ်ပွါး ၄( သေဆုံး ) ၊ လက်ကျန် ပြန်လည်

ရှင်သန်ထမြောက်ချိန်- ၀၀:၀၂:၄၉

လွန်ခဲ့သော ငါးရက်အတွင်း ကိုယ်ပွါး ၄သည် စုစုပေါင်း လေးကြိမ် ပြန်လည်ရှင်သန်လာခဲ့သည်။ ကံမကောင်းစွာဖြင့် အရည်အချင်းသစ်များသည် လင်းရှန်လိုအပ်ချက်များနှင့် မကိုက်ညီပေ။

ဥပမာအားဖြင့် မည်သည့် သက်ရောက်မှုမှမရှိသော သာမန်အခြေအနေသာ ဖြစ်ကြသည်။

ဆွဲဆောင်မှု ၃၀% တိုးစေသော ချောမောမှု

မှတ်ဥာဏ်ကို ၅၀ % မြှင့်တင်ပေးသည့် ဗဟုသုတ

ကံကြမ္မာကို ၅၀% လျော့စေသည့် ကံတရားမြှင့်တင်မှု

စွမ်းရည် လေးခုစလုံးသည် ခွန်အားတိုးရန် အသုံးမဝင်ပေ။

နောက်ဆုံးတစ်ခုကတော့ အထူးသဖြင့် စိတ်အနှောက်အယှက်ဖြစ်စေသည်။

"ပြီးခဲ့တဲ့ အကြိမ်က ဘုရားသခင်ရဲ့ မနာလိုမှု မရခင်မှာ စွမ်းရည်ကို သုံးကြိမ်လောက် ပြန်လုပ်ခဲ့ရတယ်။ ဒီတစ်ကြိမ်က လေးကြိမ်ရှိပြီ၊ ဒါပေမယ့် တစ်ခုကတော့ အသုံးဝင်လောက်တယ်။"

လင်းရှန်က ခေါင်းကို အသာအယာ ခါလိုက်သည်။

ဒီတစ်ကြိမ်မှာ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ အရည်အချင်းတွေ ရရှိနိုင်မယ်လို့ မျှော်လင့်မိသည်။ သူ့၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပင်။

မျက်စိတစ်မှိတ်အတွင်း နှစ်မိနစ်က ကုန်ဆုံးသွားသည်။ လင်းရှန်က အသက်ပြင်းပြင်းရှူပြီး ကိုယ်ပွါး ၄ကို ဆင့်ခေါ်လိုက်သည်။

အကြည့်တစ်ချက်ဖြင့် သူ့မျက်လုံးများ တောက်ပလာသည်။

[ကိုယ်ခံပညာစွမ်းရည် - ကိုယ်ခံပညာ လေ့ကျင့်မှု အမြန်နှုန်း+၁၀၀%, ကိုယ်ခံပညာစွမ်းအား+၅၀%, တိုက်ခိုက်ရေးစွမ်းရည်+၅၀%]

"ဒီအရည်အချင်းက တော်တော်ကောင်းတာပဲ”

လင်းရှန်က ပြုံးလိုက်သည်။

ကျင့်ကြံမှုအမြန်နှုန်းကို ၁၀၀%တိုးစေသည့် ဘုရားသခင် မနာလိုမှုလောက် မကောင်းပေမယ့် ကိုယ်ခံပညာစနစ်၏ အမြန်နှုန်းကို ၁၀၀% တိုးမြှင့်စေတာက လုံလောက်နေပြီဖြစ်သည်။ နေမီးတောက်လက်ဝါးနဲ့ အရိပ်သည် အနာဂတ်မှာအလွန်အကျိုးရှိခဲ့သည်။

ထို့အပြင် ကိုယ်ခံပညာစွမ်းအား+၅၀%, တိုက်ခိုက်ရေးစွမ်းရည်+၅၀%တို့သည်လည်း အညီအမျှ အားကောင်းခဲ့သည်။ ၎င်းတို့သည် လင်းရှန် တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့်သစ်တစ်ခုသို့ တိုးမြှင့်နိုင်သည်။

စာမေးပွဲက တစ်လလိုသေးတော့ ဒီစွမ်းရည်က တော်တော်အသုံးဝင်သည်။

"ငါ့မှာ စွမ်းရည်တစ်ခုပဲရှိတာ သနားစရာပဲ။ မဟုတ်ရင် ငါရဲ့ သန့်စင်တဲ့ ယန်ခန္ဓာကိုယ်နဲ့ ကိုယ်ခံပညာတွေကို တစ်ချိန်တည်းမှာ အသုံးချနိုင်ရင် ကြာရှည်စွာအသက်ရှုခြင်း အဆင့်အောက်မှာရှိတဲ့ လူတွေနဲ့ တိုက်ခိုက်ရင်တောင် ငါ အနိုင်ယူနိုင်ပြီ”

လင်းရှန်က ဝမ်းနည်းစရာဟု ခံစားလိုက်ရသည်။

သူ့ကိုယ်ပွါးများက သူ၏ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ပြောင်းလဲလာမလားဟု တွေးခဲ့မိသည်။

ခဏအကြာတွင် လင်းရှန်သည် သူ၏ အတွေးများကို ထိန်းကာ သူ့ကိုယ်ပွား၏ ရုပ်သွင်ကို စမ်းသပ်ရန် လှည့်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပွါး၏ သုံးစွဲမှုသုညအကွာအဝေးသည် မီတာ (၈၀) သို့တိုးလာသည်။

ထို့အပြင် သူ၏ လက်ရှိ ကိုယ်ကာယကြံ့ခံခိုင်မှုနှင့် တက်ကြွမှုက ကိုယ်ပွါးတစ်ကောင်ကို မီတာ (၇၀၀) အကွာအဝေးတွင် တစ်မိနစ်ကြာအောင် ရွေ့လျားစေနိုင်သည်။

ရိုးရိုးသားသား ပြောရလျှင် ဤအချိန်နှင့် အကွာအဝေးသည် ကျေနပ်လောက်စရာဖြစ်သည်။ သူ့ကိုယ်ပွားကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုနိုင်လောက်တဲ့အထိတော့ မဟုတ်ချေ။

သို့သော် တစ်ကြိမ်တစ်ခါတော့ လင်းရှန်၏ ရည်မှန်းချက်အချို့ကို အောင်မြင်အောင် ကူညီပေးနိုင်သည်။

ဥပမာ လူတယောက်ကို သတ်တာမျိုးလို။

လင်းရှန်သည် အလျင်စလို မဖြစ်ပေ။ သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ သူ၏ကိုယ်ပွားများသည် နောက်ဆုံးတွင် ဒဏ္ဍာရီဆန်ဆန် ကျင့်ကြံသူသခင်၏ ဝင်စားခြင်းကဲ့သို့ တည်ရှိလာမည်ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ အကွာအဝေးကို ကန့်သတ်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

[ကိုယ်ပွါး ၅]

[ ပေါင်းစည်းခြင်း။ လက်ရှိတိုးတက်မှု- ၁၀ %]

"တိုးတက်မှုက နေ့တိုင်း ၂% ရှိတယ်။ ပဉ္စမကိုယ်ပွားကို ရဖို့ ရက် ၅၀ ကြာမယ်... စာမေးပွဲပြီးတဲ့အထိ စောင့်ရမှာပဲ”

လင်းရှန်သည် ပြတင်းပေါက်မှ ညကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

နောက်တစ်ဆင့်ကတော့ ဆက်လက်ကျင့်ကြံပြီး စာမေးပွဲရောက်မယ့်အချိန်ကို စောင့်ရမှာပင်။

All Chapters