← Chapters

အမှောင်ထဲတွင် အမဲလိုက်ခြင်း

Vol. 3 Ch. 38

အမှောင်ထဲတွင် အမဲလိုက်ခြင်း

Vol. 3 Ch. 38

မှောင်မိုက်သောညသည် မှောင်ခိုလမ်းတစ်ခုလုံးကို ဖုံးအုပ်ထားသည့် အနက်ရောင်ကုလားကာနှင့်တူသည်။

လမ်းကြီးပေါ်ရှိ ဈေးဆိုင်များမှ အလင်းရောင် အနည်းငယ်သာ ထွက်ပေါ်နေသည်။ ညဘက်ဆို ပိုလို့တောင် အန္တရာယ်များသလိုပင်။

မှောင်ခိုလမ်းပေါ်တွင် လမ်းလျှောက်ရင်း လင်းရှန်က ဘေးနှစ်ဖက်ရှိ ဈေးဆိုင်များကို လှမ်းကြည့်ကာ နှုတ်ခမ်းကို စူလိုက်သည်။

မှောင်ခိုလမ်းကို သူ တတိယအကြိမ် ရောက်တာ ဖြစ်သည်။

ပထမနှစ်ကြိမ်က အဆီအရည်ကိုဝယ်ရန်ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ သူ၏အဓိကရည်ရွယ်ချက်မှာ လျှို့ဝှက်မြွေထံမှ စပေါ်ငွေကို ပြန်လည်ရယူရန်ဖြစ်သည်။

ရုတ်ချည်းပေါ်လာတာမျိုး မဖြစ်စေရန် လျှို့ဝှက်မြွေထံသို့ တမ်းမသွားဘဲ လင်းရှန်က ကျိုးကျစ်ဟိုင် သေဆုံးပြီး ငါးရက်အကြာအထိ တမင်စောင့်ဆိုင်းခဲ့သည်။

လမ်းကြား၏တည်နေရာကို အလွန်ရှင်းလင်းစွာ မှတ်မိနေသည် ။ မကြာမီ သူသည် သံတံခါးကို လှမ်းခေါက်ရန် လက်ကို မြှောက်လိုက်သည်။

အမေးအဖြေများပြီးသောအခါ တံခါးကိုစောင့်သောလူက ဘေးသို့ရွှေ့ပြီး လင်းရှန်အား ဝင်ခွင့်ပြုလိုက်သည်။

အရင်တစ်ခါလို မှိုင်းပြပြဘားပင် ။ ထုံးစံအတိုင်း ဖောက်သည်က ဒါဇင်ဝက်ကျော်သာ ရှိသည်။

ကောင်တာနောက်မှာရှိနေသည့် အဖျော်ဆရာက လင်းရှန်ကို အလုပ်ပေးသည့်သူနှင့် အတူတူပင်။ သူက ကြည်လင်နေတဲ့ မှန်ကို သေသေချာချာ သုတ်နေသည်။

လင်းရှန်က ဘားကောင်တာဆီသို့ တည့်တည့်သွားပြီး ခေါက်လိုက်သည်။ သူက အသံအက်အက်နဲ့ ဟန်ဆောင်ပြီး

"မစ်ရှင် D၂၂၀၂က သတင်းမှားကြီး

အဖျော်ဆရာသည် မှန်သုတ်ခြင်းကို ရပ်လိုက်ပြီး သူ့ကို လှမ်းကြည့်ကာ ဘားကောင်တာအောက်မှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ခေါင်းမညိတ်ခင် ခဏလောက် လှန်ကြည့်လိုက်သည်။

"အချက်အလက်တွေက မှားနေပေမယ့် မစ်ရှင်ကို ဆက်လုပ်စရာ မလိုတော့ဘူး။ မစ်ရှင်ကို ထုတ်ပေးတဲ့သူက သေသွားပြီ။ စည်းမျဉ်းတွေအရ မစ်ရှင်စပေါ်ငွေရဲ့ ၃၀% ကို လျော်ကြေးအနေနဲ့ ပေးသွားမှာပါ။"

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ "အချက်အလက်မှားနေရင် ငါ့လျော်ကြေးက စပေါ်ငွေရဲ့ တစ်ဝက်မဖြစ်သင့်ဘူးလား"

အဖျော်ဆရာက သူ့ကို လှမ်းကြည့်သော်လည်း ဘာမှ မပြောပေ။

"ဒီ အမြတ်ကြီးစားကတော့

လင်းရှန်က အသက်ပြင်းပြင်းရှုပြီး "စပေါ်ငွေနဲ့ လျော်ကြေးပေး

အဖျော်ဆရာသည် ဝိညာဉ်ဒင်္ဂါးများကို အမြန်ရေတွက်ပြီး သူ့ထံသို့ ပေးလိုက်သည်။

လင်းရှန်သည် ဒင်္ဂါးပြားများကို ရေတွက်ပြီး မစ်ရှင်စပေါ်ငွေ၏ ၃၀% သည် ဝိညာဉ်ဒင်္ဂါး ၄၀,၀၀၀မှ ၅၀,၀၀၀အထိရှိကြောင်း သိသည်။

"မစ်ရှင်ဆုကြေးရဲ့ ထက်ဝက်အထိ လျှော့ချထားတာလား။ ဒီအမြတ်ထုတ်သူတွေက ဆိုးလိုက်တာ

လျှို့ဝှက်မြွေကို ထပ်မံကျိန်ဆဲပြီးနောက် လင်းရှန်သည် ဝိညာဉ်ဒင်္ဂါးများကို အိတ်ထဲထည့်ကာ နောက်ပြန်မကြည့်ဘဲ ဘားမှထွက်လာခဲ့သည်။

လမ်းကြားမှ ထွက်လာပြီးနောက် လင်းရှန်သည် မှောင်ခိုလမ်းမှ ချက်ချင်း မထွက်ခွာခဲ့ပေ။ အဲဒီအစား အဆီအရည်ရောင်းတဲ့ဆိုင်ကို အမြန်သွားခဲ့သည်။

ချီအသွင်ပြောင်းခြင်း အဆင့်(၈) သို့ ဖြတ်ကျော်ပြီးတဲ့နောက်မှ။ အဆီအရည် ၁၀၀မီလီ လီတာ၏ တိုးတက်မှုသည် ၁ % အောက်သို့ သိသိသာသာ ကျဆင်းသွားသည်။ ပျမ်းမျှအားဖြင့် အဆီအရည် ၃၀၀မီလီလီတာကသာ ၁%လောက် တိုးတက်စေနိုင်သည်။

လင်းရှန်တွင် အဆီအရည် (၁၂)လီတာအောက်သာ ကျန်တော့သည်။ အားလုံးကို စုပ်ယူပြီးနောက် သူ၏ ကျင့်ကြံမှုသည် ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဖြစ်သည်။ သို့သော် ထပ်ပြီး ဖြတ်ကျော်ဖို့က သူ့အတွက် အလှမ်းဝေးနေသည်။

ကျင့်ကြံမှုအရင်းအမြစ်များတွင် ကြီးမားသောကွာဟချက် ရှိနေဆဲဖြစ်ပြီး အဆီအရည်အမြောက်အမြားဝယ်ယူရန်လိုအပ်နေသည်။

မှောင်ခို လမ်းထောင့်မှာတော့

ဟောင်ထူသည် နံရံကိုမှီ၍ လက်နှစ်ဖက်ကို ပိုက်ကာ ရပ်နေ သည်။ သူ့လက်ချောင်းတွေက သူ့လက်မောင်းတွေကို ဆက်တိုက်ပုတ်နေပြီး သူ့မျက်လုံးတွေက စိတ်မရှည်မှုတွေနဲ့ ပြည့်နေသည်။

မိနစ်အနည်းငယ်ကြာတော့ လူတစ်ယောက်က အဝေးတစ်နေရာမှာ ရုတ်တရက်ပေါ်လာသည်။ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ပြီးနောက် ထိုလူသည် ဟောင်ထူကို တွေ့လိုက်ပုံရပြီး ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

လရောင်အောက်မှာ တစ်ဖက်လူရဲ့မျက်နှာကို မြင်ပြီး ဟောင်ထူက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

"မင်းဘာတွေကြာနေတာလဲ၊ မင်းဘယ်ရောက်နေတာလဲ"

"စိတ်အေးအေးထားပါ၊ ငါပစ်မှတ်တစ်ခုရှာဖို့သွားနေလို့

သိုက်ကမ်းက ခခယယပြုံးပြီး ဆင်ခြေတွေပေးနေသည်။

"ဘော့စ်က ဘာတွေ တွေးနေလဲ မသိဘူး၊ သူက ငါတို့ကို မှောင်ခိုလမ်းပေါ် မှာ လူလာဖမ်းခိုင်းနေတယ် ။ ဒီမှာ ကျင့်ကြံရေးသမားတွေက တော်ကြတယ် ။ ဖမ်းမိဖို့ မလွယ်ဘူး"

ဤအကြောင်းပြောသောအခါ ဟောင်ထူ၏ ပျောက်ကွယ်နေသော ဒေါသများ ပြန်

ထွက်လာသည်။ သူက အသံကို လျှော့ပြီး ကြိမ်းမောင်းလိုက်သည်။

"မင်းဘာလို့ အဲ့လိုပြောနေတာလဲ

" အကယ်၍ မင်းသာ မိုးမခသင်တန်းကျောင်းက ကျောင်းသားတစ်ယောက်ကို သတ်ပြီး ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ အာရုံစိုက်မှုကို မရခဲ့ဘူးဆိုရင် သားကောင်ရှာဖို့အတွက်နဲ့ ဒီလိုဝေးလံခေါင်သီတဲ့ နေရာကို ငါတို့ ရောက်လာမှာ မဟုတ်ဘူး။"

သိုက်ကမ်းက ရှက်ရွံ့စွာ အော်ဟစ်လိုက်ပြီး "ဒီကလေးက မိုးမခသင်တန်းကျောင်းရဲ့ ကျောင်းသားတစ်ယောက်ဆိုတာ ငါဘယ်လိုသိမှာလဲ..."

ခေတ္တနားပြီးနောက် ဒေါသတကြီးပြောသည်၊

"ဒါနဲ့ပြောရရင် မိုးမခသင်တန်းကျောင်းက ကျောင်းသားတစ်ယောက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆုံးသွားသေးတယ်။ အဲ့ဒါကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ငါတို့လုပ်ခဲ့တာလို့ တကယ်သံသယရှိနေတာ။ ငါတို့ကို ချောက်ချဝံ့တဲ့သူကို ငါရှာတွေ့ရင် သူ့ကို ဒုက္ခရောက်အောင်ကို လုပ်ပစ်မှာ

ဟောင်ထူက အေးစက်စွာ အော်လိုက်သည်။

"မင်း လုပ်ရမှာကို အရင်စဉ်းစား။ ဘော့စ်ပြောတာကို မမေ့နဲ့။ ဒီည သားကောင်ကို မရရင် အရေအတွက်တွေကို စုစည်းရလိမ့်မယ်။"

သိုက်ကမ်းသည် သူ့စကားကြောင့် တုန်လှုပ်သွားပြီး အလိုအလျောက် တံတွေးမျိုချလိုက်သည်။

ဒါကိုမြင်တော့ ဟောင်ထူသည် သိုက်ကမ်းကို အတွင်းစိတ်တွင် မထီမဲ့မြင်ပြုခဲ့သည်။ သူက ဘာကိုမှ ဂရုစိုက်မနေတော့ချေ။ အဲဒီအစား သူက အေးစက်စက်ပြောလိုက်သည်။

"မင်းပစ်မှတ်ကို ရှာနေတာလို့ ပြောသလားလို့။ သင့်တော်တဲ့လူကို ရှာတွေ့ခဲ့တာလား။"

"ဟုတ်တယ်

သိုက်ကမ်းက လျင်မြန်စွာ ခေါင်းညိတ်ပြပြီး သူ့နောက်ကို လိုက်ဖို့ ဟောင်ထူကို လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက နောက်ကိုလှည့်ပြီး လမ်းပြလေသည်။

သိပ်မကြာခင်မှာပဲ နှစ်ယောက်သား မီတာ ၂၀၀ ကျော်အကွာက ဆိုင်တစ်ဆိုင်ကို ရောက်သွားသည်။

"ပစ်မှတ်က အခုအဲဒီမှာ။"

သိုက်ကမ်းက ဆိုင်ကို ညွှန်ပြသည်။ တံခါးဖွင့်ထားသော အဟနေရာလေးမှတဆင့် အတွင်းဘက်မှာ ရွေ့လျားနေတဲ့ ရုပ်ပုံများကို ယောင်ဝါးဝါးမြင်နိုင်သည်။

ဟောင်ထူက သေသေချာချာ ကြည့်ပြီး ဆေးပြားရောင်းတဲ့ဆိုင်ကို ပြန်သတိရသွားသည်။ ယခင်က ထိုနေရာကို အကြိမ်

အနည်းငယ်လာရောက်ခဲ့ဖူးပြီးသိုက်ကမ်းသည် ထိုနေရာမှ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သည်။

ပြီးခဲ့တဲ့ အကြိမ်တွေမှာ ဆေးလာဝယ်တုန်းက ဆိုင်ပိုင်ရှင်နဲ့ စကားစမြည်ပြောဖြစ်သေးတယ်။ ယောက်ျားလေးတစ်ယောက်ကအဆီအရည် ဆယ်လီတာဝယ်ဖို့ နှစ်ကြိမ်တောင် ဒီကိုလာဖူးတယ် ပြောတယ်။ အဲဒီကောင်လေးက မျက်နှာပြောင်းလဲခြင်းဆေးကိုသုံးပေမယ့် နှစ်ခါလုံးက တစ်ယောက်တည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဆိုင်ပိုင်ရှင်က သူ့ကို အထင်ကြီးနေတာ

"မင်းပြောတဲ့ ပစ်မှတ်က အဆီအရည် ဝယ်တဲ့သူလား ။"

"ဟုတ်တယ်

သိုက်ကမ်းက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူ့မျက်နှာမှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။

"ချီအသွင်ပြောင်းခြင်း ကျင့်ကြံသူကပဲ အဆီအရည်ကို သုံးကြတာ။ ငါတို့နှစ်ယောက်သာ အတူတူတိုက်ရင် အဲဒီလူကို အလွယ်တကူ ကိုင်တွယ်နိုင်လောက်တယ်

ဟောင်ထူက ခဏလောက်စဉ်းစားပြီး သူ့မျက်လုံးထဲမှာ အလင်းရောင်ဖျော့ဖျော့လေး ပေါ်လာသည်။

အဆီအရည်သည် မြှင့်တင်ခြင်းအဆီအနှစ်ဆေးလုံး၏ ရလဒ်ဖြစ်သည်။ ဒါက အမှန်ပင်။ ချီအသွင်ပြောင်းခြင်း ကျင့်ကြံသူများသာ ၎င်းတို့၏ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေသည်။

ထို့အပြင် လူတစ်ဦး၏သက်တမ်းကို လျှော့ချခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ချီ အသွင်ပြောင်းခြင်းကိုးအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော ကျင့်ကြံသူများသာ ၎င်းကို အသုံးပြုရန် စွန့်စားမည်ဖြစ်သည်။ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ရင် သူတို့ရဲ့ သက်တမ်းလည်း တိုးလာမှာဖြစ်သည်။

တစ်နည်းဆိုရသော် သိုင်ကမ်း ဖော်ပြခဲ့သော ပစ်မှတ်မှာ ချီအသွင်ပြောင်းရေး အဆင့် ကိုး ကျင့်ကြံသူ ဖြစ်နိုင်ချေများသည်။

သူနဲ့ သိုက်ကမ်းနှစ်ယောက်လုံးက အဲဒီ ကျင့်ကြံမှု အဆင့်မှာ ရှိသည်။ သူတို့နှစ်ယောက်ပေါင်းတိုက်ခိုက်ရင် အဲဒီလူကို သတ်ဖို့ ခက်မှာမဟုတ်ချေ။

ဟောင်ထူသည် လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်ပြီး ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

"မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်

"ပစ်မှတ်က မှောင်ခိုလမ်းကနေ ထွက်သွားပြီးရင် တိုက်ကြရအောင်။"

မှောင်ခိုလမ်းသည် ဖရိုဖရဲဖြစ်နေသော မီးခိုးရောင် ဧရိယာဖြစ်သည်။ ညသန်းခေါင်မှာ လူတွေကို သတ်ဖို့ အရမ်းသင့်တော်သည်။ ဒါကြောင့်လည်း ဟောင်ထူက ထိုနေရာတွင် မသတ်ဖြတ်တာဖြစ်သည်။

ပစ်မှတ်ကို တိုက်ခိုက်ပြီးနေမှ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဆုလာဘ်ကို လုယူနေရင် ဘယ်လိုလုပ်မလဲ။

လူတွေက အလုပ်အရမ်းမလုပ်ချင်ကြပေမယ့် တခြားသူတွေဆီက အကျိုးအမြတ်တော့ရချင်သည်။

အခြေအနေအရ မှောင်ခိုလမ်းအပြင်ဘက်မှာ တိုက်ခိုက်တာက ပိုကောင်းသည်။

သိုက်ကမ်းသည် ဤအချက်ကို နားလည်သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။

သူတို့ရဲ့ ပန်းတိုင်ကို အတည်ပြုပြီးတဲ့ နောက်မှာတော့ နှစ်ယောက်သား အနည်းငယ် စိတ်လျှော့လိုက်ကြသည်။

မကြာသေးမီက အထက်လူကြီးများသည် ကျင့်ကြံသူ အလောင်းအမြောက်အမြားကို အရေးပေါ်လိုအပ်သောကြောင့် ၎င်းတို့အား ဖိအားပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ လိုက်ရှာခြင်းကို ခံနေရသောကြောင့် နေရာတိုင်းတွင် ပုန်းအောင်းနေပြီး သားကောင်ရှာရန် အချိန်မရှိပေ။

နောက်ဆုံးမှာတော့ သူတို့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘဲ မှောင်ခိုလမ်းပေါ်ကို ရောက်လာကြသည်။

သူတို့ရှေ့က ပစ်မှတ်က ဒီကိုလာကတည်းက သူတို့ ပထမဆုံးတွေ့တဲ့ သားကောင်ပင်။

ဒီသားကောင်ကို ဖမ်းပြီး အထက်ကို အပ်နိုင်သရွေ့တော့ သူတို့ကိုယ်တိုင် အချိန်ကို အတန်ကြာသည့်အထိ ဝယ်ယူနိုင်မှာပင်။

ဒါကိုတွေးပြီး ဟောင်ထူနဲ့ သိုက်ကမ်းက သက်ပြင်းချလိုက်သည်။

ဆိုင်ကိုပြန်ကြည့်လိုက်တော့ သူတို့မျက်လုံးတွေက အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေသည်။

All Chapters