တန်ပြန် ချောင်းမြောင်းခံရခြင်း
Vol. 3 Ch. 39
ဆိုင်မှထွက်လာပြီးနောက် လင်းရှန်သည် သူ့လက်ထဲရှိ ဗူးနှစ်လုံးကို ကြည့်ပြီး ပြုံးလိုက်သည်။
ဆယ်လီတာသာ ဝယ်ထားသော်လည်း သူ့တွင်ရှိသော သိုလှောင်မှုနဲ့ဆို ချီအသွင်
ပြောင်းခြင်းအဆင့်ကိုးသို့ ဖြတ်ကျော်ရန် လုံလောက်ပေလိမ့်မည်။
မကြာခင်မှာ ထပ်ပြီး ဖြတ်ကျော်နိုင်မည်ဟူသော အတွေးက လင်းရှန်ကို အားအင်တွေ အပြည့်ရသွားစေသလို ခံစားရစေသည်။ သူအခုပဲ အိမ်ပြန်ပြီး စတင်ကျင့်ကြံဖို့ လုပ်တော့သည်။
ဗူးများကို သယ်ပြီး လင်းရှန်သည် မှောင်ခိုလမ်းအဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
ဆယ်မိနစ်လောက်ကြာတော့ သူသည် မှောင်ခိုလမ်းမှ ထွက်လာပြီး အရှေ့ခရိုင်သို့ ပြန်ခါနီးတွင် ရုတ်တရက် ရပ်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။
မီတာနှစ်ဆယ်အကွာ မှောင်ခိုလမ်းထဲတွင် ပိန်ပါးသော မျက်နှာထားနှင့် အရပ်ရှည်ရှည် လူလတ်ပိုင်းတစ်ယောက်က လင်းရှန်၏လမ်းကို ပိတ်ဆို့ကာ ပြုံးပြုံးရွှင်ရွှင် ကြည့်နေလေသည်။
လင်းရှန်က မျက်မှောင်ကျုံ့လိုက်ပြီး မျက်လုံးထောင့်မှ နောက်သို့ လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပဲ သူ့နောက်မှာ နောက်ထပ်လူတစ်ယောက် ရှိနေတယ်ဆိုတာ သိလိုက်ရသည်။
အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း လင်းရှန်၏ လွတ်မြောက်ရာလမ်းကို ဖော်ရွေသောအမူအရာဖြင့် ပိတ်ဆို့ထားသည်။
"မင်းကဘယ်သူလဲ၊ ဘာလို့ ငါ့လမ်းကို ပိတ်ထားတာလဲ”
လင်းရှန်းက ခံစားချက်မဲ့စွာ မေးသည်။ သူ့မျက်လုံးထောင့်ကနေ လှည့်ထွက်လို့ ရတဲ့လမ်းကို တိတ်တဆိတ်ကြည့်နေသည်။
ရှေ့တွင်ရှိနေသည့် သိုက်ကမ်းသည် လင်းရှန်၏ အနည်းငယ်လှုပ်ရှားမှုကို သတိပြုမိပြီး ရယ်မောနေပုံရသည်။
"အချိန်တွေကုန်ပါတယ်။ ငါတို့က နှစ်ယောက်တောင်ရှိတာ။ မင်းလွတ်မယ်ထင်ရင် မင်းအိမ်မက်မက်နေတာပဲ”
သူစကားမဆုံးခင်မှာ စိတ်မရှည်တဲ့ ဟောင်ထူက ကြားဖြတ်ပြောသည်။
"ဒါတွေ ထားတော့ ။ ငါတို့ နှောင့်နှေးလေ၊ ဒုက္ခ ပိုများလေပဲ၊ မြန်မြန် ဖြတ်လိုက်ပြီး သူ့ကို သတ်မယ်”
သိုက်ကမ်းက မကျေမနပ်နဲ့ နှုတ်ခမ်းကို ဖိထားသော်လည်း မငြင်းရဲပေ။ သူ့ရှေ့က ထိုလူရှေ့မှာ ဒေါသတွေကို မျိုချထားပြီး လင်းရှန်ဆီကို သတ်ဖြတ်ချင်တဲ့ အရောင်အဝါနဲ့ ကြည့်နေသည်။
မထင်မှတ်ပဲ လင်းရှန်သည် သူ့ထက် ခြေတစ်လှမ်း ပိုမြန်လာသည်။ သူက ရုတ်တရက် ရွေ့သွားပြီး လျှပ်စီးလက်သလို အနီးနားက လမ်းကြားထဲကို ပြေးသွားသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် လင်းရှန်းသည် သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သည်။ ရှေ့နှင့်နောက် လမ်းကြောင်းများကို မထင်မရှား ရန်သူနှစ်ယောက်က ပိတ်ဆို့ထားသည်။ တစ်ခုတည်းသောနည်းလမ်းမှာ သူ့ဘေးနားရှိ လမ်းကြားမှ လွတ်မြောက်ရန်ဖြစ်သည်။
လင်းရှန် လမ်းကြားထဲသို့ ပြေးသွားသည်ကို မြင်သောအခါ သိုက်ကမ်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း
ဟောင်ထူက ဘာမှမထူးခြားသလို ငြိမ်ငြိမ်နေလိုက်သည်။
"အဲဒီလမ်းက သူသေမဲ့လမ်းပဲ”
ဒါကိုကြားတော့ သိုက်ကမ်းက သက်ပြင်း တစ်ချက်ချလိုက်သည်။ သူ့မျက်နှာမှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာပြန်သည်။ စကားမပြောဘဲ လင်းရှန်နောက်သို့ လိုက်သွားခဲ့သည်။
လမ်းကြားက မီတာတစ်ရာလောက်ပဲရှိတာ ဖြစ်သည်။ လမ်း၏ဒုတိယတစ်ဝက်မှာ လမ်းခွဲတစ်ခုရှိသည်။ နှစ်ဖက်စလုံးတွင် ခပ်သေးသေး လမ်းသွယ်တစ်ခုရှိသော်လည်း ပင်မလမ်းကြားကဲ့သို့ပင် ထိုလမ်းနှသ်ခု စလုံးသည် သူသေနိုင်မည့် လမ်းပင်။
လမ်းဆုံလမ်းခွသို့ အမြန်ပြေးလိုက်သည့်အခိုက်တွင် လင်းရှန်သည် ဒါကို သတိပြုမိလိုက်သည်။
ဟောင်ထူနှင့် သိုက်ကမ်းက လမ်းကြားထဲသို့ ဝင်လာပြီး လင်းရှန်က လမ်းခွဲ၏ နောက်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရှေ့က မြင့်မားတဲ့ နံရံကြီးကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"မင်းသွားစရာနေရာမရှိဘူး”
သိုက်ကမ်းက ဂုဏ်ယူစွာ ရယ်မောပြီး ကြွက်နဲ့ ကစားနေတဲ့ ကြောင်တစ်ကောင်လို လင်းရှန်ကို စိုက်ကြည့်နေသည်။ သူက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
သားကောင်ကို ဆော့ကစားနေသလို ဤအပြုအမူကြောင့် ဟောင်ထူက မျက်မှောင်ကြုတ်သွားသည်။
ဟောင်ထူက အမြဲသတိရှိသည်။ သူတိုက်ခိုက်ခံရတိုင်း ပြိုင်ဘက်ကို အမြန်ဖယ်ရှားပြီး မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ အကောင်းဆုံးကြိုးစားသည်။
သို့သော် သူ့တွင် အမြဲလိုလို သားကောင်နှင့် ကစားရတာကို နှစ်သက်ပြီး ရန်သူက မသေမီ ထိတ်လန့်တုန်လှုပ်ကာ ရုန်းကန်နေရတာကို သဘောကျတတ်တဲ့ သိုက်ကမ်းလို လုပ်ဖော်ကိုင်ဖက် ရှိနေသည်။
သူ့မကျေနပ်မှုကို လျှော့ချပြီး ဟောင်ထူက သိုက်ကမ်းကို သတိပေးလိုက်သည်။
"သတိထား.. ဒီကောင်က အရမ်းမြန်တယ်။ သူက လှုပ်ရှားမှုနည်းစနစ်တစ်မျိုးမျိုးကို ကျင့်ကြံထားလောက်တယ်”
သူစကားပြောနေစဉ် ဟောင်ထူသည် ထုတ်ဖော်မပြသော မျက်နှာဖြင့် လင်းရှန်ထံသို့ ချဉ်းကပ်လာသည်။
"စိတ်မပူပါနဲ့။ ဒီလိုကျဉ်းမြောင်းတဲ့ လမ်းကြားလေးမှာ လှုပ်ရှားမှုနည်းစနစ် ဘယ်လောက်ကောင်းနေပါစေ ၊ အဲဒါက အများကြီး အသုံးမဝင်ပါဘူး”
သိုက်ကမ်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ယုန်တစ်ကောင်ကို ခြင်္သေ့က ခုန်အုပ်သလို လင်းရှန်ဆီကို ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် ပြေးသွားသည်။
ဒါကိုမြင်တော့ လင်းရှန်က ကြောက်လန့်တကြားနဲ့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။
သို့သော်လည်း နောက်တစက္ကန့်လောက်မှာတော့ လမ်းဆုံလမ်းခွသို့ သိုက်ကမ်းအပြေးအလွှား ပြေးလာချိန်တွင် လူနှစ်ယောက်သည် လမ်းကြားမှ ရုတ်တရက် ပြေးထွက်လာပြီး နှစ်ဖက်စလုံးမှ သိုက်ကမ်းကို တိုက်ခိုက်ကြသည်။
ကွဲအက်နေသော လေသံများကြားတွင် လောင်မြိုက်နေသော လက်ဖဝါးမှ လှိုင်းလုံးကြီးများက နှင်းတောင်များကဲ့သို့ သိုက်ကမ်းဆီကို တိုးဝင်သွားသည် ။
သိုက်ကမ်း၏ စိတ်သည် ရှေ့မှ မဝေးသော
လင်းရှန်ဆီကို လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ နှစ်ဘက်လုံးတွင် ချောင်းမြောင်းနေသော လူများရှိလာမည်ဟု သူ မမျှော်လင့်ထားပေ။ သူ့မှာ ရှောင်ရန် အချိန်မရှိပေ။ နီရဲနေသော လက်ဖဝါးနှစ်ခုကိုမြင်တော့ မလှုပ်ရှားနိုင်တော့ဘဲ သူ့ကို လာရိုက်တာကိုသာ
ကြည့်နေနိုင်ခဲ့သည်။
ဘုန်း
ရိုက်သံနှစ်ခုက တစ်ချိန်တည်းနီးပါး ထွက်ပေါ်လာသည်။
သိုက်ကမ်း မျက်နှာသည် ကြမ်းတမ်းစွာ ကွဲအက်သွားသည်။ သနားစရာကောင်းတဲ့ အော်ဟစ်သံ ထွက်မလာခင်မှာ မူလက ငါးမီတာ၊ ခြောက်မီတာအကွာမှာရှိတဲ့ လင်းရှန်က သရဲတစ္ဆေလို သူ့ရှေ့မှာ ပေါ်လာခဲ့သည်။ သိုက်ကမ်း၏ ထိတ်လန့်သော အကြည့်အောက်တွင် လင်းရှန်က သိုက်ကမ်းရင်ဘတ်ပေါ်ကို သူ့လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။
ရုတ်ချည်း ပေါက်ကွဲသံနှင့်အတူ သိုက်ကမ်းက ရုတ်တရက် တောင့်တင်းသွားသည်။ ထို့နောက် သူသည် အားလျော့သွားကာ သူ့မျက်လုံးထဲမှ ဘဝ၏အလင်းရောင်သည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသေသွားသည်။
အချိန်က လျှပ်စီးလက်သလို မြန်သည်။ ခြေလှမ်းအနည်းငယ်အနောက်တွင်ရှိသောဟောင်ထူက ဖြစ်ပျက်ခဲ့သည်ကို သိရှိသောအခါ သိုက်ကမ်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
"သိုက်”
ဟောင်ထူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူကလင်းရှန်ကို စိုက်ကြည့်နေသည်။
လင်းရှန်သည် မကြောက်ရွံ့ပေ။ သူ၏ကိုယ်ပွားနှစ်ခုနှင့် အတူ ရန်သူကို တိုက်ခိုက်နိုင်ခဲ့သည်။
လမ်းကြားသည် မရဏလမ်းဖြစ်သည်ကို သူသိသည်နှင့် တပြိုင်နက် လှည့်၍ တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရန်သူနှစ်ဦးသည် လမ်းကြားထဲသို့ ပြေးမ၀င်မီတွင် သူသည် မဆိုင်းမတွပင် ကိုယ်ပွားနှစ်ကောင်ကို ဆင့်ခေါ်ကာ လမ်းဆုံလမ်းခွ၏ တစ်ဖက်တစ်ချက်စီတွင် ပုန်းခိုစေခဲ့သည်။ ထို့နောက် ရန်သူကို တိုက်ခိုက်ရာတွင် အားနည်းဟန်ဆောင်သည်။ ထိုအခွင့်ကောင်းကိုယူပြီး လင်းရှန်သည် တစ်ချက်တည်းနဲ့ တိုက်ခိုက်ခဲ့သည်။
ကိုယ်ပွါး(၃)တွင် သန့်စင်သော ယန်ခန္ဓာကိုယ်ပါရှိပြီး ကိုယ်ပွါး(၄)တွင် ထူးချွန်သော ကိုယ်ခံပညာများရှိသည်။ သန့်စင်သော ယန်ခန္ဓာကိုယ်သို့ပြောင်းခဲ့သော လင်းရှန် ကိုယ်တိုင်နှင့်အတူ ၎င်းတို့သုံးဦးသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူကိုပင် တစ်ချက်လှုပ်ရုံဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ကြောင်း ယုံကြည်ခဲ့သည်။
ကံကောင်းထောက်မစွာပဲ သူ၏ရန်သူများသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူများ မဟုတ်တာ သေချာသည်။
ရန်သူတစ်ဦးကို ဖယ်ရှားပြီးနောက် ကျန်တစ်ဦးသည် ကိုင်တွယ်ရန် ပိုမိုလွယ်ကူခဲ့သည်။
ထိုးနှက်ချက် အနည်းငယ် လုပ်ပြီးနောက် လင်းရှန်သည် သူ့ရှေ့ရှိ ရန်သူသည် အဆင့်ကိုးချီ အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း သိထားပြီး ဖြစ်သည်။
သူ့ကိုယ်ပွားတွေရဲ့အကူအညီမပါဘဲနဲ့တောင် ဒါကို သူတစ်ယောက်တည်း ကိုင်တွယ်နိုင်သည်။
လင်းရှန်က သက်သာရနေချိန်တွင် ဟောင်ထူက ဒေါသထွက်နေသည်။
ပစ်မှတ်ကို အလွယ်တကူ ချောင်းမြောင်းတိုက်ခိုက်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ပစ်မှတ်ကို မတိုက်ခိုက်နိုင်ရုံတင်မကဘဲ ၎င်းတို့အနက်မှ တစ်ဦးကိုလည်း ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
သူ့ပတ်ဝန်းကျင်က လူသုံးယောက်ကို ကြည့်
လိုက်ပြီး အမြွှာတွေ ဘယ်ကရောက်လာတာကို သူနားမလည်နိုင်ချေ။
" သိုက်ကမ်း နဲ့ ငါ လာမယ်ဆိုတာ သူတို့ သိပြီးသား ဖြစ်နိုင်ပါ့မလား”
"မဖြစ်နိုင်ဘူး”
ဟောင်ထူက အံ့ဩသွားသည်။
သို့သော် မကြာမီ သူ့သည် ဤပြဿနာကို စဉ်းစားရန် အချိန်မရှိပေ။
သူ၏ ပြိုင်ဘက်များသည် မမျှော်လင့်ဘဲ အင်အားကြီးမားခဲ့သည်။ သူတို့ရဲ့ လေ့ကျင့်မှုအဆင့်က မမြင့်မားပေမယ့် သူတို့ရဲ့ ကိုယ်ခံပညာတွေက အံ့ဩစရာကောင်းသည်။
သူ့ရန်သူများဆီမှ နေမီးတောက်လက်ဝါး အရိပ်ကို ကြည့်လိုက်သောအခါ ဟောင်ထူ၏ မျက်လုံးထောင့်သည် တုန်လှုပ်သွားပြီး လေထဲတွင် ပူလောင်နေသော အပူလှိုင်းကို ခံစားလိုက်ရသည် ။
ဤသည်မှာ တစ်စုံတစ်ဦးက နေမီးတောက်လက်ဝါးကို ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားကြောင်း ထင်ရှားသော လက္ခဏာဖြစ်သည်။
ပို၍အရေးကြီးသည်မှာ တစ်ယောက်တည်းသာ မဟုတ်ခဲ့ချေ။ ရန်သူနှစ်ယောက်က ဒီလိုလုပ်နိုင်သည်။
တတိယတစ်ယောက်က အနည်းငယ် အားနည်းသော်လည်း သူ့၏ နေမီးတောက်လက်ဝါးသည် အနည်းဆုံး အထူးကျွမ်းကျင်အဆင့်ဖြစ်ပြီးပြည့်စုံခြင်းသို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။
"ဒီသုံးယောက်က ဘယ်က ရောက်လာတာလဲ။"
ဟောင်ထူက ရင်ထဲတွင် ညည်းလိုက်သည်။
ကိုယ်ခံပညာဖြင့် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိခဲ့သော ချီအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးကို တွေ့ရခဲသည်။ အခုတော့ သူတို့နှစ်ယောက်က တစ်ချိန်တည်း ပေါ်လာသည်။
ဘာတွေဖြစ်နေတာလဲ?
သိုက်ကမ်းသာ အသက်ရှင်နေသေးရင် ဟောင်ထူက သူ့ကို ကြိမ်းမောင်းမှာ သေချာသည်။ သူဘယ်လိုပစ်မှတ်ကို ရှာတွေ့ခဲ့တာလဲ။
သိုက်ကမ်းက ပစ်မှတ်သည် တိုက်ခိုက်ရန် လွယ်ကူသည်ဟုပြောခဲ့သော်လည်း တကယ်က ဖြိုခွဲရန် ခက်ခဲသော အခွံ့မာသီးဆိုတာ သိသာသည်။