အဆောင်
Vol. 3 Ch. 41
ကြောင်ဗိုလ်ချုပ်၏ အကူအညီမပါဘဲ ဟောင်ထူသည် လင်းရှန်နဲ့ ကိုယ်ပွါး(၃)ကိုမယှဉ်နိုင်ပေ။
ဟောင်ထူ စိတ်ရှုပ်နေချိန်တွင် လင်းရှန်သည် အရိပ်လှုပ်ရှားမှုနည်းစနစ်ကို အသက်သွင်းခဲ့သည်။ တစ်ခဏအတွင်းမှာပဲ ဟောင်ထူနောက်ကနေ ချက်ချင်းပေါ်လာပြီး သူ့နောက်ကျောကို ရိုက်လိုက်သည်။
လင်းရှန်၏ သန့်စင်သော ယန်ခန္ဓာကိုယ်၏အကူအညီဖြင့် နေမီးတောက်လက်ဝါးသည် ပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိသွားသော အရာတစ်ခုကဲ့သို့ အစွမ်းထက်နေသည်။ တခဏချင်းမှာပဲ ပြင်းထန်ပြီး တောက်လောင်တဲ့ အင်အားဟာ လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
သူ့နောက်ကလာတဲ့ ခြိမ်းခြောက်မှုကို ခံစားလိုက်ရတဲ့အခါမှာ ဟောင်ထူက ချက်ချင်းဆိုသလို ဦးရေပြားယားယံလာပြီး သေမှာကို ကြောက်လန့်နေတဲ့စိတ်က ဖုံးလွှမ်းသွားသည်။
သူက ဒေါသတကြီးနဲ့ အော်လိုက်သည်။ ထို့နောက် ဘာကိုမှ မတွေးဘဲ လှည့်ပြီး တန်ပြန်တိုက်ခိုက်လေသည်။ သူ၏ လက်ငါးချောင်းသည် လေထဲကို ဖြတ်သွားသောလက်သည်းများလို ကွေးညွှတ်သွားပြီး လင်းရှန်၏ လက်ဖဝါးကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်သည်။
လင်းရှန်၏ ရိုက်ချက်သည် အနီရောင် အမျှင်မျှသာ ဖြစ်သည်။ သူသည် ဟောင်တူ၏ ကုတ်ခြစ်ခြင်းကို ရှောင်ရှားရန် ဘေးဘက်သို့ လွှဲသွားခဲ့သည်။ သူက ဟောင်တူကို လုံးဝမတိုက်ချေ။
ဟောင်တူက အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူသည် ဖြစ်ပျက်တော့မည့်အရာကို ရုတ်တရက် သဘောပေါက်သွားပြီး သူ့အမူအရာက ချက်ချင်း ပြောင်းသွားသည်။
“ချီးပဲ “
ကံမကောင်းစွာပဲ၊ နောက်ကျသွားပြီပင်။
နောက်အခိုက်အတန့်မှာတော့ ပြင်းထန်သော အပူလှိုင်းတစ်ခုက သူ့နောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ နီမြန်းသော လက်ဖဝါးတစ်ခုသည် ဟောင်တူ၏ ကျောကို ပြင်းပြင်းထန်ထန် ရိုက်ချသွားသည်။
ဘုန်း
ဟောင်ထူသည် လျှပ်စီးထိမိသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်က ဓာတ်လိုက်ခံရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ထို့နောက် သူသည် အမြောက်ကျည်ကဲ့သို့ ရှေ့သို့ ပြေးသွားကာ လမ်းကြားနံရံဆီကို ပြင်းပြင်းထန်ထန် တိုက်မိသွားသည် ။
ချက်ချင်းပင် သွေးများ ပြန့်ကျဲကာ ကျောက်စရစ်ခဲများ နေရာအနှံ့ ပျံ့သွားသည် ။
ဘုန်း
လင်းရှန် မျက်နှာက အနည်းငယ် တောက်ပလာပြီး ဟောင်ထူရှေ့မှာ ပြန်ပေါ်လာသည်။ လက်ပြန်ရိုက်ချက်နဲ့ ဟောင်တူရဲ့လည်ချောင်းကို ရိုက်ချလိုက်သည်။
ဂျွတ်
အရိုးကွဲအက်သံများ ထွက်ပေါ်လာသည်။
ဟောင်ထူ၏ မျက်လုံးများ ရုတ်တရက် ပြူးသွားပြီး သူ့နဖူးပေါ်ရှိ အပြာရောင် သွေးကြောများ ထွက်ပေါ်လာသည်။ မကျေနပ်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်နေမှုက သူ့မျက်နှာပေါ်တွင် အထင်းသား ပေါ်လာသည်။ နောက်ဆုံးတွင် သူက အေးခဲသွားပြီး ခေါင်းစောင်းသွားသည်။ သူက ကြာကြာအသက်မရှင်နိုင်တော့ချေ။
သိပ်မကြာတော့ချေ။
ကိုယ်ပွားသုံးကောင်၏ ပူးပေါင်းတိုက်ခိုက်မှုမှလွတ်မြောက်သွားသော ကြောင်ဗိုလ်ချုပ်သည် ခေတ္တရပ်သွားသည်။ သူက လှည့်ကြည့်လိုက်ပြီး လင်းရှန်ကို အကြာကြီးအကဲခတ်လိုက်သည်။ ထို့နောက် ဓားကို ဆွဲထုတ်လိုက်ပြီး လေထဲမှာ ဖြည်းညှင်းစွာ လွင့်ပျံသွားသည်။
ဒီမြင်ကွင်းကိုမြင်တော့ လင်းရှန်က သက်ပြင်းချမိသည်။
သေသွားတဲ့ ဟောင်ထူနဲ့ ယှဉ်ရင် ကြောင်ဗိုလ်ချုပ်က သူ့ကို ပိုတောင် ဖိအားပေးခဲ့သည်။
နောက်ဆုံးတွင် ၎င်းသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ဖြစ်သည်။ ကိုယ်ပွားလေးခု၏အကူအညီဖြင့်ပင် ၎င်းကိုအနိုင်ယူရန် ယုံကြည်မှုများစွာမရှိခဲ့ပေ။
ကံကောင်းထောက်မစွာ သူတွေးတာမှန်သည်။ ကြောင်ဗိုလ်ချုပ်ကို ဆင့်ခေါ်သူ သေဆုံးရင် ကြောင်ဗိုလ်ချုပ်သည် သဘာဝအတိုင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် သူ၏ကိုယ်ပွားများကို ပြန်ဆွဲသွင်းကာ အလောင်းနှစ်လောင်းရှေ့တွင် ထိုင်ချလိုက်လေသည်။ သူသည် သူတို့ကို စတင်ရှာဖွေခဲ့သည်။
ဒီလူနှစ်ယောက်က ဘာကြောင့် သူ့ကို ချောင်းမြောင်းတိုက်ခိုက်မှန်း သူ မသိချေ။ သူနှင့် ပဋိပက္ခဖြစ်ဖူးသည့် တစ်ဦးတည်းသောသူမှာ သေဆုံးနေပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးက အမှန်တရားကို သိရှိတာကြောင့် သူ့ကို လက်စားချေလိုသည့်ပုံလည်း မပေါ်ပေ။
“မှောင်ခိုလမ်းကတစ်ယောက်ယောက်က ငါ့ပိုက်ဆံတွေကို မြင်ပြီး ငါ့ကိုသတ်ချင်လို့ ငါ့နောက်ကို လိုက်လာတာများလား”
ဤအတွေးပေါ်လာသည်နှင့် တပြိုင်နက် လင်းရှန်သည် ခေါင်းယမ်းကာ ငြင်းပယ်လိုက်သည်။
သူသည် ယနေ့ညတွင် မှောင်ခိုလမ်းပေါ်၌ အဆီအရည်နှစ်ဗူးသာဝယ်ခဲ့သည်။ စုစုပေါင်းတန်ဖိုးမှာဝိညာဉ်င်္ဒဂါးနှစ်သောင်းထက် မပိုပေ။ ချီအသွင်ပြောင်းခြင်းအဆင့်ကိုးရှိ ကျင့်ကြံသူနှစ်ဦးတွင် မှားယွင်းသော အယူအဆများ ရှိမနေလောက်ပေ။
ဒါပေမယ့် အဲဒါက အကြောင်းပြချက်မဟုတ်ရင် ဘာဖြစ်မလဲ။
လင်းရှန်စိတ်ရှုပ်သွားသည်။
တိုက်ခိုက်သူနှစ်ဦးတွင် သိုလှောင်ကျောက်စိမ်းပြားများ မပါရှိသောကြောင့် ၎င်းတို့နှင့်အတူ ပစ္စည်းအများအပြားကို သယ်ဆောင်လာခြင်းမရှိပေ။ လင်းရှန်သည် ၎င်းတို့အား ရှာဖွေရန် အချိန်အကြာကြီး မပေးခဲ့ရပေ။ ကံမကောင်းစွာပဲ သူသည် ၎င်းတို့၏ အထောက်အထားများကို သက်သေပြနိုင်သည့် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ ဝိညာဉ်ဒင်္ဂါးနှစ်ထောင်မှ သုံးထောင်အထိကိုသာ သူတွေ့ရှိခဲ့သည်။
ထို့အပြင် ကြောင်ဗိုလ်ချုပ်ကို ခေါ်တဲ့ အဆောင်လည်း ရှိသေးသည်။
အဆောင်က မကြီးပေမယ့် မထင်မှတ်ပဲ လေးလံနေသည်။
လင်းရှန်က ထိုအရာကို သေသေချာချာကြည့်နေသည်။ အဆောင်သည် ထိပ်
တွင်ကျယ်ပြီး အောက်ခြေတွင် ကျဉ်းသွားသည်။ ထိုအရာက လက်ဖဝါး တစ်ဝက်စာခန့်ရှိသည်။ ၎င်းပေါ်တွင် ဓားရှည်ကိုင်ဆောင်ထားသော ကြောင်ဖြူတစ်ကောင်၏ ရောင်စုံရုပ်ပုံတစ်ခုရှိနေသည်။ ၎င်းသည်
ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်လှပြီး ယခုမြင်လိုက်ရသော ကြောင်ဗိုလ်ချုပ်ပုံဖြစ်သည်။
အဆောင်အစွန်းတွင် လက်ရာမြောက်သော ကျောက်တုံးအဝိုင်းတစ်ခုလည်းရှိသည်။ လင်းရှန် ရေတွက်ကြည့်တော့ စုစုပေါင်း ကျောက်တုံး ၁၉ လုံး ရှိသည်ကို တွေ့လိုက်ရသည်။
ဘယ်နှင့်ညာ နှစ်ဖက်တွင် ကျောက်တုံး ကိုးခုစီထည့်သွင်းထားပြီး အကြီးဆုံးတစ်ခုသည် အဆောင်၏ အလယ်တွင် ဖြစ်သည်။
“ဒီအဆောင်ကို ဘယ်လိုသုံးရမလဲ”
လင်းရှန်သည် အချိန်အတော်ကြာအောင် တွေးတောနေသော်လည်း ၎င်းကို အသုံးပြုလို့ရမည့် လှည့်ကွက်ကို ရှာမတွေ့သေးပေ။ ရွေးချယ်စရာမရှိတဲ့အတူတူ အဲ့တာကို ဖယ်ထားလိုက်ပြီး အချိန်ရတဲ့အခါ သေသေချာချာ လေ့လာဖို့ လုပ်လိုက်သည်။
အလောင်းကို အရည်ပျော်စေတဲ့ အရည်ပျော်ဆေးကို သုံးကာ အခင်းဖြစ်ပွားရာနေရာကို ခေတ္တရှင်းလင်းပြီးနောက်
လင်းရှန်းသည် အမြန်ထွက်ခွာသွားခဲ့သည်။
အပြန်လမ်းမှာ တခြားဘာမှ မဖြစ်ခဲ့ချေ။ လင်းရှန်သည် မည်သည့်အဖြစ်အပျက်မှ ထပ်မရှိဘဲ အိမ်ပြန်ရောက်ပြီးမှ သက်ပြင်းရှည်ချနိုင်သည်။
“အဲဒီလူနှစ်ယောက်က ဘယ်သူလဲဆိုတာ ငါမသိသေးဘူး။”
လင်းရှန်က သက်ပြင်းချလိုက်သည်။
သို့သော် နောက်ထပ်အခွင့်အရေးရလျှင်လည်း သူက ထိုလူနှစ်ယောက်ကို သတ်ပစ်မည်ပင်။
အောင်ပွဲက လက်ထဲတွင် ရှိနေမှသာ
သတင်းအချက်အလက်အတွက် ရန်သူကို စစ်ကြောမေးမြန်းဖို့ အသက်ရှင်အောင်ထားတာက ကောင်းသည်။ ဒါတောင်မှ နောက်ဆုံးအခိုက်အတန့်မှာ ကျရှုံးနိုင်သည်။
ထိုအချိန်တွင် သူသည် ရန်သူများ၏ ပုံစံနှင့် အင်အားကို မသိခဲ့ပေ။ လင်းရှန်ပထမဆုံးစဉ်းစားရမည့်အချက်မှာ မိမိအသက်ကို ကာကွယ်ခြင်းဖြစ်သည်။
“ထားလိုက်။ သူတို့က တကယ်ရှိနေရင် နောက်ကျငါတို့ ပြန်ဆုံကြမှာပဲ။ နောက်တစ်ခါဆို ပိုသတိထားပါ့မယ်။”
လင်းရှန်သည် လျင်မြန်စွာ တွေးတောလိုက်သည်။
သို့သော် သူ့အမြင်အရတော့ သူတို့နှစ်ဦးသည် အမှန်တကယ် မည်သူဖြစ်သည်ကို မသိနိုင်ပေ။
ခုန်ဟုန်ပြောခဲ့ဖူးသော မြောက်ပိုင်းခရိုင်တွင် ဖြစ်ပွါးခဲ့သည့် သတ်ဖြတ်မှုများကို ပြန်သတိရသောအခါ လင်းရှန်တွင် လေးနက်သော အတွေးများ မရှိတော့ပေ။
ခဏအကြာတွင် သူသည် သတိပြန်ဝင်လာကာ ခေါင်းကိုခါယမ်းပြီး ထိုကိစ္စကို သူ့စိတ်ထဲ စွဲစွဲမြဲမြဲ ထားလိုက်သည်။ အဲဒီအစား သူ့ရဲ့နောက်ထပ်အစီအစဉ်တွေကို စဉ်းစားလေသည်။
“ငါ အဆီအရည်ကိုရထားပြီးသားပဲ။ ချီအသွင်ပြောင်းခြင်းနဝမအဆင့်ကို မရောက်
ခင်အထိ အခြားအရင်းအမြစ်တွေ မလိုသေးဘူး။ ငါကျင့်ကြံဖို့ပဲ အာရုံစိုက်လို့ရတယ်။”
လင်းရှန်သည် အစီအစဉ်ကို အမြန်လုပ်လိုက်သည်။
ဘုရားသခင်၏ မနာလိုမှု စွမ်းရည်များရှိသည့် ကိုယ်ပွါး(၂) သည် ၎င်း၏ ကျင့်ကြံမှု တိုးလာစေရန် အဆီအရည်ကို စုပ်ယူခဲ့သည်။
သန့်စင်သောယန်ခန္ဓာကိုယ်ရှိသော ကိုယ်ပွါး(၃)သည် နေမီးတောက်လက်ဝါးကို ကျင့်ကြံရန် အာရုံစိုက်မည်ဖြစ်သည်။ သူအနေနဲ့ စာမေးပွဲမဖြေခင် ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်ချင်သည်။
ကျန်နှစ်ယောက်သည် အရိပ်များကို ကျင့်ကြံရန် အာရုံစိုက်ကြသည်။
အရိပ်၏ လက်တွေ့ကျမှုကို ယနေ့ညတိုက်ပွဲတွင် အတည်ပြုပြီးပြီ ဖြစ်သည်။
အရိပ်၏ လျင်မြန်မှု ကြောင့် မဟုတ်ပါက လင်းရှန်သည် ထိုရာဇ၀တ်သား နှစ်ယောက်ကို သတ်ဖို့ ကြီးမားသော အဖိုးအခကို ပေးရပေလိမ့်မည်။
လက်တွေ့တိုက်ပွဲတွင် လှုပ်ရှားမှုနည်းစနစ်၏ အရေးပါမှုသည် ထင်ရှားသည်။
စာမေးပွဲမတိုင်မီ အရိပ်ကိုကျွမ်းကျင်အောင် ကျင့်ကြံနိုင်လျှင် စာမေးပွဲမှာ ထူးထူးခြားခြား ရလဒ်တွေ ရရှိမယ်လို့ ပိုပြီးယုံကြည်မှု ရှိလာမှာပင်။
“ကိုယ်ပွားနှစ်ကောင်က ငါနဲ့အတူ ကျင့်ကြံမယ်ဆိုရင် ရက်(၂၀)ကျော်အတွင်း ကျွမ်းကျင်မှုအဆင့်ကို ရောက်နိုင်တယ်။ အထူးကျွမ်းကျင်အဆင့်က
မသေချာပေမယ့် အဲ့တာလည်း ဖြစ်နိုင်ပါသေးတယ်။”
ခဏလောက် သူ့ဘာသာ ရေရွတ်ပြီးနောက် လင်းရှန်သည် ညက ကြောင်ဗိုလ်ချုပ်နှင့် တိုက်ပွဲအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။
ကြောင်၏ ပြင်းထန်သော ဓားနည်းစနစ်သည် သူ့အား ဖိအားများစွာပေးခဲ့သည်။
“လက်တွေ့တိုက်ပွဲမှာ လက်နက်မပါတာက အတော် ဆိုးတယ်”
“ဒါပေမယ့် အခုအချိန်မှာ ငါက လက်နက်နဲ့ ပတ်သက်တဲ့ ကိုယ်ခံပညာတွေကို လေ့ကျင့်မယ်ဆိုရင် ငါ့ရဲ့ လေ့ကျင့်မှုအရှိန်ကို နှေးကွေးသွားစေလိမ့်မယ်။ နောက်ပြီး သူတို့က ရှာရတာ မလွယ်ဘူး။”
လင်းရှန် ခဏလောက်စဉ်းစားပြီး စိတ်လျှော့လိုက်သည်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ မြှင့်
တင်ခြင်း ကိုယ်ခံပညာဖြစ်သည်။
ဤနည်းဖြင့် သူ့ခန္ဓာကိုယ်၏ မြှင့်တက်မှုကို ထိန်းနိုင်ရုံသာမက သူ၏ တက်ကြွမှုကို အားကောင်းစေတဲ့အပြင် လက်နက်အမျိုးအစား ကိုယ်ခံပညာများကိုလည်း ခုခံနိုင်စွမ်းရှိသည်။
သို့သော် အခြားပြဿနာများ ရှိသေးသည်။ သူကဲ့သို့ သာမန်အရပ်သားတစ်ဦးမှာ သင့်လျော်သော ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာကို ရရှိရန် နည်းလမ်းမရှိပေ။
“အစွမ်းထက်တဲ့ ကိုယ်ခံပညာက ရှာရခက်နေသေးတယ်…”