← Chapters

ကြီးမားသောကွာခြားချက်

Vol. 3 Ch. 42

ကြီးမားသောကွာခြားချက်

Vol. 3 Ch. 42

ဘယ်သူမှ သတိမထားမိခင် အချိန်တွေက ကုန်လွန်သွားသည်။

လင်းရှန်သည် သူ၏ ကျင့်ကြံမှုတွင် နှစ်မြုပ်နေပြီး ၎င်းကိုသတိမထားမိတာ လဝက်ကြာသွားခဲ့သည်။

သူနှင့်သူ့ကိုယ်ပွားနှစ်ခု၏ လုံ့လစိုက်ထုတ်မှုအောက်တွင် အရိပ်နည်းစနစ်က ကျွမ်းကျင်အဆင့်ကို ရောက်လာခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည် - ဘုရားသခင်၏ မနာလိုမှု]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၈၊ ၇၈%]

[နည်းစနစ် - မူလအသက်ရှုခြင်း နည်းစနစ် (ပြီးပြည့်စုံမှု)၊နေမီးတောက်လက်ဝါး (အထူးကျွမ်းကျင်အဆင့် ၇၅ %)၊သေခြင်းအတားအဆီး (အစပြုသူအဆင့် ၅၃ %)၊ အရိပ်နည်းစနစ် (ကျွမ်းကျင်မှု ၂၅ %)]

[ကိုယ်ပွားအရေအတွက်- ၄ (၄၀ %)]

“ဘုရားသခင် မနာလိုမှုနဲ့ သာလွန်သော ကိုယ်ခံပညာက အမှန်

တကယ် အသုံးဝင်တယ်”

မျက်နှာပြင်က အချက်အလက်တွေကို ကြည့်လိုက်ပြီး လင်းရှန်က ပြုံးနေခဲ့သည်။

လဝက်အတွင်း အရိပ်သည် ကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိခဲ့သည်သာမက ၎င်းမျှော်မှန်းထားသည့်တိုးတက်မှု၏ ၂၅% ကိုလည်း ကျော်လွန်သွားခဲ့သည်။

ဒီအရှိန်နဲ့ ဆို စာမေးပွဲမဖြေခင် အထူးကျွမ်းကျင်မှုအဆက့်ကို ရောက်ဖို့က ပြဿနာမဟုတ်ချေ။

" နေမီးတောက် လက်ဝါးကို ပြီးပြည့်စုံခြင်း အဆင့် ရောက်ဖို့က ၂၅% လိုသေးတယ်။ အနည်းဆုံး ခုနစ်ရက်ကနေ ရှစ်ရက်လောက် လိုတယ်။ အဲ့အချိန်ကျ ကိုယ်ပွါး (၃)က အရိပ်ကို ကျင့်ကြံလို့ရပြီး ”

လင်းရှန်သည် ချီအသွင်ပြောင်းခြင်း အဆင့် (၉) အထိ ဖြတ်ကျော်နိုင်ပြီး နေမီးတောက်လက်ဝါး ပြီးပြည့်စုံမှုအဆင့်နှင့် အရိပ်နည်းစနစ်ကျွမ်းကျင်မှုနဲ့သာဆို ကြာရှည်စွာအသက်ရှုခြင်း နည်းစနစ်အဆင့် ကျင့်ကြံသူကို တစ်ယောက်တည်း တိုက်ခိုက်နိုင်မည်ဟု ယုံကြည်သည်။

နာရီကို မော့ကြည့်လိုက်တော့ လင်းရှန်က ထုပ်ပိုးပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။

သူသည် ကိုယ်ခံပညာကျောင်းတွင် အချိန်ပိုင်းအလုပ်လုပ်ရသေးသည်။

သူသည် ထျန်းတျန်းထံမှရရှိသော ဝိညာဉ်ဒင်္ဂါးအများစုကို သုံးစွဲပြီးဖြစ်သည်။ သူ့မှာ ဝိညာဉ်ဒင်္ဂါး ၇၀,၀၀၀အောက်သာ ကျန်ရှိတော့သည် ။

လျော်ကြေးငွေ ၄၅,၀၀၀ကိုလည်း ကျေးဇူးတင်ရသည် ။ မဟုတ်ရင် သူ ဒီထက်တောင် နည်းသွားနိုင်သည်။

" ငါ့ရဲ့ အိမ်ငှားခနဲ့ ဝိညာဉ်သားရဲ အသားတွေက တော်တော်ကုန်တယ်။ ကိုယ်ခံပညာကျောင်းမှာ အချိန်ပိုင်းအလုပ်တာကနေ ရတဲ့ဝင်ငွေနဲ့ဆို အများဆုံး ဆယ်ရက်ပဲ နေနိုင်မှာ”

“ဒါပေမယ့် အဆင်ပြေပါတယ်။ စာမေးပွဲက ဆယ်ရက်ပဲလိုတော့တာ ။ နိုင်းယန်ကျောင်းကို တက်နိုင်ရင် လစဉ်ထောက်ပံ့ကြေးက ငါ့ကုန်ကျစရိတ်တွေကို ကာမိဖို့ လုံလောက်မှာပါ။ နောက်ပြီး ကျောင်းက ရက်ရောတဲ့ ပညာသင်ဆုတွေလည်း ပေးတယ်လို့ ကြားတယ်။”

ကိုယ်ခံပညာကျောင်းကိုရောက်တော့ ယန်ကျုံးရီက တိုက်ခိုက်ရေးအခန်းတွင် စောင့်နေပြီဖြစ်သည်။

စုနျန်လည်းအဲဒီမှာရှိနေသည်။

လင်းရှန်ရောက်လာတာကိုမြင်တော့ ယန်ကျုံးရီက ချက်ချင်းပဲ စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။

"ဒီမှာ.. ငါ မင်းကို စောင့်နေတာ ကြာပြီ။ ငါ အခုအဲ ပူပူနွှေးနွှေး ဖြစ်နေတာ၊ အခုပဲစလိုက်

ရအောင်”

ပြိုင်ပွဲပြီးကတည်းက လင်းရှန်သည် ယန်ကျုံးရီကို တိုက်ခိုက်ရာတွင် အကာအကွယ်ပစ္စည်း ဝတ်ဆင်ရန် မလိုအပ်တော့ပေ။

ချီအသွင်ပြောင်းခြင်း ဆဌမအဆင့်နဲ့ နေမီးတောက်လက်ဝါး အထူးကျွမ်းကျင် အဆင့်ကြောင့် သူသည် ယန်ကျုံးရီကို တန်းတူယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။

သို့သော်လည်း လင်းရှန်သည် ယနေ့တွင် နောက်ထပ် "သေးငယ်သော" ဖြတ်ကျော်မှုတစ်ခုကို ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ထို့ကြောင့် တခဏမျှ တိုက်ပွဲဝင်ပြီးတဲ့နောက်မှာ ယန်ကျုံးရီက စိုးရိမ်တကြီး အော်လိုက်သည်။

"ရပ်လိုက်”

သူက နောက်ဆုတ်လိုက်ပြီး လင်းရှန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"မင်းက ချီအသွင်ပြောင်းခြင်းရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်သွားပြီလား?"

စုနျန်ကလည်း တုန်လှုပ်သွားသည်။

"ငါ မနေ့ကပဲ “ လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ကြီးမားသော ရုန်းရင်းဆန်ခတ်မှု မဖြစ်စေလိုတာကြောင့် လင်းရှန်သည် စာမေးပွဲကာလအတွင်း အလွန်အကျွံမဖော်ပြဘဲ အခြားသူများရှေ့တွင် သူ၏ကျင့်ကြံမှုအဆင့်ကို "တဖြည်းဖြည်း" မြှင့်တင်ရန် ပြင်ဆင်ခဲ့သည်။

ပြိုင်ပွဲစကတည်းကဆို ရက်ပေါင်း ၂၀ ရှိနေပြီဖြစ်လို့ "နောက်တဖန်" ဖြတ်ကျော်ဖို့ အချိန်ကောင်းပင်။

ဒါတောင်မှ ယန်ကျုံးရီနဲ့စုနျန်သည် အံဩတုန်လှုပ်နေတုန်းပင်။ သူတို့သည် အချိန်အကြာကြီး မျက်လုံးပြူးပြူးဖြင့် လင်းရှန်ကို စိုက်ကြည့်နေကြသည်။

အဲဒါက ဖြစ်သင့်သည်။

တစ်လမပြည့်သေးပဲ နောက်ထပ် ဖြတ်ကျော်မှုတစ်ခု ထပ်ရခဲ့သည်။

သူက ဒုံးပျံစီးခဲ့သလိုပင်။

"... မင်းက နတ်ဆိုးကောင်ပဲ”

ယန်ကျုံးရီက သက်ပြင်းချလိုက်ပြီး အနည်းငယ် ပင်ပန်းသွားသည် ။

သူ၏ယခင် ကျင့်ကြံမှုအဆင့်နဲ့ဆို သူသည် လင်းရှန်ကို နှိမ်နှင်းနိုင်ဆဲဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် တူညီသောအဆင့်တွင် ရှိနေသည်။

လင်းရှန်၏ နေမီးတောက်လက်ဝါးသည် သူ့ထက်အဆင့်မြင့်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ယန်ကျုံးရီသည် လင်းရှန်နှင့် မယှဉ်နိုင်ပေ။

မကြာသေးမီက သူသည် လင်းရှန်ကို အနိုင်ယူနိုင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လို အလှည့်အပြောင်း ဖြစ်လာတာလဲ။

ဒါကို သူတွေးလိုက်တော့ ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။

ယန်ကျုံးရီသည် သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ဦးဟု မကြာခဏ ထင်မြင်လေ့ရှိတာကြောင့် ထိုနာမည်ကို လင်းရှန်အား မပေးချင်ပေ။

စုနျန်လည်း မျောပါသွားသည် ။

ပြိုင်ပွဲတွင် လင်းရှန်ကို ရှုံးနိမ့်ပြီးနောက် စာမေးပွဲတွင် လင်းရှန်ကို ကျော်တက်နိုင်ရမည်ဟု လျှို့ဝှက်စွာ ဆုံးဖြတ်ခဲ့သည်။ ဒီအတွက် သူဟာ အရင်ကထက် ကျင့်ကြံမှုမှာ အချိန်ပိုဖြုန်းခဲ့သည်။

သူဘာမှ မဖြတ်ကျော်နိုင်သေးပေမယ့် လဝက်အတွင်းမှာ လင်းရှန်က ချီအသွင်ပြောင်းခြင်းရဲ့ သတ္တမြောက်အဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။

လူတွေကြားက ခြားနားချက်က တကယ်ကြီးလား။

"မင်းရဲ့လက်ရှိခွန်အားနဲ့ဆို မင်းက သြဇာရှိတဲ့မိသားစုတွေရဲ့ တပည့်တွေထဲမှာတောင် အကောင်းဆုံးတစ်ယောက်ဖြစ်နေပြီ” ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။

လင်းရှန်သည် ချက်ချင်းပင် စိတ်ဝင်စားလာပြီး သြဇာရှိသော မိသားစုများမှ တပည့်များ၏ ခွန်အားအကြောင်းကို ယန်ကျုံးရီအား မေးမြန်းခဲ့သည်။

လင်းရှန် စိတ်ဝင်စားနေတာကိုမြင်တော့ ယန်ကျုံးရီက ဘာမှ မဖုံးကွယ်ထားပေ။ သူက ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အရာအားလုံးကို လင်းရှန်အား ရှင်းပြလိုက်သည်။

“ပြင်ပကမ္ဘာမှာ သြဇာကြီးတဲ့မိသားစုတွေရဲ့ တပည့်တွေက စာမေးပွဲတွေမှာ နေရာအများကြီးယူတယ်လို့ လူတွေက မကြာခဏ ညည်းညူကြတယ်ကွာ။ ကျောင်းကိုဝင်ရောက်သူအများစုက အဲ့ဒီမိသားစုတွေက ပူးပေါင်းပါဝင်ပေးလို့ ဝင်ရောက်နိုင်တာလို့ ပြင်ပလူတွေက သံသယရှိကြတယ်။ဒါပေမဲ့ တကယ်က အဲ့လို မဟုတ်ဘူး”

“ကျင့်ကြံရေးလောကမှာက အားကြီးတဲ့သားကောင်က အားနည်းသူတွေဆီက လုယူကြတာပဲလေ။ သန်မာသူတွေကို လေးစားကြပြီး အရာရာတိုင်းက တစ်ဦးတစ်ယောက်ရဲ့ ခွန်အားပေါ်မှာ မူတည်နေတယ်။ အဓိကဂိုဏ်းကြီးသုံးခုရဲ့ ကျောင်းတွေရောပဲ။ မင်းသာ ခွန်အားမရှိရင် မင်းက ဩဇာကြီးမားတဲ့ မိသားစုတွေရဲ့တပည့်တစ်ဦး ဒါမှမဟုတ် မျိုးနွယ်စုကြီးသုံးခုကနေ တိုက်ရိုက်ဆင်းသက်လာရင်တောင် ကျောင်းကိုမဝင်နိုင်ဖူး”

“ဒါပေမဲ့ ဩဇာကြီးမားတဲ့ မိသားစုတွေရဲ့ တပည့်တွေခံစားနိုင်တဲ့ အရင်းအမြစ်တွေက သာမန်လူတွေထက် အများကြီးသာလွန်

တော့ သူတို့က ယေဘူယျအားဖြင့်တော့ အားကောင်းကြတယ်လေ။ အဲ့တော့ သူတို့က နေရာတွေကို ပိုသိမ်းပိုက်ထားနိုင်တယ်။

ဒါက ရက်စက်ပေမဲ့ ငြင်းမရနိုင်တဲ့အချက်ပဲ”

“ငါ့ရဲ့ ခွန်အားနဲ့ ပတ်သက်ရင်…”

ယန်ကျုံးရီက သူ့ဘာသာ ထောက်ပြသည်။

“သြဇာကြီးတဲ့ မိသားစုတွေရဲ့ တပည့်တွေထဲမှာတော့ ပျမ်းမျှထက်သာတယ်လို့ ယူဆလို့ ရတယ်။ ယန်ရှင်းနဲ့ ကျောက်ရွှယ်ရင်တို့လို လူတွေကတော့ စစ်မှန်တဲ့ ပါရမီရှင်တွေပဲ”

လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

မိုးမခသင်တန်းကျောင်းရှိ လူတိုင်းနီးပါး ယန်ရှင်းနဲ့ ကျောက်ရွှမ်ရင်အကြောင်း သိသည်။ ဒီလူနှစ်ယောက်ကို ပြောတဲ့အခါတိုင်း "ပါရမီရှင်" နဲ့ "အထက်တန်းစား" ဆိုပြီး ရည်ညွှန်းကြသည်။

လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း လင်းရှန်၏နားများသည် ထိုအမည်တွေကို ကြားရလွန်းလို့ နာတွေပင် ပူနေသည်။

"ယန်ရှင်းက ချီအသွင်ပြောင်းခြင်းအဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ။ မင်းလိုပဲ နေမီးတောက်လက်ဝါးမှာ အထူးကျွမ်းကျင့်အဆင့်ရှိနေပြီ။ ပြီးတော့ အခြား ကိုယ်ခံပညာတွေကိုလည်း ကျင့်ကြံထားတယ် ပြောတယ် ။ အဲ့တာ ဘာတွေလဲဆိုတာတော့ ငါသိပ်မသိဘူး”

"ကျောက်ရွှမ်ရင်က ယန်ရှင်းထက်တောင် ပိုထူးချွန်တယ်လို့ ပြောလို့ရတယ်။ သူက လွန်ခဲ့တဲ့ သုံးလကတည်းက အဌမအဆင့်သို့ ရောက်နေပြီ။သူက နဝမအဆင့်ကို မဖြတ်ကျော်ရသေးဘူးဆိုရင်တောင် အတော်လေးတော့ နီးနေပြီ”

"သူမရဲ့ ကိုယ်ခံပညာစွမ်းရည်ကရော ဘယ်လိုလဲ။" လင်းရှန်က စိတ်ဝင်တစား မေးသည်။

“သူမကလည်း နေမီးတောက်လက်ဝါးမှာ အထူးကျွမ်းကျင်အဆင့်ပဲ။ တခြားကိစ္စတွေတော့ ငါ မသိဘူး။"

ယန်ကျုံးရီက သူ့လက်ကို ဖြန့်လိုက်သည်။

"ကျောက်ရွှမ်ရင်က သာမန်ပဲနေတာ ။ သူသွားလေရာမှာ လေကိုယူသွားတတ်တဲ့ ယန်ရှင်းနဲ့မတူဖူး။ ငါသိတာတော့ာ့ သူက စုနျန်ထက်တောင် အလုပ်ပိုကြိုးစားတယ်။ သူမက ကိုယ်ခံပညာကို စွဲစွဲလန်းလန်း ကျင့်ကြံသူလို့ ပြောလို့ရတယ်”

စုနျန်က နှုတ်ဆိတ်နေသည်။ ယန်ကျုံးရီပြောတာကို သဘောတူတာ သိသာသည်။

လင်းရှန်က အတွင်းကျကျ သက်ပြင်းချလိုက်သည်။

သြဇာကြီးသော မိသားစုများ၏ တပည့်များသည် အရင်းအမြစ်များ သို့မဟုတ်

ကျော်ကြားသော ဆရာတွေထံမှ လမ်းညွှန်မှု များ ရရှိကြသည်။ သူတို့မှာ အရည်အချင်းနည်းနည်းရှိသရွေ့ သူတို့ရဲ့ အောင်မြင်မှုတွေက သာမန်လူတွေထက် အများကြီးပိုသည်။

ပိုထက်မြက်တဲ့သူတွေရဲ့အောင်မြင်မှုတွေက တော့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် အများကြီးပိုသည်။ သာမာန်လူတွေက ဘယ်တော့မှ လိုက်မမီနိုင်တော့ချေ။

သူ့ကိုယ်ပွါးတွေကြောင့်သာ မဟုတ်ရင်

လင်းရှန်က ဒီလူတွေကို ဘယ်တော့မှ မှီမှာမဟုတ်ချေ။

"လင်း မင်းအပေါ်မှာ ငါမျှော်လင့်ချက်ကြီးကြီးရှိတယ်"

ယန်ကျုံးရီက တခစ်ခစ်ရယ်ပြီး လင်းရှန်၏ ပုခုံးကို ပုတ်လိုက်သည်။

"ယန်ရှင်းနဲ့ ကျောက်ရွှမ်ရင်တို့လို ထိပ်တန်းလူအနည်းစုနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် မင်းရဲ့အင်အားက ဩဇာကြီးတဲ့မိသားစုတွေးရဲ့

တပည့်၈၀%ထက်ကို ကျော်သွားပြီကွ”

"ဒီစာမေးပွဲမှာ မင်းက လူတိုင်းကို အံ့အားသင့်စေမဲ့အပြင် မမျှော်လင့်ထားတဲ့ ရလဒ်ကောင်းကိုပါ ရရှိမှာပါ”

All Chapters