← Chapters

ကြောင်ဗိုလ်ချုပ်၏ တောင်းဆိုချက်

Vol. 3 Ch. 43

ကြောင်ဗိုလ်ချုပ်၏ တောင်းဆိုချက်

Vol. 3 Ch. 43

လင်းရှန်သည် ယန်ကျုံးရီ၏ ချီးကျူးမှုကြောင့် ပြုံးလိုက်သည်။

ယန်ကျုံးရီ ပြောခဲ့သည့်အတိုင်း ရလဒ်ကောင်းများရရှိဖို့က သူ၏ရည်မှန်းချက် ဖြစ်သည်။

ထိုအရာက အနာဂတ်တွင် ကျောင်းမှ ရရှိနိုင်သည့် ကျင့်ကြံမှု အရင်းအမြစ်များနှင့် သက်ဆိုင်သောကြောင့် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။

သူလုပ်ရမှာက အားမလျော့ဖို့ပင်။

ယန်ကျုံးရီက အဲဒါကို ပြောစရာမလိုချေ။

ကိုယ်ခံပညာကျောင်းမှ ထွက်လာချိန်က ညဉ့်နက်နေပြီပင်။

လင်းရှန်သည် ဝိညာဉ်သားရဲအသားဆိုင်မှ ဖြတ်သွားသောအခါ ထုံးစံအတိုင်း ဝိညာဉ်သားရဲအသားအချို့ကို ဝယ်လာသည်။ အိမ်ပြန်တော့ ညနက်နေပြီ။

ဒီည ရာသီဥတုက သိပ်ကောင်းပုံမရချေ။ လမ်းမများပေါ်တွင် အလွန်အမင်း မြူမှုန်များ ထူနေပြီး ညကောင်းကင်သည် အနည်းငယ် အုံ့ဆိုင်းနေသည်။

အဝေးမှလမ်းက ပိုပြီး မှုန်ဝါးနေတာကြောင့် ဘာကိုမဆို ရှင်းရှင်းလင်းလင်းမြင်ရဖို့

ခက်သည်။

လင်းရှန်က အစကတော့ သိပ်ပြီးမတွေးပေမယ့် လမ်းလျှောက်နေရင်း တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။

“တိတ်ဆိတ်လွန်းတယ်“

အရှေ့ခရိုင်က ဗဟိုခရိုင်နဲ့ အနောက်ခရိုင်လောက် မချမ်းသာပေမယ့် ဒီအချိန်မှာက သွားလာနေကြပြီး ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်သင့်သည်။

သူရွေးတဲ့လမ်းက နည်းနည်းဝေးနေရင်တောင် အနီးအနားမှာ လူတချို့ရှိနေသင့်သည်။

အဝေးက လူတွေနဲ့ ကားသံလည်း မကြားရချေ။ တစ်လောကလုံးတွင် သူတစ်ယောက်တည်းကျန်နေသကဲ့သို့ အရာအားလုံးသည် တိတ်ဆိတ်နေ၏။

“မြူတွေ ပိုထူလာတယ်”

လင်းရှန်က လှည့်ကြည့်လိုက်သည်။ လမ်းမပေါ်မှ မြူများ ထူထပ်လာပြီး ဘာမှ မမြင်ရတော့ပေ။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မီတာ ၂၀ မှ ၃၀ အချင်းဝက်အတွင်းရှိ မြင်ကွင်းကိုသာ မြင်နိုင်သည်။ ထို့ အပြင် အရာအားလုံးသည် မှုန်ဝါးနေခဲ့သည်။ သူသည် အဆောက်အဦး၏ ကောက်ကြောင်းကို ယောင်ဝါးဝါးသာ မြင်နိုင်ခဲ့သည်။ ၎င်းတို့ အသီးသီးသည် အစွယ်ကို ထုတ်ပြီး ခြေသည်းများ တောက်ပြောင်နေသည့် နတ်ဆိုး တစ်ကောင်နှင့် တူနေကာ ညဘက်တွင် အထူးကြောက်မက်စရာ ကောင်းနေသည်။

လင်းရှန်သည် စိတ်အိုက်လာပြီး သူ့ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်လိုက်သည်။

ဒီအချိန်မှာ သူ့မျက်လုံးထောင့်ကနေ တစ်ခုခုကို မြင်လိုက်ရသည်။ လှည့်ကြည့်လိုက်တော့ မီတာ ၂၀ လောက်အကွာ လမ်းထောင့်မှာ တစ်ခုခုရှိနေပြီဆိုတာ သိလိုက်ရသည်။

လွန်ခဲ့သော ဆယ်စက္ကန့်က ဘာမှမရှိခဲ့ချေ။

လင်းရှန်က မျက်လုံးကို မှိတ်ထားသည်။ တွေးပြီးတာနဲ့ ရှေ့ကို ခြေတစ်လှမ်းတိုးကာ

အရာဝတ္တုကို ဂရုတစိုက်ချဉ်းကပ်ကြည့်လိုက်သည်။

သူ နီးကပ်လာသည်နှင့်အမျှ ရုတ်တရက် ပေါ်လာသည့် အရာမှာ ဗိမာန်တစ်ခုဖြစ်ကြောင်း သူသိလိုက်သည် ။

ဗိမာန်သည် တစ်မီတာခန့်မြင့်သည်။ ၎င်းသည် နီညိုရောင်အခံရှိပြီး တံခါးဖွင့်ထားသည်။ အတွင်းတွင် လက်ရာမြောက်စွာ ထွင်းထုထားသည့် အသက်ရှိသော ရုပ်တုတစ်ခုရှိသည်။

အနီးကပ်စစ်ဆေးပြီးနောက် ၎င်းသည် လွန်ခဲ့သောလဝက်က သူမြင်ဖူးသော ကြောင်ဗိုလ်ချုပ်ဖြစ်သည်။

လင်းရှန်အံ့ဩသွားသလိုပင်။ ဗိမာန်ထဲက ရုပ်ပွားတော်က ရုတ်တရက် မျက်လုံးပွင့်လာကာ ကျောက်မျက်စိမ်းနဲ့တူတဲ့ သူငယ်အိမ်တွေက ပေါ်လွင်လှသည်။

စိမ်းညို့မည်းမည်း သူငယ်အိမ်များက တစ်ကြိမ် လှည့်ပတ်သွားသည်။ ထိုရုပ်ထုသည် ဆန့်တန်းပြီး ဗိမာန်ထဲမှ ခုန်ဆင်းလာသည်။ ဆင်းသက်ပြီးနောက် ဖောင်းကားလာသကဲ့သို့ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ မျက်စိတစ်

မှိတ်အတွင်းမှာပဲ အရပ်ရှည်ပြီး ကြီးထွားတဲ့ ကြောင်ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။

ကြောင်ဗိုလ်ချုပ်သည် လည်ပင်းကိုဆန့်ကာ လက်တစ်ဖက်ကို ခါးပေါ်တင်ပြီး ကျန်တဲ့ လက်တစ်ဖက်ကို ၎င်း၏ဓားပေါ်တွင် တင်ထားသည်။

“မင်းကို ဒီလိုပုံစံနဲ့ ဖိတ်ကြားမိတဲ့အတွက် ငါတောင်းပန်ပါတယ်။ မင်းကို စော်ကားမိလို့ ခွင့်လွှတ်ပါ”

သူ့အသံက မမျှော်လင့်ဘဲ နူးညံ့ပြီး ကြင်နာနေသည်။

လင်းရှန်က အံ့အားသင့်သွားသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

“နတ်ဘုရား ကျွန်တော်က သင့်အတွက်ဘာလုပ်ပေးရမလဲ”

“ငါ မင်းဆီကအကူအညီလိုအပ်လို့ပါ”

ကြောင်ဗိုလ်ချုပ်သည် နေရာတွင် မတ်တပ်ရပ်မနေဘဲ ချက်ချင်းထလာ သည်။

“လူ့လောကထဲမှာ လူဆိုးတွေရဲ့ လိုက်ဖမ်းတာ ခံနေရတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေလို့။ ဖြစ်နိုင်ရင် ငါ့သူငယ်ချင်းကို ကယ်တင်ဖို့ မင်းကို တောင်းဆိုချင်ပါတယ်။”

လင်းရှန် အံ့အားသင့်သွားသည်။ ကြောင်ဗိုလ်ချုပ်က ဒီလိုတောင်းဆိုလိမ့်မယ်လို့ သူ မျှော်လင့်မထားချေ။

အဲဒီညကပဲုစံအရ ကြောင်ဗိုလ်ချုပ်က သူ့ထက် အများကြီး ပိုသန်မာသည်။ ကြောင်ဗိုလ်ချုပ်တောင်မှ ပြဿနာကို မဖြေရှင်းနိုင်ရင် သူဘာလုပ်နိုင်မလဲ။

လင်းရှန်က စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရတာကြောင့် ကြောင်ဗိုလ်ချုပ်က ညင်သာစွာ ရှင်းပြသည်။

“သေမျိုးကမ္ဘာရဲ့ အရေးကိစ္စတွေကို ငါဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ဘူး။ အဲ့တာကြောင့် ကျင့်ကြံသူတွေရဲ့ အကူအညီလိုနေတာ “

ကြောင်ဗိုလ်ချုပ်သည် သိုလှောင်ကျောက်စိမ်းပြားရှိရာ လင်းရှန်း၏ အိတ်ကပ်ကို ညွှန်ပြသည်။

“အပြန်အလှန်အနေနဲ့ နတ်ဘုရားရှာဖွေခြင်းအဆောင်ရဲ့ ကန့်သတ်ချက်ကို ဖယ်ရှားဖို့ ငါကူညီပေးနိုင်တယ်။ အခုကစပြီး လစဉ်တစ်ကြိမ် ငါ့ကိုယ်ပွါးရဲ့ အပိုင်းတစ်ပိုင်းကို ခေါ်ဆိုလို့ရတယ်”

ထိုညက ရာဇ၀တ်သားသည် နတ်ဘုရားရှာဖွေခြင်း အဆောင်ကို မည်သို့ရယူခဲ့ကြောင်း လင်းရှန်က နောက်ဆုံးတွင် နားလည်ခဲ့သည်။ ထိုလူသည် ကြောင်ဗိုလ်ချုပ်နှင့်လည်း အလားတူ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပုံ ရသည်။

ကြောင်ဗိုလ်ချုပ်၏ ကျင့်ကြံမှုကို ပြန်သတိရသောအခါ သူသည် သွေးဆောင်မှုကို ခံစားလိုက်ရသည်။

၎င်းသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ဖြစ်သည်။ အရေးကြီးသောအခိုက်အတန့်တွင် ၎င်းသည် အခြေအနေကို လှည့်စားနိုင်သည့် အင်အားကြီးသော ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်သည်။

စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် လင်းရှန်က “မင်းရဲ့သူငယ်ချင်း... သူ့နောက်ခံကဘာလဲ”

ကြောင်ဗိုလ်ချုပ်က ဘာကိုမှ ဖုံးကွယ်မထားဘဲ “သူက ဉာဏ်ရည်ဥာဏ်သွေးရှိတဲ့ ဝိညာဉ်ကြော င်တစ်ကောင်ပဲ” ဟု အမှန်အတိုင်း ဖြေသည်။

လင်းရှန်၏ နှလုံးက ခုန်တက်သွားသည်။ “ဘယ်သူက လိုက်နေတာလဲ”

“ဝိညာဉ်ရေးရာကြောင်တွေကို အမဲလိုက်နေတဲ့ လူဆိုးအုပ်စုပဲ။ သူတို့ကိုယ်သူတို့ ညသွေးစက်လို့ ခေါ်ကြတယ်”

ကြောင်ဗိုလ်ချုပ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ၎င်း၏ စိမ်းပြာရောင် သူငယ်အိမ်ကလေးများသည် အေးစက်သော အလင်းရောင်ဖြင့် တဖျပ်ဖျပ်ဖျပ်ခတ်ကာ ဒေါသအရိပ်အမြွက် ထွက်ပေါ်လာသည်။

“ဒီလူဆိုးအုပ်စုက နဂါးမြို့တော်အတွင်းရော အပြင်မှာပါ ဉာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတဲ့ ဝိညာဉ်ကြောင်တွေကို ရှာဖွေနေတယ်။ သူတို့က ကြောင်တွေကို ကိုယ်ပြောင်းဆေးတွေကို အတင်းအကြပ်ကျွေးပြီး လူသားပုံစံအဖြစ် ပြောင်းလဲပေးနေတာ။ ပြီးတော့ ကြောင်တွေကို ယဉ်ပါးအောင်လုပ်ပြီး အိမ်ဖော်လုပ်ဖို့ ညစ်ညမ်းတဲ့ နေရာတွေမှာ ရောင်းစားနေတာ”

လင်းရှန်သည် မကြာသေးမီက ယန်ကျုံးရီ သူ့ကို ခေါ်ဆောင်လာခဲ့သည့် ညအိမ်မက်

ကလပ်ကို ပြန်သတိရသွားသည်။

ထိုကကြောင်လေးတွေက ဒီနည်းလမ်းနဲ့ ရခဲ့တာလား။

ညသွေးစက်နဲ့ ပတ်သက်ပြီး...

လင်းရှန်သည် “ညသွေးစက်” နှင့် “ညနတ်ဘုရား” ဟူသောအမည်များကိုသိသည်။

သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ကြွက်များအတွက် နာမည်ပြောင်များဖြစ်သည်။

‘ညသွေးစက်’ ဟူသောအမည်အရ ကြွက်များသည် ကြောင်များထက် အစွမ်းထက်

သည်ဟု ရည်ညွှန်းတာလား

သူ့စိတ်ထဲမှ ရှုပ်ထွေးမှုများကို နှိမ့်ချရင်း လင်းရှန်က ဆက်ပြောသည်။

“အဲဒီလူတွေက ဘယ်လောက် တန်ခိုးကြီးလိုက်သလဲ”

“ငါသိသလောက်တော့ သူ့ရဲ့အဖွဲ့ဝင်အများစုက ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ”

လင်းရှန်က ဘာသိဘာသာနဲ့ ခေါင်းညိတ်

လိုက်သည်။

သူသည် ကြောင်ဗိုလ်ချုပ်၏ အချက်အလက်များနှင့် ပတ်သက်၍ သံသယအချို့ရှိနေသည်။

ကြောင်ဗိုလ်ချုပ်က သူ့ကို မလိမ်ခဲ့ရင်တောင် အချက်အလက်တွေက မှန်ကန်တယ်လို့ အာမမခံနိုင်ချေ။ နတ်ဘရားတို့သည် ထင်

သလောက် အစွမ်းအစမရှိကြချေ။

အချက်အလက်များ မှန်ကန်သော်လည်း “အများစုမှာ ချီအသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ” ဟူသော အဓိပ္ပါယ်မှာ ထိုထက် သန်မာသော ကျင့်ကြုံသူများ ရှိနေနိုင်သည်။

လင်းရှန်သည် ယခု ချီအသွင်ပြောင်ခြင်း ကျင့်ကြံသူကို မကြောက်သေးသော်လည်း အဆင့်မြင့် ကျင့်ကြံသူများကိုတော့ ရိုသေမှု ရှိနေဆဲဖြစ်သည်။

သူသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် သို့မဟုတ် ထို့ထက်မကသော ရန်သူများကို မနှိုးဆော်ချင်ပေ။

လင်းရှန်၏ စိုးရိမ်ပူပန်မှုများကို သတိပြုမိတာကြောင့် ကြောင်ဗိုလ်ချုပ်က ဖြည်းညှင်းစွာပြောသည် ။

“အဲဒီသူငယ်ချင်းက လောလောဆယ်မှာ

လူဆိုးတွေ ဝိုင်းထားတဲ့ မြောက်ခရိုင်မှာ ရှိနေသေးတယ်။ အရှေ့ခရိုင်ကနေ ဘေးကင်းစွာ ဖောက်ထွက်နိုင်ဖို့ မင်းရသလောက် ကူညီပေးပါ”

“ပြောရရင် နတ်ဘုရားရှာဖွေခြင်းအဆောင်အပြင် မင်းကို အစွမ်းထက်တဲ့ ကိုယ်ခံပညာကိုလည်း ငါပေးမယ်”

ကြောင်ဗိုလ်ချုပ်၏ နောက်ဆုံးစကားက လင်းရှန်၏ မျက်လုံးများကို တောက်ပလာစေခဲ့သည်။

“ဘယ်လို ကိုယ်ခံပညာနည်းစနစ်လဲ “

ကြောင်ဗိုလ်ချုပ်က သူ့လက်ကောက်ဝတ်ကို လှန်လိုက်တော့ စာအုပ်တစ်အုပ် ရုတ်တရက်ပေါ်လာသည်။ ရှေ့စာမျက်နှာတွင် “တိမ်တိုက်များကြားမှ နဂါးဟောက်သံ” ဟူသော စကားလုံးများ ပါရှိသည်။

“ဒီကိုယ်ခံပညာနည်းစနစ်က အသံလှိုင်းနည်းစနစ်ပဲ။ ဒါက အသံကိုအသုံးပြုပြီး လူတွေကို ဒဏ်ရာရစေနိုင်သလို သေလည်း သေဆုံးစေနိုင်တယ်။ ဝိညာဉ်အနှစ်သာရရှိတဲ့ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကိုတောင်မှ တိုက်ခိုက်နိုင်တယ်။ သူက ပြင်းထန်တဲ့ စွမ်းအင်ကို ဖန်တီးဖို့ အသံကို အသုံးပြုပြီး ရန်သူတွေကို တိုက်ခိုက်တာ၊ ပြီးတော့ ထိခိုက်ဒဏ်ရာရအောင်လည်း ပြုလုပ်နိုင်တယ်။ စွမ်းအားအရ နေမီးတောက်လက်ဝါးထက် အများကြီး ပိုထူးချွန်တယ်။”

လင်းရှန်သည် ချက်ချင်း သွေးဆောင်ခံခဲ့ရသည်။

လွန်ခဲ့သည့်လဝက်ကပင် သူ၏စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပြီးပြည့်စုံစေမည့် ကိုယ်ခံပညာကို ဘယ်မှာရှာရမလဲ တွေးနေမိသည်။ သူ ဒီနေ့ကို ရောက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ အချိန်က ပြီးပြည့်စုံသည်။

ဤ “တိမ်တိုက်များကြားမှ နဂါးဟောက်သံ” သည် သူအလိုချင်ဆုံး ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ကိုယ်ခံပညာမဟုတ်သော်လည်း ၎င်းသည် ထပ်တူထပ်မျှ အစွမ်းထက်သည်။ ပိုအရေးကြီးတာက သူသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကိုဖြတ်ကျော်ပြီးရင် အဲ့ဒါကို အသုံးပြုနိုင်သေးသည်။ အဲဒီနောက်မှာ ပိုလို့တောင် အားကောင်းလာလိမ့်မည်။

ဒါပေမဲ့ လင်းရှန်က အလျင်စလို သဘောမတူချေ။ ခဏလောက်စဉ်းစားပြီးမှ သူက ပြောသည်။

“နတ်ဘုရား ကျွန်တော်ကို ခွင့်လွှတ်တော်မူပါ။ မနက်ဖြန်မှ အဖြေပေးလို့ရမလား”

ကယ်ဆယ်ရေးလုပ်ငန်းသည် အလွန်အရေးတကြီးဖြစ်သော်လည်း ကြောင်

ဗိုလ်ချုပ်၏ စိတ်အားထက်သန်မှုသည် မထင်မှတ်ဘဲ ပျော့ခွေသွားသည်။ ဒါကိုကြားတော့ လန့်မသွားချေ။ ယင်းအစား နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်းစိတ်ရှိရင် သိုလှောင်ကျောက်စိမ်းပြားထဲက နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ထုတ်ယူလိုက်။ အဲ့ကျ ငါ့သူငယ်ချင်း ပုန်းနေတဲ့နေရာကို ပို့ဆောင်ပေးလိမ့်မယ်။”

“ကျွန်တော် သိပါပြီ”

ဗိုလ်ချုပ်က တခြားဘာမှ မပြောချေ။ လင်းရှန်းကို ခေါင်းညိတ်ပြပြီး လေထဲမှာ ဖြည်းညှင်းစွာ လွင့်ပျံသွားသည်။

တစ်ချိန်တည်းမှာပင် ဗိမာန်နှင့် ပတ်ဝန်းကျင်မှ မြူခိုးများ ပျောက်ကွယ်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ လမ်းတွေက ကြည်လင်လာသည်။ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် အသက်ဝင်လာပုံရသည်။ အဝေးကလူတွေနဲ့ ကားသံတွေ ထွက်ပေါ်လာပြန်သည်။

လင်းရှန်သည် ပုံမှန် ပြန်ဖြစ်သွားသည်ကို သိလိုက်သည်။

“ဘာလဲ ၊ ခုနက ဘာဖြစ်တာလဲ။ အခင်းအကျင်းဖွဲ့စည်းခြင်းလား ဒါမှမဟုတ် ထင်ယောင်ထင်မှား ဖြစ်နေတာလား”

All Chapters