← Chapters

တရားဝင်မဟုတ်သော နတ်ဘုရားနှင့် ညသွေးစက်များ

Vol. 3 Ch. 44

တရားဝင်မဟုတ်သော နတ်ဘုရားနှင့် ညသွေးစက်များ

Vol. 3 Ch. 44

နောက်တစ်နေ့နံနက်တွင် လင်းရှန်သည် ဗဟိုစာကြည့်တိုက်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

ကြောင်ဗိုလ်ချုပ်သည် တရားဝင်မဟုတ်သော နတ်ဘုရားတစ်ပါးဖြစ်ပြီး နောက်ထပ်ဘာအချက်အလက်မှ သူမသိပေ။

ကြောင်ဗိုလ်ချုပ်၏တောင်းဆိုချက်ကို သဘောတူရန်မစဉ်းစားမီ လင်းရှန်သည် အခြားတစ်ဖက်၏တည်ရှိမှုပုံစံကို နားလည်ထားရမည်ဖြစ်သည်။

ဗဟိုနယ်မြေတွင်တည်ရှိသော စာကြည့်တိုက်သည် နဂါးမြို့တော်ရှိ အများပြည်သူစာကြည့်တိုက်များအားလုံးတွင် အကြီးဆုံးတစ်ခု ဖြစ်သည်။ထိုနေရာတွင် စာအုပ်အများစုနှင့် အပြည့်စုံဆုံး အမျိုးအစားများစွာ ရှိခဲ့သည်။

စာကြည့်တိုက်တစ်ခုလုံးကို အထပ်လေးထပ်ခွဲ၍ ချိတ်ဆက်ထားသည်။ ကြမ်းပြင်တိုင်းတွင် စာအုပ်ပုံးများဖြင့် ပြည့်ကျပ်နေသည်။ တစ်ချက်ကြည့်လိုက်လျှင် စာအုပ်ပေါင်း တစ်သန်းထက်မနည်း ရှိနေနိုင်သည် ။

လင်းရှန်သည် ၎င်းကို သူ့ဘာသာသူ ဖြည်းညှင်းစွာ ရှာဖွေမည်ဆိုပါက သူလိုချင်သော အချက်အလက်ကို ရှာဖွေရန် အချိန်အတော်ကြာမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ချက်ချင်းဆုံးဖြတ်ချက်တစ်ခုချပြီး တရားမဝင် နတ်ဘုရားနှင့် ပတ်သက်သော စာအုပ်များနှင့် အချက်အလက်များကိုရှာဖွေပေးနိုင်မည့် စာကြည့်တိုက်မှူးတစ်ဦးကို ရရှိဖို့ ဝိညာဉ်ဒင်္ဂါး ၂၀၀ကို သုံးစွဲခဲ့သည်။

လင်းရှန်သည် ကြောင်ဗိုလ်ချုပ်နှင့်ပတ်သက်သော အချက်အလက်ကို ရှာဖွေရန် အချိန်အတော်ကြာခဲ့သည်။

စာအုပ်၏ဖော်ပြချက်အရ ကြောင်ဗိုလ်ချုပ်သည် တရားမဝင် နတ်ဘုရားမဟုတ်ဘဲ လူထုကို ချပြမထားသော နတ်ဘုရားတစ်ဆူသာဖြစ်သော်လည်း ၎င်းသည် ရှေးရိုးဖြောင့်သောလမ်းစဉ်ကို ကျင့်ကြံထားသည်။ ရှေးရိုးဖြောင့်သောလမ်းကို ပယ်ပြီး ထူးဆန်းသောအရာများကို ပြုကျင့်ကာ လူတို့၏အသက်ကို စတေးကာ ကျင့်ကြံသော နတ်ဆိုးများနှင့် ကွဲပြားသည်။

ထိုသို့သော နတ်ဘုရားများသည် ကံကိုအလေးပေးဆုံးဖြစ်သည်။ သူတို့သည် သေမျိုးကမ္ဘာ၏အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်သလို အပြစ်မဲ့အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အလွယ်တကူ ထိခိုက်နစ်နာစေမည်မဟုတ်ပေ။ သူတို့ရဲ့ လုပ်ရပ်တွေက မှန်ကန်သည်။

“အဲဒီအခြေအနေမျိုးမှာ ကြောင်ဗိုလ်ချုပ်ရဲ့ သဘောတူညီချက်က ရိုးရိုးသားသားဖြစ်ရမယ်။” လင်းရှန်က တွေးကြည့်မိသည်။

ဒါက အမှန်ပင်။ ကြောင်ဗိုလ်ချုပ်သည် နတ်ဆိုးနတ်ဘုရားကဲ့သို့ တည်ရှိနေပါက အဘယ်ကြောင့် ဤမျှလောက် ဂရုစိုက်နေမည်နည်း။ တစ်စုံတစ်ဦးကို မိမိဘာသာ သတ်မည် သို့မဟုတ် ကယ်တင်မည် ဖြစ်သည် ။ သူ့ကို မေးစရာ မလိုချေ။

တစ်နည်းဆိုရသော် ကြောင်ဗိုလ်ချုပ်၏ သူငယ်ချင်းကို အောင်မြင်စွာ ကယ်တင်နိုင်

သရွေ့ သူသည် ကြောင်ဗိုလ်ချုပ်ကတိပြုထားသည့် နတ်ဘုရားရှာဖွေခြင်း အဆောင်နှင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို ရရှိနိုင်မည်ဖြစ်သည်။

ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်က မတ်တပ်ထရပ်ပြီး စာအုပ်ကို ပြန်ထည့်လိုက်သည်။ ထို့နောက် စာကြည့်တိုက်မှ ထွက်လာခဲ့သည်။

ဆိတ်ငြိမ်သော ကိုယ်ခံပညာကျောင်း။

လင်းရှန်သည် ယန်ကျုံးရီနဲ့ မကြာခဏတွေ့နေရသည့် တိုက်ခိုက်ရေးအခန်းသို့ ရောက်လာသည်။ သူ အနီးကပ်ကြည့်လိုက်တော့ အထဲမှာ တကယ်ပဲ လူသားဆန်တဲ့ အရုပ်သေးရုပ်တစ်ရုပ်ကို အဆက်မပြတ် တိုက်ခိုက်နေသော ယန်ကျုံးရီကို တွေ့လိုက်ရသည်။

ချွေးသံအပြည့်နဲ့ သူက ဒီမှာ လေ့ကျင့်နေတာ ကြာပြီပင်။

မနေ့က လင်းရှန်ရဲ့ ဖြတ်ကျော်မှုကြောင့် သူ အံ့အားသင့်ခဲ့ရပြီး ကျင့်ကြံချိန်လည်း တိုးလာခဲ့သည်။

တံခါးဖွင့်သံကြားတော့ ယန်ကျုံးရီက လှည့်ကြည့်လိုက်ပြီး အံ့သြသွားသည် ။

“ဒီနေ့ဘာလို့ဒီလောက်စောနေတာလဲ။ နေ့ခင်းတောင်မရောက်သေးဘူး။”

“မင်းကိုမေးစရာရှိလို့”

လင်းရှန် သည် ထိုနေရာသို့ တည့်တည့်သွားလိုက်သည်။

“ အရင်တခါ နောက်ဆုံးသွားတဲ့ ကလပ်မှာ ကောင်မလေးတွေကို ဘယ်က ခေါ်လာတာလဲ”

ဤမထင်မှတ်ထားသောမေးခွန်းကိုကြားတော့ ယန်ကျုံးရီက ရိသဲ့သဲ့ပြုံးပြပြီး ခဏလောက် အံ့သြသွားခဲ့သည်။

“ဘာလို့လဲ။ နောက်ဆုံးတော့ ကြောင်ကောင်မလေးတွေရဲ့ အလှကို သိပြီလား။ ငါ မင်းကို ဒီည ဘာလို့ ခေါ်မသွား နိုင်ရမှာလဲ။ အဲ့အတွေ့အကြုံကို မင်း ဘယ်တော့မှ မမေ့ဘူးလို့ ငါအာမခံတယ်။”

“ငါပြောချင်တာ အဲ့လို မဟုတ်ဘူး…”

လင်းရှန်သည် ရယ်မောကာ မျက်ရည်များကျလုမတတ်ဖြစ်ပြီး အမှန်အတိုင်း ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

“တစ်စုံတစ်ယောက်က ဝိညာဉ်ရေးရာ ကြောင်တွေကို အမဲလိုက်နေတယ်ဆိုတဲ့ သတင်းအချို့ကို ကြားခဲ့ရတယ်။ သူတို့ကို သရုပ်ဖော်ဆေးတွေ ကျွေးပြီး ဖျော်ဖြေရေးနေရာတချို့မှာ ရောင်းတယ်ဆိုပဲ …”

သူ့စကားမဆုံးသေးသော်လည်း ယန်ကျုံးရီသည် လင်းရှန်၏အဓိပ္ပါယ်ကို နားလည်နေပြီဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်သွားသည်။

“ဒီလိုကိစ္စတွေ ငါလည်း ကြားဖူးတယ်။ တခြားနေရာတွေကိုတော့ မသေချာပေမယ့် ညအိမ်မက်ကလပ်က ကြောင်တွေကတော့ ပုံမှန်နေရာက ရောက်လာတာ သေချာပါတယ်။ သူတို့က ဂိုဏ်းသုံးခုရဲ့ တိရစ္ဆာန်လေ့ကျင့်ရေးဥယျာဉ်ကလာတဲ့ ဝိညာဉ်ကြောင်တွေကို ဝယ်ယူပြီး ကိုယ်တိုင်ကျင့်ကြံပေးထားတာ”

“တကယ်တော့ ညအိမ်မက်ကလပ်ရဲ့ နောက်ခံနဲ့ ချိတ်ဆက်မှုတွေကြောင့် တရားမဝင် မှောင်ခိုကူးတဲ့သူတွေဆီကနေ ဝိညာဉ်ကြောင်တွေကို ဝယ်ဖို့ မလိုအပ်ပါဘူး။ အဲဒီလူတွေနဲ့ ဆက်ဆံမှာ မဟုတ်လောက်ဘူး။”

လင်းရှန်က သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။

ယန်ကျုံးရီ၏စကားကို သူသံသယမ၀င်ချေ။ ဒီအကြောင်းကို လိမ်ဖို့လည်း မလိုချေ။

“လင်း မင်းဘာလို့ရုတ်တရက်မေးနေတာလဲ”ယန်ကျုံးရီက စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်နေသည်။

လင်းရှန်က ပြန်ဖြေမယ့်အစား “ညသွေးစက်တွေအကြောင်းရော မင်းသိလား”

“ညသွေးစက်?”

ယန်ကျုံးရီက မျက်ခုံးပင့်လိုက်သည်။

“ မင်းသူတို့နဲ့ ပြသနာ ဖြစ်လို့လား။”

“ငါမှာ သူတို့နဲ ပဋိပက္ခတွေရှိလို့” လင်းရှန်က ဝိုးတဝါးနဲ့ ပြောသည်။

ယန်ကျုံးရီက ဘာကိုမှ မင်္သကာမဖြစ်ဘဲ ပြောလေသည် ။

“ညသွေးစက်ဆိုတာ လွှမ်းမိုးကြီးစိုးတဲ့ နာမည်တစ်ခုဖြစ်ပေမဲ့ ယုတ်ညံ့တဲ့ အဖွဲ့အစည်းတစ်ခုသာသာပါပဲ။ သူတို့ရဲ့ အထွတ်အထိပ်မှာ လူတစ်ရာကျော် ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မကြာသေးမီက ကိုယ်ခံပညာတည်မြဲစံအိမ်ရဲ့ ပြင်းထန်စွာ ထိုးနှက်ချက်ကို ခံခဲ့ရတယ်။ အခုဆို လူ ၂၀ ကနေ ၃၀ လောက်ပဲ ကျန်တော့မယ်ထင်တယ်။”

“သူတို့ရဲ့အဖွဲ့ဝင်အများစုက ချီအသွင်ပြောင်းခြင်း ကျင့်ကြံသူတွေလို့ ငါကြားတယ်” လင်းရှန်က မေးလိုက်သည်။

“ဟုတ်တယ်။ ညသွေးစက်ရဲ့ခေါင်းဆောင်ကေလောင်ရီတဲ့ ။ သူက ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ အလိုရှိစာရင်းထဲက ရာဇဝတ်ကောင် ၊ သူက ကြာရှည်စွာ အသက်ရှုခြင်း ပထမအဆင့် ကျင့်ကြံသူပဲ။ ပြီးတော့ ခွန်အားအချို့ရှိတယ်”

“သူကလွဲရင် တခြားအဖွဲ့ဝင်တွေက ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေလေ။ အများစုက အစောပိုင်းအဆင့် ဒါမှမ ဟုတ် အလယ်အလတ်အဆင့်မှာပဲ။ သူတို့က ဒီလောက်ကြီး ခြိမ်းခြောက်မှုမျိုး မလုပ်တတ်ဘဲ ဉာဏ်ရည်ဖွံ့ဖြိုးဆဲ ဝိညာဉ်

ကြောင်တွေကိုပဲ အနိုင်ကျင့်နိုင်တာ”

ဝိညာဉ်ရေးရာသားရဲများသည် ယေဘူယျအားဖြင့် ဝိသေသလက္ခဏာများ ရှိသည်။ အသက်ကြီးလာလေလေ ပိုသန်မာလာလေပင်။

ဉာဏ်ရည်ဖွံ့ဖြိုးထားပြီးသား ဝိညာဉ်ကြော င်အများစုက လှည့်စားခြင်းနည်းစနစ် အချို့ကိုသာ သိရှိပြီး သာမန်လူများနှင့် ချီအသွင်ပြောင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသသများကိုသာ ကိုင်တွယ်နိုင်သည်။

ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတိုင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးဆဲဖြစ်သော ဝိညာဉ်ကြောင်တစ်ကောင်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ညသွေးစက်များသည် ထိုကဲ့သို့သော ဝိညာဉ်ကြောင်များကို တိုက်ခိုက်ကြသည်။ ယန်ကျုံးရီက သူတို့ကို နှိမ့်ချတာဟာ အံ့သြစရာမဟုတ်ပေ။

“လင်း ငါ့အကူအညီလိုသေးလား” ယန်ကျုံးရီက မေးသည်။

ညသွေးစက်များသည် ခြိမ်းခြောက်နိုင်သော အင်အားမဟုတ်သော်လည်း ကိုယ်ခံပညာတည်မြဲရေးစံအိမ်နှင့် သြဇာရှိသော မိသားစုများအတွက်သာ သာမန်ဖြစ်သည်။

သာမာန်လူများအတွက်မူ ၎င်းတို့ မနှိုးဆော်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ရှိနေသေးသည်။

လင်းရှန်သည် အတော်လေး အရည်အချင်းရှိသော်လည်း သူသည် ကျောင်းသားတစ်ဦးသာ ဖြစ်သေးသည်။ သူသတိမထားရင် ညသွေးစက်တွေက သူ့ကို အခက်တွေ့စေနိုင်သည်။

“အဲဒါကို စိတ်မပူပါနဲ့။ ကျေးဇူးတင်ပါတယ်” လင်းရှန်က အပြုံးဖြင့် ငြင်းဆိုခဲ့သည်။

ယန်ကျုံးရီက သူ့ကို သေချာကြည့်ပြီး ဘာမှမပြောဘဲ ပခုံးကို ပုတ်လိုက်သည်။

“မင်း ငါ့အကူအညီလိုရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။”

ထို့နောက် သူတို့နှစ်ဦးသည် အကြောင်းအရာကို တိတ်တဆိတ်ပြောင်းလဲကာ လေ့ကျင့်မှုစတင်ခဲ့သည်။

အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် လင်းရှန်သည် ကိုယ်ခံပညာကျောင်းမှ ထွက်ခွာပြီး အိမ်သို့ ပြန်လာခဲ့သည်။

ယနေ့ ယန်ကျုံးရီဆီကို လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ညသွေးစက်များ နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရလိုတာ ဖြစ်သည်။

ရလဒ်ကို သူအရမ်းကျေနပ်ခဲ့သည်။

ယန်ကျုံးရီ၏ ဖော်ပြချက်အရ ညသွေးစက်တွင် အပြင်းထန်ဆုံးလူမှာ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် လောင်ရီဖြစ်သည်။

လင်းရှန်လက်ရှိအင်အားနဲ့ဆို လောင်ရီဆီ ပြေးသွားလျှင်ပင် သေဖို့ အခွင့်အလမ်း မြင့်မားသည်။

ကျန်တဲ့ ချီအသွင်ပြောင်းခြင်း အဖွဲ့ဝင်တွေကတော့ သူ့ကို သိပ်ဒုက္ခမပေးနိုင်ချေ။

တစ်ချိန်တည်းမှာ လူအယောက်နှစ်ဆယ်လောက်ထက်မပိုဘဲ ဝိုင်းရံခံရရင် လင်းရှန်

က သူပြိုင်ဘက်ကို ကိုယ်ပွားများဖြင့် ဖျက်ဆီးနိုင်မည်ဟု ယုံကြည်ထားသည်။

အဲ့တာက ညသွေးစက်တွေနဲ့ ပတ်သက်ပြီး အန္တရာယ်မရှိဘူးလို့ မဆိုလိုချေ။

သို့သော်လည်း ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက ဤအန္တရာယ်ကို လက်ခံနိုင်ဆဲဖြစ်သည်။

“နတ်ဘုရားရှာဖွေခြင်းအဆောင်နှင့် တိမ်တိုက်များကြားမှ နဂါးဟောက်သံ”

လင်းရှန် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

နတ်ဘုရားရှာဖွေခြင်းအဆောင်သည် သတင်းကောင်းဖြစ်သည်။ သို့သော် တိမ်တိုက်များကြားမှ နဂါးဟောက်သံသည် သူ့အတွက် ပို၍ပင် ဆွဲဆောင်မှုရှိသည်။

အစွမ်းထက်သော ကိုယ်ခံပညာနည်းစနစ်သည် ကျင့်ကြံသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာတိုးတက်စေနိုင်သည်။

လင်းရှန်သည် တိမ်တိုက်များကြားမှ နဂါးဟောက်သံကို ရယူနိုင်ခဲ့ပါက လာမည့်စာမေးပွဲတွင် သြဇာကြီးသောမိသားစုများ၏ ထိပ်တန်းပါရမီရှင်များကိုပင် အနိုင်ယူနိုင်ခြေ များမည်ဖြစ်သည်။

လင်းရှန်သည် ကိုယ်ခံပညာနည်းစနစ်များရရှိရန် မည်မျှခက်ခဲသည်ကို နားလည်ခဲ့သည်။

ယခုအခါတွင် အစွမ်းထက်တဲ့အရာကို ရရှိဖို့က ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်နေပြီး အန္တရာယ်ကလည်း လက်ခံနိုင်တဲ့ အတိုင်းအတာကြောင့် လင်းရှန်သည် လွယ်လွယ်နှင့် လက်မလျော့ချင်ပေ။

ခဏလောက် စဉ်းစားပြီးနောက် လင်းရှန်သည် သူ့စိတ်ကို ဆုံးဖြတ်လိုက်သည်။

“ငါလုပ်မယ်”

All Chapters