ကြောင်နက်
Vol. 3 Ch. 45
ညက နက်လာသည်။
လရောင်က ပြဒါးလို မြေပြင်ပေါ် ထွန်းလင်းပြီး တိတ်ဆိတ်နေသော လမ်းဆီသို့ မှုန်ဝါးဝါး အလှကို ယူဆောင်လာသည်။
မြောက်ဘက်ခရိုင်မှာတော့ ညဘက်က ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသဖြင့် အနည်းငယ် တုန်လှုပ်ချောက်ချားစရာပင်။
အရိပ်များဖုံးလွှမ်းနေသော ထောင့်တစ်နေရာတွင် လင်းရှန်သည် နံရံကို ကျောပေးကာ ရပ်နေ၏။ မျက်နှာပြောင်းဆးကိုသောက်ပြီးနောက် တောင့်တင်းသောမျက်နှာကို ထိကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် တွေးပြီး စိတ်ပူနေသေးသည်။ သူသိုလှောင် ကျောက်စိမ်းထဲက မြေခွေးမျက်နှာဖုံးကိုထုတ်ပြီး ဖုံးအုပ်ထားလိုက်သည်။
ဒါတွေအားလုံးလုပ်ပြီးတဲ့အခါ သူက နတ်ဘုရားရှာဖွေခြင်းအဆောင်ကိုထုတ်ပြီး လက်ဖဝါးပေါ်မှာ သေချာကြည့်နေသည်။
လရောင်အောက်တွင် အဆောင်သည် တောက်ပမှုနှင့်အတူ ထွန်းလင်းနေသည်။
"ပြောရရင် ဒီပစ္စည်းကို ဘယ်လိုသုံးရမလဲ"
သူ့စိတ်ထဲတွင် ဤအတွေးပေါ်လာသည်နှင့်
အမျှ လင်းရှန်သည် ရုတ်တရက် သူ့လက်ဖဝါးမှ အဆောင်က အနည်းငယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ အဲ့တာက ရုတ်တရက် စင်တီမီတာ အနည်းငယ် မြင့်တက်လာသည်။
"မြောက်ဘက်”
လင်းရှန်သည် တုန်လှုပ်သွားပြီး အရိပ်များထဲမှ ချက်ချင်း ခုန်ဆင်းကာ အဆောင်လမ်းညွှန်မှုအတိုင်း အပြေးအလွှား သွားခဲ့သည်။
မျက်နှာဖုံးဝတ်ထားရင်း ညလယ်မှာ ပြေးရတာကတော့ သံသယဖြစ်စရာ အရမ်းကောင်းသည်။
သို့သော်လည်း မြောက်ပိုင်းခရိုင်ရဲ့ ညနက်ပိုင်းက လူအနည်းငယ်မျှသာ ရှိနေသည်။ လမ်းသွားလမ်းလာမရှိသလောက် နည်းပါးပြီး အရက်သောက်သူ အနည်းငယ်သာ ရံဖန်ရံခါ လမ်းလျှောက်လာကြသည်။
လမ်းတစ်လျှောက်မှာ ညဘက်ဖွင့်တဲ့ဆိုင်တွေ တော်တော်နည်းသည်။ ထို့အပြင် လင်းရှန်သည် လမ်းလျှောက်ရန် အမှောင်ထောင့်များကို ရွေးထားသောကြောင့် သူ့ကို မည်သူမျှ သတိမထားမိပေ။
ဆယ်မိနစ်အကြာတွင် လင်းရှန်သည် နှစ်ထပ်အိမ်ရှေ့တွင် ရပ်လိုက်သည်။
နေအိမ်က အတော်ကျယ်သည်။ အထပ်နှစ်ထပ်သာရှိသော်လည်း အလှဆင်မှုမှာ စတိုင်ကျပြီး မြက်ခင်းပြင်တစ်ခုလည်း ရှိသည်။ ဒီမှာနေတဲ့လူတွေက ချမ်းသာကြတဲ့ပုံပင်။
လင်းရှန်သည် သူ့လက်ထဲတွင်ရှိသော နတ်
ဘုရားရှာဖွေခြင်းအဆောင်ကို တစ်ချက်ကြည့်လိုက်သည်။
ဤနေရာသို့ရောက်ပြီးနောက် နတ်ဘုရားရှာဖွေခြင်းအဆောင်သည်
မရွေ့လျားတော့ပေ။ ယင်းအစား အနည်းငယ် ပူလာသည်။ သေချာတာက သူရှာဖွေနေသည့် ပစ်မှတ်သည် သူ့ရှေ့တွင် ရှိနေသည်။
လင်းရှန်ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ဘယ်သူမှ သူ့ကို အာရုံစိုက်နေတာကို မတွေ့ရချေ။ သူသည် နံရံဆီသို့ လျှောက်သွားပြီး ပေါ့ပေါ့ပါးပါး ခုန်လိုက်သည်။ သူက နံရံကို ဖိကာ ခုန်ချလိုက်သည်။ သူ့လက်အနည်းငယ် ဖိရုံနဲ့ နံရံကို ကျော်တက်ပြီး ခြံရှေ့ မြက်ခင်းပြင်ပေါ်သို့ တိတ်တဆိတ် ဆင်းသက်လာခဲ့သည်။
သို့သော်လည်း သူ့ဘာသာ တည်ငြိမ်အောင် ထိန်းထားနေစဉ် ထောင့်စွန်းမှ အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာသည်ကို သတိပြုမိလာသည်။
လင်းရှန်က အနီးကပ်ကြည့်လိုက်သည်။ ၎င်းမှာ ဖြူဖွေးသောအမွေးနှင့် နွားငယ်လေးအရွယ် လောက်ရှိသည့် ခွေးတစ်ကောင်ဖြစ်သည်။
ဒီမိသားစုမှာ ခွေးတစ်ကောင်ရှိသည်။
ခွေးဖြူက ဟောင်တော့မည်ကိုမြင်လိုက်ရတာကြောင့် လင်းရှန်အနည်းငယ် ထိတ်လန့်သွားသည်။ ၎င်းကို ရပ်တန့်ဖို့ လျှပ်စီးလို အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးသွားသော်လည်း ရွေ့လျားသွားသည်နှင့် ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။
"ခဏလေး ကော်တွန် မဟောင်နဲ့အုံး”
အသံသည် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးမလေးကဲ့သို့ နူးညံ့သော်လည်း တောင်ပေါ်မှ နွေဦးကဲ့သို့ သာယာကြည်လင်လှသည်။
လင်းရှန်သည် အံ့အားသင့်စွာဖြင့် အသံကြားရာကို လှမ်းကြည့်လိုက်တော့ ခွေးဖြူနောက်ကွယ်မှ ကြောင်နက်တစ်ကောင် ဖြည်းညှင်းစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
တောက်ပသော လရောင်အောက်တွင် ကြောင်နက်၏အမွေးများသည် တောက်ပြောင်နေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် သွယ်လျပြီး လှပစွာ ကွေးညွှတ်နေသည်။ ၎င်း၏ ခြေထောက်များသည် ပေါ့ပါးသွက်လက်ပြီး အိပ်မက်ဆန်သော အလှကို သယ်ဆောင်လာသည်။
သူမ၏ သွယ်လျသောလည်ပင်းတွင် လက်ရာမြောက်လှသော ရွှေခေါင်းလောင်းတစ်ခုကို အနီရောင်ဖဲကြိုးဖြင့် ချည်ထားသည်။
သူ့ခြံဝင်းထဲမှာ ပျင်းရိစွာ အေးအေးလူလူ လမ်းလျှောက်နေတဲ့ သူဌေးသမီးငယ်လေးကို ကြည့်နေရသလိုပင် လင်းရှန်မှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်။
ခွေးဖြူကို ရပ်တန့်ပြီးနောက် ကြောင်နက်သည် လင်းရှန်ကို ကြည့်ရန် သူမ၏ ကျောက်မျက်နှင့်တူသော ရေခဲပြာမျက်လုံးများကို အသုံးပြုခဲ့သည်။ သူမ၏မျက်လုံးထဲမှ သံသယဖြစ်ဖွယ်အကြည့်မှာ လူသားနှင့်တူသည်။
“နင့်ဆီက အရမ်းရင်းနှီးတဲ့ အရိပ်အယောင်ကို ငါ ခံစားရတယ်။ နင်က ဘယ်သူလဲ?"
ကြောင်နက်ဆီမှ လူ့ဘာသာစကားပြောသံကို ကြားလိုက်တာနဲ့ ကြောင်က ဘယ်သူလဲဆိုတာ လင်းရှန်က ချက်ချင်း သိလိုက်ရသည်။
ဒီကြောင်နက်က လူ့ဘာသာစကားကို တကယ်ပြောတတ်သည်။
သာမန်အခြေအနေများတွင် လူ့ဘာသာစကားကိုပြောဆိုနိုင်သောဝိညာဉ်ရေးရာ သားရဲများသည် တောက်ပသောဝင်ပေါက် အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် သရုပ်ပြခြင်းအဆင့် နှင့်နီးစပ်နေသည်။
ဒါပေမယ့် ဒီကြောင်နက်က ဒီလိုမျိုး ကျင့်ကြံမှုအဆင့်ကို တကယ်ရှိနေရင် ညသွေးစက်တွေလိုက်ဖမ်းတာ ခံရမည် မဟုတ်ပေ။
သူမသည် ညသွေးစက်၏အဖွဲ့ဝင်အားလုံးကို တစ်ချက်ရိုက်ရုံဖြင့် သတ်နိုင်သည်။
ထို့အပြင် လင်းရှန်သည် ကြောင်နက်ထံမှ အစွမ်းထက်သော အရောင်အဝါကို မတွေ့ရပေ။
လင်းရှန်က အံ့ဩသွားသော်လည်း သူ့မျက်နှာပေါ်တွင် မဖော်ပြခဲ့ပေ။ ယင်းအစား သူသည် သူ၏လက်ထဲမှ နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ကြောင်နက်အား ဝှေ့ယမ်းပြလိုက်သည်။
"ကြောင်ဗိုလ်ချုပ်က မင်းကို မြောက်ပိုင်းခရိုင်ထဲက ခေါ်ထုတ်ခိုင်းထားတယ်။"
ဒါကိုကြားတော့ ကြောင်နက်မျက်လုံးတွေ တောက်ပလာသည်။ သူမ၏အကြည့်
များသည် လင်းရှန်လက်ထဲရှိ အဆောင်အမှတ်အသားပေါ်သို့ ရောက်သွားခဲ့သည်။ ခဏလောက် ဂရုတစိုက်ကြည့်ပြီးနောက် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
“ဒါက ဗိုလ်ချုပ်ရဲ့ အဆောင်ပဲ။ နင်က ငါ့ကို ကယ်တင်ဖို့ တကယ်ရောက်လာတာပဲ။ အဲဒါအရမ်းကောင်းတယ်”
ကြောင်နက်အသံတွင် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
သူမကို ညသွေးစက်များက တစ်လနီးပါး လိုက်ဖမ်းခဲ့ပြီး အချိန်အများစုကို ထွက်ပြေးခဲ့ရသည်။ သူမသည် နောက်ဆုံးတွင် အတော်လေး လုံခြုံသော ပုန်းအောင်းရာနေရာကို ရှာတွေ့ခဲ့သော်လည်း သူမ၏ ခွန်အားအများစုကို အသုံးချခဲ့ရသည်။
အကယ်၍ ညသွေးစက်က သူမကို ထပ်မံတွေ့ရှိခဲ့ပါက သူမသည် ထွက်ပြေးဖို့ ခွန်အားပင်မရှိနိုင်တော့ပေ။
ကံကောင်းထောက်မစွာပဲ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သူမကို ကယ်တင်ရန် ရောက်လာခဲ့သည်။
တကယ်တော့ အမြဲတမ်းထွက်ပေါက်ရှိခဲ့သည်။
“အချိန်မရှိဘူး။ အခုထွက်သွားရအောင်။ညသွေးစက်တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အနီးနားမှာ ပေါ်လာနေတာ။ ဒီနေရာကို ရှာတွေ့တော့မယ်လို့ သံသယရှိမိနေတယ်”
လင်းရှန်က ခေါင်းညိတ်ပြလိုက်ကာ ဘေးမှာ လျှာထွက်ပြီး ငြိမ်ငြိမ်လေးထိုင်နေတဲ့ ခွေးဖြူကို ကြည့်လိုက်သညိ။
ကြောင်နက်သည် ခွေးဖြူဘက်သို့ လှည့်သွားသည်။
“ကော်တွန် ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ငါ့ဘေးကင်းတဲ့အခါ ပြန်လာခဲ့မယ်။ ပြီးရင် နင့်ကို အရသာရှိတဲ့ ကြောင်အစာနဲ့ ကျွေးမယ်”
"ဝူး”
“ခွေးတွေက ဘာလို့ ကြောင်စာကို မစားနိုင်တာလဲ။ တော်တော်အရသာရှိတဲ့ ခွေးအစာ စည်သွတ်ဘူးတွေကိုလည်း ငါတွေ့ထားတယ်”
"ဝူး”
"နင် ငါ့ကို မလာဖို့ပြောနေတာလား။ ငါဘယ်လိုလုပ်ရမလဲ။ နင် ငါ့ကိုကူညီခဲ့တယ်လေ။ ငါက ကျေးဇူးကန်းတဲ့ကြောင်မဟုတ်ဘူး။ ငါ နင့်ကို အနာဂတ်မှာ ပြန်ဆပ်ပါမယ်”
"ဝူး”
...
“ကောင်းပြီ၊ ကောင်းပြီ။ နင် ငါ့ကို စိတ်ပူနေတာ ငါသိတယ်။ ငါ အခုထွက်သွားမယ်။ အလျင်စလိုမလုပ်နဲ့။ ငါ ထွက်ခွာသွားတဲ့အခါ သတိထားနော်။ ဒီလူဆိုးတွေ ဒီကိုလာနိုင်တယ်။”
လင်းရှန်က ပြောဆိုနေသော ကြောင်နက်ကို တစ်ချက်ကြည့်လိုက်သည်။ ခွေးဖြူ ပြောချင်တဲ့ အဓိပ္ပါယ်ကို သူတောင် ပြောနိုင်သည်။ ဒီကြောင်နက် ဘာကြောင့် မပြောနိုင်တာလဲ။
ကံကောင်းထောက်မစွာပဲ ခွေးနှင့်ကြောင်ကြား ဆက်သွယ်မှုမှာ မကြာလိုက်ပေ။ ကြောင်နက်သည် ခွေးဖြူကို အမြန်နှုတ်ဆက်ပြီး လင်းရှန်၏ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်သည်။
သူမ၏ လှုပ်ရှားမှုများသည် ပေါ့ပါးသွက်လက်လှသည်။ သူမလည်ပင်းမှခေါင်းလောင်းသံတောင် လုံးဝမမြည်ချေ။
“ကောင်းပြီ၊ သွားကြရအောင်။” ကြောင်နက်က ဝမ်းသာအားရ ပြောလိုက်သည်။
လင်းရှန်သည် မဆိုင်းမတွပင် နံရံကို ကျော်တက်သွားသည်။
သို့သော် သူ ဆင်းသက်လာသည်နှင့် တပြိုင်နက် သူ့မျက်လုံးထောင့်မှ လျှပ်တစ်ပြက် အရိပ်အယောင် အနည်းငယ်ကို မြင်လိုက်ရသည်။
သူလှည့်ကြည့်လိုက်တော့ လမ်းအဆုံးမှာ လူလေးငါးယောက် ပေါ်လာတာကို တွေ့လိုက်ရသည်။ သူတို့၏အကြည့်များသည် လင်းရှန်နှင့် သူ့ပခုံးပေါ်မှ ကြောင်နက်ဆီသို့ ရောက်သွားကြသည်။
"တွေ့ပြီ..အဲဒါ ဝိညာဉ်ရေးရာကြောင်”
"မျက်နှာဖုံးတပ်ထားတဲ့ကောင်က ဘယ်သူလဲ"
"ဂရုမစိုက်ဘူး? သူ့ကိုပါ အတူတူ ဆွဲချကြရအောင်။ အဲဒီ ကောက်ကျစ်တဲ့ ကြောင်နက်ကို ထပ်ပြီး မလွတ်မြောက်စေနဲ့”
လူအုပ်စုသည် ပြင်းထန်စွာ ပြေးလာကြသည်။
စကားတစ်ခွန်းမှ မပြောဘဲ လင်းရှန်သည် လှည့်၍ ပြေးလာသည်။ သူသည် အရိပ်နည်းစနစ်ကိုအသုံးပြုကာ လျင်မြန်စွာ ရွေ့လျားနေသဖြင့် သူ၏ပခုံးပေါ်ရှိ ကြောင်နက်သည် မရပ်မနား ယိမ်းထိုးသွားခဲ့သည်။ သူ့ဘာသာ တည်ငြိမ်ဖို့ လင်းရှန် အဝတ်အစားတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ချေ။
"အခု ငါတို့ ဘယ်သွားမလို့လဲ"
“အရှေ့ခရိုင်ကို ရောက်ရင် ကြောင်ဗိုလ်ချုပ်က ငါတို့ကို လာခေါ်လိမ့်မယ်။”
လင်းရှန်က သူ့မျက်လုံးထောင့်ကနေ အနောက်ကို လှမ်းကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ဝေးဝေးပြေးပြီးနောက်တွင် လှုပ်ရှားမှုနည်းစနစ်များကို ကျင့်ကြံထားသော ကျင့်ကြံသူနှစ်ဦးသာ သူ့နောက်တွင် ရှိနေခဲ့သည်။ ကျန်တဲ့လူတွေက ကျန်ခဲ့သည်။
"အရိပ်နည်းစနစ်က တာတိုလှုပ်ရှားမှုနဲ့ ခုန်တဲ့နေရာမှာ ပိုအဆင်ပြေတာက ဝမ်းနည်းစရာပဲ။ ဝေးဝေးပြေးဖို့အတွက် သုံးရတာ နည်းနည်းတော့ အဆင်မပြေဘူး။ ဒါမှမဟုတ် ကျွမ်းကျင်မှုအဆင့်ဆို သူတို့ မမှီလောက်ဘူး”
လင်းရှန်က လှည့်ပတ် ကြည့်လိုက်သည်။ အဝေးမှာ လည်း အရိပ်တွေရှိခဲ့သည်။ သူ့နောက်ကလူတွေတင် ကြောင်နက်ကို အမဲလိုက်နေတဲ့သူတွေ မဟုတ်ဘူးဆိုတာ သိသာသည်။ ညသွေးစက်၏ အခြားအဖွဲ့ဝင်များသည်လည်း အခြားလမ်းကြောင်းများမှ စုဝေးနေကြသည်။
ဤနှုန်းနဲ့ဆို သူနှင့် ကြောင်နက်တို့သည် အရှေ့ခရိုင်သို့ မရောက်ရှိမီ ညသွေးစက်များ၏ ဖမ်းဆီးခြင်းကို ခံရဖွယ်ရှိသည်။
"သူတို့ကို ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်” လင်းရှန်၏စိတ်တွေ လှုပ်ရှားသွားသည်။
သူတွေးနေစဉ်မှာပင် ရှေ့ထောင့်မှ လူနှစ်ယောက် ရုတ်တရက် ပြေးထွက်လာသည်။ ၎င်းတို့ကို တွေ့ရှိပြီးနောက် လူနှစ်ဦးသည် ဓါးများကို ချက်ချင်း ဝှေ့ယမ်းလိုက်ကြသည်။