← Chapters

ငါအဲ့လောက်မတုံးဘူး

Vol. 4 Ch. 48

ငါအဲ့လောက်မတုံးဘူး

Vol. 4 Ch. 48

ဂျူနီယာကို ပြုစုစောင့်ရှောက်တဲ့စီနီယာလိုပဲ ကြောင်ဗိုလ်ချုပ်က အိုက်ကို အလွန်

ဂရုစိုက်တာကို သူတွေ့မြင်နိုင်သည်။

ဒါပေမယ့် လင်းရှန်က ထူးဆန်းတာကို တွေ့လိုက်သည်။

သူသည် ကြောင်ဗိုလ်ချုပ်နှင့် သုံးကြိမ်သာ တွေ့ဖူးသည်။ ကြောင်ဗိုလ်ချုပ်က သူ့ကို အိုက်အတွက် ဘယ်လိုယုံနိုင်တာလဲ။

သူသည် ဝိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် အိုက်ကို ထာဝရချည်နှောင်ထားမည်ဖြစ်သည်။

သူသည် ဝိညာဉ်စာချုပ်ကို ဖျက်သိမ်းရန် အစပြုခြင်းမရှိပါက အိုက်၏ ရှင်သန်မှုနှင့် သေဆုံးမှုသည် အနာဂတ်တွင် သူ၏အတွေးများပေါ်တွင် လုံးဝမူတည်နေမည်ဖြစ်သည်။

"လူတွေအပေါ် ငါ့ရဲ့အကဲဖြတ်နိုင်မှုကို ငါယုံကြည်တယ်”

ကြောင်ဗိုလ်ချုပ်က ပြုံးပြီး အိုက်ကို လှည့်ကြည့်လိုက်သည်။

“အိုက်၊ အခုက စပြီး လင်းရှန်အနားမှာနေပါ။ စိတ်ထားကောင်းကောင်းထားပြီး ဒုက္ခမပေးနဲ့”

"နားလည်ပါတယ် ဗိုလ်ချုပ်"

အိုက်က ခေါင်းညိတ်ပြပြီး စိတ်ရှုပ်စွာ ကြည့်သည်။

ဒါကိုမြင်တော့ ဗိုလ်ချုပ်က တခြားဘာမှ မပြောချေ။ အိုက်ကို ညွှန်ပြလိုက်တော့ သူမက အနည်းငယ် တုန်လှုပ်သွားသည်။ ထူထပ်သော အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရှန်ရှေ့သို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

လင်းရှန်သည် စိတ်ဝိညာဉ်စာချုပ်များကို နားလည်သဘောပေါက်ပြီး ၎င်းတို့ကို မည်သို့လက်မှတ်ထိုးရမည်ကို သိရှိခဲ့သည်။ သူက မကန့်ကွက်ချေ။ သူသည် စိတ်ဝိညာဉ်စာချုပ်ကို တိတ်တဆိတ် ရွတ်ဆိုနေစဉ် သူ့မျက်ခုံးမွှေးများကြားရှိ နေရာကို ညွှန်ပြခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူ့စိတ်ထဲမှာ ဖော်ပြလို့ မရတဲ့ ဆက်စပ်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး အဓိကက အိုက်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အိုက်သည်လည်း အပြောင်းအလဲကို ခံစားလိုက်ရသည်။ သူမသည် လင်းရှန်ကို ကြောင်တက်တက်ကြည့်ကာ သူမရှေ့က လူသားနှင့် ပိုနီးကပ်နေသလို ခံစားရသည်။

ဝိဥာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ကြောင်ဗိုလ်ချုပ်က လက်ညိုးထိုးပြပြန်သည်။

လင်းရှန်၏လက်ရှိနတ်ဘုရားရှာဖွေခြင်းအဆောင်သည် တစ်ကြိမ်ထပ်၍ ပူလာသည်။

ဤတစ်ကြိမ်တွင်နတ်ဘုရားရှာဖွေခြင်းအဆောင်၏အစွန်းတွင် မြှုပ်ထားသော နောက်ထပ် ကျောက်လေးခု လင်းလာသည်။

အရင် က တစ်ခုအပါအဝင် ၊ အခုထိ ငါး လုံးလင်းလာပြီ ဖြစ်သည်။

"နတ်ဘုရားရှာဖွေခြင်းအဆောင်က ကြာရှည်စွာ အသက်ရှုခြင်း ပဉ္စမအဆင့်ကိုခေါ်ဆိုနိုင်တယ်။" ကြောင်ဗိုလ်ချုပ်က သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ ဆုတ်လိုက်သည်။

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

ကြာရှည်စွာ အသက်ရှုခြင်းပဉ္စမအဆင့်လား

ညသွေးစက်ခေါင်းဆောင် လောင်ရီလာရင်တောင် သူလုံးဝမကြောက်ချေ။

ဤ နတ်ဘုရားရှာဖွေခြင်းအဆောင်အပြင်သူ၏ကိုယ်ပွါးတွေနဲ့သာဆို ညသွေးစက်၏ အဖွဲ့ဝင်များအားလုံး သူ့နောက်သို့ လိုက်လာခဲ့လျှင်ပင် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

လင်းရှန်သည် ယခုတော့ လုံးဝ စိတ်သက်သာရာ ရသွားသည် ။

သူ့လက်ထဲက နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက တုန်ယင်နေသည်။

နတ်ဘုရားရှာဖွေခြင်းအဆောင်တွင် မှော်ကျောက်တုံး (၁၉)ခုရှိသည်။ မီးလင်းသွားလို

တိုင်း ဆင့်ခေါ်ခံရသော ဖန်ဆင်းမှုသည် အဆင့်တစ်ခုသို့ တိုးမြင့်လာမည်ဖြစ်သည်။

သူတို့အားလုံး မီးလင်ခဲ့လျှင် သူသည် ကျင့်ကြံသူသခင်ကို ခေါ်နိုင်လိမ့်မည် မဟုတ်လော။

ဒါကိုတွေးပြီး လင်းရှန်က စိတ်လှုပ်ရှားသွားသည်။

အခုလည်း ကြောင်ဗိုလ်ချုပ်က သူ့ကို နောက်ထပ် ကတိ အနည်းငယ် တောင်းဖို့

သူ မျှော်လင့်နေသည်။

“ဒါ့အပြင် ဒါက မင်းကို ကတိပေးထားတဲ့ ကိုယ်ခံပညာ” ကြောင်ဗိုလ်ချုပ်က နောက်ထပ်လျှို့ဝှက်စာအုပ်ကို ထုတ်လိုက်တယ်။

လင်းရှန်သည် လက်စွဲစာအုပ်ကိုယူကာ ကြည့်လိုက်သည် ။ အဲဒီအပေါ်မှာ စာလုံးကြီးကြီးသုံးလုံးရေးထားသည်။

တားမြစ်ထားသော ရွှေရောင် သံချပ်ကာ

“ဒါက ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုပဲ။ အရည်ပျော်ခြင်းအပြင် ငါ့မှာကြာရှည်စွာအသက်ရှုခြင်းအဆင့်ကိုယ်ခံပညာ နှစ်ခုရှိနေပြီ”

လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

အနည်းဆုံးတော့ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်ပြီးရင် ကျင့်ကြံစရာ ကိုယ်ခံပညာနည်းတွေ မရှိမှာကို စိုးရိမ်နေစရာ မလိုချေ။

"ဒါဆို ငါ မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ အိုက်ကို ထားခဲ့မယ်”ကြောင်ဗိုလ်ချုပ်က လေးနက်စွာပြောသည်။

"ကျွန်တော် အကောင်းဆုံးလုပ်ပါမယ်”

လင်းရှန်က လေးနက်သောအမူအရာဖြင့် ပြန်ဖြေသည်။

ကြောင်ဗိုလ်ချုပ်က ခေါင်းညိတ်ပြီး အိုက်ကိုကြည့်လိုက်သည်။ တခြား ဘာမှပြန်မပြောဘဲ လေထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

လမ်းပေါ်ရှိ မြူခိုးများသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

လင်းရှန်က ငုံ့ကာ အိုက်ကိုပခုံးပေါ်တင်ပြီး သူ့အိမ်ဆီသို့ လျှောက်သွားသည်။

အိုက်သည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်

ကြည့်လိုက်သည်။

"ဒါက အရှေ့ခရိုင်လား။ အထပ်မြင့်တိုက်တွေ အများကြီးရှိတယ်။ မြောက်ခရိုင်ထက် အများကြီး ပိုချမ်းသာပုံရတယ်။”

“ဗဟိုခရိုင်နဲ့ အနောက်ခရိုင်က ပိုချမ်းသာတယ်။ နောက်ကျ ငါ မင်းကို လိုက်ပြမယ်။"

“ကောင်းလိုက်တာ”

အိုက်က စိတ်ကောင်းရှိပုံရသည်။ သူစိမ်းတစ်ယောက်နဲ့ စာချုပ်ချုပ်ပြီးတဲ့ နောက်မှာတော့ သူမဟာ စိတ်ရှုပ်ထွေးနေပုံ၊ စိတ်မသက်သာပုံ ရှိမနေချေ။

သူမ၏ ပေါ့ပေါ့ပါးပါး အမူအရာသည် လင်းရှန်ကို ပြုံးသွားစေသည်။

အိမ်ပြန်ရောက်တော့ ကျယ်ဝန်းတဲ့ တိုက်ခန်းကြီးကို တွေ့လိုက်ရတာကြောင့် အိုက်က ပိုပျော်သွားသည်။

“အဲဒါက အိမ်ကြီးပဲ။ ငါ အခုကစပြီး ဒီမှာနေမှာလား။ ဒါနဲ့ ဘယ်အခန်းမှာနေရမှာလဲ"

"ပထမထပ်က ဘယ်အခန်းကိုမဆို ရွေးချယ်နိုင်ပေမယ့် ငါ့ခွင့်ပြုချက်မရှိဘဲ ဒုတိယထပ်ကို မတက်ရဘူးဆိုတာ သတိရထား”

အိုက်ကိုမွေးပြီးနောက် လင်းရှန်၏အကြီးမားဆုံးစိုးရိမ်မှုမှာ သူ့ကိုယ်ပွားများ၏လျှို့ဝှက်ချက်ကို သိသွားမှာကိုပင်။

သူတို့သည် ဝိညာဉ်စာချုပ်ကို ချုပ်ဆိုခဲ့ကြတာကြောင့် အိုက်သည် သူ့ကို သစ္စာမဖောက်နိုင်ပေ။ သူမသည် သူယုံကြည်နိုင်ဆုံးသော သတ္တဝါဖြစ်နိုင်သည်။ သို့သော်လည်း လင်းရှန်အနေနဲ့ အိုက်ကို ကိုယ်ပွားများ ၏ လျှို့ဝှက်ချက်ကို ပြောပြရန် အစီအစဉ်မရှိသေးပေ။

ထုံးစံအတိုင်း ဒီအကြောင်းကို သိတဲ့သူနည်းလေလေ ပိုကောင်းလေပင်။

ကံကောင်းထောက်မစွာပဲ အချိန်အများစုမှာတော့ ကိုယ်ပွါးတွေက သူ့စိတ်ထဲတွင် ရှိနေပြီး ကျင့်ကြံနိုင်သည်။

ရံဖန်ရံခါ အကောင်ထည်ဖော်ရန် လိုအပ်သောအခါတွင် ၎င်းတို့သည် ဒုတိယထပ်တွင် ပြုလုပ်နိုင်သည်။

ခဏတာ အတူနေထိုင်ကြသောအခါ အိုက်သည် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိနိုင်သော်လည်း အိုက်၏အသိဉာဏ်နဲ့ဆို သူမကို အလွယ်တကူ လှည့်စားနိုင်လောက်သည်ဟု လင်းရှန်က ခံစားခဲ့ရသည်။

အထင်သေးခံရတာကို မသိတဲ့ အိုက်က အပြစ်ကင်းစင်စွာ မေးသည်။

"ဘာလို့ ဒုတိယထပ်ကို မတက်နိုင်ရတာလဲ"

“မမေးနဲ့။ မင်းအဆင်ပြေပြေနေရင် မင်းကို ကြောင်စာ အဆင်သင့် ဝယ်ပေးမယ်။"

"ငါ ကောင်းအောင်နေမယ်လို့ ကတိပေးပါတယ်”

အိုက်က အကြိမ်ကြိမ် ခေါင်းညိတ်သည်။ သူမ က မျက်ရည်ကျလုမတတ်ပင်။

"ရှန်ချန်ရဲ့ ကြောင်စာ စည်သွပ်ဘူး လိုချင်တယ်”

လင်းရှန်းက သူ့ဖုန်းကိုထုတ်ကာ ရှာဖွေသည်။ မကြာမီ သူသည် ထိုတံဆိပ်၏စျေးနှုန်းကို တွေ့ရှိခဲ့သည်။

ပုလင်းတစ်ခုလျှင် ဝိညာဉ်ဒင်္ဂါး ၂၀၀။

ထို့အပြင် ပုလင်းတစ်ခုစီတွင် (၁၈၀) ဂရမ်သာပါရှိသည်။

“အဲဒါက ဝိညာဉ်သားရဲအသားလောက် ဈေးကြီးတယ်။”

လင်းရှန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း ဒုတိယအတွေးကြောင့် သူ စိတ်သက်သာရာရသွားသည်။

ကြောင်က သူ့အစာအတွက် ပေးချေနိုင်သည်။ရတနာကို ရှာဖွေရာမှာ ကျွမ်းကျင်မှုကြောင့် သူမတွေ့ရှိခဲ့သော ရှားပါးအရွက်တစ်မျိုးသည် ရာနှင့်ချီသော အစာဗူးများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

သို့သော် ဤစွမ်းရည်သည် နဂါးမြို့တော်တွင်အလွန်အသုံးဝင်သည် မဟုတ်ချေ။ ရှားရှားပါးပါး သစ်ဥသစ်ဖုတွေရောင်းတဲ့ ဆိုင်

တစ်ဆိုင်ကို သူမက ခေါ်သွားနိုင်သည်။

သူမသည် တောထဲတွင်တော့ အတော်လေး အသုံးဝင်နိုင်သည် ။

ခွန်အားရှိသောအခါ ရတနာကိုရှာဖွေရန် အိုက်ကို မြို့ပြင်သို့ ခေါ်ဆောင်သွားရမည်။

လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်

သည်။ အိုက်က သူ့ကို မျှော်ကိုးကာ ပြုံးပြီး ကြည့်နေသည်။

"စည်သွပ်ဘူး ကြောင်စာက ကောင်းပါတယ်၊ ဒါပေမယ့် မင်း ရှေ့လျှောက် ငါနဲ့ မြို့ပြင်မှာ ရတနာလိုက်ရှာမယ်လို့ ကတိပေးရမယ်။"

"ပြဿနာမရှိပါဘူး”အိုက်က မတွေးဘဲ သဘောတူလိုက်သည်။ သူမက “တစ်နေ့ကို ကြောင်အစာ ဆယ်ဗူးလောက်လိုချင်တယ်”

တစ်နေ့ကို ကြောင်အစာ ဆယ်ဗူးဆိုတဲ့ အဓိပ္ပါယ်က တစ်လကို ဗူး ၃၀၀ နဲ့ စုစုပေါင်း ဝိညာဉ်ဒင်္ဂါး ၆၀၀၀၀ပင်။

လင်းရှန်သည် အရင်းရှင်တစ်ယောက်လို ပြုမူပြီး တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

“ဒါက အရမ်းများတယ်။ တစ်နေ့ကို အများဆုံး ငါးဗူးပဲစား”

"ကိုး”

"မဟုတ်ဘူး ခြောက်ဗူး”

"ရှစ်ဗူး”

လင်းရှန်က အိုက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ငါပြောမယ် ။ ငါမင်းကို တစ်ပတ်ကို ဗူးလေးဆယ်ပေးရင် ဘယ်လိုလုပ်မလဲ"

အိုက်က အံ့သြသွားသည်။ သူမ၏ ခြေသည်းများကို ဆန့်ထုတ်ကာ တွက်ချက်ရန် ကြိုးစားသော်လည်း သူမ၏ ခြေသည်းလေးချောင်း ပေါင်းစပ်မှုမှာ မလုံလောက်ချေ။ အချိန်အတော်ကြာအောင် တွက်ချက်ပြီးနောက် နောက်ဆုံးတွင် သူမသည် ခေါင်းကို မော့ကာ ဂရုတစိုက်ပြောခဲ့သည်။

"အရမ်းများနေတယ်ထင်တယ်"

လင်းရှန်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"တစ်ပတ်ကို သုံးဆယ့်ငါးဗူး"

“ကောင်းပြီ”

အိုက်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ပြေလည်သွားပြီ။ နောင်ကျ မင်းကို တစ်ပတ်ကို သုံးဆယ့်ငါးဗူး ပေးမယ်။ တစ်နေ့ကို ဘယ်လောက်စားမလဲဆိုတာ မင်းဘာသာ ဆုံးဖြတ်နိုင်တယ်။ အားလုံးကို တစ်ကြိမ်တည်း စားလိုက်ရင် နောက်ရက်အနည်းငယ်ကျ စားလို့ မရတော့ဘူးနော်။ အဲ့ကျ ငါ့ဆီ လာမငိုနဲ့” ဟု လင်းရှန်က ကြင်နာစွာ သတိပေးလိုက်သည်။

အိုက်က အော်လိုက်သည်။

"ငါသိပါတယ်။ ငါအဲ့လောက်မတုံးပါဘူး”

All Chapters