ဝါသနာတူ
Vol. 4 Ch. 49
နောက်တစ်နေ့တွင် အိုက်အတွက် စည်သွတ်ဘူးခွံဝယ်ရန် သဘောတူပြီးနောက် လင်းရှန်သည် သူမအနားယူရန် နေရာရှာပေးပြီး ဒုတိယထပ်သို့ တက်ခဲ့သည်။
အိပ်ခန်းထဲသို့ပြန်ဝင်ကာ တံခါးကိုပိတ်ပြီးနောက် လင်းရှန်းသည် ကိုယ်ခံပညာလက်စွဲစာအုပ်နှစ်အုပ်ကို ထုတ်ကာ သူ့ရှေ့တွင် ထားလိုက်သည်။
တိမ်တိုက်ကြားမှ နဂါးဟောက်သံနှင့် တားမြစ်ထားသော ရွှေရောင် သံချပ်ကာ
တားမြစ်ထားသော ရွှေရောင် သံချပ်ကာသည် ကြာရှည်စွာအသက်ရှုခြင်း
အဆင့်သို့ရောက်ရှိပြီးမှသာ ကျင့်ကြံနိုင်မည်
ဖြစ်သည်။ လောလောဆယ်တော့ သိမ်းထားရမှာပင်။
သို့သော် သူသည် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို တတ်နိုင်သမျှ အမြန်ဆုံးကျင့်ကြံပြီး စာမေးပွဲမစမီ အစအပြုသူအဆင့်ထံသို့ ရောက်ရှိရန် ကြိုးစားခဲ့သည်။
ခဏလောက် စဉ်းစားပြီးနောက် လင်းရှန်သည် သူ့စိတ်ကို ဆုံးဖြတ်လိုက်သည်။
“ကိုယ်ပွါး ၂က မူလ အသက်ရှူခြင်းနည်းစနစ်ကို ဆက်ကျင့်ကြံနေတယ်။
အခြားကိုယ်ပွါးတွေက နေမီးတောက်လက်ဝါးနဲ့ အရိပ်ကို ဦးစားပေး
ကျင့်ကြံရမယ်။ နေမီးတောက်လက်ဝါးက ပြီးပြည့်စုံခြင်းအဆင့်နဲ့ အရိပ်က အထူးကျွမ်းကျင်အဆင့်ကိုရောက်ရင် တိမ်တိုက်ကြားက နဂါးဟောက်သံကို အစွမ်းကုန်နားလည်လာအောင် လုပ်လို့ရမှာ”
"ပြီးတော့ အိုက်အတွက် မွေးမြူခွင့် လျှောက်ထားဖို့ အချိန်လိုတယ်။"
နဂါးမြို့တော်တွင် ဝိညာဉ်ရေးရာသားရဲများကို မွေးမြူလိုသူတိုင်းသည် ဂိုဏ်းသုံးခုစီရင်စုသို့ သတင်းပို့ပြီး ခွင့်ပြုချက် လျှောက်ထားရမည်ဖြစ်သည်။
လင်းရှန်သည် အိုက်ကို ပွင့်ပွင့်လင်းလင်း မွေးလိုပါက ဤလုပ်ထုံးလုပ်နည်းသည် ရှောင်လွှဲ၍မရပေ။
ကံကောင်းထောက်မစွာ သူသည် ကျင့်ကြံသူဖြစ်သောကြောင့် သာမန်လူများထက် ဝိညာဉ်သားရဲမွေးမြူရန် ခွင့်ပြုချက်ရရှိဖို့အတော်ပင်လွယ်ကူသည်။
နောက်နေ့မနက်စောစော၌
လင်းရှန်သည် ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းသို့ အစောကြီးရောက်ရှိလာပြီး ကိုယ်ခံပညာကို ကျင့်ကြံနေသော ယန်ကျုံးရီကို တွေ့ရှိခဲ့သည်။
“ဒီနေ့ စောစောရောက်လာတာပဲ။ ငါနဲ့ထပ်ပြီး ဆွေးနွေးစရာရှိသေးလို့လား" ယန်ကျုံးရီက နောက်ပြောင်လိုက်သည်။
"ဟုတ်တယ်။"
လင်းရှန်က ပြုံးပြီး အနှစ်သာရကျောက်တုံးကို ထုတ်လိုက်သည်။
“ဒီပစ္စည်းကို ငါရောင်းချင်တယ်။ မင်းမှာ ရောင်းလို့ရတဲ့နေရာ ရှိလား”
"ဒါက အနှစ်သာရကျောက်တုံးမလား" ယန်ကျုံးရီက တစ်ချက် သတိပြုမိပြီး အံ့သဩသွားသည်။ "ဒါက ပစ္စည်းကောင်းပဲ”
လင်းရှန် ဘယ်ကရလဲလို့ သူ မမေးခဲ့ချေ။ ပစ္စည်းကိုယူကာ ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ငါ မင်းကို ကြည့်ပေးမယ်။ ပေါက်ဈေးထက် မနိမ့်စေရဘူးလို့ အာမခံပါတယ်။ နောက်မှ မင်းအကောင့်ကို ငါငွေလွှဲလိုက်မယ်။"
"ကျေးဇူးတင်ပါတယ်” လင်းရှန်က ပြုံးလိုက်သည်။
အနှစ်သာရကျောက်တုံးအပိုင်းအစများသည် သာမန်ကျင့်ကြံသူများအတွက် ရှားပါးသော်လည်း ယန်ကျုံးရီကဲ့သို့သော သြဇာကြီးသောမိသားစုမှ တပည့်များသည် ၎င်းတို့ကို အများအပြားတွေ့ဖူးကြသည်။
လင်းရှန်က ပစ္စည်းကို သူ့ဘာသာ ရောင်းတာထက် ယန်ကျုံးရီကို ရောင်းခွင့်ပြုတာက ပိုကောင်းတယ်လို့ ခံစားရသည်။ အနည်းဆုံးတော့ စျေးနှုန်း အဆမတန် ကျဆင်းသွားမှာကို စိုးရိမ်စရာ မလိုချေ။
အပိုင်းအစကို ရောင်းချပြီးနောက် လင်းရှန်သည် ဝိညာဉ်သားရဲများမွေးမြူ ဖို့ ခွင့်ပြုချက်လျှောက်ထားခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။
"မင်းက ဝိညာဉ် သားရဲတစ်ကောင်ကို မွေးမြူချင်တာလား။ ဘယ်ဝိညာဉ်သားရဲလဲ။”
"ဝိညာဉ်ရေးရာကြောင်"
ယန်ကျုံးရီ အနည်းငယ် ထိတ်လန့်သွားသည်။ လင်းရှန်သည် မနေ့ညက ကြောင်လေးများ နှင့် ညသွေးစက်များအကြောင်း မေးသည်ကို ရှင်းရှင်းလင်းလင်း တွေးလိုက်ပြီး သူ့မျက်လုံးများတွင် အဓိပ္ပါယ်ရှိသော အလင်းတန်းများ လင်းလက်လာသည်။
သို့သော်လည်း သူက ထပ်မမေးတော့ဘဲ ပြုံးပြုံးလေးသာ ပြောသည် ။
"ဒါက လွယ်ပါတယ်။ ဂိုဏ်းသုံးခုစီရင်စုမှာ အသိမိတ်ဆွေတစ်ယောက်ရှိတယ်။ နောက်ကျ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပေးမယ်။ မနက်ဖြန် သူ့ကို သွားတွေ့လို့ရတယ်။ မြန်မြန်ပြီးသွားမယ်လို့ ငါအာမခံပါတယ်”
"ကျေးဇူးတင်ပါတယ် ” လင်းရှန်က သူကို ကျေးဇူးတင်ကြောင်းပြောပြီး သူ့လေသံက လေးနက်ပြီး ရိုးသားကြောင်းပေါ်လွင်သည်။
သူတို့နှစ်ယောက်စတွေ့ချိန်ကနေ အခုအချိန်အထိ ယန်ကျုံးရီက သူ့ကို ဘာတစ်ခုမှပြန်မတောင်းဘဲ အကြိမ်ကြိမ်ကူညီခဲ့ပြီးပြီ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လင်းရှန်က ယန်ကျုံးရီအပေါ် အကြွေးတင်နေတယ်လို့ ခံစားရသည်။
လင်းရှန်၏ လေသံကို ကြားတော့ ယန်ကျုံးရီက ပြုံးပြီး ပခုံးကို ပုတ်လိုက်သည်။
“အဲဒါကို စိတ်မပူပါနဲ့။ ငါတို့က ဝါသနာတူလို့ အခုပဲ သူငယ်ချင်းဖြစ်နေပြီပဲဟာ”
"ဘယ်လိုဝါသနာလဲ"
"မင်းက ကြောင်တွေကို ကြိုက်တယ်၊ ငါက ကြောင်မလေးတွေကို ကြိုက်တယ်။ ငါတို့နှစ်ယောက်လုံးက ကြောင်ချစ်သူတွေပဲ”
ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းမှ ထွက်ခွာပြီးနောက် လင်းရှန်သည် သူကြိုတင်ကြည့်ခဲ့သောလိပ်စာအတိုင်း ဝိညာဉ်ရေးရာသားရဲအစားအစာများကို အထူးပြုရောင်းချသည့် နာမည်ကောင်းရှိသော ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။ သူက လက်ဝှေ့ယမ်းကာ ကြောင်အစာသေတ္တာဆယ်ဘူးကို မှာကြားခဲ့သည်။
အခကြေးငွေပေးပြီးတဲ့နောက် သူ့နေရာသို့ ပို့ရန် သဘောတူပြီး လင်းရှန်က ဆိုင်မှ ထွက်လာခဲ့သည်။
ဆိုင်သည် အလွန်ဝန်ဆောင်မှုကောင်းသည်။ လင်းရှန် အိမ်သို့ ပြန်ရောက်သောအခါ ပို့ဆောင်ရေးကားသည် ထိုနေရာတွင် စောင့်နေပြီဖြစ်သည်။
သူက ပို့ဆောင်မှုအတွက် သက်ပြင်းချလိုက်ပြီး ကုန်သေတ္တာများကို ကားပေါ်မှ ရွှေ့လိုက်သည်။ ပို့ဆောင်သူ ထွက်သွားပြီးနောက် လင်းရှန်သည် အိုက်ပြေးလာသောကြောင့် တံခါးကို ပိတ်လိုက်သည်။
"ဒါတွေအားလုံးက ကြောင်အစာတွေလား"
အိုက်သည် တောက်ပသော မျက်လုံးများဖြင့် သေတ္တာပုံးများကို ကြည့်နေသည်။ လင်းရှန်အတည်ပြုချက်ကိုကြားပြီးနောက်တွင် သူမသည် အလွန်ဝမ်းသာသွားကာ မူးမေ့လဲသွားခဲ့သည်။
"ကြောင်စာ စည်သွပ်ဘူး.. ကြောင်စာ စည်သွတ်ဘူးတွေ အများကြီးပဲ…”
တစ်ယောက်နဲ့တစ်ယောက် သိတာ နှစ်
ရက်လောက်သာ ရှိပေမယ့် လင်းရှန်က အိုက်ရဲ့ သဘာဝကို သိပြီးသားပင်။ သူ့တုံ့ပြန်မှုကို သူစိတ်မ၀င်စားချေ။ သူက သေတ္တာကိုဖွင့်ပြီး ကြောင်စာ ၃၅ ဗူးကို ရေတွက်ပြီး အိုက်ရှေ့မှာ ထားလိုက်သည်။
"ဒီမှာ။ ဒါက မင်းရဲ့ တစ်ပတ်စာ စားစရာပဲ”
"ကျေးဇူးတင်ပါတယ် လင်းရှန် နင်က တကယ်ကောင်းတဲ့လူပဲ”
အိုက်သည် ဗူးပေါ်မှ ခုန်ဆင်းကာ ပျော်ရွှင်စွာ လှည့်ပတ်လိုက်သည်။
လင်းရှန်က အိုက်၏ ခေါင်းကို ပွတ်သပ်ပြီး တုံးအနေသော ကလေးအား ကြည့်နေသည့်အတိုင်း သူမကို ချစ်စဖွယ် ကြည့်နေသည် ။
“ဒါနဲ့ မနက်ဖြန် မင်းကို အုပ်ထိန်းခွင့် လျှောက်ထားဖို့ ဂိုဏ်းသုံးခုစီရင်စုကို ခေါ်သွားမယ်။ စကားမပြောမိစေနဲ့နော်”
ချီအသွင်ပြောင်းခြင်းအဆင့်တွင်ရှိသော်လည်း လူသားဘာသာစကားကို ပြောနိုင်သော အိုက်ကဲ့သို့သော ဝိညာဉ်ရေးရာကြောင်
တစ်ကောင်ကို လင်းရှန် တစ်ခါမျှ မကြားဖူးပေ။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် သာမန် ဝိညာဉ်ရေးရာကြောင်တစ်ကောင်အဖြစ် ဟန်ဆောင်ခြင်းသည် သူမအတွက် ပိုကောင်းသည်။
အိုက်သည် စည်သွပ်ဘူးများဖြင့် ဝိုင်းထားသောကြောင့် ဘာမှမတွေးဘဲ သဘောတူလိုက်သည်။
ကျန်သေတ္တာများကို သိုလှောင်ကျောက်စိမ်းပြားထဲသို့ ထည့်ပြီးနောက် လင်းရှန်သည် ဒုတိယထပ်သို့ သွားကာ စတင် ကျင့်ကြံသည်။
ယန်ကျုံးရီသည် အလွန်အစွမ်းထက်သည်။ နောက်တစ်နေ့မနက်တွင် သူသည် အနှစ်သာရကျောက်တုံးရောင်းရာမှ ငွေကိုလင်းရှန်၏အကောင့်သို့ လွှဲပေးခဲ့သည်။ ၎င်းသည် စုစုပေါင်း ဝိညာဉ်ဒင်္ဂါး ၂၅၀,၀၀၀ဖြစ်ပြီး သူ့၏အရေးပေါ်လိုအပ်မှုကို ယာယီဖြေရှင်းခဲ့သည်။
အနည်းဆုံး နောက်ထပ် လဝက်လောက်အထိ လင်းရှန်ဟာ သူ့ရဲ့နေ့စဉ်ဘဝနဲ့ ကျင့်ကြံစရိတ်တွေကို စိတ်ပူစရာမလိုတော့ချေ။
ထိုအချိန်မှစ၍ မွေးမြူခွင့် လျှောက်ထားတာကလွဲ၍ ခွန်အားအားလုံးကို ကျင့်ကြံရန် အာရုံစိုက်ခဲ့သည်။
ယန်ကျုံးရီ၏ချိတ်ဆက်မှုနှင့်အတူ မွေးမြူရေးလိုင်စင် လျှောက်ထားခြင်းလုပ်ငန်းစဉ်သည်အလွန်ချောမွေ့ခဲ့သည်။
သုံးရက်မပြည့်မီတွင် သူသည် မွေးမြူခြင်းလက်မှတ်ကို ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံမှုမှာလည်း ချောမွေ့သွားခဲ့သည်။
ငါးရက်အကြာတွင် လင်းရှန်၏ နေမီးတောက်လက်ဝါးသည် ပြီးပြည့်စုံခြင်းအဆင့်သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။
မူလအသက်ရှူခြင်းနည်းစနစ်ကဲ့သို့ပင် နေမီးတောက်လက်ဝါးသည် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိပြီးနောက် ပိုမိုတိုးတက်
ကောင်းမွန်လာတော့မည်မဟုတ်ပေ။
"ပြီးပြည့်စုံခြင်း ကိုယ်ခံပညာတွေထက် ပိုကောင်းအောင် လုပ်နိုင်အုံးမလားလို့ ငါတွေးမိတယ်။"
လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
သူ၏ ကိုယ်ခံပညာ နည်းစနစ်များ မတိုးတက်နိုင်တော့သော်လည်း သန့်စင်သော ယန်ခန္ဓာကိုယ်ကို မြှင့်တင်ထားတာကြောင့် နေမီးတောက်လက်ဝါးသည် ပြီးပြည့်စုံခြင်းထက် မြင့်မားနေဆဲဖြစ်သည်။
၁၀၀% မြှင့်တင်မှုသည် အလွန်ထူးခြားသည်။
“အရိပ်တွေက နောက်ဆုံးတော့ အထူးကျွမ်းကျင်မှုအဆင့် ကို ရောက်သွားပြီ”
အတွေးတစ်ခုဖြင့် လင်းရှန် သည် မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည်- ဘုရားသခင်၏ မနာလိုမှု]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၈၊ ၉၅%]
[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်း နည်းစနစ် (ပြီးပြည့်စုံမှု)၊ နေမီးတောက်
လက်ဝါး (ပြီးပြည့်စုံမှု)၊ သေခြင်း အတားအဆီး (အစပြုသူအဆင့် ၆၂%)၊ အရိပ်များ (အထူးကျွမ်းကျင်အဆင့် ၂%)]
[ကိုယ်ပွားအရေအတွက်- ၄ (၅၄%)]
သူနှင့်သူ့ကိုယ်ပွားသုံးကောင်၏ကြိုးစားအားထုတ်မှုကြောင့် အရိပ်သည်နောက်ဆုံးတွင် အထူးကျွမ်းကျင်အဆင့်သို့ရောက်ရှိခဲ့သည်။
လင်းရှန်က ရုတ်တရက်ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အိပ်ခန်းထဲမှာ ငါးကြိမ် ခြောက်ကြိမ်လောက် လှုပ်ရှားကြည့်သည်။ သူ့အမြန်နှုန်းက သူကျွမ်းကျင်
အဆင့်မှာရှိတုန်းကထက် ၅၀% ပိုမြန်လာသည်။
"အရိပ်တွေက အနီးကပ်တိုက်ပွဲအတွက် ပိုသင့်တော်တယ်”
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်သည်။
ထို့အပြင် သူ၏ ကျင့်ကြံမှုသည် ချီအသွင်ပြောင်းခြင်း အဆင့် ၉ သို့ ဖြတ်ကျော်ရန် ၅% သာ လိုတော့သည်။
“စာမေးပွဲဖြေဖို့ သုံးရက်လိုသေးတယ်။ နဝမအဆင့်ကို ကျော်ဖြတ်ဖို့ ငါ့မှာ အချိန်
အလုံအလောက် ရှိတယ်။"
"တိမ်တိုက်ကြားက နဂါးဟောက်သံကို နားလည်ဖို့ပဲ ကျန်တော့တယ်။"
လင်းရှန်သည် လျှို့ဝှက်လက်စွဲစာအုပ်ကို ထုတ်ကာ ၎င်းပေါ်ရှိ စကားလုံးများကို ကြည့်ရှုလိုက်သည်။ သူ့မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
နောက်သုံးရက်တွင် ကိုယ်ပွါး ၂သာလျှင် မူလအသက်ရှူခြင်းနည်းပညာကို ဆက်လက်
ကျင့်ကြံခဲ့သည်။ သူနှင့် အခြားကိုယ်ပွားသုံးကောင်သည် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို နားလည်ရန် အာရုံစိုက်ပြီး စာမေးပွဲမဖြေမီ အစပြုသူအဆင့်ထံသို့ ရောက်ရှိရန် ကြိုးစားရလေသည်။
မလွယ်ကူခဲ့ချေ။
သူနဲ့သူ့ရဲ့ ကိုယ်ပွါးတွေက အရိပ်ကို နားလည်အောင် ကြိုးစားတုန်းကလည်း အစပြုသူအဆင့်ကိုရောက်ဖို့ ဆယ်
ရက်ကျော်လောက် အချိန်ယူခဲ့ရသည်။
တိမ်တိုက်ကြားမှ နဂါးဟောက်သံသည် အရိပ်ထက်အဆင့်မြင့်သော ကိုယ်ခံပညာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ သူနှင့်သူ၏ကိုယ်ပွားသုံးကောင်သည် ၎င်းကိုတစ်ပြိုင်နက်နားလည်အောင် ကြိုးစားကြသော်လည်း အစပြုသူအဆင့်ကိုသုံးရက်အတွင်းရောက်ရှိရန်ခက်ခဲနေသေးသည်။
သူ့ထက်သာလွန်သော ကိုယ်ခံပညာစွမ်းရည်
အတွက် မဟုတ်ပါက လင်းရှန်သည် မည်သည့်မျှော်လင့်ချက်မှ ရှိမည်မဟုတ်ပေ။
"လုပ်ကြည့်ပါမယ်လေ”
လင်းရှန်က အသက်ပြင်းပြင်းရှူပြီး လက်စွဲစာအုပ်ကိုဖွင့်ကာ စတင် နားလည်လာအောင် ကျင့်ကြံတော့သည်။