← Chapters

အထက်တန်းလွှာများစုစည်းခြင်း။

Vol. 4 Ch. 51

အထက်တန်းလွှာများစုစည်းခြင်း။

Vol. 4 Ch. 51

ထိုအချိန်တွင် ယန်ကျုံးရီသည် ရုတ်တရက် စူးစိုက်ပြီး သူ့ဘယ်ဘက်ပခုံးနောက်သို့ ကြည့်လိုက်သည်။

လင်းရှန်နဲ့ စုနျန်တို့ကပါ အံ့အားသင့်သွားပြီး သူ့အကြည့်နောက်သို့ လိုက်ကြည့်တော့

ယန်ရှင်းက ဖြည်းဖြည်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ယန်ရှင်းပါ”

အံ့အားသင့်စရာမှာ ယန်ရှန်းသည် လင်းရှန်ကြောင့် အမှန်တကယ်ပင် ဤနေရာတွင် ရှိနေခဲ့တာ ဖြစ်သည်။ သူသည် အပြုံးဖြင့် လှမ်းပြောသည်။

"ငါက လင်းရှန်ပါ”

လင်းရှန်သည် မျက်ခုံးပင့်ပြီး ယန်ရှင်းလက်ကို ဆွဲလိုက်သည်။

"ငါ ဘာလုပ်ပေးရမလဲ?"

"ဘာမှမဟုတ်ပါဘူး။ ငါ မင်းကို သိချင်ရုံပါပဲ။ စာမေးပွဲပြီးရင် စကားပြောကြမယ်။ နောက်ပြီး စာမေးပွဲလည်း အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်”

ဒါကိုပြောပြီးနောက် ယန်ရှန်းက လှည့်ပြီး ယန်ကျုံးရီကို အနည်းငယ် ခေါင်းညိတ်

ပြလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ သူသည် စုနျန်ကို လုံးဝမကြည့်ပေ။

လင်းရှန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးသည် "သူက ဒီမှာ ဘာအတွက်လဲ"

"ဘာလို့ထင်လဲ။ သူက မင်းကို ကြိုးချည်ဖို့ ဒီမှာရောက်နေတာ၊ မင်းကို သူ့လက်အောက်ခံ ဖြစ်စေချင်တာ”

ယန်ကျုံးရီက သူ့လက်တွေကို ဖြန့်ပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။

“သခင်လေးယန်က မြင့်မားပြီး ခွန်အားကြီးတဲ့သူပဲ။ မင်းကိုကြိုးနဲ့ ချည်ဖို့ကြိုးစားတာကို သူ့မာနကိုတောင် မလျှော့ချဘူး”

လင်းရှန်က ခေါင်းယမ်းကာ ရယ်လိုက်သည်။

သူ့ကို လက်ပါးစေအဖြစ် ကြိုးကိုင်ခံရဖို့လား

ထိုအခါ ဤသခင်လေးသည် စိတ်ပျက်သွားလိမ့်မည်။

စာမေးပွဲပြီးသောအခါ ယန်ရှန်းသည် လင်းရှန်နှင့် ဆက်သွယ်ဖို့ အနည်းငယ်မျှ ရည်ရွယ်ချက်ရှိမည်မဟုတ်တော့ပေ။

"သခင်လေးယန် ဘာလို့ လင်းရှန်နဲ့ စကားပြောတာလဲ"

ယန်ရှင်းလူအုပ်ဆီသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် လုကျီကျန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"စစ်မကြေငြာခဲ့ဘူးလား" တစ်ယောက်ယောက်က နောက်ပြောင်လိုက်သည်။

“ မိုက်မဲလိုက်တာ ၊ သခင်လေးယန်ရဲ့ ခွန်အားနဲ့ လင်းရှန်ကို စစ်ကြေညာဖို့လိုအပ်လို့လား။ဒီကောင်လေးကို အဲ့လောက်အာရုံမစိုက်နဲ့”

"ဟုတ်တယ်။ သခင်လေးယန်ရဲ့ ပြိုင်ဘက်တွေက ရွှယ်ဖုန်နဲ့ ချုန်ယန်လို

လူတွေပဲ ဖြစ်သင့်တာ”

"ဟုတ်တယ်…"

သြဇာကြီးမားသော မိသားစုများ၏ တပည့်အုပ်စုသည် အကြောင်းအရာကို လျင်မြန်စွာပြောင်းလဲပြီး အခြားသူများ၏ အချက်အလက်များကို စတင်ပြောဆိုကြသည်။

လုကျီကျန်သည် ယန်ရှင်းကို ငုံ့ကြည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူဘာအကြောင်းတွေးနေလဲဆိုတာ မြန်မြန်နားလည်ပြီး လင်းရှန်ကို အထင်အမြင်သေးစွာ ကြည့်နေမိသည်။

သာမန်ကျောင်းသားတစ်ယောက်ကို ကြိုးနဲ့ချည်ဖို့ ဘာကြောင့် လိုအပ်တာလဲ။

သူ့အရည်အချင်းက ထူးချွန်ရင်ရော ဘာဖြစ်လဲ။ သူ့ရဲ့နောက်ခံနဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာ သေချာသည်။

ယန်ရှင်းသည် ကျောင်းသားတစ်ဦးကို ကြိုးဖြင့်ချည်လိုပါက စုနျန်ကဲ့သို့ ကျဆင်းနေသော မိသားစုမှ တစ်စုံတစ်ဦးကို အနည်းဆုံး ရှာရပေမည်။

ထိုသို့သောလူသာလျှင် သူ့အဖွဲ့တွင် ပါဝင်ရန် အရည်အချင်းပြည့်မီနိုင်သည် ။

ယန်ရှင်းသည် လုကျီကျန်၏တုံ့ပြန်မှုကို သတိမထားမိပေ။ သူက ကျောက်ရွှမ်ရင်ရဲ့ နံဘေးကို လျှောက်သွားပြီး ပြောသည်။

"ရွှယ်ဖုန်နဲ့ ချုန်ယန်ဟယ်တို့က ချီအသွင်ပြောင်းခြင်းရဲ့ အဋ္ဌမအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီလို့ ငါကြားတယ်။ သူတို့ရဲ့ ကိုယ်ခံပညာတွေကလည်း ထူးထူးခြားခြားပါပဲ။ ဒီစာမေးပွဲမှာ သူတို့က ငါတို့ရဲ့ အပြင်းထန်ဆုံးပြိုင်ဘက် ဖြစ်လောက်တယ်”

ယန်ရှန်းသည် ကျောက်ရွှမ်ရင်၏ သဘောတရားကို နားလည်သဘောပေါက်ခဲ့သည် ။ သူမနဲ့ တခြားအရာတွေပြောရင် ကျောက်ရွှမ်ရင်က သူ့ကို လျစ်လျူရှုမှာ သေချာသည်။

သို့သော် သူမသည် ကျင့်ကြံမှုကို စွဲလမ်းသည်။ အခြားသောဖြေဆိုသူတွေ၏ ကြံ့ခိုင်မှုအကြောင်းကို ပြောနေသမျှ ကျောက်ရွှမ်ရင်

သည် သူနှင့် စကားပြောနိုင်ချေရှိသည်။

မျှော်လင့်ထားသည့်အတိုင်း ယန်ရှင်း၏စကားကိုကြားပြီးနောက် ကျောက်ရွှမ်ရင်၏အမူအရာက ပြောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

“သူတို့အကြောင်းလည်း ကြားမိတယ်။ သူတို့ရဲ့ အင်အားကို လျှော့တွက်လို့ မရဘူးလို့ ပြောတယ်။ သူတို့က တကယ့်ကို ဒုက္ခပေးမယ့် ပြိုင်ဘက်တွေပဲ”

ယန်ရှန်းက အနည်းငယ်ပြုံးလိုက်သည်။ “ငါပတ်မေးထားတယ်။ ယခုတစ်ကြိမ်နိုင်ယန်းကျောင်းရဲ စာမေးပွဲဖြေဆိုသူတွေထဲမှာ ရွှယ်

ဖုန်၊ ချုန်ယန်၊ ပြီးတော့ မင်းနဲ့ ငါရယ်ပဲ မိသားစုသုံးစုနဲ့ ဂိုဏ်းကြီးငါးခု၏ တိုက်ရိုက်သားမြေးတွေ။ ဘာမှမမှားရင် အဓိကတပည့်က ငါတို့လေးယောက်ထဲက တစ်ယောက်ဖြစ်ရမယ်”

ကျောက်ရွှမ်ရင်သည် ယန်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ပြတ်ပြတ်သားသားပြောနေသော သူမ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားသည်၊

"အဲ့ဒါ ငါပဲဖြစ်မယ်”

"အဲဒါက သေချာပေါက်အမှန်မဟုတ်ဘူးလေ”

ယန်ရှင်းသည် ကျောက်ရွှမ်ရင်အပေါ် ခံစားချက်ရှိသော်လည်း ထိုကိစ္စအတွက် သူရှုံးနိမ့်သည်ကို ဝန်ခံမည်မဟုတ်ပေ။

"အဓိကတပည့်ရာထူးကို ရအောင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။"

“ဒီစာမေးပွဲမှာ ပြိုင်ဘက်တွေ အများကြီးရှိနေတယ်”

ယန်ကျုံးရီက သူ့လက်ချောင်းတွေနဲ့ ရေတွက်ပြသည်။

"ယန်ရှင်းနဲ့ ကျောက်ရွှမ်ရင်ဘေးနားမှာ ရွှယ်မိသားစုမှ ရွှယ်ဖုန်နှင့် ချုန်မိသားစုမှ ချုန်ယန်ဟယ်လည်းရှိတယ်။ သူတို့ လေးယောက်လုံးက ချီအသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို သေချာပေါက်ရောက်နေတဲ့ အထက်တန်းစားတွေပဲ”

“ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်ကို ရောက်သွားတဲ့ စာမေးပွဲဖြေဆိုသူတွေလည်း ရှိတယ်။ အဲဒီအထဲမှာ အနည်းဆုံး ၃၀၊ ၄၀ လောက်ရှိတယ်။ သူတို့က အခြေခံအားဖြင့်တော့ သဩဇာကြီးမားတဲ့ မိသားစုတွေကပဲ”

ထိုအချိန်တွင် ယန်ကျုံးရီသည် လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။

သူသိသလောက် လင်းရှန်သည် ဤစာမေးပွဲတွင် ချီအသွင်ပြောင်းခြင်း အဆင့်(၇)ရှိသည့် တစ်ဦးတည်းသော သာမန်ကျောင်းသားဖြစ်သည်။

သူနဲ့ စုနျန်ကသာ အဲဒီအကြောင်းကို သိသည်။ မဟုတ်ရင် ယန်ရှင်းက လင်းရှန်ကို ကြိုးနဲ့ချည်ဖို့လုပ်တဲ့နေရာမှာ ဒီလောက် မာနကြီးနေမှာ မဟုတ်ပေ။

“ငါစုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဒီနှစ် နိုင်ယန်ကျောင်းရဲ့ စာမေးပွဲက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အခက်ခဲဆုံးပဲတဲ့။ အထက်တန်းလွှာအားလုံး ဒီနေရာမှာ စုဝေးနေကြပြီ”

"ပြင်းထန်သော ရေလှိုင်းသင်တန်းကျောင်းနဲ့ မြစိမ်းရောင်ဆီးနှင်း သင်တန်းကျောင်းက ဖြေဆိုသူတွေက ဒီနေရာထက် အဆပေါင်းများစွာ အဆင့်နိမ့်တယ်တဲ့”

စုနျန်သည် ယန်ကျုံးရီ၏စကားကို သိပ်စိတ်မဝင်စားပေ ။ သူက ငြိမ်ငြိမ်လေး ကြည့်နေသည်။

လင်းရှန်က ပြုံးပြီး ဘာမှပြန်မပြောချေ။

သူတို့ပုံစံကိုမြင်တော့ ယန်ကျုံးရီက မျက်လုံးတွေကို လှည့်လိုက်သည်။ သူသည် ပြီးမြောက်သွားသည်ဟူသော ခံစားချက်ကို လုံးဝ မခံစားရချေ။

သို့သော် သူက ဆက်ပြောသေးသည်။ "ငါတို့မှာ အဓိကတပည့်ဖြစ်ဖို့ မျှော်လင့်ချက်မရှိဘူး၊ ထိပ်တန်းဆယ်ယောက်ထဲကို ဝင်ဖို့ အခွင့်အလမ်းကလည်း နည်းတယ်။ ဒါပေမဲ့ ငါတို့က ထိပ်ဆုံးနှစ်ဆယ်ထဲကို ရောက်ဖို့တော့ ယုံကြည်ချက်အချို့ရှိနေဆဲပဲ။ ငါတို့ ထိပ်တန်းနှစ်ဆယ်ထဲကို ဝင်နိုင်ရင်တော့ နိုင်ယန်ကျောင်းကပေးမဲ့ ဂရုစိုက်မှုက တော်တော်ကောင်းနေပြီ”

ဒီတစ်ကြိမ်မှာတော့ စုနျန်က ခေါင်းညိတ် သဘောတူလိုက်သည်။

ယန်ကျုံးရီကဲ့သို့ပင် သူသည် ထိပ်ဆုံးနှစ်ဆယ်အတွက် ရည်မှန်းထားသည်။

"လင်းရှန် မင်းကော ဘယ်လိုလဲ။ မင်းရည်မှန်းချက်ကဘာလဲ" စုန်နျန်က ရုတ်တရက် လင်းရှန်အား မေးလိုက်သည်။

သို့သော် လင်းရှန်မဖြေမီတွင် ရုတ်တရတ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

သူတို့သုံးယောက် လှည့်ကြည့်လိုက်တော့ ရင်ပြင်ထဲကို လူတစ်စု လျှောက်လာနေတာကို တွေ့လိုက်ရသည်။

၎င်းတို့ကို ဦးဆောင်သူမှာ ဆံပင်ဖြူဖြူနှင့်သက်ကြီးရွယ်အို နှစ်ဦးဖြစ်သော်လည်း ဖြူစင်ပြီး ချစ်စရာကောင်းသည်။ သူတို့မျက်နှာတွေက တောက်ပနေပြီး အသားအရေကလည်း တင်းတင်းရင်းရင်းဖြစ်နေသည်။

သူတို့ နှစ်ယောက်မှာ တစ်ယောက်က အနက်ရောင် အင်္ကျီအရှည်တစ်ထည်ကို ဝတ်ထားပြီး တစ်ယောက်က အဖြူရောင် တစ်ထည်ကိုဝတ်ထားသည်။ သူတို့၏ခြေထောက်များသည် ပေါ့ပါးပြီး မသေနိုင်သောသဏ္ဍန်ရှိသည်။

"သူတို့က နိုင်ယန်ကျောင်းရဲ့ ဆရာတွေပဲ” ယန်ကျုံးရီက တိုးညှင်းသော အသံဖြင့် ပြောသည်။

လင်းရှန်း၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

သူက နိုင်ယန်ကျောင်းကို သုတေသနတွေ အများကြီးလုပ်ထားတော့ ဆရာတွေက ဘယ်လိုရာထူးကို ချုပ်ကိုင်ထားတယ်ဆိုတာကို သဘာဝကျကျ သိသည်။

နိုင်ယန်ကျောင်းကို အိမ်တော်နှစ်မျိုးခွဲထားသည်။

အထက်အိမ်တော်၏ အကြီးအကဲမှာ ကျောင်းတစ်ခုလုံးကို တာဝန်ယူရသော အဆင့်အမြင့်ဆုံးသူတွေ ဖြစ်သည်။

အောက်အိမ်တော်မှာတော့ ကိစ္စရပ်အားလုံးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်း အကြီးအကဲ သုံးဦးရှိသည်။

ဆရာများသည် တိကျသောကိစ္စရပ်များကို တာဝန်ယူကြသည်။

ဆရာတစ်ဦး၏ ရာထူးသည် မိုးမခသင်တန်းကျောင်းမှ ဆရာတစ်ဦးနှင့် ဆင်တူသော်လည်း ရာထူးနှင့် စွမ်းအားအရ အလွန်သာလွန်သည်။

နိုင်ယန်ကျောင်း၏ ဆရာများအားလုံးသည် တောက်ပသောဝင်ပေါက် နောက်ဆုံးအဆင့် ရှိသူများ ဖြစ်သည်။

သူတို့သည် ကျင့်ကြံသူ သခင်အဆင့် အရောက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဆရာနှစ်ဦး ရောက်ရှိလာသဖြင့် ရင်ပြင်တွင် တုန်လှုပ်ချောက်ချားဖွယ် ဆွေးနွေးမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အားလုံးက ဆရာတွေကို ကြည့်နေကြသည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဆရာနှစ်ဦးသည် လူအုပ်ကြီးရှေ့သို့ ရောက်လာပြီး ကြိုတင်ပြင်ဆင်ထားသည့် ကုလားထိုင်များပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် စူးစူးဝါးဝါး မျက်လုံးများဖြင့် ဝိုင်းကြည့်ကြသည်။

“ဆရာက နိုင်ယန်ကျောင်းရဲ့ ဆရာ ချိုက်ကျုံးဂူပါ” ဟု ဝတ်ရုံအနက်နဲ့လူ မှ ကျယ်လောင်စွာပြောသည်။

" ဆရာကတော့ နိုင်ယန်ကျောင်းရဲ့ဆရာခယ်ယာဖြစ်ပါတယ်” ဟု ၀တ်စုံဖြူနဲ့လူကြီးက ပြောသည်။

သူတို့၏အသံများသည် ကျယ်လောင်ခြင်းမရှိသော်လည်း ရင်ပြင်တစ်ခုလုံး ပျံ့နှံ့သွားကာ လူတိုင်းက ၎င်းတို့ကို ရှင်းရှင်းလင်းလင်းကြားနိုင်ကြသည်။

သူ့တို့ဘာသာမိတ်ဆက်ပြီးနောက် ခယ်ယာက သူ့ဘေးနားက လူငယ်တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

ခဏနေတော့ ထိုလူ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး လေးနက်တည်ကြည်စွာ ပြောသည် ။

“တပည့်တွေကို ရေတွက်ပြီးပါပြီ။ (၅၀၀)စလုံး တက်ရောက်ပါတယ်။ သူတို့ထဲက ပျက်ကွက်တာ တစ်ယောက်မှ မရှိပါဘူး”

ခယ်ယာက ကျေနပ်စွာ ခေါင်းညိတ်လိုက်

သည်။ သူက လှည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

“ငါ တခြားဘာမှ မပြောလိုပါဘူး။ ဒီနှစ် စာမေးပွဲရဲ့ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေက ဒီမှာ ရှိတယ်။ သေချာကြည့်ကြ”

ခယ်ယာ၏ လုပ်ရပ်များ အပြီးတွင် အခိုးအငွေ့ အမြောက်အမြား ရုတ်ချည်း လွင့်စင်ထွက်လာသည်။ ရင်ပြင်အထက် လေထုထဲတွင် သပ်သပ်ရပ်ရပ် စီတန်းထားသော စကားလုံးများ ပေါ်လာသည်။

လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

လင်းရှန်လည်း စေ့စေ့ကြည့်ပြီး သေချာဖတ်နေသည်။

All Chapters