← Chapters

အထူးအကဲဖြတ်ခြင်းနှင့် စည်းမျဉ်းများ

Vol. 4 Ch. 52

အထူးအကဲဖြတ်ခြင်းနှင့် စည်းမျဉ်းများ

Vol. 4 Ch. 52

လင်းရှန်မျှော်မှန်းထားသည်နှင့် အနည်းငယ်တော့ ကွာခြားသည်။

စာမေးပွဲသည် ယခင်က သူတက်ရောက်ခဲ့သော ပြိုင်ပွဲများကဲ့သို့ ပြိုင်ပွဲများ ပါဝင်မည်ဟု ထင်ထားခဲ့သော်လည်း ၎င်းမှာ သူမျှော်လင့်ထားသည့်အရာနှင့်မတူပေ။

ယခုနှစ်စာမေးပွဲ၏ပုံစံက "ဖွဲ့စည်းပုံ ရှင်သန်ခြင်း”

ဖွဲ့စည်းပုံ ၏အမည်က "မြူများဖွဲ့စည်းခြင်း" ဖြစ်သည်။

စာမေးပွဲစတင်ချိန်တွင် ဖြေဆိုသူအားလုံး ပါဝင်မည်ဖြစ်သည်။ သူတို့လုပ်ရမယ့်အရာက ဖွဲ့စည်းပုံမှာ ဆက်နေဖို့ ကြိုးစားရင်း အမှတ်တွေ ပိုရလာဖို့ပင်။

အမှတ်ရရှိရန် နည်းလမ်းသုံးမျိုးရှိသည်။

ပထမအချက်မှာ မြူခိုးများကို သတ်ပစ်ရန်ဖြစ်သည်။

မြူခိုးများသည် မြူခိုးများဖြင့် ဖွဲ့စည်းထားသော သတ္တဝါများဖြစ်သည်။ ၎င်းတို့သည် ဖွဲ့စည်းမှုအတွင်း မည်သည့်သတ္တဝါကိုမဆို စဉ်ဆက်မပြတ် တိုက်ခိုက်သွားမည်ဖြစ်သည်။

စစ်ဆေးမှုက အဆင့်(၁)ချီအသွင်ပြောင်းခြင်း မြူသားရဲကိုသတ်ခြင်းအတွက် တစ်

မှတ်နှင့် အဆင့်(၂)ချီအသွင်ပြောင်းခြင်း မြူခိုးသားရဲကို သတ်ခြင်းအတွက် အမှတ်နှစ်မှတ်တို့ကို ရရှိမည်ဖြစ်သည်။

ဒုတိယနည်းလမ်းကတော့ အတော်လေးထူးခြားသည်။ ဖြေဆိုသူတစ်ဦးသည် ဖွဲ့စည်းမှုတွင် တစ်မိနစ် ဆက်လက်ရပ်တည်နိုင်ပါက ၎င်းတို့သည် တစ်မှတ်ရရှိမည်ဖြစ်သည်။

နောက်ဆုံးနည်းလမ်းကတော့ ဖွဲ့စည်းတည်ဆောက်ပုံတွင် တည်ရှိသည့် ယဇ်ပလ္လင်ကို ရှာဖွေရန်ဖြစ်သည်။

ယဇ်ပလ္လင်ပေါ်တွင် အလံတစ်ခုရှိသည်။ တစ်မိနစ်ကြာ အလံကို ကိုင်ထားသူများသည် အမှတ် ၂၀၀ ရရှိမည်ဖြစ်သည်။

ဖွဲ့စည်းမှုသို့ဝင်ရောက်လာသူတိုင်းသည် ခေတ္တခဏအတွင်း ကျောက်စိမ်းတုံးကို ရရှိမည်ဖြစ်သည်။ ကျောက်စိမ်း အဆောင်တွင် နတ်ဘုရားအသိဥာဏ် ပါရှိသည်။ ၎င်းသည် မြူခိုးကောင်များ၏ အရေအတွက်နှင့် အင်အားကို မှတ်တမ်းတင်ပြီး ၎င်းတို့အား အမှတ်များအဖြစ်သို့ ပြောင်းလဲနိုင်ရုံသာမက စာမေးပွဲဖြေဆိုသူ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်းကိုလည်း သိရှိနိုင်သည်။ ထိုသို့ဖြစ်သောအခါ စာမေးပွဲစစ်ဆေးသူအား ကာကွယ်ရန် အကာအကွယ်တံတိုင်းတစ်ခုပေါ်လာမည်ဖြစ်ပြီး မသေဆုံးနိုင်တော့ပေ။

နောက်ဆုံး ထိုအခြေအနေဖြစ်သွားတာနဲ့ စာမေးပွဲဖြေဆိုသူက ဖယ်ထုတ်ခံရပြီး အမှတ်တွေ ဆက်မရယူနိုင်တော့ဘူးလို့ ဆိုလိုတာပင်။

နောက်ဆုံးမှာတော့ ထိပ်တန်း (၂၀၀)အဆင့်သတ်မှတ်ခံရသော သူများသည် နိုင်ယန်ကျောင်း၏တပည့်များဖြစ်လာမည်ဖြစ်သည်။

မှတ်သားထိုက်သည့်အချက်မှာ မြူခိုးများဖွဲ့စည်းပုံတွင် ဖြေဆိုသူတစ်ဦးနဲ့ တစ်ဦးတိုက်ခိုက်ရန် ခွင့်မပြုခြင်းပင်ဖြစ်သည်။ စည်းကမ်းချိုးဖောက်သူများကို ဖယ်ရှားပြီး ဖွဲ့စည်းမှုမှ ထွက်ခွါသွားစေမည်ဖြစ်သည်။

တစ်ခုတည်းသော ခြွင်းချက်မှာ ယဇ်ပလ္လင်ရှိသော နေရာဖြစ်သည်။

ဤနယ်မြေမှာတော့ ပြစ်ဒဏ်ပေးခြင်းမရှိဘဲ ဖြေဆိုသူများ အချင်းချင်း တိုက်ခိုက်နိုင်သည်။

ထို့အပြင် မြူခိုးများက ကျင့်ကြံမှု ရတနာများ၊ ဆေးပြားများ၊ သိုလှောင်ပစ္စည်းများနှင့် သာမန်လက်နက်များ အပါအဝင် အခြားပြင်ပပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ထားသည်။

"ဖွဲ့စည်းပုံ ရှင်သန်မှု? ဒီလိုမျိုး စာမေးပွဲမျိုး တစ်ခါမှ မကြားဖူးဘူး”

"ဖွဲ့စည်းပုံမှာရှိနေသရွေ့ အမှတ်တွေ ရယူနိုင်မှာလား။ ဒီစည်းမျဉ်းက ထူးဆန်းလွန်းတယ်”

“ပထမနှစ်ခုကို ထားလိုက်အုံး၊ တတိယနည်းလမ်းက ဘာလဲ။ ဖွဲ့စည်းပုံထဲက အလံကိုရှာတွေ့သူက အမှတ်(၂၀၀) တိုက်ရိုက်ရနိုင်တယ်။ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်က မြူခိုးဆယ်ကောင်ကို သတ်ဖြတ်တာနဲ့ အတူတူပဲ။ဒါက ကံစမ်းခြင်းသက်သက်ပဲမလား၊ မတရားဘူးလေ”

“မင်း နားမလည်ဘူး။ အဲဒါကို ကံကြမ္မာလို့ ခေါ်တယ်။ ပင်ကိုယ်စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုအပြင် ကံကြမ္မာကလည်း ကျင့်ကြံမှုလမ်းကြောင်းမှာ အလွန်အရေးကြီးတဲ့ အချက်ပဲ။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို လုပ်နိုင်တဲ့သူတိုင်းက သူတို့ရဲ့ ကံကြမ္မာမှာ ရေးထားတဲ့ အခွင့်အလမ်းကောင်းတွေကို ရကြလိမ့်မယ်။”

"ဟုတ်တယ်။ ကံကောင်းခြင်းဆိုတာ လူတစ်ယောက်ခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်တယ်”

"ငါတို့က ယဇ်ပလ္လင်ရဲ့ ဧရိယာထဲက တခြားဖြေဆိုသူတွေကို တိုက်ခိုက်နိုင်တယ်..."

ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေကြသည်။

ယခုတစ်ကြိမ် စာမေးပွဲပုံစံသည် လူအများ၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။

သြဇာကြီးသော မိသားစုများ၏ တပည့်များ အပါအဝင် လူများစွာသည် အံ့သြသွားကြသည်။

လင်းရှန်က ဒါကိုမြင်ပြီး ယန်ကျုံးရီအား "မင်းတို့ဩဇာကြီးတဲ့မိသားစုတွေရဲ့ တပည့်တွေက စာမေးပွဲအတွက် ကြိုပြီးအချက်အလက်တွေ ရခဲ့တာမဟုတ်ဘူးလား"

"ဘယ်ဟုတ်မလဲ”

ယန်ကျုံးရီက ရယ်မောလိုက်သည်။

“ဩဇာရှိတဲ့ မိသားစုတွေက နေကိုးစင်းဂိုဏ်း တစ်ခုတည်းရဲ့ အင်အားမဟုတ်ဘူးလေ။ ငါတို့လိုချင်တာကို သူတို့ဘယ်လိုလုပ်ခွင့်ပေးမလဲ။ပြီးတော့ ငါတို့မိသားစုတွေက အဲ့လို ညစ်ညမ်းတဲ့အကျင့်ကို လုပ်တာကို အထင်အမြင်သေးကြတယ်။ ငါတို့ကို အရမ်းနှိမ့်ချမတွေးပါနဲ့။"

ထိုမှပင် လင်းရှန်က နားလည်သွားသည်။

သို့သော် ယန်ကျုံးရီပြောတာကို

သူကြားလိုက်ရသည်။

"ဒါပေမယ့် ဒီမြူခိုးတွေအကြောင်း ငါကြားဖူးတယ်။"

လင်းရှန်က စိတ်ဝင်တစား တုန်လှုပ်သွားသည်။ "အသေးစိတ်ပြောပြအုံးလေ”

“ငါလည်း အများကြီးမသိဘူး။ မြူခိုးဖွဲ့စည်းပုံရဲ့ အဓိက စွမ်းအားက ဖွဲ့စည်းပုံမှာ စုရုံးနေတဲ့ ' ရတနာမြူ' ကနေ ဆင်းသက်လာတာကိုတော့ ငါသိတယ်။ မြူခိုးတွေက တကယ့်ဝိညာဉ်ရေးရာသားရဲတွေနဲ့ မခြားနားဘဲ မြူခိုးအဖြစ်

ပေါင်းစပ်ထားတဲ့ သားရဲတွေမလို့ ဖွဲ့စည်းပုံကို ဝင်လာတဲ့ ကျင့်ကြံသူတွေကို တိုက်နိုင်တယ်”

"ဖွဲ့စည်းပုံမှာ လူနည်းလေလေ၊ မြူခိုးတွေ ပိုစုစည်းလာလေလေပဲ၊ အဲ့ကျ ပေါင်းစပ်ထားတဲ့ မြူခိုးတွေက ပိုအားကောင်းလေလေ ဖြစ်လာမှာ၊ ပထမတော့ သူတို့က ချီအသွင်ပြောင်းခြင်းအဆင့်မှာပဲ ရှိတာ။ ဖွဲ့စည်းမှုမှာ လူ နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက်ပဲ ကျန်တော့ရင် ကြာရှည်စွာအသက်ရှုခြင်းအဆင့်က မြူခိုးကောင်တွေနှင့် ကြုံတွေ့ရမှာ”

လင်းရှန်သည် နားလည်သွားသည်။

အမှတ်များရယူနိုင်သည့် ဒုတိယနည်းလမ်းမှာ ဖွဲ့စည်းပုံတွင်အသုံးပြုသည့်အချိန်ပေါ်

မူတည်တာကြောင့် အံ့ဩစရာမရှိချေ။

ယခုအကြိမ် စာမေးပွဲသည် ယှဉ်ပြိုင်သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကံကြမ္မာကို စမ်းသပ်ရုံသာမက တိုက်ပွဲတွင် ရှင်သန်နိုင်မှုကိုလည်း စမ်းသပ်ရန်ဖြစ်သည်။

"တိတ်ကြတော့”

ရှင်းရှင်းလင်းလင်း ကြွေးကြော်သံသည် လေထဲတွင် ပဲ့တင်ထပ်ပြီး လူတိုင်း၏ ဆွေးနွေးမှုကို နှောင့်ယှက်လိုက်သည်။

ခယ်ယာ၏အကြည့်သည် လူအုပ်ကြားထဲ တွင် ဓားသွားနှင့်တူသည်။ သူ့အကြည့် ရောက်လေရာ၌ သာမာန်ကျောင်းသားများမဆိုထားနှင့်၊ သြဇာကြီးမားသော မိသားစုများ၏ တပည့်များပင် ပါးစပ်ပိတ်ထားကြသည်။

“စည်းကမ်းချက်တွေကို အပေါ်က ရေမျက်နှာပြင်မှာ ဖော်ပြထားတယ်။ ကန့်ကွက်သူတွေက နှုတ်ထွက်ဖို့ကို ရွေးချယ်နိုင်တယ်”

ခဏလောက်စောင့်ပြီးနောက် ခယ်ယာ၏ လေးနက်သော အမူအရာသည် ပျော့ပျောင်းသွားကာ မည်သူမျှ ရှေ့သို့ မလာတာကို တွေ့လိုက်ရသည်။

"ကောင်းတယ် ။ ဒီလိုဆိုတော့ စာမေးပွဲကို စလိုက်ရအောင်။ ကျေးဇူးပြုပြီး ဆရာချိုက်”

ချိုက်ကျုံးဂူက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ့လက်ကောက်ဝတ်ကို လှန်

လိုက်သည်နှင့် သူ့လက်ဖဝါးတွင်အဆောင် အပြည့်ထည့်ထားသော ချပ်ပြားတစ်ခု ပေါ်လာသည်။

မည်သည့်လှုပ်ရှားမှုမှမရှိဘဲ ဖွဲ့စည်းပုံသည် ထောင့်လေးထောင့်၏ နေရာတိုင်းကို ချက်ချင်းပြည့်သွားစေသည့် အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ဖြေဆိုသူများသည် ၎င်းတို့၏အမြင်အာရုံကို တခဏအတွင်း ကွယ်ပျောက်သွားသည်ဟု ခံစားမိကြပြီး မသိစိတ်က မျက်လုံးများကို ဖုံးအုပ်ထားကြသည်။

အလင်းရောင် ပျောက်ကွယ်သွားချိန်တွင် ရင်ပြင်ရှိ ကျင့်ကြံသူ (၅၀၀) သည် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ချိုက်ကျုံးဂူသည် ဖွဲ့စည်းပုံကို ကြည်ရန် ရှေ့ထွက်လာခဲ့သည်။ တခဏချင်းမှာပဲ သူ့ရှေ့က ကွက်လပ်က ဆယ်မီတာကျယ်ပြီး အရှည် မီတာသုံးဆယ်ကျော်ရှိတဲ့ ရေပြင်ကဲ့သို့ ပေါင်းစပ်သွားသည်။

ရေမျက်နှာပြင်ကို သေးငယ်သော ဧရိယာများအဖြစ် ပိုင်းခြားထားပြီး အလင်းနှင့် အရိပ် မြှင့်များ တက်လာခဲ့သည်။ ထိုနေရာသည် မြူခိုးများအတွင်းမှ ဖြေဆိုသူများ၏ မြင်ကွင်းဖြစ်သည်။

ရေမျက်နှာပြင်ပေါ်က ပုံရိပ်ကို ကြည့်လိုက်ပြီး ချိုက်ကျုံးဂူက အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်သည်။

“ဒီနှစ်မှာ ဖြေဆိုသူတွေ အများကြီးပဲ။ သူတို့က လွန်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း အကောင်းဆုံးအဖွဲ့ဖြစ်နိုင်တယ်။”

ခယ်ယာက ခေါင်းညိတ် သဘောတူလိုက်သည် ။

"ဟုတ်တယ်။ ကျောက်ရွှမ်ရင်၊ ယန်ရှင်း၊ ရွှယ်ဖုန်နဲ့ ချုန်ရန်ဟယ်တို့တွေပဲ.. အဲ့ဒီလေးယောက်ထဲက တစ်ယောက်ယောက်ကပဲ စာမေးပွဲတွေမှာ ပထမဆုရမှာ၊ ဒီနှစ်မှာတော့ သူတို့အကုန်လုံးက အတူတူပါပဲ”

“ဒါက ငါတို့ဂိုဏ်းတွေ ကြီးပွားတိုးတက်နေတာကို ပြနေတာ။ ငါတို့ သင်တန်းကျောင်းက တပည့်တွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုထူးချွန်လာကြတယ်။ ငါ့အမြင်အရတော့ ဒါက ကောင်းပါတယ်။ ငါတို့ရဲ့ ကျောင်းက နောက်လာမဲ့ ခမ်းနားတဲ့ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ချေ ရှိလိမ့်မယ်။”

"ဟုတ်တယ်။" ခယ်ယာ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သူက ရုတ်တရက် အကြောင်းအရာပြောင်းသွားသည် "ဒီနှစ်မှာ ဘယ်သူက ပထမဆုရမယ်ထင်လဲ"

“အင်း…”

ချိုင်ကျုံးဂူက ချီတုံချတုံ ဖြစ်နေသည်။ ခဏလောက်စဉ်းစားပြီးမှ သေသေချာချာပြောသည်။

“ဒီလေးယောက်စလုံးက ချီအသွင်ပြောင်းခြင်းရဲ့ အဋ္ဌမအဆင့်မှာ ရှိနေတာ။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အတူတူနီးပါးပဲ။ တစ်ခုကွဲပြားတာက သူတို့ရဲ့ ကိုယ်ခံပညာ ဖြတ်ကျော်မှုပဲ”

“ကျွန်တော်သိသလောက်တော့ ဒီလေးယောက်စလုံးက နေမီးတောက်လက်ဝါးမှာ အထူးကျွမ်းကျင်အဆင့်ကို ရောက်နေပြီ။ အဲဒီမှာက ထူးခြားမှုမရှိဘူး။ အဓိကသော့ချက်က သူတို့ကျွမ်းကျင်တဲ့ တခြားကိုယ်ခံပညာနည်းစနစ်အဆင့်တွေပဲ ရှိတာ။”

ခယ်ယာက ခေါင်းညိတ်လိုက်သည်။

လေးယောက်စလုံးက အရည်အချင်းရှိတော့ စစ်မှန်တဲ့တိုက်ပွဲမရှိသေးဘဲ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်သည်။

ဒါပေမယ့် သူတို့သေချာ သိနိုင်တာကတော့ ဒီနှစ်စာမေးပွဲမှာ အမှတ်အများဆုံးက ဒီလေးယောက်ထဲက သေချာပေါက်ဖြစ်မှာပင်။

“အဲဒါဆိုရင် စောင့်ကြည့်ရအောင်။”

ခယ်ယာက ရေကန့်လန့်ကာကို စိုက်ကြည့်ရင်း တခြားဘာမှ ပြန်မပြောချေ။

ချိုက်ကျုံးဂူလည်း သူ့အတွေးတွေကို စုဆောင်းပြီး ရေကန့်လန့်ကာကို ကြည့်လိုက်

သည်။

All Chapters