← Chapters

အလွန်ရှားပါးသည်

Vol. 4 Ch. 53

အလွန်ရှားပါးသည်

Vol. 4 Ch. 53

အမြင်အာရုံ ပုံမှန်ပြန်ဖြစ်လာသောအခါ လင်းရှန်သည် ထူးဆန်းသောနေရာတွင် ရှိနေသည်ကို သိလိုက်သည်။

ဟိုဟိုဒီဒီကြည့်လိုက်တော့ သူနေတဲ့နေရာက တော်တော်ကျယ်တာကို တွေ့လိုက်ရသည်။ စတုရန်းမီတာ ၁၀၀၀၀ ကျော် ကျယ်ဝန်းတာကြောင့် ဘောလုံးကွင်းထက် ပိုကျယ်တယ်ဟု ခန့်မှန်းရသည်။ ခန်းမတစ်ခုလိုပင်။

သူ့ခြေထောက်အောက်မှာတော့ ထုံးကျောက်ပြားတွေနဲ့ လုပ်ထားတဲ့ ကြမ်းပြင်တစ်ခုရှိသည်။ မြင့်မားသောနံရံများက သူ့ကိုဝိုင်းထားပြီး နံရံတစ်ခုစီတွင် ကြီးမားသောတံခါးတစ်ခုစီမြှုပ်ထားသည်။

တံခါးနောက်တွင် တိမ်များနှင့် မြူခိုးများ ရှိနေသဖြင့် အတွင်းဘက်ကို ဘာမှ မမြင်ရပေ။

သို့သော် ပို၍ပင် မျက်စိကျစရာက သူ့ခေါင်းအထက်မှ ဖုံးလွှမ်းနေသော တိမ်များဖြစ်ပြီး ဖြူစင်သော ပိတ်စလေးတစ်လွှာနှင့်တူသည်။

“ဒါက မြူခိုးတွေလား…”

လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။ ရုတ်တရက် သူ့လက်ဖဝါးမှာ ကြမ်းတမ်းတဲ့အရာကို ခံစားလိုက်ရသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့လက်ထဲမှာ ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာတာကို ရိပ်မိသွားသည်။

အလယ်မှာ ၀ ဂဏန်းတစ်ခုရှိသည်။

လင်းရှန် ချက်ချင်းနားလည်သွားသည်။ ၎င်းသည် အမှတ်များမှတ်တမ်းတင်ခြင်းနှင့် လူကိုကာကွယ်ခြင်းဆိုင်ရာ စည်းမျဉ်းများတွင်ဖော်ပြထားသည့် ကျောက်စိမ်းအဆောင် ဖြစ်လောက်သည်။

ကျောက်စိမ်းအဆောင်ကို ဂရုတစိုက် ဖယ်ထုတ်ပြီးနောက် လင်းရှန်သည် ကျပန်းလမ်းကို ရွေးချယ်ခဲ့သည်။

ယခုတစ်ကြိမ် စာမေးပွဲသည် စိန်ခေါ်ခြင်းမဟုတ်ပဲ ဖွဲ့စည်းမှုတွင် ရှင်သန်နေခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် သူသည် မည်သည့်တံခါးကို ရွေးသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။

တစ်ခုတည်းသော ခြားနားချက်မှာ သူကံကောင်းပါက ယဇ်ပလ္လင်နှင့် တမ်းတွေ့ကြုံရနိုင်သည်။

သို့သော် လင်းရှန် ခြေလှမ်းအနည်းငယ် လှမ်းရုံနဲ့ အပေါ်မှ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

ဦးခေါင်းကို မြှောက်လိုက်သောအခါ ကောင်းကင်တွင် တိမ်များနှင့် မြူခိုးများက ပြင်းထန်စွာ လှိုင်းထလာပြီး အံ့ဩစရာအရှိန်အဟုန်ဖြင့် စုစည်းကာ နဖူးပေါ်၌ ဦးချိုနှင့် အတောင်ရှိသည့် ကျားများကဲ့သို့ပင် ရက်စက်သည့် သားရဲများ ဖြစ်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်စက်ကြမ်းကြုတ်သော သားရဲဆယ်ကောင်ကျော်သည် ကောင်းကင်၌ ပေါ်လာသည်။ သူတို့အားလုံး မိုးခြိမ်းသံကဲ့သို့ ဟိန်းကြပြီး လင်းရှန်းဆီသို့ လူသတ်ချင်သော အရောင်အဝါဖြင့် ပျံလာကြသည်။

"မြူခိုးသားရဲ”

လင်းရှန်က အာရုံစူးစိုက်ထားပြီး သူ၏လက်ဖဝါးကို အလင်းလိုအရှိန်နဲ့ ရိုက်ချလိုက်တာကြောင့် မြူခိုးကောင်၏ဦးခေါင်းကို ထိမှန်သွားသည်။ ကောင်းကင်မှာ ပြည့်နေတဲ့ မြူခိုးတွေ ချက်ချင်း မပေါက်ကွဲသေးခင် အသံတောင် ထွက်မလာပေ။

ဤတိုက်ခိုက်မှုသည် လင်းရှန်၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။ နောက်ထပ် မြူခိုးသတ္တဝါအချို့ကို သတ်ဖြတ်ပြီးမှသာ သူသဘောပေါက်လာခဲ့သည်။

ဤမြူခိုးကောင်များသည် အလွန်ရက်စက်ပုံပေါက်သော်လည်း အမှန်တကယ်တွင် ချီအသွင်ပြောင်းခြင်းပထမအဆင့်တွင်သာ ရှိသေးသည်။

သူသည် မည်သည့် ကိုယ်ခံပညာ နည်းစနစ်ကိုမျှ အသုံးပြုရန် မလိုအပ်ဘဲ ပေါ့ပေါ့ပါးပါး ထိုးနှက်ချက်ဖြင့် သတ်နိုင်သည်။

စာမေးပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော အနိမ့်ဆုံး ဖြေဆိုသူပင် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်တွင် ရှိနေသည်။ ဒီမြူခိုးတွေကို ကိုင်တွယ်ရတာ လွယ်လွန်းသည်။

ဒါပေမယ့် မကြာခင်မှာပဲ လင်းရှန်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။

မြူခိုးတစ်ကောင်ကို သတ်လိုက်တိုင်း မြူသည် ကောင်းကင်သို့ ပြန်သွားပြီး မြူခိုးသားရဲအသစ်အဖြစ်သို့ စုပုံလာသည်။ ၎င်းကမရပ်တန့်ဘဲ ပြန်ခုန်ဆင်း လာပြန်သည်။

စက္ကန့်တိုင်းမှာ သူ့ပတ်ဝန်းကျင်တွင် မြူခိုးကောင်ဆယ်ကောင်ထက်မနည်း ရှိနေသည်။

မီတာ(၁၀၀) ထက်မနည်း လမ်းလျှောက်ပြီးနောက် လင်းရှန်သည် မြူခိုးကောင် (၂၀) ကျော်ကို သတ်ကာ ကျောက်စိမ်းအဆောင်တွင် အမှတ် (၂၀) ထက်မနည်း ပေါ်လာခဲ့သည်။

"ဒါက ဖြေဆိုသူတွေရဲ့ ကြံ့ခိုင်မှုကို ကုန်ဆုံးစေလိမ့်မယ်”

လင်းရှန်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့် ကျင့်ကြံသည် ပထမအဆင့်၏ ပြိုင်ဘက် ခုနစ်ယောက်မှ ရှစ်ဦးကို တစ်ချိန်တည်းတွင် ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ထူးချွန်သူအချို့ကတော့ ၎င်းတို့ထဲမှ ဆယ်ယောက်ကို တစ်ယောက်တည်းပင် တိုက်ခိုက်နိုင်သည်။

သို့သော် ကျင့်ကြံသူသည် အဆုံးတွင် အနိုင်ရခဲ့လျှင်ပင် ၎င်းတို့၏ စွမ်းအင်ကို စုပ်ယူသွားမည်ဖြစ်သည်။

ထို့အပြင် သူသည် သေပြီးနောက် လျင်မြန်စွာ ပြန်လည်ရှင်သန်နိုင်သော ပြိုင်ဘက် ဆယ်ယောက်ကျော်နှင့် ရင်ဆိုင်ခဲ့ရသည်။ ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်မှ သာမန် ကျင့်ကြံသူများသည် မကြာမီအချိန်အတွင်း မောပန်းသွားလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း လင်းရှန်သည် ဝန်းရံခြင်းကို ဖြတ်ကျော်ပြီး ခန်းမ၏ ဘယ်ဘက်အခြမ်းရှိ တံခါးဝသို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်ရှိ မြူခိုးကောင်များ၏ စွမ်းအားသည် ရုတ်တရက် အားကောင်းလာပြီး ချီအသွင်ပြောင်းခြင်း၏ ဒုတိယအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်လာသည်။

သူတို့ မြူခိုးဖွဲ့စည်းပုံထဲ ဝင်လာတာ ငါးမိနစ်တောင် မပြည့်သေးပေ။

"ဒါဇင်နဲ့ချီတဲ့လူတွေကို ချက်ခြင်းဖယ်ထုတ်လိုက်တာလား”

လင်းရှန်က သက်ပြင်းချလိုက်ပြီး သူ့လက်ဖဝါးကို ဝှေ့ယမ်းကာ သူ့ရှေ့က မြူခိုးကောင်ကို သတ်ပစ်ပြီး တံခါးထဲကို လှမ်းဝင်လိုက်သည်။

သူ့အမြင်အာရုံတွေ မှုန်ဝါးလာပြီး အာရုံတွေပြန်ရလာတဲ့အခါ လင်းရှန်က ခန်းမထဲမှာ ရှိနေပြန်ပြီဆိုတာ သိလိုက်ရသည်။

တူညီပြီး မြင့်မားသည့် နံရံများဖြင့်ဝိုင်းရံထားပြီး အပြာရောင်ကျောက်ပြား ခင်းထားသည်။

အခြားတံခါးလေးပေါက်သည် မြူမှုန်များဖြင့် ပြည့်နေသည်။

ဝုန်း

ပြင်းထန်သောမိုးခြိမ်းသံများကြားတွင်

မြူခိုးကောင် ဆယ်ကောင်ကျော်သည် လျင်မြန်စွာ စုစည်းပြီး လင်းရှန်းဆီသို့

ရောက်လာသည်။

တိုက်ခိုက်မှုကို အေးအေးဆေးဆေး ကြိုဆိုရင်း လင်းရှန်၏ အမူအရာမှာ မပြောင်းလဲပေ။

သူများတွေ မမြင်နိုင်တဲ့ အရပ်မှာ သူ့ရဲ့ အရည်အချင်းတွေကို ဇွဲလုံ့လအဖြစ် ပြောင်းလဲထားသည်။

ယခုအကြိမ် စာမေးပွဲသည် မြူခိုးအကောင်များကို သတ်ရသည့် ပြိုင်ပွဲတစ်ခုဖြစ်ရုံသာမက မြူခိုးများထဲတွင် ကြာရှည်ခံနိုင်အောင် ကြိုးစားရသည့် ပြိုင်ပွဲလည်း ဖြစ်သည်။

အချိန်အကြာကြီး ဆက်လက်တည်မြဲနေပါက အမှတ်များများရနိုင်ရုံသာမက ယဇ်ပလ္လင်ကို ရှာဖွေနိုင်ခြေလည်း ပိုများမည်ဖြစ်သည်။

အစောပိုင်းအဆင့်တွင် မြူခိုးသားရဲများကို သတ်ရန်အတွက် စွမ်းအင် အလွန်အကျွံသုံးပါက နောက်ပိုင်းတွင် မြူသားရဲများ ပိုမိုအားကောင်းလာသောအခါ လျင်မြန်စွာ ဖယ်ရှားခံရနိုင်သည်။

ထို့ကြောင့် လင်းရှန်သည် မြူခိုးများကို အစွမ်းရှိသမျှ မသုတ်သင်ခဲ့ပေ။ ယင်းအစား သူသည် စွမ်းအင်သုံးစွဲမှုနှင့် ပြန်လည်သက်သာမှုကို ဟန်ချက်ညီစွာ ထိန်းသိမ်းထားဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။

ဇွဲလုံ့လရှိမှုနှင့်အတူ သူသည် ကာယကြံ့ခိုင်မှုတွင် အခြားဖြေဆိုသူများထက် ကြီးမားသော အားသာချက်ရှိကြောင်း ယုံကြည်ခဲ့သည်။

သုံးမိနစ်အကြာမှာတော့

ထောင့်တိုင်းတွင် အလင်းများနှင့် အရိပ်များသည် တစ်ခုပြီးတစ်ခု တောက်ပလာကာ ဘဲဥပုံဒိုင်းများသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသည်။

ထို့နောက် ဒိုင်းများသည် ပျောက်ကွယ်သွားကာ စိတ်ပျက်လက်ပျက်နှင့် စိတ်ဓာတ်ကျနေသော ဖြေဆိုသူများ ထွက်လာသည်။

ဤလူအပေါင်းတို့သည် မြူခိုးသားရဲများနှင့် တိုက်ပွဲတွင် ကျရှုံးခဲ့ကြသူများဖြစ်ပြီး မြူခိုးဖွဲ့စည်းခြင်းမှ ဖယ်ရှားခံခဲ့ရသူများဖြစ်သည်။

သူတို့အထဲမှာ အမှတ်အများဆုံးရသူက ၂၀ မှ ၃၀ မှတ်အထိ သာရှိသည်။ သေချာပေါက် သူတို့က ကျောင်းဝင်ခွင့်စာရင်းကနေ ဖယ်ထုတ်ခံခဲ့သည်။

"စာမေးပွဲက အတော်ခက်တယ်"

"ဟုတ်တယ်။ အဲဒီ မြူခိုးတွေက သတ်ပြီးရင် အသက်ပြန်ရှင်လာတယ်။ ငါတို့က သူတို့ကို ဘယ်လိုတိုက်နိုင်မှာလဲ"

“ငါ ရမှတ် (၂၀) ကျော်ပဲ ရခဲ့ပါတယ်။ ထိပ်တန်း ၂၀၀ကို မပြောနဲ့၊ ထိပ်တန်း ၄၀၀ ကိုတောင် မဝင်နိုင်ဘူး၊ ငါက အောက်ဆုံးအဆင့်မှာ သေချာပေါက် ရှိနေမှာပါ”

“မျှော်လင့်ချက်မရှိတော့ဘူး…”

ငိုကြွေးသံများ မြင့်တက်လာပြီး ဖြေဆိုသူအများအပြားသည် စိတ်ပျက်လက်ပျက်နဲ့ မြေပြင်ပေါ်သို့ လဲကျကာ မျက်နှာများ ဖြူဖျော့သွားကြသည်။

ခယ်ယာနဲ့ ချိုက်ကျုံးဂူက အဲဒါကို မမြင်လိုက်သလို လုပ်နေသည်။

အလားတူ မြင်ကွင်းများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရပြီး သူတို့၏ နှလုံးသားများသည် သံမဏိကဲ့သို့ မာကျောနေပြီဖြစ်သည်။

ကျင့်ကြံမှုလမ်းကြောင်းက ရှည်လျားပြီး အန္တရာယ်များသည်။

ဆူးပင်များနှင့် ပြည့်နေသောကြောင့် စွန့်စားရန် အရည်အချင်းမရှိသူများအဖို့ စောဆစာထွက်သွားတာက ပိုကောင်းသည်။ အဲဒါက သူတို့ကို ကောင်းအောင်လုပ်ပေးလိမ့်မည်ပင်။

ရေမျက်နှာပြင်ပေါ်တွင် အလင်းနှင့် အရိပ်များ လွင့်ပျံလာသည်။ ဖြေဆိုသူများသည် မြူခိုးများကို အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။

အချို့မှာ မြူခိုးများကြားတွင် ပိတ်မိနေပြီး ရုန်းမထွက်နိုင်ပေ။ သူတို့သည် ခါးသီးစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

တစ်ချို့က မြူခိုးတွေရဲ့ ဝန်းရံမှုကို ဖြတ်ကျော်ပြီး ယဇ်ပလ္လင်ကို ရှာဖွေဖို့ တံခါးတွေဆီ ဝင်သွားကြသည်။

တစ်ချိန်တည်းမှာပဲ

ရေမျက်နှာပြင်ထောင့်မှာ အဆင့်သတ်မှတ်တဲ့ ဇယားတစ်ခု ပေါ်လာသည်။ ထိုအထဲတွင် စာမေးပွဲဖြေဆိုသူများ၏ အမည်များနှင့် အမှတ်များ ပါရှိသည်။

ပထမနေရာ ကျောက်ရွှမ်ရင်က ၁၂၈ မှတ်၊

ဒုတိယနေရာက ယန်ရှင်းက ၁၂၆ မှတ်၊

တတိယနေရာက ချုန်ယန်ဟယ်က ၁၂၅ မှတ်၊

စတုတ္ထနေရာ ရွှမ်ဖုန် ၁၂၃ မှတ်။

ပဉ္စမနေရာ ဝေ့ချန် ၉၅ မှတ်၊

အချိန်ကြာလာသည်နှင့်အမျှ အဆင့်သတ်မှတ်ချက်များပေါ်ရှိ အမည်များနှင့် အမှတ်များသည် သိသိသာသာ ပြောင်းလဲလာသည်။

အဆင့်များက အဆုံးသတ်ခါနီးသို့ နီးကပ်လေလေ၊ အပြောင်းအလဲများ မကြာခဏ ဖြစ်လေလေဖြစ်သည်။

ကျောက်ရွှမ်ရင်နှင့် အခြားသုံးဦး၏အဆင့်များသည် အဆက်မပြတ် ပြောင်းလဲနေသော်လည်း ၎င်းတို့သည် ထိပ်တန်း အဆင့်လေးခုကို အခိုင်အမာသိမ်းပိုက်ထားဆဲဖြစ်သည်။ ထို့အပြင် ၎င်းတို့နှင့် ဖြေဆိုသူများ အကြားတွင် သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိနေသည်။

ဒီအချိန်မှာ ချိုက်ကျုုံးဂူက ရုတ်တရက် အော်ပြောပြီး အဆင့်သတ်မှတ်ထားတဲ့ နာမည်တစ်ခုကို ထောက်ပြလိုက်သည်။

"သူက ဘယ်သူလဲ"

ခယ်ယာက ညွှန်ပြနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်သည်။ လင်းရွှမ်ဆိုတဲ့ ဖြေဆိုသူပင် ။ ရမှတ် ၈၅ မှတ်နဲ့ အဆင့် ၂၃ နေရာမှာ ရှိနေသည်။

"လင်းရှန်.. အဲဒါက သိပ်မရင်းနှီးတဲ့ နာမည်

ပဲ” ခယ်ယာသည် ရှုပ်ယှက်ခတ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ယခုနှစ် စာမေးပွဲတွင် ပါဝင်သည့် သြဇာကြီးသော မိသားစုများ၏ တပည့်များကို အနည်းနှင့်အများ သိသည်။ သို့သော် လင်းရှန် ဟုခေါ်သော ဤဖြေဆိုသူကို အလွန်ရင်းနှီးခြင်းမရှိပေ။

ခယ်ယာက သူ့ဘေးနားက တပည့်ကို ချက်ချင်းခေါ်ပြီး နာမည်ကို စစ်ဆေးခိုင်းသည်။

ခဏကြာတော့ တပည့်က ပြန်ဖြေသည်။

"လင်းရှန်က ဩဇာကြီးမားတဲ့ မိသားစုရဲ့ တပည့်မဟုတ်ပါဘူး”

ချိုက်ကျုံးဂူနဲ့ ခယ်ယာက အံ့အားသင့်သွားသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အံ့ဩသွားတာကို မြင်လိုက်ရသည်။

သာမာန်ကျောင်းသားတစ်ယောက်က ထိပ်တန်း (၃၀) ထဲကို ၀င်နိုင်ပါ့မလား။

ဒါက အတော်ရှားသည်။

All Chapters