← Chapters

ငါငြင်းတယ်။

Vol. 4 Ch. 55

ငါငြင်းတယ်။

Vol. 4 Ch. 55

ခန်းမမှာတော့

လင်းရှန်ကို အာရုံစိုက်နေသော ဆရာ နှစ်ယောက်သည်လည်း သူတို့လေးယောက်၏ ခန်းမထဲမှ မြင်ကွင်းကို မြင်လိုက်ရသည် ။ သူတို့အမူအရာတွေက ပြောင်းသွားသည်။

"ယန်ရှင်းနဲ့ ရွှယ်ဖုန် ။ သူတို့ တမ်းတွေ့ဖို့ မမျှော်လင့်ထားဘူး။"

"ဒါက ယဇ်ပလ္လင်ကို ရှာတွေ့တဲ့ပထမဆုံးသူတွေ ဖြစ်ရမယ်”

ခယ်ယာက အဆင့်တွေကို ကြည့်လိုက်သည်။

လက်ရှိတွင် စာမေးပွဲဖြေဆိုသူအများစုသည် အမှတ် ၁၀၀ မှ ၂၀၀ ကြားရှိနေသည်။

ကျောက်ရွှမ်ရင်နှင့် ထိပ်တန်းလေးခုတွင် အဆင့်သတ်မှတ်ခံခဲ့ရသော အခြားသုံးဦးသည်ပင်လျှင် ရမှတ် ၃၀၀ ကျော်သာရှိသေးသည်။ သူတို့ကြားက ကွာခြားချက်က အမှတ် ၂၀ ကနေ ၃၀ ပဲရှိသည်။

ယခုအချိန်တွင် ဖွဲ့စည်းပုံအလံကို ရယူထားသူသည် အခြားသူများကို အဝေးမှာ ထားခဲ့နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယန်ရှင်း သို့မဟုတ် ရွှယ်ဖုန်သည် အလံယူရန် ဆုံးဖြတ်ခဲ့သည်။ သေချာတာကတော့ သူတို့နှစ်ယောက်ကြားက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာပင်။

လင်းရှန်နှင့် အခြား ဖြေဆိုသူအတွက်...

ခယ်ယာသည် ဖန်သားပြင်ပေါ်ရှိ လင်းရှန်ကို ကြည့်ကာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ယခုတိုက်ပွဲတွင် လင်းရှန်သည် သူ၏ ပြောင်မြောက်သော စွမ်းရည်ကို ပြသခဲ့သည်။

အကယ်၍ သူတို့သည် ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် ရှိနေပါက လင်းရှန်သည် ၎င်း၏ ပြောင်မြောက်သော ကိုယ်ခံပညာများဖြင့် အလံကို ထိန်းသိမ်းရန် အခွင့်အလမ်း မြင့်မားဆဲဖြစ်သည်။

သို့သော် သူ့ပြိုင်ဘက်များကတော့ ယန်ရှင်းနဲ့ ရွှယ်ဖုန်ဖြစ်သည်။

ဤလူနှစ်ယောက်၏ ခွန်အားသည် အခြားဖြေဆိုသူတွေထက် သာလွန်နေပြီ ဖြစ်သည်။ ၎င်းတို့သည် လုံးဝခြားနားသော အဆင့်တွင် ရှိနေခဲ့ကြသည်။

လင်းရှန်းသည် အလံကို ကိုင်ဆောင်ရန် မဖြစ်နိုင်ပေ။

သူ၏အကောင်းဆုံးရွေးချယ်မှုသည် ယန်ရှင်းနှင့်ရွှယ်ဖုန်တို့အကြားမှ တိုက်ပွဲကိုရှောင်ရှားပြီး ခန်းမထဲမှ ချက်ချင်းထွက်ခွာရန်ဖြစ်သည်။

ဒီလိုမှမဟုတ်ဘဲ သူတို့နှစ်ယောက်ဆီက ရှုံးနိမ့်လို့ ချေမှုန်းခံပြီး ဒဏ်ရာရတဲ့အခါ

ဒါမှမဟုတ် မောပန်းနွမ်းနယ်သွားတဲ့အခါ သူ့ရဲ့အနာဂတ်လုပ်ဆောင်ချက်အပေါ် မကောင်းတဲ့သက်ရောက်မှုတွေ ရှိနေနိုင်သည်။

သို့သော်လည်း ခဏအကြာတွင် လင်းရှန်နှင့် ဖန်သားပြင်ပေါ်ရှိ အခြားကောင်လေးက ထွက်ခွာရန် ရည်ရွယ်ချက်မရှိဘဲ မလှုပ်မယှက် ဖြစ်နေခဲ့သည်။

ဒါကိုမြင်တော့ ခယ်ယာက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။

“လောဘကြီးတာက ကြီးမားတဲ့ရန်သူပဲ…”

ယန်ရှင်း၏ နှုတ်ခွန်းဆက်သံကိုကြားတော့ ရွှယ်ဖုန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

ယန်ရှင်းသည် ရွှယ်ဖုန်နှင့်ရင်းနှီးသောကြောင့် သူ့အတွက် ကိစ္စမရှိပေ။ သူသည် လင်းရှန်နှင့် အခြားကောင်လေးကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ရွှယ်ဖုန် တခြားနှစ်ယောက်ကို အရင်ရှင်းလိုက်ရအောင် ။ ဒါပြီးမှ မင်းနဲ့ငါ ဘယ်သူက ပိုကောင်းလဲ ကြည့်မယ်။ အနိုင်ရတဲ့သူက ဖွဲ့စည်းပုံ အလံကို ကိုင်ဆောင်နိုင်တယ်။ အဲဒါ ဘယ်လိုလဲ?"

ဤတစ်ကြိမ်တွင် ရွှယ်ဖုန်က လျင်မြန်စွာတုံ့ပြန်ပြီး မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

အခြားကောင်လေး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် ချီအသွင်ပြောင်းခြင်း အဆင့်(၇) ကျင့်ကြံသူဖြစ်ပြီး အတော်လေး သန်မာသည်ဟု ထင်ရသော်လည်း ယန်ရှင်းနဲ့ ရွှယ်ဖုန်ကို အနိုင်ရရန် အခွင့်အလမ်းမရှိပေ။

သို့သော် ထိုကဲ့သို့ ဖွဲ့စည်းပုံအလံကိုတော့

မစွန့်လွှတ်နိုင်ပေ။

နောက်ဆုံးတော့ အဲဒါက စုစုပေါင်း အမှတ် (၂၀၀ )ပင်

သူ ဒါကို ရထားသမျှ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ဖို့ အခွင့်အလမ်း များသည်။

ကောင်လေးက တုံ့ဆိုင်းနေချိန်တွင် ရွှယ်ဖုန်သည် စကားတစ်ခွန်းမှ မပြောဘဲ သူ့ဆီသို့ ပြေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ

ယန်ရှင်းသည် လင်းရှန်ဆီသို့ လျှောက်သွားကာ သူ့ကို ကြည့်လိုက်သည်။

"လင်းရှန်.. ငါ မင်းကို အခွင့်အရေးပေးမယ်။ မင်းလှည့်ပြီးထွက်သွားရင် မင်းကိုမတိုက်ခိုက်ဘူးလို့ ငါကတိပေးတယ်”

ယန်၏နားလည်မှုအရ ချီအသွင်ပြောင်းခြင်း အဆင့်ခြောက်ဆင့်တွင်သာရှိနေသည့် လင်းရှန်သည် သူ့ပြိုင်ဘက် မဟုတ်ပေ။

အနာဂတ်တွင် လင်းရှန်ကို သူ့အောက်ထားမည်ဟူသောအချက်ကြောင့် မဟုတ်ပါက

ယန်ရှင်းသည် အခြားဘာမျှ မပြောတော့ဘဲ ချက်ချင်း တိုက်ခိုက်သွားမည်ဖြစ်သည်။

လင်းရှန် မမိုက်မဲသရွေ့တော့ ယန်ရှင်း၏အကြံပြုချက်ကို လက်ခံပြီး ခန်းမထဲက ထွက်သွားမှာ သေချာသည်။

သို့သော်လည်း အဖြေက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် ။

"ကျွန်တော် ငြင်းတယ်”

ယန်ရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့မျက်လုံးများပေါ်တွင် အမှောင်အတိ ပေါ်လာသည်။

သို့သော် သူသည် လျင်မြန်စွာပဲ ပုံမှန်လို ပြန်ဖြစ်လာခဲ့သည်။ လင်းရှန်ကိုကြည့်နေစဉ် သူ့အကြည့်သည် သရော်မှုနှင့် စူးရှသောအရိပ်အမြွက်တစ်ခုရှိနေသည်။

"ဒီလိုဆိုတော့လည်း ငါ့ကို စာနာစိတ်မရှိဘူးလို့ အပြစ်မတင်ပါနဲ့”

လင်းရှန်သည် အခွင့်အရေးကို မလိုလားသောကြောင့် ယန်ရှင်းသည် နောက်ဆုတ်ရန် မရည်ရွယ်တော့ပေ။

လင်းရှန်သည် မိမိကိုယ်မိမိ မသိသူဟု သူက မှတ်ယူလိုက်သည်။ လင်းရှန်မှာ အရည်အချင်းတစ်ချို့ရှိရင်တောင် သူ့နောက်လိုက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မထင်တော့ချေ။

သူသည် လင်းရှန်ကို ဤနေရာမှ ဖယ်ရှားပြီး သာမန်လူများနှင့် သြဇာရှိသော မိသားစုများ၏ တပည့်များကြားမှ ခြားနားချက်ကို နားလည်အောင် လုပ်ပေးမည်။

အတွေးတွေက ယန်ရှင်းစိတ်ထဲမှာ စွဲနေသည်။ ရုတ်တရက် သူ့ခြေထောက်ကို အစွမ်းကုန်ဆောင့်လိုက်တော့ လျှပ်စီးလက်သွားသည်။ သူ့အရှိန်က အံ့မခန်းပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဆယ်မီတာကျော်ကျော်ကို ဖြတ်ပြီး လင်းရှန်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။ ထို့နောက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

ပြင်းထန်သော လှိုင်းလုံးကြီးကဲ့သို့ တောက်လောင်နေသော လေလှိုင်းသည် လင်းရှန်အား မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံဖြင့် တိုက်ခိုက်သည်။

လှုပ်ခတ်နေသော လှိုင်းများ မရောက်လာမီတွင် ပတ်ဝန်းကျင်လေထု အပူချိန်သည် အရှိန်အဟုန်ဖြင့် တိုးမြင့်လာပြီး လေထုသည် မှုန်ကုပ်ကုပ်ဖြစ်သွားသည်။ ဤအချက်က ရိုက်ချက်၏ အံ့အားသင့်ဖွယ်ရာ စွမ်းအားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပင် ။

ယန်ရှင်းသည် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ ချီအသွင်ပြောင်းခြင်း အဋ္ဌမအဆင့်

နှင့် နေမီးတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်တို့နဲ့ဆို ရွှယ်ဖုန်ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင် ၎င်းကို ထိပ်တိုက် ရင်မဆိုင်ဝံ့ပေ။

ဤအခိုက်အတန့်တွင် သူ၏မျက်လုံးထောင့်မှကြည့်နေသော ရွှယ်ဖုန်နှင့် အပြင်ဘက်တိုက်ပွဲကိုကြည့်နေသောလူများအားလုံးသည် တူညီသောအရာကို တွေးတောနေကြသည်။

"လင်းရှန်တော့ သွားပြီ”

ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှု၊ လှောင်ပြောင်မှု၊ ကြည်နူးမှု… လူတိုင်းမှာ မတူညီတဲ့ အမူအရာတွေ ရှိနေကြသည်။

ရင်ဆိုင်နေသူ လင်းရှန်ကသာ အေးဆေးတည်ငြိမ်တဲ့ အမူအရာရှိနေသည်။

ယန်ရှင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူက နောက်မဆုတ်ဘဲ ရှေ့ကို တိုးလာသည်။ သူကလည်း လက်ဖဝါးနဲ့

ရိုက်လိုက်သည်။

နောက်တစက္ကန့်တွင် နေမီးတောက်လက်ဝါးသည် ဖြည်းညှင်းစွာ တက်လာပြီး ပြိုးပြိုးပြက်ပြက် နီမြန်းသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ပိုပြင်းထန်သော အပူလှိုင်းတစ်ခုသည် လေထုမှ ထွက်ပေါ်လာပြီး ယန်ရှင်း ထုတ်လွှတ်လိုက်သော အပူလှိုင်းကို ဖြိုခွင်းလိုက်သည်။ ထို့နောက် မရပ်မနား ရှေ့သို့ တိုးလာသည်။ ယန်ရှင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ပြင်းထန်သော စွမ်းအားက သူ့ဆီသို့ တိုးဝင်သွားသည်။

ဘုန်း

ယန်ရှင်းသည် ကြိုးပြတ်နေသော စွန်ကဲ့သို့ အဝေးကို လွှင့်သွားသည်။ သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အဝိုင်း ထွက်လာသည်ကို ယောင်ဝါးဝါးမြင်နိုင်သည်။

ထို့ဆနာက် သူသည် မြေပြင်ပေါ်မပြုတ်ကျခင်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှာ ပျောက်ကွယ်သွားခဲ့သည်။

ခန်းမသည် တိတ်ဆိတ်သွားသည်။

ဟိုးအဝေးက ရွှယ်ဖုန်နဲ့ တခြားကောင်လေးက ရပ်လိုက်ပြီး သူကို မယုံကြည်နိုင်စွာ စိုက်

ကြည့်နေသည်။

" ယန်ရှင်း ရှုံးသွားပြီ... ဘယ်လိုဖြစ်နိုင်မှာလဲ..."

ကောင်လေးက တံတွေးမျိုချလိုက်ပြီး သရဲတစ္ဆေကိုမြင်သလို လင်းရှန်းကို ကြည့်လိုက်သည်။

ရွှယ်ဖုန်ပင် အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားသည်။ သူအရင်ကလို ငြိမ်သက်မနေနိုင်တော့ပေ။

ထိုကဲ့သို့ တိုက်ပွဲဖြစ်မည်ကို သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ယန်ရှင်းသည် သူ့ပြိုင်ဘက်ကို အနိုင်ယူရန် ပျက်ကွက်ခဲ့ရုံသာမက သူ့ပြိုင်ဘက်၏ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

ခဏလောက်ကြာတော့ ရွှယ်ဖုန်က အံ့ဩနေသည်။

ယန်ရှင်းသည် ချီအသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ရွှယ်ဖုန်ပင်လျှင် ယန်ရှင်းကို တစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ခဲ့ချေ။

"ဒီလူက ဘယ်ကလာတာလဲ။

"ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေသေးတာလဲ၊ ဒါပေမယ့် ငါ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး"

ရွှယ်ဖုန် အံ့အားသင့်နေချိန်တွင် အပြင်မှ ပရိသတ်များလည်း ထိတ်လန့်သွားကြသည်။

ဖယ်ထုတ်ခံရတဲ့ ဖြေဆိုသူအများစုက မပြန်သေးပေ။ အဲဒီအစား တိုက်ပွဲကို စောင့်

ကြည့်ဖို့ ရင်ပြင်မှာ နေခဲ့ကြသည်။ ထို့ကြောင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လူအုပ်ကြီးသည် ချက်ချင်းပင် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

"ဟာ ယန်ရှင်းက ရှုံးသွားပြီ”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ငါဒီလိုအရာတွေကို မြင်နေတာလား”

"ဒီလူက ဘယ်သူလဲ။ သူကယန်ရှင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်”

“သူဘယ်သူလဲဆိုတာ ငါသိတယ်။ သူက မိုးမခကျောင်းက လင်းရှန်။ သူက ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်မှာပဲလို့ ငါကြားထားတယ်”

“မဖြစ်နိုင်ဘူး။ ဘယ်လိုပဲကြည့်ကြည့် သူ့အစွမ်းက ဆဌမအဆင့်ကို ကျော်သွားပြီ။”

အာမေဋိတ်သံတွေ အဆက်မပြတ် ထွက်ပေါ်လာသည်။

မြင်ကွင်းကြောင့် အားလုံး အံ့ဩသွားသည်။

ယန်ရှင်းသည် ဤစာမေးပွဲတွင် ဆန်ခါတင် လေးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် နေရာကြီးကြီးကို ရယူရန် အခွင့်အလမ်း ရှိသည် ။

သို့သော်လည်း သူသည် အမည်မသိ လူတစ်ယောက်ဖြစ်သော လင်းရှန်၏ လှုပ်ရှားမှုတစ်ခုအောက်တွင် ရှုံးနိမ့်ခဲ့သည်။

သူတို့ကိုယ်တိုင် မျက်စိနဲ့ မမြင်ဖူးရင် ဒီလိုရယ်စရာကောင်းတာကို ယုံမှာ မဟုတ်ချေ။

ထိုအချိန်တွင် ရင်ပြင်၌ အလင်းရောင်တစ်ခု လင်းလာပြီး ယန်ရှင်းသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသည်။

သူသည် ဖြစ်ပျက်ခဲ့သည်များကို နားမလည်သေးသလို မြေပေါ်၌ အမြစ်တွယ်ကာ ရပ်နေ၏။

စက္ကန့်အနည်းငယ်အကြာတွင် ယန်ရှင်းသည် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

All Chapters