← Chapters

တစ်ဟုန်ထိုးတက်လာသော အဆင့်

Vol. 4 Ch. 56

တစ်ဟုန်ထိုးတက်လာသော အဆင့်

Vol. 4 Ch. 56

ဝူး

တခဏအတွင်းမှာပင် မရေမတွက်နိုင်သော အကြည့်များက ယန်ရှင်းကို စူးစိုက်ကြည့်လာသည်။

သနားခြင်း၊ အံ့သြခြင်း၊ လှောင်ပြောင်ခြင်း၊ ရယ်မောခြင်းများက ရင်ပြင်တွင် ပြည့်နေသည်။

အရင်တုန်းကတော့ ယန်ရှင်းသည် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်ပြီး တခြားလူတွေက သူ့ကို ရိုသေလေးစားမှုတွေနဲ့ အမြဲကြည့်နေကြသည်။ ဒီနေ့လို အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးကြပေ။

သူ့ပတ်ဝန်းကျင်က အကြည့်တွေကို သတိပြုမိတဲ့အခါ ယန်ရှင်း၏ ဖြူဖျော့တဲ့မျက်နှာက ခရမ်းရောင်ပြောင်းသွားသည်။ သူ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ့လက်သည်းတွေက သူ့အသားထဲကို

ထိုးနေမိမှန်းတောင် သတိမထားမိချေ။

သူက ခေါင်းငြိမိ့လိုက်သည်။ သူ့မျက်လုံးများသည် နီရဲနေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

"သူဟာ နေမီးတောက်လက်ဝါးမှာ ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ။"

ချိုက်ကျုံးဂူသည် ရုတ်တရက် ညည်းညူလိုက်သည်။

သူ့မျက်လုံးများသည် အလွန်စူးရှနေပြီး လင်းရှန်း၏ တိုက်ခိုက်မှုကို ယခုပင် မြင်လိုက်ရသည်။

အဲဒါက နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်းအဆင့်ရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုပင်

ခယ်ယာလည်း ထပ်တူထပ်မျှ အံ့သြသွားသည်။

“နောက်ထပ်ရှိသေးတယ်။ နေမီးတောက်လက်ဝါး ပြီးပြည့်စုံခြင်း အဆင့်မှာဆိုရင်တောင် တစ်ချက်တည်းနဲ့ အနိုင်ယူလို့ မရဘူး။ လင်းရှန်ရဲ့ ကျင့်ကြံမှုအဆင့်က ယန်ရှင်းထက် မနိမ့်ကျတာ သေချာတယ်။ ဒီတိုက်ခိုက်မှုက အနည်းဆုံး ချီအသွင်ပြောင်းခြင်းရဲ့ အဋ္ဌမအဆင့်မှာဘဲ”

ချိုက်ကျုံးဂူ ပြောပြီးသည်နှင့် တပြိုင်နက် ကနဦး အံ့အားသင့်မှုမှ ပြန်လည်အသိဝင်

လာသော အနီးနားရှိ တပည့်များသည် မောဟိုက်လာပြန်သည်။

လင်းရှန်သည် ချီအသွင်ပြောင်းခြင်း အဌမအဆင့်တွင်ရှိပြီး နေမီးတောင်လက်ဝါးတွင် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိခဲ့သည်။ ဒီကောင်က ဘယ်ကလာတာလဲ။

လင်းရှန်က တကယ်ပဲ လူမှုဖူလုံရေးအဖွဲ့အစည်းက သာမန်လူတစ်ယောက်လား။

သြဇာကြီးသော မိသားစုခေါင်းဆောင်အချို့၏ တရားမ၀င်သား ဖြစ်နိုင်လား။

"သူ့ရဲ့ အရည်အချင်းက ထူးချွန်တယ်”

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချိုက်ကျုံးဂူသည် ဤစာကားကို နောက်ဆုံးတွင် ညှစ်ထုတ်လိုက်သည်။

ခယ်ယာက နှုတ်ဆိတ်နေသော်လည်း သူ့အပြောအဆိုအရ သူ့အတွေးများသည် ချိုက်ကျုံးဂူနဲ့အတူတူပင်။

နေမီးတောက်လက်ဝါး ပြီးပြည့်စုံမှုအဆင့်နှင့် ချီအသွင်ပြောင်းခြင်း အဌမအဆင့်သည် သြဇာကြီးမားသော မိသားစုများ၏ တပည့်များနှင့် နှိုင်းယှဉ်လျှင်ပင် ထိပ်တန်း ကျင့်ကြံသူများထဲတွင် ပါဝင်မည်ဖြစ်သည်။

ကျောက်ရွှမ်ရင်နဲ့ တခြားသုံးယောက်တောင် ဒီအဆင့်ပဲရှိသေးသည်။

သာမန်ကျောင်းသားတစ်ယောက်က ဒီလိုအောင်မြင်မှုတွေ လုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပင်။

ဆရာ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တူညီတဲ့ အတွေး ပေါ်လာသည်။

သာမာန်ကျောင်းသားက ယခုနှစ် စာမေးပွဲတွင် ထိပ်တန်းကျောင်းသား ဖြစ်လာမည်လား။

ပြင်ပကမ္ဘာသည် ရုတ်ရုတ်သဲသဲဖြစ်နေသော်လည်း ခန်းမကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

ရွှယ်ဖုန်နှင့် အခြားကောင်လေးတို့သည် တင်းမာနေပြီး လင်းရှန်အား ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ စိုက်ကြည့်နေကြသည်။ လင်းရှနိသည် သမိုင်းမစမီက သားရဲတစ်ကောင်လိုပင်။

လင်းရှန်က လုံးဝ ဂရုမစိုက်ဘဲ သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ ပြန်ဆုတ်လိုက်သည်။

သူသည် ယန်ရှင်းကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း တကယ်တမ်းကျ ထိုတိုက်ခိုက်မှုတွင် သူ၏ခွန်အားကို အပြည့်အဝအသုံးမပြုခဲ့ပေ။

သူ၏စွမ်းရည်မှာ ဇွဲလုံ့လအဖြစ်ရှိနေဆဲဖြစ်ပြီး သန့်စင်သော ယန်ခန္ဓာကိုယ် သို့မဟုတ် သာလွန်ကိုယ်ခံပညာသို့ မပြောင်းခဲ့ပေ။

အရင်က သူမျှော်ကြည့်ခဲ့ရသော ဩဇာကြီးမားသည့် မိသားစု၏ ပါရမီရှင်များသည် သူ့ထက်သာလွန်သည်။ အခုတော့ ယန်ရှင်းသည် သူ့နောက်၌ပင်ရှိနေ၏

[အမည်-လင်းရှန်]

[စွမ်းရည် - ဇွဲလုံ့လ]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့်(၉)၊ ၂%]

[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်း နည်း စနစ် (ပြီးပြည့်စုံမှု) ၊နေမီးတောက်လက်ဝါး (ပြီးပြည့်စုံမှု)၊ သေခြင်း အတားအဆီး (အစပြုသူ အဆင့် ၊ ၆၂%)၊ အရိပ် (အထူးကျွမ်းကျင်အဆင့် ၊ ၄%)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (အစပြုသူအဆင့် ၃%)]

[ကိုယ်ပွားအရေအတွက်- ၄ (၆၀%)]

လင်းရှန်က သက်ပြင်းချကာ ရွှယ်ဖုန်နှင့် ကောင်လေးကို လှည့်ကြည့်လိုက်သည်။

ရွှယ်ဖုန်က တင်းမာလာပြီး မသိစိတ်က သူ့ကြွက်သားတွေကိုပါ တင်းကြပ်လာစေသည်။

တခြားကောင်လေးက နောက်ပြန်ဆုတ်သွားသည်။

သူက ရွှယ်ဖုန်ကိုကြည့်ပြီးတော့ လင်းရှန်ကိုကြည့်လိုက်သည်။ အံကြိတ်ပြီး ခန်းမထဲက မထွက်ခင် သူ့အမူအရာက ပြောင်းသွားသည်။

ရွှယ်ဖုန်တစ်ယောက်တည်းကို တိုက်ခိုက်ရမှာပင် အရမ်းခက်ခဲနေပြီ။ အခု သူ့ထက်တောင် ပိုကြောက်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ ရှိနေပြီပင်။ ဤဖွဲ့စည်းပုံအလံသည် သူလုံးဝတပ်မက်နိုင်သောအရာမဟုတ်ပေ။ သူသာ ဆက်နေမယ်ဆိုရင် ယန်ရှင်းရဲ့ နောက်ကို သေချာပေါက် လိုက်သွားရလိမ့်မည်။

ကောင်လေးထွက်သွားသည်နှင့် ခန်းမထဲတွင် လင်းရှန်နဲ့ ရွှယ်ဖုန်သာ ကျန်တော့သည်။

လင်းရှန်အမူအရာမှာ တည်ငြိမ်နေသော်လည်း တန်ပြန်တုံ့ပြန်မှုတစ်ခုကို အမြန်စဉ်းစားနေတဲ့ ရွယ်ဖုန်အမူအရာမှာ လေးနက်နေသည်။

ယန်ရှင်းသည် ပေါ့လွန်းသည်။ အကယ်၍ သူ့ပြိုင်ဘက်ကို လျှော့မတွက်လျှင် လျှင်မြန်စွာနှင့် ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။

သူ၏ ခွန်အားနဲ့ဆို တစ်ချက်တည်းဖြင့် အသတ်ခံရရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် လင်းရှန် ရဲ့ ခွန်အားက သံသယရှိစရာမလိုချေ။ သူက ယန်ရှင်းထက် အများကြီး ပိုသန်မာသည်။

ရွှယ်ဖုန်သည် လင်းရှန်ကို အနိုင်ယူဖို့ အယုံအကြည်မရှိခဲ့ချေ။

ခဏတာ ရပ်တန့်သွားပြီးနောက် ရွှယ်ဖုန်က ရုတ်တရက် ပြောလိုက်သည်။

" ငါက ရွှယ်ဖုန်ပါ ၊ မင်း နာမည်ဘယ်လိုခေါ်လဲ?"

"ငါက လင်းရှန်ပါ”

ရွှယ်ဖုန်သည် စဉ်းစားသော်လည်း ဤအမည်နဲ့ သြဇာကြီးမားသော မိသားစုများ၏ တပည့်

တစ်ဦးကိုမျှ မမှတ်မိချေ။

ဩဇာညောင်းသော မိသားစုဆယ့်ရှစ်ခုတွင် လင်းမိသားစု ရှိပုံမပေါ်ပေ။

ကျဆင်းသော မိသားစုမှ ဖြစ်နိုင်လား။

လင်းရှန်ကို စေ့စေ့ကြည့်ရင်း ရွှယ်ဖုန်က လေးနက်သော အသံဖြင့် ပြောသည်။

"ငါ မင်းကို မှတ်မိနေမှာပါ”

သူက ပြောပြီးတာနဲ့ တုံ့ဆိုင်းမနေဘဲ လှည့်ထွက်သွားသည်။

လင်းရှန်က မျက်ခုံးပင့်လိုက်သည်။ ရွှယ်ဖုန်က လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်တာကို သူ နည်းနည်းတော့ အံ့ဩသွားသည်။

သို့သော် သူသည် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် တိုက်ပွဲကို ရှောင်တာကောင်းသည်။

လင်းရှန်သည် ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး ခုန်လိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီး အလံကို ဆွဲထုတ်လိုက်သည်။

တစ်မိနစ်အကြာတွင် အလံသည် အခိုးအငွေ့များအဖြစ် ပျောက်ကွယ်မသွားမီ အနည်းငယ် တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းပြားပေါ်တွင် ရမှတ်၂၀၀ တိုးလာပြီး ၅၀၀မှတ်အထိ ချက်ချင်းတိုးသွားသည်။

“အခြားသူတွေ အလံမကိုင်ရသေးရင် အခု ငါက ပထမနေရာမှာ ရှိနေတော့မှာပေါ့”

လင်းရှန်၏ မျက်လုံးများသည် ပတ်ပတ်လည်ကို ကြည့်ရင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ရုတ်တရက် အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာသည်။

“ပြောရရင် ဒီမှာ မြူခိုးတွေ မရှိဘူး။ စာမေးပွဲဖြေဆိုသူတွေက ဒီမှာ ထာဝရနေနိုင်ပြီး အမှတ်တွေ ယူနိုင်တာလား”

ထိုနေရာကို အသုံးပြုရန် အတွေးသည် သူ့စိတ်ထဲတွင် ပေါ်လာလည်း ချက်ချင်းပင် ပယ်ချလိုက်သည်။

နိုငိင်ယန်ကျောင်းသည် ထိုကဲ့သို့ သိသာထင်ရှားသော အရာကို သတိမထားမိရန် အကြောင်းမရှိပေ။ အကယ်၍ ဖြေဆိုသူသည် ထိုသို့လုပ်ပါက သိုးမွှေးထည်ဝယ်ပြီး အိမ်သို့ပြန်သွားရမည့် အခွင့်အလမ်းက ပိုများသည်။

လင်းရှန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး ထိုအတွေးကို သူ့စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ သူသည် ယဇ်ပလ္လင်ပေါ်မှ ခုန်ဆင်းကာ တံခါးသုံးခုထဲမှ တစ်ခုကို ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့သည်။

ရင်ပြင်၌။

ရေမျက်နှာပြင်ပေါ်ရှိ အဆင့်သတ်မှတ်ချက်စာရင်းတွင် လင်းရှန်၏ အဆင့်သတ်မှတ်

ချက်သည် နေရာ (၂၀)ကျော်ကနေ ချက်ချင်းခုန်တက်သွားပြီး တစ်ကြိမ်တည်းတွင် ထိပ်ဆုံးသို့ တက်လာခဲ့သည်။

ပထမနေရာ၊ လင်းရှန် ၅၀၃ မှတ်၊

ဒုတိယနေရာ ကျောက်ရွှမ်ရင် ၃၈၉ မှတ်၊

တတိယနေရာက ချုန်ယန်းဟယ် ၃၇၂ မှတ်၊

စတုတ္ထနေရာ ရွှယ်ဖုန် ၃၆၅ မှတ်။

ပဉ္စမနေရာ ယန်ရှင်း ၃၂၃ မှတ်။

ဆဋ္ဌမနေရာ ဝေ့ချန်း ၃၂၀ မှတ်။

တခဏချင်းမှာပဲ လင်းရှန်ဟာ သူ့နောက်ကလူတိုင်းထက် ရမှတ်တွေ အများကြီးရခဲ့သည်။

ယခုအချိန်တွင် ရင်ပြင်၌ ဖယ်ထုတ်ခံရသည့် ဖြေဆိုသူ ၂၀၀ နီးပါးရှိသည်။

အဆင့်သတ်မှတ်ချက်စာရင်းတွင် အပြောင်းအလဲများကို တွေ့မြင်ရသဖြင့် ဖြေဆိုသူ အများအပြားက အော်ပြောကြသည်။

"သူက အခု ပထမပဲ”

"အားလုံးပဲ၊ သူက အမှတ် ၂၀၀ ရသွားပြီ။ တိုက်ပွဲတောင် မတိုက်ဘဲ ရွှယ်ဖုန်က အရှုံးပေးမယ်လို့ ဘယ်သူက ထင်မှာလဲ။"

“ဟုတ်တယ်၊ ဒါပေမဲ့ သူ အဲ့လိုလုပ်မှာပဲ။ လင်းရှန်က ယန်ရှင်းကို လက်ဖဝါးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်။ မင်းသာ ရွှယ်ဖုန်ဆိုရင် မင်းဒီလိုလူကို တိုက်မှာလား။ မင်းဆိုလည်း မင်းရဲ့စွမ်းအင်ကို ချွေတာပြီး နောက်ထပ် မြူခိုးကောင်တချို့ကို သတ်ပစ်မှာပဲလေ”

“သာမန်ကျောင်းသားတစ်ယောက်က တကယ်တော့ ပထမဆုံးဖြစ်လာတာပဲ။ ဒီနေ့ ငါ တကယ်ကို တစ်ခုခုကို သင်ယူလိုက်ရတယ်”

“သြဇာကြီးတဲ့ မိသားစုတွေရဲ့ တပည့်တွေက ငါတို့ရှေ့မှာ သူတို့ရဲ့ သာလွန်မှုကို ပြသနိုင်တဲ့ မျက်နှာထား ရှိမှာ မဟုတ်တော့ဘူး”

"မင်း ဘယ်လို အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ စာမေးပွဲက မပြီးသေးဘူး။ လင်းရှန်က အမြဲတမ်း ပထမနေရာမှာ ရှိနေမယ်လို့ အာမခံနိုင်လို့လား”

"ဟုတ်တယ်။ မြူဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံအလံတစ်ခုထက်ပို ရှိနေနိုင်တယ် ။ ချုန်ယန်ဟယ်၊ ကျောက်ရွှယ်ရင်နဲ့ ရွှယ်ဖုန်တို့မှာ အလံတစ်ခုရှိနေရင် လင်းရှန်ကို ချက်ချင်းကျော်တက်သွားနိုင်တယ်။ ဘာဂုဏ်ယူစရာရှိလို့လဲ။"

ဆွေးနွေးမှုသည် လျင်မြန်စွာ အငြင်းအခုံဖြစ်လာသည်။

လင်းရှန်လိုလူတစ်ယောက်ပေါ်လာဖို့ဆိုတာ ရှားရှားပါးပါးမို့ သာမန်ကျောင်းသားတွေက သူ့ကို သဘာဝအတိုင်း ချီးကျူးပြီး အံ့ဩနေကြသည်။ သြဇာကြီးသော မိသားစုများကတော့ နှိမ့်ချခံရခြင်းအတွက် ၎င်းတို့၏ ဒေါသကို ထုတ်ဖော်ရန် အခွင့်အရေးကို ရယူခဲ့ကြသည်။

နောက်ကျ သည်းမခံနိုင်တော့ဘဲ အပြန်အလှန် ပြန်ပြောကြသည်။

နှစ်ဘက်စလုံး ချက်ချင်း ရန်ဖြစ်ကုန်ပြီး တင်းမာလာကြသည်။

"တိတ်တိတ်နေကြ၊ နောက်ထပ် ဆူညံသံတွေ ထွက်ရဲတဲ့ ဘယ်သူကိုမဆို ရင်ပြင်ကနေ ချက်ချင်း ဖယ်ရှားပစ်မယ်”

ခယ်ယာ၏အော်သံက လူအုပ်ကို အနှောင့်အယှက်ပေးလိုက် သည်။

ထိုမှသာ ဖြေဆိုသူတွေက ပါးစပ်ပိတ်သွားကြသည်။ ဆရာကို မစော်ကားဝံ့ကြပေ။

အားလုံးငြိမ်သွားသည်ကိုမြင်တော့ ခယ်ယာသည် ရေမျက်နှာပြင်ကိုကြည့်ရန် ပြန်သွားလေသည်။

All Chapters