← Chapters

အမြင့်မြတ်ဆုံး ယန်ဓားနှင့် အငွေ့ပျံကြိုး

Vol. 4 Ch. 57

အမြင့်မြတ်ဆုံး ယန်ဓားနှင့် အငွေ့ပျံကြိုး

Vol. 4 Ch. 57

အချိန်ကြာလာသည်နှင့်အမျှ ဖြေဆိုသူများသည် မြူခိုးဖွဲ့စည်းပုံမှ ထွက်လာပြီး ရင်ပြင်သို့ ပြန်လာကြသည်။

စာမေးပွဲစတင်ချိန်က နာရီဝက်သာရှိသေးသော်လည်း ရင်ပြင်တွင် စာမေးပွဲဖြေဆိုသူဦးရေ ၃၀၀ နီးပါးရှိနေပြီဖြစ်သည်။

ဤလူများသည် မြူခိုးများမှ ထွက်ခွါလာသည့် အချိန်မှစကာ ရမှတ် အတက်အကျရပ်တန့်သွားပြီး အခြားဖြေဆိုသူများ၏ ရမှတ်များ ဆက်လက် တိုးလာသည်ကိုသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထိပ်တန်း (၂၀၀) ထဲမှ တစ်ယောက်ယောက်ကို ထုတ်ပယ်ခံလိုက်ရသည်နှင့် ထိုလူ၏ မျက်နှာသည် ဖျော့တော့ကာ ခေါင်းငုံ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

လေးငါးမိနစ်ခန့်ကြာသောအခါ လျူရှောင်မင်သည် ရင်ပြင်သို့ပြန်ရောက်လာခဲ့သည်။

ရေမျက်နှာပြင်ကို ချက်ချင်းကြည့်ပြီး အဆင့် (၂၀၀)နေရာတွင် သူ့နာမည်ကို စတင်ရှာဖွေခဲ့သည်။ မကြာခင်မှာပဲ သူရဲ့နာမည်ကို အဆင့် ၁၇၅ မှာ ရှာတွေ့ခဲ့သည်။

ဒါကိုမြင်တော့ လျူရှောင်မင်က သက်ပြင်းချပြီး ထိန်းမရသော ပျော်ရွှင်မှုတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

စာရင်းတွင် နံပါတ် ၁၉၀ အောက်ရှိ လူများ၏ ရမှတ်များသည် ပြောင်းလဲခြင်းမှ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

တစ်နည်းဆိုရသော် ထိပ်တန်း (၂၀၀) တွင် ၎င်း၏နေရာကို အတည်ပြုထားပြီးဖြစ်သည်။

လျူရှောင်မင်၏ နှစ်ရှည်လများ မက်ခဲ့ရသော အိပ်မက်သည် တစ်နေ့တွင် အကောင်အထည်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူသည် ခံစားချက်များ တဟုန်ထိုး တက်လာပြီး ထိုနေရာတွင်ပင် အကြာကြီး ငိုကြွေးနေဖို့တောင် ဆန္ဒရှိနေသည်။

"တခြားသူတွေ ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ"

ငြိမ်သက်သွားပြီးနောက် လျူရှောင်မင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လူအုပ်ထဲတွင် ဝမ်ဝေ့ချောင်ကို အမြန်တွေ့ရှိခဲ့သည်။ သူသည် အနောက်ဘက်ဆီသို့ အမြန်သွားလိုက်သည်။

" ဝမ်ဝေ့ချောင် မင်းရဲ့ရလဒ်က ဘယ်လိုလဲ။"

ဝမ်ဝေ့ချောင်က လှည့်ကြည့်လိုက်တော့ လျူရှောင်မင်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ငါက အဆင့် ၂၅၀ အောက်မှာ။ ငါ သေချာပေါက် ဖယ်ထုတ်ခံရမှာပါ"

ဝမ်ဝေ့ချောင်၏ စိတ်ပျက်အားငယ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် လျူရှောင်မင်သည် သူ၏ ပျော်ရွှင်မှုကို ထိန်းထားပြီး ဝမ်ဝေ့ချောင်ပုခုံးကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးပြီး မေးလိုက်သည် ။

"စကားမစပ်၊ တခြားသူတွေ ဘယ်မှာလဲ။ လင်းရှန်ရော ဘယ်မှာလဲ"

စာမေးပွဲမဖြေခင်တွင် လျူရှောင်မင်သည် လင်းရှန်ထက် ကျော်နိုင်ဖို့ ကိုယ့်ဘာသာ တိတ်တဆိတ် အားပေးခဲ့သည်။

နိုင်ယန်ကျောင်းက သူ့ကိုလက်ခံတော့မယ်လို့ အတည်ပြုလိုက်တဲ့အတွက် သူ့ပခုံးပေါ်က အလေးချိန်က မြင်တက်လာသည်ဟု ခံစားခဲ့ရသည်။ ထုံးစံအတိုင်း သူသည် လင်းရှန်၏ အခြေအနေအတွက် စိုးရိမ်နေမိသည်။

လျူရှောင်မင်၏ ရလဒ်သည် မျှော်မှန်းချက်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူသည် စာရင်းတွင် အဆင့် ၁၇၀ ခန့်ရှိပြီး ယခင်က နိုင်ယန်ကျောင်းမှ လက်ခံခဲ့သော မိုးမခကျောင်းမှ သာမန်ကျောင်းသားများထဲမှ အကောင်းဆုံးတစ်ဦးဖြစ်သည်။

လင်းရှန်က သူ့ထက် သန်မာတယ်ဆိုရင်တောင် သူ့ထက် ပိုကောင်းတဲ့ ရလဒ်တွေ ရနိုင်မယ် မထင်ချေ။

လျူရှောင်မင်၏ အံ့ဩမှုနဲ့အတူ ဝမ်ဝေ့ချောင်က ထိုမေးခွန်းကိုကြားသောအခါ ထူးဆန်းသောအမူအရာတစ်ခုရှိနေခဲ့သည်။

"ဘာမှားလို့လဲ?" လျူရှောင်မင်က အံ့အားသင့်သွားသည် ။

"ကိုယ့်ဘာသာရှာကြည့်။" ဝမ်ဝေ့ချောင်က အဆင့်သတ်မှတ်ချက်ကို ထောက်ပြသည်။

လျူရှောင်မင်သည် ထူးဆန်းစွာ ခံစားလိုက်ရသည်။ လင်းရှန်လည်း ရလဒ်ကောင်းတွေ ရခဲ့တာလား။

မဟုတ်ရင် ဝမ်ဝေ့ချောင်က ဒီလိုပုံစံရှိဖို့ မလိုအပ်ချေ။

လျူရှောင်မင်သည် အဆင့်သတ်မှတ်ချက်ပထမနေရာကိုကြည့်ပြီး အံသြသွားသည်။ သူ့မျက်လုံးတွေ ပြူးထွက်လုမတတ်ပင်။

လင်းရှန် ရဲ့ နာမည်က ကျောက်ရွှမ်ရင်၊ ချုန်ယန်ဟယ်၊ ရွှယ်ဖုန်နဲ့ တခြား ပါရမီရှင်တွေ ရဲ့ အထက်မှာ ရှိနေသည်။

လျူရှောင်မင်သည် မျက်လုံးများကို ပွတ်သပ်နေသည် ။ သူသည် ထိုအရာများကို မှာမြင်တာဟု ထင်ခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ထင်ယောင်ထင်မှားမဟုတ်ကြောင်း အတည်ပြုပြီးနောက် လျူရှောင်မင်သည် ဝမ်ဝေ့ချောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။

ဝမ်ဝေ့ချောင်သည် ယန်ရှင်းရှိရာကို ကြည့်ပြီး အသံတိုးတိုးဖြင့် ရှင်းပြသည်။

ခဏအကြာမှာတော့

လျူရှောင်မင်က အဖြစ်အပျက်ကို ကြားပြီး အတွေးထဲ ရောက်နေပုံရသည်။ သူအနေနဲ့ အိပ်မက်ထဲမှာ ရှိနေတယ်လို့ ခံစားနေရသည်။

လင်းရှန်သည် ယန်ရှင်းကို အနိုင်ယူပြီး ရွှယ်ဖုန်ကို ကြောက်လန့်သွားစေကာ ဖွဲ့စည်းမှုအလံကိုပင် ရရှိခဲ့သည်။

ဒါတွေအားလုံးက ပုံပြင်တစ်ပုဒ်လို ဘာကြောင့်ဖြစ်နေရတာလဲ။

"စိတ်ကူးယဉ်သလို မခံစားရဘူးလား?"

ဝမ်ဝေ့ချောင်သည် လျူရှောင်မင်၏ ပုခုံးကို နားလည်သည့် အမူအရာဖြင့် ပုတ်လိုက်သည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပင် အခြားသူများထံမှ ဖြစ်ပျက်ခဲ့သမျှကို ကြားခဲ့ရသော သူသည်လည်း အလားတူ ပုံစံပင်။

လင်းရှန်က ဒီလောက်တောင် သန်မာမယ်လို့ ဘယ်သူက ထင်မှာလဲ။

ယန်ရှင်းသည် ယခုနှစ် ကိုယ်စားလှယ်လောင်းများကြားတွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်သည်။ သူသည် သြဇာရှိသော မိသားစုများ၏ ထိပ်တန်းတပည့်များထဲမှ တစ်ဦးဖြစ်သည်။

သို့သော် ထိုလူကို လင်းရှန်က တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ယန်ရှင်းသည် သူ့ပြိုင်ဘက်ကို လျှော့တွက်ထားသော်လည်း လင်းရှန်၏ အင်အားမှာ သံသယရှိစရာ မရှိပေ။

အတန်ကြာတိတ်ဆိတ်သွားပြီးနောက် လျူရှောင်မင်သည် လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

လင်းရှန်ကို ကျော်တက်ရမည်ဟူသော သူ၏ ယခင်ပန်းတိုင်သည် အနည်းငယ်ရယ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လင်းရှန်ကို သူ့လက်လှမ်းမမီနိုင်တဲ့အပြင် အလှမ်းဝေးနေခဲ့သည်။

သူ့ပတ်ဝန်းကျင်မှာ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်လာတဲ့အခါ လျူရှောင်မင်က မှင်တက်သွားသည်။ ပြီးမှ အသိဝင်လာပြီး မော့ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းသည် မျက်လုံးများဖွင့်ကာ ကောင်းကင်ကို စိုက်ကြည့်နေကြသည်ကို သူသိလိုက်သည်။ ထို့ကြောင့် သူလည်း မော့ကြည့်လိုက်ပြီး ထိတ်လန့်သွားသည်။

ရေမျက်နှာပြင်ပေါ်တွင် ချုန်ယန်ဟယ်နှင့် ကျောက်ရွှမ်ရင်တို့က ပြင်းထန်စွာတိုက်ခိုက်

နေသည်။ သူတို့နှင့် မနီးမဝေးမှာတော့ ယဇ်ပလ္လင်တစ်ခုပေါ်တွင် အလံတစ်ခု စိုက်ထူထားသည်။

"ဒါက ကျောက်ရွှမ်ရင်နဲ့ ချုန်ယန်ဟယ်”

"နှစ်ယောက်သား အချင်းချင်း ပြေးလိုက်နေကြတာ”

"ဟင်း သူတို့နှစ်ယောက်လုံးက အရမ်းအစွမ်းထက်တာပါလား”

လူတိုင်းသည် ရေမျက်နှာပြင်ကို စူးစိုက်စိုက်စိုက်ကြည့်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားမည်ကို ကြောက်နေကြသည်။

အတိအကျပြောရလျှင် ဤသည်မှာ အမျိုးအနွယ်ဝင် ဆန်ခါတင်များ၏ အမှန်တကယ် တိုက်ပွဲဝင်သည့် ပထမဆုံး အကြိမ်ဖြစ်သည်။

ရွှယ်ဖုန်နဲ့ ယန်ရှင်းသည် မတိုက်ခိုက်လိုက်ရချေ။ ယန်ရှင်းသည် လင်းရှန်နှင့် တိုက်သော်လည်း လျင်မြန်လွန်းပြီး လုံးဝမခံစားလိုက်ရပေ။

ချုန်ယန်ဟယ်နဲ့ ကျောက်ရွှမ်ရင်အကြား ပြိုင်ဆိုင်မှုကတော့ သြဇာရှိသော မိသားစုများမှ ထိပ်တန်း ပါရမီရှင်များ၏ ခွန်အားကို အမှန်တကယ် သက်သေပြနိုင်ခဲ့သည်။

တိုက်ပွဲတွင် နှစ်ဘက်စလုံးသည် လှုပ်ရှားမှုနည်းစနစ်တစ်မျိုးကို ကျင့်ကြံထားကြသည်။ သူတို့ရဲ့ အရှိန်က လျှပ်စီးလက်သလို မြန်သည်။ တိုက်ပွဲ၏ အပြင်းထန်ဆုံးအခိုက်အတန့်တွင် ကြည့်ရှုသူအများစုသည် တိုက်မိနေကြသည့် နောက်ဆက်တွဲ ပုံရိပ်နှစ်ခုသာ မြင်နိုင်သည်။ လက်ဖဝါးချင်း ရိုက်သံတွေက အဆုံးမဲ့ ထွက်ပေါ်နေသည်။

“ကောင်းတယ် “ ချိုက်ကျုံးဂူက ပြုံးပြီး ခေါင်းညိတ်သည်။ “သူတို့နှစ်ယောက်လုံးက ကြယ်ပွင့်ရွေ့လျားနည်း နည်းစနစ်မှာ ကျွမ်းကျင်အဆင့်ကို ရောက်နေကြပြီ။ သူတို့က အထူးကျွမ်းကျင်အဆင့်ကိုရောက်ဖို့ မလိုတော့ဘူး။”

ခယ်ယာကလည်း သဘောကျတဲ့ အပြုံးကို ထုတ်ဖော်လိုက်သည်။

ချုန်ယန်ဟယ်နဲ့ ကျောက်ရွှမ်ရင်တို့သည် ၎င်းတို့၏ ဝှက်ဖဲအစစ်အမှန်ကို မဖော်ပြခဲ့ကြသောကြောင့် ၎င်းတို့နှစ်ဦးသည် တိုက်ပွဲ၏ရလဒ်ကို မှတ်ချက်မပေးနိုင်ခဲ့ကြပေ။

ဆရာနှစ်ယောက်ရဲ့ အတွေးတွေကို အာရုံခံလိုက်သလိုပင် တစ်ယောက်ဆီက နီညိုရောင်ဓားက ရုတ်တရက် လင်းလက်သွားသည်။ တိုက်ပွဲမှာ နှစ်ဖက်စလုံးကို လွှမ်းခြုံထားသည့် အပူလှိုင်းများကို ထိုးဖောက်ပြီး ကျောက်ရွှမ်ရင်ဆီသို့ လျှပ်စီးကြောင်းကဲ့သို့ ပြေးသွားလေသည်။

ကျောက်ရွှမ်ရင်က လျင်မြန်စွာ ဆုတ်ခွာသွားပြီး အရေးကြီးသောအခိုက်အတန့်တွင် ချွန်ထက်သော ဓားအလင်းကို သူမ ရှောင်တိမ်းနိုင်ခဲ့သည်။

"ဒါ ဓားပဲ ချုန်ယန်ဟယ်က သူ့လက်နက်ကို အသုံးပြုခဲ့တာပဲ”

"ဒါက အမြင့်မြတ်ဆုံး ယန်ဓားပဲ”

"ဟုတ်တယ်။ အဲ့တာ အမြင့်မြတ်ဆုံး ယန်ဓား၊ ငါ့မျိုးရိုးထဲက အကြီးအကဲတွေက အဲဒါကို အရင်က မြင်ဖူးတယ်။”

"ချုန်ယန်ဟယ်က လက်နက်အမျိုးအစား ကိုယ်ခံပညာကို ကျင့်ကြံခဲ့တာပဲ”

လူများစွာ တုန်လှုပ်သွားကြသည်။

ခယ်ယာနဲ့ ခိုက်ကျုံးဂူပင် အံ့သြသွားသည် ။

"အမြင့်မြတ်ဆုံးယန်ဓား ... ချုန်ယန်ဟယ်က အဓိကတပည့်ရာထူးကို ရယူဖို့ စိတ်

ပိုင်းဖြတ်ထားပုံပဲ” ချိုက်ကျုံးဂူက သက်ပြင်းချလိုက်သည်။

ခန္ဓာကိုယ်ကို ပျော့ပျောင်းစေသော လက်နက်အမျိုးအစား ကိုယ်ခံပညာ နည်းစနစ်များ၏ အကျိုးသက်ရောက်မှုသည် လက်ဗလာ ကိုယ်ခံပညာထက် များစွာ သာလွန်သည်။

၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်လိုခြင်းမရှိပါက ကျောင်းသားများသည် များသောအားဖြင့် လက်နက်အမျိုးအစား ကိုယ်ခံပညာများကို ကျင့်ကြံလေ့မရှိပေ။

ချုန်ယန်ဟယ်သည် မကြာခဏ တိုက်ခိုက်ရန် မလိုအပ်ချေ။ ထို့ကြောင့် သူသည်

အမျိုးအစား ကိုယ်ခံပညာကို ကျင့်ကြံရသည့်အကြောင်းရင်းတစ်ခုက စာမေးပွဲကြောင့် ဖြစ်သည်။

ချုန်ယန်ဟယ်သည် ဤစာမေးပွဲအတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည် ။

ဖန်သားပြင်ပေါ်တွင် ကျောက်ရွှမ်ရင်လည်း သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် အံ့အားသင့်စရာ အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာသည်။

သို့သော် ဤအရာကြောင့် သူမ ထိတ်လန့်ခဲ့ချေ။ အစမှအဆုံးအထိ သူမသည် ငြိမ်သက်နေခဲ့သည်။

ဓားဖြင့် ထပ်မံတိုက်ခိုက်နေသော ချုန်ယန်ဟယ်ကို ရင်ဆိုင်ရင်း ကျောက်ရွှမ်ရင်ကမျက်မှောင်ကျုံ့ကာ ရှေ့ကို ရုတ်တရက် လက်ညိုးထိုးပြလိုက်သည်။

အနီရောင်ကြိုးတစ်ချောင်း ပေါ်လာပြီး နေရာကို ဖြတ်သန်းသွားသည်။ ထိုအရာဖြတ်သွားတိုင်း ပတ်ဝန်းကျင်သည် ထင်းမီးလို စူးရှသော အသံကို ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ဓားအလင်းရောင် ကွဲအက်သွားသည်။ ချုန်ယန်ဟယ်၏အမူအရာသည် သိသိသာသာပြောင်းလဲသွားပြီး ဘေးဘက်သို့ လှိမ့်ကာ ဖြတ်သွားသော အနီရောင်ကြိုးကို ရှောင်တိမ်းလိုက်သည်။

သူပြန်ထလာတဲ့အခါ သူ့လက်ထဲက ဓားရှည်က အက်ကွဲသွားပြီး မြေပြင်ပေါ် ပဲ့ကျသွားသည်။ ဓားသည် အပူချိန်မြင့်မားသော မီးတောက်များဖြင့် အချိန်အတော်ကြာအောင် တိုက်စားခံရသကဲ့သို့ အရည်ပျော်ကာ အနီရောင်ပြောင်းသွားသည်။

"အငွေ့ပျံ ကြိုးတွေ”

ရေမျက်နှာပြင်ရှေ့တွင် ခယ်ယာနှင့် ချိုက်ကျုံးဂူ နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

All Chapters