အရှိန်မြှင့်ပြောင်းလဲမှု
Vol. 4 Ch. 58
ရုတ်တရက် ပြောင်းလဲမှုက လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ခဲ့သည်။
အမြင့်မြတ်ဆုံး ယန်ဓားကို သုံးပြီးနောက် ချုန်ယန်ဟယ်က အသာစီးရမည်ဟု သူတို့ထင်ခဲ့ကြ
သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ရွှမ်ရင်သည် သူ့ကို သနားစရာကောင်းသော အနေအထားသို့ရောက်အောင် ရိုက်ပစ်မည်ဟု မည်သူက ထင်မည်နည်း။
မျက်နှာပြင်ပေါ်ရှိ အနီရောင် ကြိုးတန်းကို ဖြည်းညှင်းစွာ ကြည့်လိုက်တော့ ဖြေဆိုသူအများအပြားက စိတ်ရှုပ်ထွေးနေပုံရသည်။
“အဲဒါဘာလဲ?”
“သူမရဲ့ ဝိညာဉ်ရေးရာ အနှစ်သာရကိုထုတ်လွှတ်ခဲ့တာလား”
“မဖြစ်နိုင်ဘူး။ ဝိညာဉ်ရေးအနှစ်သာရကို ထုတ်လွှတ်တာက ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာမှ ကျွမ်းကျင်နိုင်တဲ့ နည်းစနစ်တစ်ခုလေ။ ကျောက်ရွှမ်ရင်က ချီအသွင်ပြောင်းခြင်း မှာပဲ ရှိသေးတာ”
“ဒါဆို ဖြစ်ပျက်ခဲ့တာကို ဘယ်လိုရှင်းပြမလဲ”
“မင်းတို့ လူမိုက်တွေ။ အငွေ့ပျံကြိုးကို တောင်မသိဘူး”
“ အငွေ့ပျံကြိုး.. ချီအသွင်ပြောင်းခြင်းအဆင့် နံပါတ်တစ် ကိုယ်ခံပညာလား”
ထိတ်လန့်မှုက လူအုပ်ကြားထဲ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်။ လူများစွာက ကျောက်ရွှမ်ရင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
အငွေ့ပျံကြိုးသည် ကျောက်မိသားစု၏ အစွမ်းထက်ဆုံး နည်းစနစ်ဖြစ်သည်။ ချီအသွင်ပြောင်းခြင်းအဆင့်မှာ နံပါတ်တစ် ကိုယ်ခံပညာဟု လူအများက ထင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအား ဝိညာဉ်ရေးရာအနှစ်သာရနှင့်ဆင်တူသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်သောကြောင့်ဖြစ်သည်။
ဤတစ်ခုတည်းဖြင့် အငွေ့ပျံကြိုးသည် ချီအသွင်ပြောင်းခြင်း ကိုယ်ခံပညာနည်းစနစ်
အများစုကို ကျော်လွန်နိုင်သည်။
ထို့အပြင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်တွင်ပင် အငွေ့ပျံကြိုးများသည် ထူးကဲသော စွမ်းအားကို ထုတ်လွှတ်နိုင်သေးသည်။
ဒါက အစွမ်းထက်တဲ့ ကိုယ်ခံပညာရဲ့ လက္ခဏာတစ်ခုပင်။
“ကျောက် မိသားစုမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ရှိတာပဲ”
ခယ်ယာက အံ့အားသင့်သွားသည်။
ချိုက်ကျုံးဂူကလည်း သဘောတူသည်။
ကျောက်ရွှမ်ရင်သည် ချီအသွင်ပြောင်းခြင်းအဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အငွေ့ပျံကြိုးနဲ့သာဆို သူမသည်အစပြုသူအဆင့်မှာ ရှိနေရင်တောင် ကြာရှည်စွာအသက်ရှုခြင်း အဆင့်အောက်မှ မည်သူမျှသူမ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
အဓိက တပည့်ကြီးက ဘယ်သူဖြစ်မယ်ဆိုတာ သိသာသည်။
ပုံထဲမှာ ချုန်ယန်ဟယ်၏ မျက်နှာက နီရဲနေသည်။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် ဓားရှည်တစ်လက် ချက်ချင်းပေါ်လာသည်။
သူက သူ့ဓားကို ရှေ့မှာ အလျားလိုက် ကိုင်ထားပြီး ရန်သူကြီးနဲ့ ရင်ဆိုင်ရသလို ကျောက် ရွှမ်ရင်ကို စိုက်ကြည့်နေသည်။
ကောင်မလေး၏ အမူအရာမှာ မထူးခြားပေ။ သူမ၏လက်ချောင်းကို ပွတ်ဆွဲလိုက်သည်နှင့် အနီရောင်ကြိုးတစ်ချောင်းသည် နေရာသို့ ချက်ချင်းတိုးဝင်သွားပြီး ရှည်လျားသောကြာပွတ်ကဲ့သို့ ချုန်ယန်ဟယ်ဆီသို့ လွင့်ပျံသွားသည်။
ချုန်ယန်ဟယ်သည် အငွေ့ပျံကြိုး အကြောင်းကို အနည်းငယ်နားလည်ခဲ့သည်။ ဤအနီရောင်ကြိုးသည် ပါးလွှာသော်လည်း ၎င်းကို အသန့်စင်ဆုံး မီးတောက်စွမ်းအင်မှ ပေါင်းစပ်ထားသည်ကို သူသိသည်။ ထိုအရာက သံကို ချိုးပစ်ဖို့ပင် လုံလောက်သည်။ သာမာန်လက်နက်များက လုံးဝ မခံနိုင်ပေ။ ကြိုးနဲ့ထိလိုက်တိုင်း သူ့ဓားရှည်လိုပဲ အရည်ပျော်သွားလိမ့်မည့်ပင်။
ထို့ကြောင့် ချုန်ယန်ဟယ်သည် ဝင်လာသော အနီရောင် ကြိုးကို မထိဝံ့ဘဲ ရှောင်ထွက်သွားသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် နောက်ထပ် အနီရောင်ကြိုးတစ်ချောင်းသည် လေထဲသို့ တိုးဝင်သွားခဲ့သည်။
ဝူးရှ်။
အသက်ရှု နှစ်ဖြတ် သုံးဖြတ်လောက်မှာပဲ အနီရောင်ကြိုး ဒါဇင်ပေါင်းများစွာက နေရာမှာ ပေါ်လာသည်။ သူတို့သည် ချုန်ယန်ဟယ်ကို ရောယှက်ပြီး ဖုံးအုပ်လိုက်သည်။ သူသည် နောက်ပြန်မဆုတ်နိုင်ဘဲ ပေါ့ပေါ့ပါးပါးသာ ရှောင်တိမ်းခဲ့သည်။
သူ့သွားများကို အံကြိတ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ သည်းခံပြီးတဲ့နောက် မှာတော့ ချုန်ယန်ဟယ်သည် အရှုံးကို လက်ခံခဲ့ရသည်။
“ငါရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ကျောက်ရွှမ်ရင် မင်းကို ဒီအလံကို ငါပေးမယ်။ ငါတို့ အခု တိုက်နေတာ ရပ်လိုက်မယ်”
ရွှမ်
ကောင်းကင်ကို ပြည့်နှက်နေသော အနီရောင်ကြိုးများသည် ရုတ်တရက် ပျောက်
ကွယ်သွားပြီး ချုန်ယန်ဟယ်၏ စုတ်ပြတ်ပြီး ပင်ပန်းနွမ်းနယ်နေသော ရုပ်သွင်ကို ပေါ်လွင်လာစေသည်။
သူက ကျောက်ရွှမ်ရင်ကို မှုန်ကုပ်ကုပ်ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
ကျောက်ရွှမ်ရင်သည် တံခါးဝမှ ချုန်ယန်ရယ်ပျောက်ကွယ်သွားသည်အထိ တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေသည်။ ထိုနောက်မှသာ သူမသည် ယဇ်ပလ္လင်ပေါ်တက်ပြီး အလံကို ဆွဲထုတ်လိုက်သည်။
တစ်မိနစ်အကြာတွင် ကျောက်ရွှမ်ရင်၏ရမှတ်သည် အမှတ် ၂၀၀ တိုးလာသည်။ သူမ၏အဆင့်သည် လင်းရှန်ထက် ချက်ချင်းကျော်သွားကာ ပထမနေရာကို ပြန်လည်ရရှိခဲ့သည်။
ပထမနေရာ၊ ကျောက်ရွှမ်ရင် ၈၀၂မှတ်။
ဒုတိယနေရာက လင်းရှန် ၇၈၅ မှတ်၊
တတိယနေရာ၊ ရွှယ်ဖုန် ၅၈၃ မှတ်။
စတုတ္ထနေရာ၊ ချုန်ယန်ဟယ် ၅၆၂ မှတ်၊
ပဉ္စမနေရာ၊ ဝေ့ချန် ၃၃၀ မှတ်။
ဆဋ္ဌမနေရာ၊ ယန်ရှင်ရ ၃၂၃ မှတ်၊
“ကျောက်ရွှမ်ရင်က ပထမနေရာကို ပြန်
ရောက်နေပြီ”
“ဟားဟား၊ ငါသိတယ်။ ကျောက်ရွှမ်ရင်က လင်းရှန်ကို ကျော်သွားမှာ သေချာပါတယ်။”
“ဘာဂုဏ်ယူစရာရှိလို့လဲ။ လင်းရှန်က အမှတ် (၂၀)ပဲနည်းတာ။ မကြာခင် သူသေချာပေါက် အမှီ လိုက်လာလိမ့်မယ်”
“မင်းအိပ်မက်မက်နေတာလား။ ကျောက်ရွှမ်ရင်က အငွေ့ပျံကြိုးကို ကျွမ်းကျင်အဆင့် ရောက်နေပြီ။ လင်းရှန်က သူ့ပြိုင်ဘက် မဟုတ်ဖူး”
“ဆူညံသံတွေက ဘာတွေလဲ? ဆက်ကြည့်ရင် သိလိမ့်မယ်လေ”
နောက်ဆုံးတော့ ခယ်ယာက သတိပေးလိုက်သည်။ သြဇာကြီးသော မိသားစုများနှင့် သာမာန်ကျောင်းသားများ ရန်ဖြစ်နေကြသော်လည်း ကျယ်လောင်စွာ ငြင်းခုံရန် မဝံ့ရဲကြပေ။ မကျေမနပ်နဲ့ ခေါင်းကိုလှည့်ပြီး ရေမျက်နှာပြင်ကို အာရုံပြန်မစိုက်ခင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ပထမနေရာရဲ့ အပြောင်းအလဲက ခလုတ်ကို
ဖွင့်အပိတ် လုပ်လိုက်သလိုပင်။
နောက်ပိုင်းကာလများတွင် အဆင့်သတ်မှတ်ချက် အပြောင်းအလဲများက ပိုမိုပြင်းထန်လာသည်။
လူတို့သည် ယဇ်ပလ္လင်ကို တစ်ယောက်ပြီးတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ကြပြီး တစ်ချိန်တည်းတွင် လူအများအပြားက ၎င်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။
အရှုံးသမားများသည် မြူခိုးပုံစံထဲမှ နှင်ထုတ်ခံရမည်ဖြစ်ပြီး အောင်နိုင်သူသည် အဆင့်သတ်မှတ်ချက်တွင်မြင့်မားလာမည်ဖြစ်သည်။
ထွက်ခွါရသည့် ဖြေဆိုသူများ ပိုများလာသည်နှင့်အမျှ မြူခိုးကောင်များသည် လျင်မြန်စွာ အားကောင်းလာပြီး ဖြေဆိုသူများကို ဖယ်ရှားလိုက်ကြသည်။
အရာအားလုံးက အရှိန်အဟုန်မြှင့်နေသည်။
စာမေးပွဲစပြီး တစ်နာရီလောက်ကြာနေပြီ ဖြစ်သည်။
ရေမျက်နှာပြင်ပေါ်တွင် လူနှစ်ဆယ်အောက်သာ ကျန်ခဲ့သည်။
ဒါက မြူခိုးဖွဲ့စည်းပုံတွင် အယောက်နှစ်ဆယ်အောက်သာ ကျန်ရှိတော့သည်ဟု ဆိုလိုသည်။
အဲဒီအထဲမှာ အောက်ခြေအဆင့်က အမှတ် (၅၀၀)ကျော်သွားပြီ။
နောက်ထပ် လေးမိနစ်မှ ငါးမိနစ်ကြာပြီးနောက် နောက်ထပ် ဖြေဆိုသူ နှစ်ဦးကို မြူခိုးများထဲမှ နှင်ထုတ်ခဲ့သည်။ နောက်အခိုက်အတန့်တွင် မြူခိုးကောင်များအားလုံး ရုတ်တရက် ခေါင်းမော့ကာ အော်ဟစ်နေပြီး ၎င်းတို့၏ ခွန်အားသည် ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်အထိ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
အဲဒါ နောက်ဆုံးကောက်ရိုးပင်။နောက်ဆုံးအထိ ထိန်းထားဖို့ ကြိုးစားရင်း ရုန်းကန်နေရသော ဖြေဆိုသူများသည် ခုခံနိုင်စွမ်းမရှိတော့ပေ။ ၎င်းတို့သည် မြူခိုးကောင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဖြေဆိုသူဆယ်ဦးကျော်သည် ရင်ပြင်တွင် ရုတ်တရက် ပေါ်လာသည်။
“ဟဲ…ဟဲ…”
ယန်ကျုံးရီသည် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး အေးစက်နေသော ချွေးများကို သုတ်လိုက်သည်။ သူ့အသိစိတ်ပြန်ဝင်လာဖို့ အချိန်အတော်ကြာသည်။
သူက ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ မီတာအနည်းငယ်အကွာမှာရှိတဲ့ စုနျန်ကို ချက်ချင်း သတိထားမိသည်။
“ဟာဟား၊ စုနျန် မင်းလည်း ထွက်လာပြီ။ မင်းလည်း ငါ့ထက်ကြာကြာမနေရဘူးထင်တယ်”
စုနျန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး သူ့နဖူးမှ ချွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဒါက သူ့မှာ စွမ်းအင်တွေ အရမ်းကုန်သွားပြီဆိုတဲ့ လက္ခဏာပင်။
ယန်ကျုံးရီ စကားကိုကြားတော့ စုနျန်က ဒေါသတကြီး စိုက်ကြည့်ပြီး ရေမျက်နှာပြင်ပေါ်က အဆင့်သတ်မှတ်
ချက်တွေကို ကြည့်လိုက်သည်။
ယန်ကျုံးရီကလည်း မော့ကြည့်လိုက်သည်။ သူ့ရဲ့ရလဒ်တွေအတွက်လည်း အရမ်းစိုးရိမ်ခဲ့သည်။
အဆင့် ၁၂၊ယန်ကျုံးရီ ၇၈၆ မှတ်၊
အဆင့် ၁၅၊ စုနျန် က ၇၇၃ မှတ်၊
“ဟားဟား၊ ငါ့အဆင့်က မင်းထက်မြင့်တယ်။ စုနျန် ၊ ငါ အခု မင်းထက် သန်မာနေပြီဆိုတာ မင်း ဝန်ခံရမယ်။”
ယန်ကျုံးရီက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် တုံ့ပြန်သံမကြားရချေ။ သူ လှည့်ကြည့်လိုက်တော့ စုနျန်က မြေပြင်မှာ တွေဝေစွာ ရပ်နေတာကို တွေ့လိုက်ရသည်။ မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရသလို သူ့မျက်လုံးတွေက စိုက်ကြည့်နေသည်။
“ဟေ့ စု၊ ဘာဖြစ်နေတာလဲ” ယန်ကျုံးရီက စိတ်ရှုပ်ထွေးစွာဖြင့် သူ့သူငယ်ချင်း၏ပခုံးကို တွန်းလိုက်သည်။
သူက သူ့ထက် သုံးနေရာပဲ နောက်ကျသည်။ ဒီလောက်ထိ တုန်လှုပ်ဖို့ မလိုချေ။
စုနျန်က မဖြေပေ။ ယင်းအစား သူသည် အမှတ်များကို ညွှန်ပြလိုက်သည်။
ယန်ကျုံးရီက စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာတွေဖြစ်နေတာလဲ?လင်းရှန်က ဘာလို့ ဒုတိယနေရာမှာ ရှိနေတာလဲ။”
ယန်ကျုံးရီ၏ မျက်နှာသည် မယုံနိုင်စရာများဖြင့် ပြည့်နေသည်။
သတိပြန်ဝင်လာတော့ သူ့ဘေးနားက ဖြေဆိုသူအချို့ကို အမြန်ဆွဲပြီး မေးခွန်းတချို့မေးလိုက်သည်။
ခဏကြာတော့ ယန်ကျုံးရီတို့က ဖြစ်ပျက်ခဲ့တာတွေကို သိပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံးက အံ့သြလောက်အောင် ထိတ်လန့်သွားပြီး အချိန်အကြာကြီး အသိပြန်မဝင်ပေ။
တကယ်တော့ စာမေးပွဲမဖြေခင်မှာ လင်းရှန်ရဲ့ ခွန်အားတွေ တိုးလာမည်ဟု မှန်းဆခဲ့ကြသည်။
နောက်ဆုံး မိနစ်မှာတောင် သူတို့ နှစ်ယောက် လုံး ဖြတ်ကျော်သွားခဲ့သည်။ လင်းရှန်သည် လည်း တူညီသောအဆင့်တွင် ရှိနေရန် မဖြစ်နိုင်ပေ။
သို့သော် လင်ရှန်၏တိုးတက်မှုသည် ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူတို့နှစ်ဦးက
မမျှော်လင့်ထားခဲ့ကြပေ။ ယန်ရှင်းကိုတောင် အနိုင်ယူခဲ့သည်။
ယန်ရှင်းကိုတောင်
ယန်ကျုံးရီသည် အဆင့်သတ်မှတ်ချက်ကို ရုတ်တရက်ကြည့်လိုက်သည်။ အချိန်
အတော်ကြာအောင်ရှာဖွေပြီးနောက် ယန်ရှင်းအဆင့်ကို နောက်ဘက်တွင် တွေ့ရှိခဲ့သည်။
နံပါတ် ၁၄၂၊ ယန်ရှင်း ၃၂၃ မှတ်။
အမျိုးအနွယ်ဝင် ဖြေဆိုသူ လေးဦးအနက်မှ တစ်ဦးအနေဖြင့် ယန်ရှင်းသည် အဓိကတပည့်ရာထူးကို ရယူရန် အခွင့်အလမ်း အမြင့်မားဆုံးသူတွေထဲမှ တစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံရသည်။ အခုတော့ သူကထိပ်တန်း (၁၀၀)ထဲတောင် မဝင်နိုင်တဲ့ အနေအထားအထိ ကျသွားသည်။ ဒါက အားလုံးကို အံ့အားသင့်စေသည်။
ယန်ကျုံးရီက ပတ်ဝန်းကျင်ကို ကြည့်
လိုက်တော့ ရင်ပြင်ထောင့်မှ ယန်ရှင်းကို လျင်မြန်စွာ တွေ့လိုက်ရသည်။
သူက ရေမျက်နှာပြင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း သွေးထွက်သံယို မျက်လုံးတွေနဲ့ ပါးပြင်တွေ တုန်နေသည်။ သူ့အဖေကိုသတ်တဲ့ ရန်သူကို မြင်ပြီး ထုံးစံအတိုင်း မောက်မာမှုတွေ လုံးဝဆုံးရှုံးသွားတဲ့ပုံစံလိုပင်။