နောက်ထပ်နည်းနည်း
Vol. 4 Ch. 59
ယန်ကျုံးရီက ယန်ရှင်း၏အမူအရာကိုမြင်သောအခါ သက်ပြင်းချလိုက်သည်။
သူ့သည် ယန်ရှန်းကို မကြည်ဖြူသော်လည်း စာနာမိသည်။
နံပါတ် ၁၄၂.. သူ့ကိုယ်သူ အမြဲတမ်း အထင်ကြီးတတ်တဲ့ ယန်ရှင်းလို ပါရမီရှင်အတွက် ဘယ်လောက် အရှက်ရစေတယ်ဆိုတာ ပြောစရာမလိုပေ။
စာမေးပွဲမဖြေခင်က ယန်ရှင်းသည် လင်းရှန်ကို ကြိုးနဲ့ချည်ပြီး သူ့နောက်လိုက်အဖြစ် စုဆောင်းချင်တာကို ပြန်တွေးမိတော့ ကံကြမ္မာက ထူးဆန်းတယ်လို့ ယန်ကျုံးရီက ခံစားရသည်။
“အဲဒါကြောင့် လူတွေက အမြဲတမ်း ကိုယ့်ကိုကိုယ် အမြင့်ကြီးမှာပဲ ရှိနေမယ်လို့ တွေးထားလို့မရဘူး။ မဟုတ်ရင် တစ်နေ့မှာ တော်တော် ဆိုးဆိုးရွားရွားကို ကျသွားနိုင်တယ်။”
“မင်းဘာတွေအော်နေတာလဲ” စုနျန်က လှည့်၍ ရှုပ်ယှက်ခတ်စွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။” ယန်ကျုံးရီက ပခုံးတွန့်ပြီး သူ့အာရုံကို ရေမျက်နှာပြင်ဆီသို့ ပြောင်းလိုက်သည်။ “ မြူခိုးတွေကြားထဲမှာ လူဘယ်လောက်ကျန်သေးလဲ “
“လေးယောက်ထဲပဲ ကျန်တော့တယ်။ ကျောက်ရွှမ်ရင်၊ ရွှယ်ဖုန်၊ ချုန်ယန်ဟယ်နဲ့ လင်းရှန်”
ကြီးမားသောရေမျက်နှာပြင်ကို လေးပိုင်းခွဲထားပြီး လူလေးယောက်အနက်မှ တစ်ဦးစီ၏ တိုက်ပွဲမြင်ကွင်းတစ်ခုစီကို ပြသနေသည်။
တစ်ချိန်တည်းမှာပဲ ဖြေဆိုသူဆယ်ဦးကျော်ကို မြူခိုးပုံစံထဲမှ ထုတ်ပယ်ပြီးနောက် မြူခိုးသားရဲ၏ ခွန်အားသည် ပိုမိုတိုးမြင့်လာကာ ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူတို့သည် အဋ္ဌမအဆင့်သို့ ရောက်ရန် နီးကပ်လာခဲ့သည်။
ထိုအချိန်တွင် ၎င်းတို့လေးဦးကို မြူခိုးကောင် (၂၀) ကျော်ဖြင့် ဝန်းရံထားသည်။
မြူခိုးကောင်များ၏ မညှာမတာတိုက်ခိုက်မှုအောက်တွင် ရွှယ်ဖုန်နဲ့ ချုန်ယန်ဟယ်တို့သည် ရွေ့လျားရန်ခက်ခဲနေသည်ကို တွေ့ရှိခဲ့ရသည်။ မီတာများစွာ ဝေးသော တံခါးဆီသို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်ကြပေ။ ၎င်းတို့သည် နေရာ၌ လုံးဝချုပ်နှောင်ထားခံရပြီး ရုန်းကန်နေရသည်။
နှိုင်းယှဉ်ကြည့်တော့ ကျောက်ရွှမ်ရင်သည် ပို၍ ငြိမ်သက်နေတာ သေချာသည်။
အငွေ့ပျံကြိုးများ၏ စွမ်းအားသည် အလွန် အစွမ်းထက်သည်။ အနီရဲရဲတွေ ဖြတ်သွားတိုင်း မြူခိုးတွေက တိမ်တိုက်တွေ အဖြစ် ပြန့်ကျဲကုန်သည်။
ခဏအကြာတွင် ကျောက်ရွှမ်ရင်သည် တံခါးနဲ့ငါးမီတာအကွာမှာသာ ရှိတော့သည်။
သို့သော် ပို၍အံ့သြစရာကောင်းသည်မှာ လင်းရှန်၏ စွမ်းဆောင်မှုဖြစ်သည်။
အရပ်ရပ်မှ တိုက်ခိုက်နေသော မြူခိုးသားရဲများကြားတွင် လင်းရှန်သည် လျှပ်စစ်မြွေကဲ့သို့ လှုပ်ရှားသွားနေသည်။ မြူခိုးကောင်တွေကြားက ကွာဟချက်တွေကို ဖြတ်လျှောက်ရင်း သူ့ခြေထောက်တွေက မြေပြင်ကို ထိရုံတင်ပင်။ ရံဖန်ရံခါတွင် သူသည် လှည့်ပတ်နေသော်လည်း အရှိန်မှာလုံးဝမလျော့ဘဲ မြေပြင်ပေါ်တွင် လျှောချနေသလိုပင်။
မြူခိုးကောင်နှစ်ဆယ်ကျော်ရှိသော်လည်း မည်သူမျှ သူ့အဝတ်ထောင့်ကိုပင် မထိနိုင်။ချေ။ ယင်းအစား ၎င်းတို့၏ ခန္ဓာကိုယ်များ ကွဲအက်သွားပြီး မြူခိုးများက လေထဲတွင် ပြည့်နေခဲ့သည်။
“သူက အရမ်းမြန်တယ်”
“ဒါက ဘာလှုပ်ရှားမှုနည်းစနစ်လဲ။”
“ကြယ်ပွင့် လှုပ်ရှားခြင်း နည်းစနစ်လည်းမဟုတ်ဘူး၊ အဲဒါနဲ့ မတူဘူး ”
လူအုပ်ကြီးက အာမေဋိတ်တွေနဲ့ ပြည့်နေသည်။
ခယ်ယာနဲ့ ချိုက်ကျုံးဂူသည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်လိုက်သည်။
“ဒါက အရိပ်နည်းစနစ်လား”
“ဟုတ်တယ်၊ သူက အနည်းဆုံး
အထူး ကျွမ်းကျင်အဆင့် ရောက်နေပြီ”
ချိုက်ကျုံးဂူက အံ့အားသင့်သွားသည်။
အရိပ် အထူးကျွမ်းကျင်အဆင့်
နေမီးတောက် လက်ဝါး ပြီးပြည့်စုံမှုအဆင့်
ဤအသက်အရွယ်တွင် ကျောင်းသားများသည် ဤနှစ်ခုမှ တစ်ခု အောင်မြင်နိုင်လျှင် ထူးချွန်သည်ဟု ယူဆနိုင်သည်။
သို့သော် လင်းရှန်မှာ နှစ်မျိုးလုံး ကျွမ်းကျင်နေသည်။ ကိုယ်ခံပညာတွင် သူ၏ စွမ်းရည်သည် အံ့ဩစရာပင်။
ခယ်ယာက ပိုစဉ်းစားမိသည်။
အရိပ်သည် ကြယ်ပွင့်ရွေ့လျားခြင်းနည်းစနစ် လောက်နီးပါး ကောင်းမွန်သည့် ကိုယ်ခံပညာတစ်ခုဖြစ်သည်။ လူမှုဖူလုံးရေးအဖွဲ့အစည်းမှ ကျောင်းသား လင်းရှန်သည် ဤကိုယ်ခံ ပညာကို ဘယ်ကရခဲ့သနည်း။
“ဒါက ကျွမ်းကျင်တဲ့သူဆီက ရတဲ့ လက်ဆောင်တစ်ခု ဖြစ်နိုင်မလား”
ခဏလောက် စဉ်းစားပြီးနောက် ခယ်ယာက ခေါင်းကို ခါယမ်းလိုက်ပြီး ဒီသံသယကို သူ့စိတ်ထဲ ပြန်ထည့်လိုက်သည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကတောင် ဒီလိုကိစ္စတွေအတွက် လေ့ကျင့်သူတွေကို မေးခွန်းထုတ်မှာ မဟုတ်ချေ။ ထို့အပြင် သူသည် အကယ်ဒမီကျောင်းတစ်ခု၏ ဆရာသာဖြစ်သဖြင့် နောက်ထပ်စုံစမ်းရန် မလိုအပ်တော့ပေ။
တကယ်တော့ အရိပ်သည် ပုံစံမကျတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုမဟုတ်ချေ။
လင်းရှန်နဲ့ ကျောက်ရွှမ်ရင်တို့သည် သားရဲအုပ်စုထဲမှ ခွဲထွက်ပြီး တစ်ချိန်တည်းမှာပင် တံခါးဆီသို့ ပြေးသွားကြသည်။
နောက်တစ်စက္ကန့်တွင် လူအုပ်ထဲမှ အာမေဋိတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းရှန်နဲ့ ကျောက်ရွှမ်ရင်တို့သည် တူညီသောမြင်ကွင်းတစ်ခုတည်းတွင် ပေါ်လာသည်။
နှစ်ယောက်သားက အတူတူပဲ ခန်းမတစ်ခုထဲကို ဝင်လိုက်ကြသည် ။
ပိုလို့တောင် မမျှော်လင့်ထားတာက ခန်းမအလယ်မှာ ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ အဲဒီအပေါ်မှာ ဖွဲ့စည်းပုံ အလံတစ်ခုရှိနေပြန်သည်။
တစ်ချိန်တည်းမှာပင် လင်းရှန်နဲ့ကျောက်ရွှမ်ရင်သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခဲ့ပြီး အံ့အားသင့်သွားခဲ့သည်။
မိုးမခသင်တန်းကျောင်း၏ ပြိုင်ပွဲတွင် ပထမနေရာရရှိခဲ့သော ပါရမီရှင်ဖြစ်တာကြောင့် ကျောက်ရွှမ်ရင်သည် လင်းရှန်ကို အထင်ကြီးခဲ့သည်။
ဒီလောက်ပင်။
လင်းရှန်သည် ယန်ရှင်းကို အနိုင်ယူခဲ့သည်ကို သူမ မသိချေ။ လင်းရှန်သည် ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်တွင် ရှိနေသည်ဟု သူမထင်နေသေးသည်။ သူ့ကိုမြင်သောအခါ စိတ်နှလုံးမချမ်းမြေ့ဘဲ ယဇ်ပလ္လင်ဆီသို့ ပြေးသွား၏။
ဒါပေမယ့် လင်းရှန်က သူ့ထက်မြန်သည်။
အရိပ်အထူးကျွမ်းကျင်အအဆင့်၏ စွမ်းအားအပြည့်အောက်တွင် လင်းရှန်သည် နောက်ကွယ်မှ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်သည်။ တခဏအတွင်းမှာပင် သူသည် မီတာများစွာကို ဖြတ်ကျော်ပြီး ယဇ်ပလ္လင်ပေါ်သို့ ရောက်လာသည်။ လျှပ်တပြက်အရှိန်ဖြင့် ဖွဲ့စည်းပုံအလံကို ဖမ်းယူရန် ထွက်လာခဲ့သည်။
ဒီမြင်ကွင်းကိုမြင်တော့ ကျောက်ရွှမ်ရင်က အံ့ဩသွားသည်။ စဉ်းစားချိန်မရဘဲ လက်ချောင်းဖြင့် အလျားလိုက်မျဉ်းကို ဆွဲလိုက်သည်။ အနီရောင်ကြိုးတစ်ချောင်းက နေရာကိုဖြတ်သွားကာ လင်းရှန်ဆီသို့ အလျင်အမြန် ရစ်ပတ်လိုက်သည်။
လင်းရှန်သည် သူ့အနားမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို သတိပြုမိသောအခါတွင် အလံတိုင်ကို လှမ်းကိုင်ထားပြီးသား ဖြစ်သည်။ သို့သော် ရွေးချယ်စရာမရှိတာကြောင့်ယဇ်ပလ္လင်အစွန်း၌ ရပ်လျက် နောက်ဆုတ်သွားရသည်။
တစ်ချိန်တည်းမှာပင် ကျောက်ရွှမ်ရင်သည်လည်း ယဇ်ပလ္လင်ပေါ်သို့ တက်လာခဲ့သည်။
အလယ်မှာ အလံတိုင်နဲ့အတူ နှစ်ယောက်က မီတာ (၃၀) အကွာအဝေးမှ တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည်။
“အဲဒီအနီရောင်ကြိုး…သူမက သူ့မရဲ့ဝိညာဉ်ရေးရာအနှစ်သာရကို ထုတ်လွှတ်လိုက်တာလား”
လင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူသည် ထိုထင်ကြေးများကို အမြန်ပယ်ချလိုက်သည်။
အကယ်၍ ကျောက်ရွှမ်ရင်သာ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ တက်လှမ်းခဲ့မည်ဆိုလျှင် သူသည် ထိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ပေ။
အထူး ကိုယ်ခံပညာ နည်းစနစ် အချို့ ဖြစ်နိုင်ချေရှိသည်။
သို့သော်လည်းကျောက်ရွှမ်ရင်သည် လင်းရှန်ထက် ပို၍ တုန်လှုပ်သွားခဲ့သည်။
ယခု တိုက်ခိုက်မှုအရ သူမသည် လင်းရှန်ရဲ့ ခွန်အားကို ပြင်းပြင်းထန်ထန် လျှော့တွက်ထားမိသည်ကို သိလိုက်သည်။
သူသည် ချီအသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ကို ကျော်လွန်သွားခဲ့ပြီပင်။
ဘာတွေဖြစ်နေတာလဲ?
ကျောက်ရွှမ်ရင်က စိတ်ရှုပ်သွားသည်။
လင်းရှန်ကို နောက်ဆုံးတွေ့ခဲ့တာ တစ်လပဲရှိသေးသည်။ လင်းရှန်း၏ ခွန်အားသည် အဘယ်ကြောင့် ဤမျှလောက် တိုးလာသနည်း။
သို့သော် ယခုအချိန်သည် ထိုကိစ္စကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ ကျောက်ရွှမ်ရင်သည် သူမရှေ့မှ အခြေအနေကို အမြန်အာရုံစိုက်လိုက်သည်။
ယခုအချိန်တွင် မြူခိုးဖွဲ့စည်းပုံတွင် ဖြေဆိုသူအနည်းငယ်သာ ကျန်ရှိတော့သည် ။
စာမေးပွဲက ပြီးနေပြီပင်။ ဒီဖွဲ့စည်းပုံအလံကို သူမရရှိသရွေ့ ပထမနေရာကို ရယူနိုင်သည်။
လင်းရှန်လည်း ဒါကို သဘောပေါက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။
သူတို့ပတ်ဝန်းကျင်က လေတွေက ရုတ်တရက် အေးခဲသွားသည်။
အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ လေထုဟာ ရေမျက်နှာပြင်ကို ပျံ့နှံ့သွားပြီး ရင်ပြင်မှာရှိတဲ့ လူတွေကိုပါ ကူးစက်သွားသည်။
လူတိုင်းသည် အသက်ရှု နှေးလာပြီး မသိစိတ်က ပြူးကျယ်သော မျက်လုံးများဖြင့် ရေမျက်နှာပြင်ကို စိုက်ကြည့်နေကြသည်။
နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုက အဓိကတပည့်ရာထူးကို ထိခိုက်စေမယ်ဆိုတာ အားလုံးသိသည်။
အသံတိတ် ထိပ်တိုက်ရင်ဆိုင်မှုသည် ဆယ်စက္ကန့်ကျော် ကြာသည်။ နောက်
အခိုက်အတန့်တွင် လင်းရှန်သည် လျှပ်စီးလက်သလိုမျိုး ကျောက်ရွှမ်ရင်ဆီသို့ ရုတ်တရက် ပြေးလာသည်။ သူသည် ပထမဆုံး တိုက်ခိုက်သူဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ကျောက်ရွှမ်ရင်နဲ့ ငါးမီတာ အကွာကို ရောက်လာသည်။ သူ့လက်ဖဝါးမှ အပူလှိုင်းများသည် ကမ်းခြေကို ရိုက်ခတ်လာသော ပြင်းပြင်းထန်ထန် လှိုင်းလုံးများကဲ့သို့ ရှေ့သို့ လွင့်ပျံလာသည်။
ဝူး
ရုတ်တရက် လေကို ထိုးဖောက်တဲ့အသံတစ်ခုက ထွက်ပေါ်လာသည်။ ဒါဇင်ပေါင်းများစွာသော အနီရောင်ကြိုးများသည် ချက်ချင်းပင် တောက်လောင်နေသော လှိုင်းလုံးများကို အပိုင်းပိုင်းအဖြစ်သို့ ဆုတ်ဖြဲသွားစေသည်။ လေထုကို ထိုးဖောက်ပြီးနောက် လင်းရှန်ကို တိုက်ခိုက်လိုက်သဖြင့် သူလုပ်နေတာကိုရပ်ပြီး ရှောင်တိမ်းလိုက်သည်။
ယဇ်ပလ္လင်၏ ထောင့်တစ်နေရာကို အနီရောင်ကြိုးများဖြင့် ချက်ချင်း ဖုံးအုပ်
သွားသည်။ အဲ့တာက လင်းရှန်ကို ချုပ်နှောင်ထားတဲ့ လေလုံသည့် လှောင်အိမ်တစ်ခုလိုပင်။ သူ ရှောင်လွှဲလို့ မရချေ။ အနည်းငယ် နှောင့်နှေးနေပါက အငွေ့ပျံကြိုးတွေ ဆွဲချတာခံရပြီး ရှုံးသွားလိမ့်မည်။
ဤသည်မှာ ချီအသွင်ပြောင်းခြင်း အဆင့်ရှိ နံပါတ်တစ် ကိုယ်ခံပညာ၏ ခွန်အားဖြစ်သည်။
အငွေ့ပျံကြိုးတွေရဲ့ စွမ်းအားက သတ္တုကို ချိုးဖျက်ဖို့ လုံလောက်သည်။ တူညီသောအဆင့်ရှိသည့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာရပ် တစ်ခုပင်လျှင် အငွေ့ပျံကြိုးများကို တစ်မိနစ်ထက်ပို၍ မခံနိုင်ချေ။
သာမန်လက်နက်များသည် အခုလို ရှောင်တခင်တိုက်ခိုက်မှုကို မခံနိုင်ချေ။
ထူးဆန်းသောလက်နက်ကို ကိုင်ဆောင်ထားခြင်းမရှိပါက ၎င်းကို ခုခံရန်နည်းလမ်းမရှိပေ။
စာမေးပွဲတွင် ထူးဆန်းသောလက်နက်များအသုံးပြုခြင်းကိုတားမြစ်ထားသောကြောင့် အငွေ့ပျံကြိုးသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သည်။
လင်းရှန်ကို အငွေ့ပျံကြိုးများဖြင့် လုံး၀ ဝိုင်းရံထားခံရသည်ကို မြင်လိုက်ရသဖြင့် ခယ်ယာနဲ့ ချိုက်ကျုံးဂူက သက်ပြင်းချလိုက်သည်။
“ငါတို့မှာ အောင်နိုင်သူ ရှိနေပြီ”
“သနားစရာပဲ။ အငွေ့ပျံကြိုးကြောင့် မဟုတ်ရင် လင်းရှန်က အနိုင်ရဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်ပါတယ်။”
ဆရာနှစ်ယောက်ရဲ့ မျက်နှာမှာ သနားစရာ အကြည့်တွေ ပေါ်လာသည်။
အနီးနားရှိ ပရိသတ်များက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ကြည့်ရတာ အံ့သြစရာမရှိဘူး”
“နောက်ဆုံးမှာတော့ ကျောက်ရွှမ်ရင်ကနိုင်မှာပဲ ။ အဲဒါက အဓိပ္ပာယ်ရှိတယ်။ မြင်းနက်တွေက ရောက်လာဖို့ ရှားပါတယ်။”
“လုံလောက်နေပါပြီ။ လင်းရှန်က ဒုတိယနေရာမှာ ရပ်တည်နေတာပဲ။ အရင်တုန်းက စာမေးပွဲတွေမှာ သာမာန်ကျောင်းသားတွေက ဒီလိုရလဒ်တွေ ရဖူးလို့လား”
“ဟုတ်ပါတယ်။ ဒါက ဂုဏ်ယူစရာ အောင်မြင်မှုပဲ”
သူ့ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေကိုကြားတော့ ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။
“သနားစရာပဲ။ သူက ရောက်ခါနီးနေပြီကို”
“သူ ကောင်းကောင်းလုပ်ခဲ့တာပဲလေ” စုနျန်က ပြောသော်လည်း သူ့မျက်နှာပေါ်မှ နောင်တကို မဖုံးကွယ်နိုင်ချေ။
သို့သော် အားလုံးက ပြီးသွားပြီဟု ထင်နေကြသော်လည်း အခြေအနေကလည်း ပြောင်းလဲသွားသည်။
ရေမျက်နှာပြင်မှ ကြည်လင်သော နဂါးဟောက်သံကို သူတို့ကြားလိုက်ရသည်။