← Chapters

ပိုးကောင်စစ်တပ်

Vol. 5 Ch. 66

ပိုးကောင်စစ်တပ်

Vol. 5 Ch. 66

လင်းရှန် အိမ်ပြန်ရောက်သောအခါ အိုက်ကအိပ်ပျော်နေပြီဖြစ်သည်။

လင်းရှန်သည် ခြေသံကို ဖွဖွနင်းကာ ဒုတိယထပ်ရှိ အိပ်ခန်းထဲသို့ ဝင်သွားသည် ။ တံခါးပိတ်ပြီးနောက် သူသည် ကိုယ်ပွါး ၂ကို ချက်ချင်းခေါ်လိုက်သည်။

အဆီအရည်၊ သွေးဆူမှုန့်၊ မြွေသစ်ခွနှင့် အဆိပ်မီးတောက်မှို။

သူမှာ စုစုပေါင်း ဆေးလေးမျိုးနှင့် ရှားပါး ဆေးဖက်ဝင်အပင်များ ရှိခဲ့သည်။

လင်းရှန်က ကိုယ်ပွါး၂ကို တစ်ခုပြီးတစ်ခု အသုံးပြုခဲ့သည်။ အာနိသင်တစ်ခုစီကို သုံးနာရီကျော်ကြာ စမ်းသပ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ချီအသွင်ပြောင်းခြင်း နဝမအဆင့်သို့ ဖြတ်ကျော် ပြီးနောက် အဆီအရည်၏အကျိုးသက်ရောက်မှုကအလွန်အားနည်းသွားခဲ့သည်။

အဆီအရည် ၅၀၀မီလီလီတာသည် သူ၏ကျင့်ကြံမှုကို ၁% သာတိုးတက်စေသည်။

ကျန်တဲ့သုံးခုကတော့ နည်းနည်းပိုကောင်းသည်။

နောက်ဆုံးတွင် သွေးဆူမှုန့်တစ်ပုလင်းသည် သူ၏ကျင့်ကြံမှုကို ၄% တိုးအောင် ပံ့ပိုးပေးခဲ့သည်။

မြွေသစ်ခွသည် ၎င်း၏ ကျင့်ကြံမှုကို ၆ ရာခိုင်နှုန်းခန့် အထိ တိုးတက်စေသည်။

အဆိပ်မီးတောက်မှိုကတော့ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိသည်။ မှိုတစ်မျိုးတည်းက သူ့ရဲ့ ကျင့်ကြံမှုကို ၉ ရာခိုင်နှုန်းနီးပါး တိုးတက်စေခဲ့သည်။

လင်းရှန်သည် ယနေ့ညတွင် သူဝယ်ခဲ့သော သွေးဆူမှုန့်၊ မြွေသစ်ခွနှင့် အဆိပ်မီးတောက်မှိုများအတွက် ဝိညာဉ်ဒင်္ဂါး သုံးသောင်းကျော်ကို အသုံးပြုခဲ့သည်။

သို့သော် သူ၏ ကျင့်ကြံမှုကို ၄၀% နီးပါးအထိ တိုးစေခဲ့သည်။

မူလဆေးလုံးများအတွက် တူညီသောငွေပမာဏကို သုံးစွဲပါက သူ၏ ကျင့်ကြံမှုသည် ၁ ရာခိုင်နှုန်းသာ တိုးလာမည်ဖြစ်သည်။

သူတို့နှစ်ခုကြားက ခြားနားချက်သည် ကောင်းကင်နဲ့မြေကြီးလို ကွာခြားသည်။

ဤမျှကြီးမားသောကွာဟချက်အတွက် ပေးဆောင်ရမည့် ကြီးမားသော တန်ကြေးရှိတာလည်း သေချာသည်။

စမ်းသပ်မှုအပြီးတွင် ကိုယ်ပွါး ၂မျက်နှာသည် ဖျော့တော့နေပြီဖြစ်သည်။ ၎င်းသည် အသက်ကင်းမဲ့နေပုံရပြီး နောက်စက္ကန့်တွင် မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားမည်ကိုပင် စိုးရိမ်ရသည်။

“ကိုယ်ပွါး ၂ရဲ့ သက်တမ်းက တစ်ဝက်လောက် လျော့သွားပြီ။ ခုနက စမ်းသပ်မှုတွေကို ဖြတ်သန်းခဲ့ရတာဆိုတော့ ဘယ်လောက်ကြာကြာခံနိုင်မလဲတော့ မသိဖူး”

"ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်သွားတဲ့အထိတော့ ကြာရှည်ခံနိုင်မယ်လို့ မျှော်လင့်ရတာပဲ”

လင်းရှန်သည် ခေါင်းယမ်းလိုက်ပြီး သူတရားထိုင်နေစဉ်တွင် ကိုယ်ပွါး ၂ကို ဆက်လက် လေ့ကျင့်ခိုင်းထားသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှ အခြားကိုယ်ပွါးသုံးကောင်သည်လည်း

ကိုယ်ခံပညာများကို စတင်ကျင့်ကြံလာခဲ့သည်။

လောလောဆယ် လင်းရှန် လေ့ကျင့်ခဲ့သော ကျင့်ကြံနည်းစနစ်များနှင့် ကိုယ်ခံပညာများတွင် သေခြင်းအတားအဆီး၊ အရိပ်နှင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံသည် ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိခြင်းမရှိပေ။

၎င်းတို့အနက်မှ သေခြင်းအတားအဆီးသည် ထိုအချိန်တွင် အစပြုသူအဆင့်နဲ့တင် လုံလောက်သောကြောင့် ဒီအတိုင်းထားလို့ရသည် ။ ထို့ကြောင့် ထိုကျင့်ကြံနည်းကို ရှေ့တိုးဖို့ မလိုသေးချေ ။ သေခြင်းအတားအဆီးကို အားလပ်ချိန်များတွင်သာ လေ့ကျင့်နိုင်သည်။

လင်းရှန်သည် အခြားသော ကိုယ်ခံပညာနှစ်ခုအနက်မှ တိမ်တိုက်ကြားမှ နဂါးဟောက်သံကိုဖယ်ထားပြီး အရိပ်ကို ပြီးပြည့်စုံသော အဆင့်ကို ရောက်ရန် အာရုံစိုက်ဖို့ စီစဉ်ထားသည်။

အချိန်တွေက ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်ကြာသွားသည်။

ကိုယ်ပွားသုံးကောင်သည် ခွန်အားအပြည့်ဖြင့် ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် အရိပ်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိခဲ့သည်။

ထို့အပြင် မူလဆေးလုံး၊ အဆီအရည်၊ မြွေသစ်ခွ၊ အခြားဆေးများနှင့် ရှားပါးဆေးဖက်ဝင်အပင်များ၏အကူအညီဖြင့် လင်းရှန်၏ ကျင့်ကြံမှုမှာလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည်- နတ်ဘုရား၏ မနာလိုမှု]

[အဆင့်- ချီ အသွင်ပြောင်းခြင်း နဝမအဆင့် ၊ ၇၅ %]

[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်း နည်းစနည် (ပြီးပြည့်စုံ မှု)၊ နေမီးတောက်လက်ဝါး (ပြီးပြည့်စုံမှု)၊ သေခြင်း အတားအဆီး (အစပြုသူအဆင့် ၆၄ %)၊ အရိပ် (ပြီးပြည့်စုံမှု)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (အစပြုသူအဆင့် ၅%)]

[ကိုယ်ပွားအရေအတွက်- ၄ (၈၀ %)]

"ငါက ကြာရှည်စွာ အသက်ရှုခြင်း အဆင့်ကို ဖြတ်ကျော်ဖို့ ၂၅% ပဲ လိုတော့တယ်”

မျက်နှာပြင်ပေါ်ရှိ ဒေတာများကို ကြည့်လိုက်သောအခါ လင်းရှန်၏မျက်လုံးများတွင် ရွှင်လန်းသောအကြည့်များ တောက်ပလာသည်။

အခုအချိန်မှာတော့ ဝူသည် လင်းရှန်လိုအပ်တဲ့အရာတွေကို ဝယ်ပြီးသား ဖြစ်သင့်သည်။

သွေးဆူအမှုန့်နှင့် မြွေသစ်ခွကဲ့သို့သော ရှားပါးဆေးပြားများ သို့မဟုတ် တခြားရှားပါး ဆေးဖက်ဝင်အပင်တွေနဲ့သာဆို ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ထိ

ကျင့်ကြံနိုင်သည်။

“ပဉ္စမကိုယ်ပွားက ပြီးလုနီးပါးပါလား။ ဆယ်ရက်ပဲစောင့်ရတော့မယ်”

လင်းရှန် ဝမ်းသာသွားသည် ။

ပဉ္စမကိုယ်ပွားကို ပြီးမြောက်သောအခါတွင် သူ၏ ကျင့်ကြံမှုအရှိန်သည် တစ်ဖန် တိုးလာအုံးမည်ပင်။

သာလွန် ကိုယ်ခံပညာကဲ့သို့ အစွမ်းထက်သော စွမ်းရည်ကို ရရှိနိုင်လျှင် ပိုကောင်းပေလိမ့်မည်။

လင်းရှန်က သူ့ဘာသာ စိတ်တည်ငြိမ်အောင်ထားပြီး မျက်နှာပြင်ကို ပိတ်လိုက်ကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

ညသည် မှောင်ပြီး လသည် မြင့်တက်နေသည်။ မှောင်ခိုလမ်းကို ဦးတည်ဖို့ အချိန်ကောင်းပင်။

လင်းရှန်သည် ကုတင်ပေါ်မှခုန်ဆင်းပြီး သူ့ပစ္စည်းများကို ထုပ်ပိုးကာ အဘိုးအိုဝူထံမှ တစ်စုံတစ်ခုရယူနိုင်ဖို့ မှောင်ခိုလမ်းသို့သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ပြတင်းပေါက်မှ ခုန်ထွက်ခါနီးတွင် တံခါးအပြင်ဘက်မှ ဆူညံသံများကိုကြားရပြီး အိုက်၏ အသံကိုလည်း ကြားလိုက်ရသည်။

"လင်းရှန်… လင်းရှန်”

လင်းရှန်က မျက်မှောင်ကြုတ်ကာ တံခါးကိုဖွင့်ဖို့ လှည့်ကြည့်လိုက်သည်။

"ဘာလို့လဲ? ငါ့ခွင့်ပြုချက်မရှိဘဲ ဒုတိယထပ်ကို မလာဖို့ ငါပြောခဲ့တယ် မလား"

အိုက်သည် လင်းရှန်၏ပခုံးပေါ်သို့ ခုန်တက်ကာ သူ့အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ပြတင်းပေါက်မှ မသက်မသာ ကြည့်နေသည်။

“ငါ ရင်းနှီးပြီးသား စွမ်းအင်ကို ခံစားရတယ်။ ညသွေးစက်တွေက အနီးအနားမှာ ရှိမယ်ထင်တယ်။”

လင်းရှန် အကြည့်များက အေးစက်သွားသည်။ ညသွေးစက်တွေက သူတို့နောက်ကို လိုက်နေတာလား။

"သေချာလား"

“ညသွေးစက်က လူဆိုးတွေရဲ့ အနံ့က တအားကြောက်စရာကောင်းတယ်။ ငါအမှားလုပ်မိတာ မဟုတ်လောက်ဘူး။ သူတို့က အနီးနားမှာ ရှိနေတယ်”

"ဟုတ်လား။" လင်းရှန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ညသွေးစက်များသည် သူနှင့်အိုက် ထိုနေရာတွင် ရှိ၊ မရှိကို မသိသော်လည်း သတိထားလိုက်တာက ထိခိုက်မှု မရှိနိုင်ပေ။ ဒီနေရာကနေ အရင်ထွက်သွားတာက ပိုကောင်းမည်။

လင်းရှန်သည် သူ၏ သိုလှောင်ကျောက်စိမ်းပြားထဲမှ ကာကွယ်ခြင်းအဆောင် နှစ်ခုကို ထုတ်ပြီး သူ့ကိုယ်နှင့် အိုက်ပေါ်တွင် ကပ်ထားလိုက်သည်။

၎င်းတို့သည် အဆင့်နိမ့် အဆောင်များသာဖြစ်သော်လည်း ၎င်းတို့၏ အကျိုးသက်ရောက်မှုကို လျှော့တွက်လို့ မရပေ။

ကာကွယ်ခြင်းအဆောင်သည် ကြာရှည်စွာ အသက်ရှုခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူထံမှ လေးကြိမ်မှ ငါးကြိမ်အထိ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။

ကာကွယ်ခြင်းအဆောင်၏အကျိုးသက်ရောက်မှုမပျောက်မီအထိ ကိုငဆောင်ထားသူသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိနိုင်ပေ။

ထို့နောက် ချက်ချင်းပင် လင်းရှန်သည် ငှက်မွှေးအဆောင်ကို သူ့ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသည်။

အဆောင်၏ သက်ရောက်မှု စတင်သည်နှင့် တပြိုင်နက် လင်းရှန်၏ ခန္ဓာကိုယ်

သည် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ဆွဲငင်အား ထက်ဝက်ကျော်လောက် ပျောက်ကွယ်သွားပုံရသည်။

သူက ပေါ့ပေါ့ပါးပါး ခုန်ပြီး ပြတင်းပေါက်နားကို ဆင်းသွားသည်။ ထို့နောက် သူသည် နောက်သို့ ခုန်ကာ တိုက်ခန်းအနောက်ဘက် လမ်းပေါ်သို့ အသံတိတ် ဆင်းသက်လာသည်။

ညဥ့်နက်နေတာကြောင့် လမ်းတွေကတိတ်ဆိတ်နေသည်။ မြင်ကွင်းမှာ ဘယ်သူမှမရှိခဲ့ပေ။

လင်းရှန်က မနှောင့်နှေးဘဲ အိုက်နဲ့ ချက်ချင်းထွက်သွားသည်။

ငှက်မွှေးအဆောင်၏အကူအညီဖြင့် လူနှင့်ကြောင်သည် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တိုက်ခန်းနှင့် တစ်ကီလိုမီတာကျော် ဝေးကွာသွားခဲ့သည်။

သို့သော် အိုက်က အမြန်သတိပေးသည်။

“လင်:ရှန် ၊ အဲ့ဒီစွမ်းအင်တွေက ငါတို့ဆီ ရောက်လာသလို ခံစားရတယ်။ အရမ်းမြန်

တယ်”

လင်းရှန်၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားသည်။

ငှက်မွှေးအဆောင်သည် နတ်ဘုရားခြေလှမ်းအဆောင်ကဲ့သို့ လူတစ်ဦး၏ အမြန်နှုန်းကို ကောင်းစွာမမြှင့်တင်နိုင်သော်လည်း ၎င်းသည် ခန္ဓာကိုယ်ကို ပေါ့ပါးစေခြင်းဖြင့် လူတစ်ဦး၏အရှိန်ကို တိုးမြှင့်ပေးနိုင်သည်။

လမ်းတစ်လျှောက်တွင် သူသည် သူ၏ ပြီးပြည့်စုံသော အရိပ်များကို အစွမ်းကုန် အသုံးပြုခဲ့သည်။

သူ့အရှိန်ကို နှစ်ဆတိုးတာတောင် လိုက်ရှာနေသူတွေလက်ထဲကနေ တကယ်မရုန်းနိုင်တော့ချေ။ ယင်းအစား ရန်သူနှင့် သူတို့ကြားရှိ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ လိုက်လာသူတွေက ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ဖြစ်နိုင်လား။

တပ် တပ် တပ်

သူ အံ့ဩနေတဲ့အချိန်မှာ ထူးဆန်းတဲ့ အသံတစ်ခုက နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ မြင်းခွါသံနှင့် အနည်းငယ်တူသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ပို၍သေးငယ်သည်။

လင်းရှန်က မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ အမှောင်ထုကို ဖြတ်ကျော်ကာ ပြောင်ပြောင်တင်းတင်း လာနေသော ထူးဆန်းသည့် နတ်ဆိုးအုပ်စုကို သူမြင်လိုက်ရသည်။

ဤနတ်ဆိုးများသည် အရပ်တစ်လက်မကျော်သာ ရှိသည်။ သူတို့၏ အပေါ်ပိုင်းကိုယ်ခန္ဓာသည် လူသားဆန်သော်လည်းအောက်ပိုင်းကိုယ်ခန္ဓာသည် မြင်းများနှင့်တူသည်။ သူတို့မှာ ခြေထောက်ခြောက်ချောင်းရှိပြီး အေးခဲတဲ့ ချပ်ဝတ်တန်ဆာနဲ့ ဖုံးအုပ်ထားသည်။ အားလုံးက လက်နက်တွေ ကိုင်ထားကြသည်။ အချို့က လေးနှင့်မြှားများပင် ကိုင်ဆောင်ထားကာ မြင်းတပ်သားများနဲ့တူသော်လည်း အရွယ်အစားက သေးငယ်လွန်းသည်။

အဲတာတွေက အနည်းဆုံး ၃၀၀ ကနေ ၄၀၀ လောက်ရှိသည်။ သူတို့သည် ရှေ့သို့ တိုးရင်းဖြင့် ပြည့်ကျပ်နေခဲ့သည်။ သူတို့သည် သေးငယ်သော်လည်း စစ်သည်တစ်ထောင်၏ ကြီးကျယ်ခမ်းနားသော အရိပ်အယောင်ကို ပြသပြီး ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

လင်းရှန် အံ့သြသွားသည်။

"ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ"

အိုက်က ကြောက်လန့်တကြားအော်လိုက်ပြီးလင်းရှန်၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

"ပိုးကောင်တွေ အများကြီးပဲ။ ငါ ပိုးကောင်တွေကို အရမ်းကြောက်တယ်”

ပိုးကောင်တွေလား?

လင်းရှန်၏ အမူအရာက ပြောင်းသွားပြီး " သူတို့က ဘယ်လိုနတ်ဆိုးမျိုးလဲဆိုတာ မင်းသိလား”

" သူတို့ သူတို့က ပိုးကောင်စစ်တပ်၊ တအားကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲတွေပဲ”

All Chapters