လင်းရှန်သည် အလွန်တန်ဖိုးရှိသည်။
Vol. 5 Ch. 67
ပိုးကောင် စစ်တပ်
အရိပ်အမြွက်တစ်ခုက လင်းရှန် မျက်လုံးထဲမှာ လင်းခနဲ ဖြစ်သွားသည်။
သူတို့တွေက ဘယ်လို နတ်ဆိုးတွေလဲ။
လင်းရှန်က မေးချင်နေသေးပေမယ့် ပိုးကောင်စစ်တပ်တွေက သူနဲ့ ဆယ်မီတာအကွာမှာရောက်နေသည် ။ သူ့မှာ အခြားရွေးချယ်စရာမရှိသဖြင့် ရပ်တန့်ပြီး တိုက်ပွဲဝင်ရန်သာ တတ်နိုင်ခဲ့သည်။
ညကောင်းကင်တွင် ထူထပ်ပြည့်ကျပ်နေသော ပိုးကောင်စစ်တပ်များသည် အနက်ရောင်ဒီရေကဲ့သို့ ရှေ့သို့ တိုးထွက်လာသည်။ သူတို့လက်ထဲရှိ လက်နက်များသည် အေးစက်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသည် ။
လင်းရှန်က အသက်ပြင်းပြင်းရှူပြီး ရုတ်တရက် အော်ဖို့ ပါးစပ်ကို ဖွင့်လိုက်သည်။
တခဏအတွင်းမှာပင် နဂါးဟောက်သံကဲ့သို့ ရှင်းလင်းပြတ်သားသော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော အစိုင်အခဲ အသံလှိုင်းများသည် လှိုင်းလုံးများကဲ့သို့ ရှေ့ကို လွင့်ထွက်လာပြီး တိုက်ခိုက်ဖို့ လုပ်နေသော ပိုးကောင်များကို ထိမှန်ကုန်သည်။
ပိုးကောင်စစ်တပ်များသည် ကြီးမားသော နံရံတစ်ခုနှင့် တိုက်မိသွားပုံရသည်။ အရှေ့ဘက်မှ ထူးဆန်းသော ပိုးကောင်နှစ်ဆယ်တို့သည် ကောင်းကင်တွင် ပြည့်လျှံနေသော သွေးအမှုန်အမွှားများအဖြစ် မပေါက်ကွဲသွားမီ အော်ဟစ်ရန် အချိန်ပင်မရှိခဲ့ပေ။
အသံလှိုင်းများသည် ပိုးကောင်းများကြားထဲသို့ ဆက်လက် တိုးဝင်သွားပြီး ၎င်းတို့၏ဖွဲ့စည်းပုံကို ချက်ချင်းကွဲအက်သွားစေသည် ။
“ပုန်းတော့”
လင်းရှန်သည် အိုက်ကို ပခုံးပေါ် ဆွဲတင်လိုက်ပြီး ညာဘက်နံရံပေါ်သို့ ပစ်ချလိုက်
သည်။ ထို့နောက် သူက ခုန်ထွက်လာပြီး ပိုးကောင်စစ်တပ်များ၏ ဖွဲ့စည်းပုံ ပရမ်းပတာဖြစ်မှုကို အခွင့်ကောင်းယူလိုက်သည်။ သူသည် နေမီးတောက် လက်ဝါးကို အသုံးပြုပြီး ပိုးကောင်ဆယ်ကောင်ကျော်ကို မီးသွေးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
တိုက်ခိုက်မှု အနည်းငယ် လုပ်ပြီးနောက် ပိုးကောင်စစ်တပ်များသည် သူမျှော်လင့်ထားသလောက် အစွမ်းမထက်ကြောင်း လင်းရှန်က လျင်မြန်စွာ သဘောပေါက်ခဲ့သည်။
၎င်းတို့သည် လေထက်မြန်ပြီး ၎င်းတို့၏လက်နက်များက ထက်မြက်
သော်လည်း ချီအသွင်ပြောင်းခြင်း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်လောက်သာ ရှိကြသည်။
လင်းရှန်အတွက်တော့ လက်ဖဝါးတစ်ချက်ကတစ်ယောက်ကို သတ်ဖို့လုံလောက်သည်။ နေမီးတောက်လက်ဝါးနဲ့ဆို သူသည် တစ်ကြိမ်
တည်းဖြင့် ပိုးကောင်များစွာကို သတ်ပစ်နိုင်သည်။ အိုက်ပြောသလောက် ကြောက်စရာကောင်းပုံမပေါ်ချေ။
သို့ရာတွင် ဒုတိယအတွေးကို တွေးနေတုန်းမှာပဲ ပိုးကောင်စစ်တပ်သည် တစ်ဦးချင်းအလိုက် အစွမ်းမထက်သော်လည်း ၎င်းတို့တွင် အံ့ဩစရာ အရေအတွက်ရှိပြီး ၎င်းတို့၏ရန်သူများကို တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းမှုတစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သည်ကို သူနားလည်ခဲ့သည်။
လင်းရှန်သည် ပိုးကောင်စစ်တပ်ကို ဖျက်ဆီးရန် တိမ်တိုက်ကြားမှ နဂါးဟောက်သံကိုအသုံးမပြုပါက သူသည် ချီအသွင်ပြောင်းခြင်း နဝမအဆင့်တွင် ရှိနေရင်တောင် အန္တရာယ်ကျရောက်နိုင်သည်။
ဤပိုးကောင်စစ်သားများ များပြားစွာ ပေါ်လာတာက သာမန် ချီအသံင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအတွက် အလွန်ပင် ဒုက္ခဖြစ်ပေလိမ့်မည်။
“ ပိုးကောင်စစ်တပ်ကို ထိန်းချုပ်တဲ့သူတစ်ယောက် ရှိရမယ် ။ ဘယ်သူဖြစ်နိုင်မလဲ။ လောင်ရီလား”
လင်းရှန်သည် ပိုးကောင်စစ်တပ်ကို သတ်ဖြတ်ရင်း စိတ်ထဲတွင် လျင်မြန်စွာ တွေးလိုက်မိသည်။
အစောပိုင်းအဆင့်မှာ ပရမ်းပတာဖြစ်ပြီးနောက် ပိုးကောင်စစ်တပ်များသည် ၎င်းတို့၏တိုက်ခိုက်မှုများကို လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းခဲ့သည်။
ပိုမိုကြီးမားသော ပိုးကောင်စစ်သားအနည်းစုက ကွပ်ကဲမှုအောက်တွင် လျင်မြန်စွာ လူစုခွဲသွားခဲ့သည်။ အဝေးမှ မြှားပစ်ခြင်း၊ အရှေ့မှတိုက်ခိုက်ခြင်းနှင့် လင်းရှန်နောက်ကွယ်မှ ခိုးဝင်တိုက်ခိုက်ဖို့ နံရံတစ်လျှောက်တက်သွားခြင်းများ လုပ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ရာနဲ့ချီတဲ့ ပိုးကောင်တွေဟာ ဝိုင်းဖွဲ့ပြီး လင်းရှန်ကို မကြောက်မရွံ့ တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း လင်းရှန်သည် ငြိမ်သက်နေပြီး ပိုးကောင်စစ်တပ်၏ လှိုင်းလုံးလို တိုက်ခိုက်မှုများကြားတွင် တည်ငြိမ်နေခဲ့သည်။
ကာကွယ်ခြင်းအဆောင်ရှိတာကြောင့် ပိုးကောင်စစ်သားများ၏မြှားများနှင့် ခိုးဝင်တိုက်ခိုက်မှုများကို လင်းရှန်က ဂရုမစိုက်ချေ။ ပိုးကောင်များသည် ကာကွယ်ခြင်းအဆောင်၏ အကာအကွယ်ကို ဖြတ်ကျော်၍မရချေ။
သူသည် သူ့ပတ်ဝန်းကျင်ရှိ ပိုးကောင်စစ်သားများကို အစွမ်းရှိသမျှ သတ်ပစ်ရန်သာ လိုအပ်သည်။
ပိုးကောင်များ များပြားလာသောအခါ လင်းရှန်သည် အနီးနားရှိ ပိုးကောင်များကို တွန်းထုတ်ပြီး စက်ဝိုင်းမှ ခွဲထွက်ရန် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို ချက်ချင်း အသုံးပြုခဲ့သည်။
အကြိမ်အနည်းငယ်ကြာတဲ့အထိ ပိုးကောင်စစ်တပ်သည် လင်းရှန်ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။ ယင်းအစား ၎င်းတို့ထဲမှ ၂၀၀ နီးပါး သေဆုံးပြီး ဆုံးရှုံးမှုများပြားခဲ့သည်။
ဤသို့ဆက်သွားပါက လင်းရှန်ကိုမသတ်မီတွင် ပိုးကောင်များ အကုန် သုတ်သင်ခံရမည်ကို မြင်နေရတာကြောင့် အုပ်ထိန်းသူသည် နောက်ဆုံးတွင် ထိုင်မနေနိုင်တော့ပေ။
ကျွီ
စူးရှသော ပုလွေသံ ရုတ်တရက် ထွက်ပေါ်လာသည်။
အသံကိုကြားလိုက်သည်နှင့် ကျန်တဲ့ပိုးကောင်စစ်တပ်သည် အေးခဲသွားပြီး မဆိုင်းမတွ ပြန်ဆုတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းရှန်နဲ့ (၃၀) မီတာလောက်ဝေးတဲ့နေရာကို ဆုတ်ခွါသွားကြသည်။ ထို့နောက် သူတို့သည် ဒီရေကဲ့သို့ ခွဲခွာကာ လမ်းကြောင်းရှင်းသွားပြီး သူတို့နောက်မှ
လူတစ်ယောက်က ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လရောင်အောက်တွင် လင်းရှန်သည် ထိုလူ၏မျက်နှာကို မြင်လိုက်ရသည်။
ထိုလူသည် အသက် ၃၅ နှစ်ခန့်ရှိပုံရသည်။ သူ့မျက်နှာက ပါးလွှာပြီး ဖြူဖျော့နေကာ သူ့မျက်လုံးအောက်မှာ အမဲစက်တွေ ရှိနေသည်။ ကြည့်ရတာတော့ သူက ဒီနေရာမှာ နှစ်ရက်လောက်နေနေပုံရသည်။
သူလည်းနည်းနည်း စိတ်ဓာတ်ကျနေသည် ။ လင်းရှန်ကို ကြည့်နေပုံက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို အေးစက်နေသည်။
“မင်းက ဒီနှစ် နိုင်ယန်းကျောင်းရဲ့ အဓိကတပည့်ဖြစ်လာတာ အံ့သြစရာတော့ မရှိပါဘူး။ မင်းမှာ ခွန်အားတွေရှိနေတာပဲလေ။ ငါ့ရဲ့ ပိုးကောင်စစ်တပ်တွေတောင် မင်းကို ဘာမှမလုပ်နိုင်ဘူး” ထိုလူက ကဲ့ရဲ့လိုက်သည်။
ခဏနေတော့ သူ့ဘေးက နံရံကနေ ခေါင်းသေးသေးလေး ထွက်လာသည်။ အဲ့တာက အိုက်ပင်။
သူမသည် ထိုလူကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည် " လင်းရှန် အဲ့ဒီလူဆိုးက လောင်ရီပဲ”
လင်းရှန် မျက်လုံးများ လင်းကနဲ ဖြစ်သွားသည်။
သူတို့ကို လိုက်ဖမ်းနေသူမှာ ညသွေးစက်၏ ခေါင်းဆောင်ပင် ဖြစ်နေသည်။
အိုက်ပြောပြီးသည်နှင့် လောင်ရီ၏ အေးစက်သော မျက်လုံးများက လျှပ်စီးလက်သလိုမျိုးဖြစ်လာတာကြောင့် အိုက်ကကြောက်လန့်တကြား လှည့်ပတ်ကာ ခေါင်းငုံ့သွားသည် ။
သို့သော် သူမဘေးတွင် လင်းရှန်ရှိနေကြောင်း အလျင်အမြန်သတိရသွားပြီး သူမ၏ သတ္တိများ ချက်ချင်း တိုးလာခဲ့သည်။ သူမက ခေါင်းညိတ်ကာ ဒေါသတကြီး အော်ဟစ်နေသည်။
"လူဆိုး.. ငါ့ကိုပြန်ခေါ်ဖို့ မစဉ်းစားနဲ့”
မမျှော်လင့်ဘဲ လောင်ရီက ထိုစကားကိုကြားသောအခါ မထီမဲ့မြင် ပြုံးလိုက်သည်။
"ကြောင်မိုက်၊ ငါက မင်းအတွက် ဒီမှာ ရှိတယ်လို့ ထင်နေတာလား။ မင်း ကိုယ့်ကိုကိုယ် ပိုတွက်နေတာပဲ”
လင်းရှန် အမူအရာက ပြောင်းသွားပြီး အနည်းငယ် အံ့သြသွားသည်။
လောင်ရီက အိုက်ကို ဖမ်းဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူးလား။
လင်းရှန်၏ စိတ်ရှုပ်ထွေးမှုကို ခံစားမိလိုက်သလိုပဲ လောင်ရီက ရယ်မောလိုက်သည်။
“ဝိညာဉ်ရေးရာကြောင်တွေကို ဖမ်းရောင်းတာလိုမျိုး အမြတ်နည်းတဲ့လုပ်ငန်းကို ဘယ်သူမှ မလုပ်တော့ဘူး။ ငါ အသက်မွေးဝမ်းကြောင်းပြောင်းလိုက်တာ ကြာပြီ။ အလုပ်ရှင်အသစ်က လစာကောင်းကောင်းပေးတယ်လေ။ ကျင့်ကြံသူတွေကို ဖမ်းနိုင်ရင် ဆုငွေက ဝိညာဉ်ဒင်္ဂါးပေါင်း ရာနှင့်ချီရတာ။ အဲဒါက ဘယ်လိုလဲ။ သိပ်ရက်ရောလွန်းတယ် မလား”
အဆုံးတွင် လောင်ရီသည် လင်ရှန်အား ရက်စက်သော အပြုံးဖြင့် စိုက်ကြည့်နေသည်။
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဒီရောက်နေတာ ငါ့ကြောင့် လား"
"ဟုတ်တာပေါ့”
လောင်ရီသည် သူ့လက်ချောင်းများကို ဆုပ်လိုက်သည်။
လောင်ရီသည် အောင်ပွဲရသလို ခံစားရတာကြောင့် ကြောင်ဖမ်းမိသော ကြွက်တစ်ကောင်၏ အမူအရာကို ခံစားလိုသည်။ သူက လင်းရှန်ကို ရှင်းပြဖို့ စိတ်ဆန္ဒရှိနေသည်။
"တစ်စုံတစ်ယောက်က မင်းမှာ အရည်အချင်းရှိတာကိုသိပြီး မင်းရဲ့ခန္ဓာကိုယ်ကနေ ဆန်းပြားတဲ့ပုံစံကို ယူထားဖို့ လုပ်နေတယ်၊ ဒါကြောင့် မင်းအသက်ကိုဝယ်ဖို့ ဝိညာဉ်င်္ဒဂါးသုံးသန်းနဲ့ကမ်းလှမ်းခဲ့တယ်”
” ထိပ်တန်း လူငယ်က တကယ့်ကို အဖိုးတန် ဆုဖလား တစ်ခုလိုပဲ ။ မင်းရဲ့စျေးနှုန်းက တခြားသူတွေထက် အဆပေါင်းများစွာ ပိုမြင့်နေတယ်”
ဒါကိုပြောပြီးတာနဲ့ လင်းရှန်မတုံ့ပြန်ခင် နံရံမှာရှိနေတဲ့ အိုက်က ထိတ်လန့်သွားသည်။
သုံး … သုံးသန်းတောင်လား
ထိုပမာဏနဲ့ဆို လင်းရှန်သည် ကြောင်စာ စည်သွတ်ဘူး မည်မျှတောင် ဝယ်နိုင်မည်နည်း။
လင်းရှန်က ဒီလောက် တန်ဖိုးရှိတာလား။
အိုက်က မျက်လုံးပြူးသွားပြီး လင်းရှန်ကို သဘောကျစွာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် လင်းရှန်သည် ချက်ချင်းပင် ခံ့ညားလာခဲ့သည်။
လင်းရှန်က အိုက် ဘာတွေတွေးနေမှန်း မသိချေ။ လောင်ရီ စကားကိုကြားပြီးနောက် သူက တုန်လှုပ်သွားသည်။
တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်နဲ့ တစ်ခုခုလုပ်ချင်နေပုံရသည်။
ရိုးစင်းသော ကျင့်ကြံနည်းစနစ်လား။ လူ့အသားမှ သန့်စင်ထားသော ဆေးလုံးများလား။ ဒါမှမဟုတ်လူသားတွေရဲ့ စိတ်ဝိညာဉ်တွေနဲ့ ပြည့်နေတဲ့ လက်နက်တွေလား။
လင်းရှန် စိတ်ထဲတွင် ထင်ကြေးများစွာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာတော့ လင်းရှန်၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှု တစ်စုံတစ်ရာကို မမြင်ရတာကြောင့် လောင်ရီက သည်းခံနိုင်စွမ်းမရှိတော့ပေ။ သူသည် လင်းရှန်နဲ့ အဓိပ္ပါယ်မရှိသော စကားများ ပြောတာကို ရပ်လိုက်ပြီး သူ့လက်ထဲမှ လက်နက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် လင်းရှန်ကို လှောင်ပြောင်ကာ အော်ဟစ်လိုက်သည်။
လောင်ရီလက်နက်သည် လရောင်အောက်တွင် အေးစက်သောအလင်းရောင်ကို ရောင်ပြန်ဟပ်စေသည့် အလျားလိုက်ဓားရှည်ဖြစ်သည်။
ဓားသွားနဲ့ ပိုင်းဖြတ်လိုက်သောအခါတွင် သဲနှင့်တူသော ဓားသွားစွမ်းအင်များသည် ချက်ချင်းပင် လေထဲတွင် ပေါ်လာပြီး လင်းရှန်အား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
သဲဓားသွား လက်စွဲ ကိုယ်ခံပညာ။
လင်းရှန်သည် လောင်ရီ အသုံးပြုနေသော ဓားနည်းစနစ်ကို ချက်ချင်း သိသည်။
သဲဓားသွား နှင့် ပြင်းထန်သော ရေလှိုင်းဂိုဏ်း၏ အပြာရောင်လှိုင်းဓားသွားတို့သည် နဂါးမြို့တော်တွင် ကျယ်ပျယ်ပြန့်ပြန့်လေ့ကျင့်ကြသော ဓားသွားနည်းစနစ်နှစ် ခု ဖြစ်သည်။
ဒီဓားရေးနည်းစနစ်တွေ အားကောင်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေနဲ့ သဲဓားသွားလက်စွဲကို သဲကန္တာရထဲတွင် စိတ်ပျက်အားငယ်မှုနဲ့ မမျှော်လင့်ထားသော အခြေအနေများတွင်သာ ကျွမ်းကျင်သူတစ်ဦးမှ နားလည်
သဘောပေါက်နိုင်သည်ဟု ဆိုကြသည်။ ဓားသွားနည်းစနစ်သည် အဆုံးအစွန်အထိ အသက်ကို ရန်ရှာတတ်သောကြောင့် ကြိုတင်မှန်းလို့ မရဘဲ ခုခံဖို့ သိပ်မလွယ်ပေ။