← Chapters

ထွက်ပြေးဖို့ ကြိုးစားနေတာလား။ သိပ်နောက်ကျသွားပြီ။

Vol. 5 Ch. 68

ထွက်ပြေးဖို့ ကြိုးစားနေတာလား။ သိပ်နောက်ကျသွားပြီ။

Vol. 5 Ch. 68

လောင်ရီသည် သဲဓားသွားနည်းစနစ်ကို နှစ်အတော်ကြာ ကျင့်ကြံခဲ့ပြီး ဤကိုယ်ခံပညာကို ကျွမ်းကျင်စေဖို့အတွက် အချိန်အတော်ကြာ ကျင့်ကြံခဲ့ရသည်။

၎င်းကိုအသုံးပြုလိုက်သည်နှင့် ဓားသွားအလင်းတန်းသည် ကန္တာရရှိ သဲမုန်တိုင်းကဲ့သို့ဖြစ်သွားသည်။ ထိုအရာကပြင်းထန်လွန်းပြီး လင်းရှန်နဲ့အတူ

ကောင်းကင်နဲ့ မြေကြီးကိုပါဖုံးအုပ်ထားသည်။

လင်းရှန်၏အမူအရာကတော့ မပြောင်းလဲပေ။ သူက ပါးစပ်ကိုဟပြီး ရှည်လျားသော ဟောက်သံကို ထုတ်လိုက်သည်။ တဟုန်းဟုန်းတောက်နေသော အသံလှိုင်းတစ်ခုက လွင့်ထွက်လာကာ ကောင်းကင်ကို ပြည့်လျှံနေသော ဓားအလင်းတန်းနှင့် တိုက်မိသွားသည်။ နှစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။

ဒီအခွင့်အရေးကို အသုံးချပြီး လင်းရှန်က နောက်မဆုတ်ဘဲ ရှေ့သို့တိုးသွားခဲ့သည်။ သူသည် ရှေ့သို့တိုးပြီး မျက်စိတစ်မှိတ်အတွင်း မှာပဲ လောင်ရီ နှင့် အနီးကပ်တိုက်ပွဲဝင်ခဲ့သည်။

ကြာရှည်စွာ အသက်ရှုခြင်းအဆင့်လေ့ကျင့်သူဖြစ်သော လောင်ရီသည် ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေးအတွေ့အကြုံများတာကြောင့် ချီအသွင်ပြောင်းခြင်း နဝမအဆင့်တွင်သာရှိပြီး ကျောင်းသားတစ်ဦးဖြစ်သည့် လင်းရှန်ကို ချေမှုန်းရန် လုံလောက်ပေသည် ။

ဒါပေမယ့် သူတို့တကယ်စတင်တိုက်ခိုက်ချိန်မှာတော့ လင်းရှန်ကို လျှော့တွက်မိမှန်း သူသိလိုက်ရသည်။

လင်းရှန်၏ ကိုယ်ခံပညာသည် အလွန်ကောင်းမွန်ပြီး သာမန်ချီအသွင်ပြောင်းခြင်း ကျင့်ကြံသူထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

သူသည် အရိပ်နှင့် နေမီးတောက်လက်ဝါး နှစ်ခုစလုံးတွင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး အစွမ်းထက်သော အသံအမျိုးအစား ကိုယ်ခံပညာကိုပင် နားလည်ခဲ့သည်။

အသက် (၂၀) ပင်မပြည့်သေးသော လူငယ်တစ်ဦးအနေနဲ့ အစွမ်းထက်သော ကိုယ်ခံပညာသုံးရပ်ကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်ဖို့က စိတ်ကူးကြည့်ဖို့တောင် ခက်ခဲသည်။

လောင်ရီကို ပို၍ ထိတ်လန့်စေသည့်အရာမှာ တိုက်ပွဲတွင် လင်းရှန်ပြသခဲ့သော ကိုယ်ခံပညာစွမ်းရည်ပင်ဖြစ်သည်။ သူသည် သာမန်ကျောင်းမှ ဘွဲ့ရသည့် ကျောင်းသားတစ်ဦးနှင့် လုံးဝမတူပေ။

"ဒီကောင်က ဘာလဲ"

လောင်ရီက အံ့ဩသွားသည်။

တကယ်တော့ တိုက်ပွဲစချိန်မှာ လင်းရှန်

က သူ့ရဲ့စွမ်းရည်တွေကို သာလွန်ကိုယ်ခံပညာသို့ ပြောင်းသွားခဲ့ပြီးဖြစ်သည်။

[သာလွန် ကိုယ်ခံပညာ- ကိုယ်ခံပညာ လေ့ကျင့်မှု အမြန်နှုန်း+ ၁၀၀% , ကိုယ်ခံပညာစွမ်းအား+ ၅၀ %, တိုက်ခိုက်ရေးစွမ်းရည်+ ၅၀ %]

ပင်ကိုယ်စွမ်းရည်ကြောင့် ရရှိလာသော အပိုဆုကြေးသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် သူ့နေရာကို မပြတ် ထိန်းထားနိုင်ခဲ့သည်။

လောင်ရီမှာသာ ကြောက်မက်ဖွယ်ကောင်းသည့်လက်နက်မရှိနေရင် လင်းရှန်၏ ပြိုင်ဘက်ဖြစ်မလာနိုင်ဘူးဟုပင် ခံစားရသည်။

ယင်းကြောင့် လောင်ရီသည် အလွန်ဒေါသဖြစ်ခဲ့ပြီး ပို၍ပင် အကြင်နာမဲ့စွာ တိုက်ခိုက်ခဲ့သည်။

အသက်(၂၀)ပင်မပြည့်သေးသော လူငယ်တစ်ဦးကို ရှုံးမည်ဟု သူမမျှော်လင့်ခဲ့ချေ။

ထိုအချိန်တွင် လင်းရှန်က ရုတ်တရက် နောက်ဆုတ်သွားသည်။

လောင်ရီက အနည်းငယ် အံ့အားသင့်သွားသည်။ သူ အသိပြန်ဝင်လာသောအခါတွင်

အော်ပြီး လင်းရှန်နောက်ကို အပြေးလိုက်သည်။

" မင်းက ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ”

"ထွက်ပြေးတယ်လို့ ငါမပြောပါဘူး"

လင်းရှန်က ပြုံးလိုက်သည်။

လောင်ရီကို ထိပ်တိုက်တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ သူနှင့် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကြားက ကွာဟချက်ကို စမ်းသပ်ရန်ဖြစ်သည်။

ရလဒ်ကို သူအရမ်းကျေနပ်ခဲ့သည်။

ဓား၏အကျိုးသက်ရောက်မှုက လွဲရင် သူသည် ကြာရှည်စွာအသက်ရှုခြင်း

ပထမအဆင့် ကျွမ်းကျင်သူနှင့် တန်းတူဖြစ်နေပြီဖြစ်သည်။

သူလိုချင်တဲ့အဖြေကို ရနေပြီဆိုတော့ လင်းရှန်က လောင်ရီနဲ့ ဆက်မတိုက်ချင်တော့ပင်။

သူက အခု လက်နက်မဲ့နေတဲ့သူပင်။ သူ့ကိုယ်ပွားတွေကို မခေါ်ထားရင်

လောင်ရီကိုတွန်းလှန်ရုံသာ တတ်နိုင်ပြီး သူ့ကို မသတ်နိုင်ပေ။

ကံကောင်းထောက်မစွာပင် သူ၏ကိုယ်ပွားသည် သူ၏တစ်ခုတည်းသော ဝှက်ဖဲမဟုတ်ပေ။

လက်ကောက်ဝတ်ကိုလှန်လိုက်သည်နှင့် လင်းရှန်၏ လက်ဖဝါးတွင် ကျောက်တုံးများပြည့်နေသော အဆောင်တစ်ခုပေါ်လာသည်။

အဆောင်ကို ကိုင်ထားပြီး လင်းရှန်က ဂါထာကို အမြန်ရွတ်ဆိုလိုက်သည်။

တခဏချင်းမှာပဲ သူ့ရှေ့က နေရာကပုံပျက်ပန်းပျက်ဖြစ်လာပြီး လေဖိအားနည်းရပ်ဝန်းကနေ လှိုင်းဂယက် အများအပြား ထွက်လာသည်။ ကြောင်ဗိုလ်ချုပ်က သူ့လက်ကို သူ့ခါးက ဓားသွားပေါ်တင်ထားပြီး ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

"ကြောင်ဗိုလ်ချုပ်”

ဒါကိုမြင်လိုက်တော့ လောင်ရီ အမူအရာက သိသိသာသာပြောင်းလဲသွား

သည်။ လင်းရှန်၏လက်ထဲက အဆောင်ကို သူ အံ့သြစွာကြည့်လိုက်သည်။

"နတ်ဘုရား ရှာဖွေခြင်း အဆောင်.. ဒါဆို သိုက်ကမ်းနဲ့ ဟောင်ထူက မင်းလက်ထဲမှာ သေသွားပြီပဲ”

လင်းရှန်က မျက်ခုံးပင့်လိုက်ပြီး လောင်ရီသည် ထိုညက သူ့ကို ချောင်းမြောင်းတိုက်ခိုက်သည့် ရာဇ၀တ်ကောင်နှစ်ဦးအကြောင်း ပြောနေသည်ကို လျင်မြန်စွာ သဘောပေါက်လိုက်သည် ။

လောင်ရီပြောခဲ့တဲ့ သူဌေးအသစ်က အဲဒီလူနှစ်ယောက်ကိုလည်း ငှါးထားပုံရသည်။

လင်းရှန်သည် နားလည်သွားခဲ့သည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်က သူ့ကို ဘာကြောင့် တိုက်ခိုက်ကြတာလဲဆိုတာ နားလည်သွားသည်။ သူတို့သည် သူ့ခန္ဓာကိုယ်ကို စိတ်ကူးယဉ်ပြီး သူ့ကို သားကောင်အဖြစ် ဆက်ဆံခဲ့ပုံပေါ်သည်။

“ဘယ်လိုမှ မျှော်လင့်မထားတဲ့ ဘေးဆိုးကြီး…”

ထိုညက သားကောင်အဖြစ် ဆက်ဆံခံရကြောင်းကို သိလိုက်ရသဖြင့် လင်းရှန်က ဘာမှမပြောနိုင်တော့ပေ။

သို့သော် သူသည် လျင်မြန်စွာ စိတ်ထိန်းကာ ကြောင်ဗိုလ်ချုပ်ကို လေးနက်စွာ ပြောခဲ့သည်၊

"နတ်ဘုရား ကျွန်တော်ကတော့ ဒုက္ခပေးမိပြီ”

"စိတ်မပူပါနဲ့”

ကြောင်ဗိုလ်ချုပ်က ညင်သာစွာ ခေါင်းညိတ်ပြပြီး သူ့ခါးမှာ ဓားကို ပုတ်လိုက်သည်။

တခဏချင်းမှာပဲ ဓားဟာ တုန်ခါပြီး အသံထွက်လာသည်။

တုန်လှုပ်သောအသံများကြားတွင် အလင်းတန်းတစ်ခုက ရုတ်တရက် လွင့်ပျံလာသည်။ လျှပ်စီးကြောင်းကဲ့သို့ ထိုနေရာကိုဖြတ်ကာ လောင်ရီဆီသို့ ပျံသန်းသွားသည်။

လောင်ရီအမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

သူသည် ကြောင်ဗိုလ်ချုပ်၏ နတ်ဘုရားအဆောင်အကြောင်းကို ကြားဖူးသည်။

နတ်ဘုရားအဆောင်ပေါ်တွင် လင်းနေသော မှော်ကျောက်တုံး အရေအတွက်ပေါ် မူတည်ပြီး ကိုယ်ပွါးအစွမ်းသတ္တိက မြင့်မားသည်ကို သူသိသည်။

ထိုခဏ၌ပင် လောင်ရီသည် လင်းရှန်၏လက်ထဲရှိ အဆောင်မှ တောက်ပနေသော ကျောက်တုံးအရေအတွက်ကို တွေ့လိုက်ရသည်။

စုစုပေါင်းငါးခုရှိခဲ့သည်။

တစ်နည်းဆိုရသော် ကြောင်ဗိုလ်ချုပ်၏ ကိုယ်ပွားသည် အနည်းဆုံးကြာရှည်စွာ အသက်ရှုခြင်း ပဉ္စမအဆင့်ဖြစ်သည်။

ထိုအရာသည် လောင်ရီ လုံးဝ တွန်းလှန်နိုင်သည့် တည်ရှိမှုတစ်ခု မဟုတ်ခဲ့ချေ။

လောင်ရီသည် တုံ့ဆိုင်းမနေဘဲ နောက်ပြန်ဆုတ်ပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် နောက်ကျောတွင် မလှုပ်မယှက်ရပ်နေသော ပိုးကောင်စစ်တပ်က လောင်ရီလွတ်မြောက်ရန် အချိန်ရစေလိုတာကြောင့် ကြောင်ဗိုလ်ချုပ်ကို တားဆီးပြီး တညီတညွတ်တည်း တိုက်ခိုက်ကြသည်။

ကံမကောင်းစွာနဲ့ပဲ လောင်ရီလှည့်ပြီး အဝေးကို မပြေးခင်မှာပဲ သူ့ရှေ့မှာ ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်လာတာကို ခံစားလိုက်ရသည်။ လင်းရှန်သည် သူ့လမ်းကြောင်းကို ပိတ်ဆို့ထားကာအပြုံးမပျက် စိုက်ကြည့်နေသည်။

" ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ”

လောင်ရီသည်လည်း မကြာသေးမီကပင် အလားတူစကားမျိုး ပြောခဲ့ဖူးသည်။ ယခုတော့ လင်းရှန်ပါးစပ်က ထွက်လာတာကြောင့်ရွဲ့ပြောသလို ဖြစ်နေသည်။

လောင်ရီက ဒေါသအရမ်းထွက်သွားပြီး သူ့မျက်နှာက စိမ်းစိုသွားသည် ။ သူသည် ဒေါသတကြီးအော်ကာ လင်းရှန်ကို ဓားဖြင့်ထိုးပြီးလွတ်မြောက်ဖို့အတွက် တိုက်ခိုက်လိုက်သည်။

လင်းရှန်သည် မကြောက်မရွံ့ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

သူ့အပေါ်ရှိ ကာကွယ်ခြင်းအဆောင်သည် အကျိုးသက်ရောက်မှု အနည်းငယ် ကျန်နေသေးသည်။ လောင်ရီ လက်နက်၏ ထက်မြက်မှုကို အချိန်တိုအတွင်း ချေဖျက်နိုင်သေးတာကြောင့် လင်းရှန်သည် မကြောက်ပေ။

အချိန်အနည်းငယ်အတွင်းမှာပင် တစ်ဖက်၏တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

ပိုးကောင်စစ်တပ်ကို လင်းရှန်မှ ပထမဆုံး သတ်ဖြတ်ခဲ့တာကြောင့် ရာဂဏန်းခန့်သာ ကျန်ရှိတော့သည်။ ယခုတော့ သူတို့သည် ပိုသန်မာသည့် ကြောင်ဗိုလ်ချုပ်ကို ရင်ဆိုင်ရသောအခါ ရလဒ်က သိသာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အေးစက်နေတဲ့ ဓားအလင်းကြောင့် သူတို့ အကုန်သေကုန်သည်။

ပိုးကောင်စစ်သားများကို ကိုင်တွယ်ပြီးနောက် ကြောင်ဗိုလ်ချုပ်သည် မရပ်တန့်ဘဲ လောင်ရီဆီသို့ ပြေးသွားခဲ့သည်။

ဒီမြင်ကွင်းကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရတဲ့ လောင်ရီက ချက်ချင်းပဲ ကျောရိုးတွေ အေးစက်သွားသလို ခံစားလိုက်ရသည်။ ကြောက်ရွံ့လွန်းလို့ ဦးရေပြားတွေထုံကျင်သွားသည်။

ကြောင်ဗိုလ်ချုပ်နဲ့ လင်းရှန်တို့သာ ပူးပေါင်းခဲ့မယ်ဆိုရင် သူ ဘယ်လို ရှင်သန်နိုင်မှာလဲ။

ဒါကိုတွေးပြီး လောင်ရီက ထိတ်လန့်သွားကာစိုးရိမ်တကြီးအော်လိုက်သည်။

"ခဏနေပါဦး လင်းရှန် ငါတို့ အဲဒါကို ပြောလို့ရပါတယ်။”

“ကောင်းပြီ။” လင်းရှန်က ပြုံးလိုက်သည်။ “မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ အရင် ပြော”

လောင်ရီ၏အမူအရာမှာ အေးစက်သွားပြီး “ငါသူတို့နဲ့ စာချုပ်ချုပ်ပြီးပြီ။ သူတို့ရဲ့ အထောက်အထားတွေကို ဖော်ထုတ်ရင် ငါချက်ချင်း အသက်ဆုံးရှုံးလိမ့်မယ်”

စာချုပ်၏ အကျိုးသက်ရောက်မှုက ငြင်းလို့မရချေ။ စာချုပ်ချုပ်ပြီးသည်နှင့် အသက်ဝင်သွားပြီဖြစ်သည်။ လုံးဝ အတုလုပ်လို့မရချေ။

လောင်ရီက သူ့နောက်ကွယ်က အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောဖို့ စာချုပ်ချုပ်ခဲ့မယ်ဆိုရင် သေချာပေါက် မပြောနိုင်တော့ချေ။

သူ ပထမဆုံးစကားစပြောလိုက်တာနဲ့

သေသွားလိမ့်မည်ပင်။

"ဒါဆို ဘာမှပြောစရာမရှိတော့ဘူး"

"ငါ အမှန်အတိုင်းပြောတာပါ”

လောင်ရီက စိတ်ရှုပ်သွားပြီး စိတ်တိုသွားသည်။ အာရုံပြောင်းတဲ့အခိုက်အတန့်မှာ သူဟာ မှားယွင်းတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ကြောင်ဗိုလ်ချုပ်က ခေါင်းဖြတ်လုနီးပါး ဖြစ်ခဲ့သည်။ ချက်ချင်းပင် သူသည် ပို၍ပင် ကြောက်ရွံ့လာသည်။

"မင်းလိုချင်တာ ငါပေးလို့ရတယ်။ မင်း ဘာလိုချင်လဲ? ပိုက်ဆံလား? ကိုယ်ခံပညာလား? ဒါမှမဟုတ် ဆေးတွေလား?"

လင်းရှန်သည် မတုန်မလှုပ်ပေ။ သူသည် မြေခွေးနှင့် ရောင်းဝယ်ခြင်းမပြုလုပ်ပေ။ မဟုတ်ရင် မြေခွေးက ဘယ်အချိန် ပြန်ကိုက်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ချေ။

အကောင်းဆုံးနည်းလမ်းကတော့ မြေခွေးကို ကောင်းကောင်းသတ်ပစ်ဖို့ပင်။

All Chapters