← Chapters

ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ စီနီယာအစ်ကို

Vol. 5 Ch. 69

ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ စီနီယာအစ်ကို

Vol. 5 Ch. 69

လင်းရှန်ကို မထိနိုင်မှန်း သိလိုက်ရသဖြင့် လောင်ရီသည် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူသည် ဒေါသတကြီးဖြစ်ကာ လင်းရှန်အား သေသည်အထိ တိုက်ခိုက်လိုစိတ်ဖြင့် အော်ဟစ်လိုက်သည်။

ကံမကောင်းစွာပဲ ဤအကြံအစည်ကို တကယ် အကောင်ပထည်ဖော်ဖို့ ရည်မှန်းထားသည်။

လင်းရှန်သည် သူ့ခြေဖျားကို ထောက်လိုက်ကာ ချည်မျှင်ဖြင့် ဆွဲထုတ်လိုက်သကဲ့သို့ နောက်သို့ ပြေးသွားသည် ။ သူသည် တိုက်ပွဲမှ ပြတ်ပြတ်သားသား လွတ်မြောက်ခဲ့သည်။

လောင်ရီကို တိုက်ခိုက်ဖို့က ကြောင်ဗိုလ်ချုပ်ရှိနေသည်။ ရန်သူက မသေခင် လက်တုံ့ပြန်တာကို လင်းရှန်အနေနဲ့ ဝင်စွက်ဖက်ဖို့ မလိုအပ်ချေ။

သိပ်မကြာခင်မှာပဲ လောင်ရီက အင်အားကွာဟမှုကြောင့် ဒဏ်ရာတွေ ရခဲ့သည်။ အဆုံးမှာတော့ ကြောင်ဗိုလ်ချုပ်က သူ့ရင်ဘတ်ကို ဓားနဲ့ထိုးချလိုက်သည်။ သူ့မျက်လုံးများ ပြူးသွားပြီး သူ့မျက်နှာမှာ မလိုလားအပ်သော စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ သူက မြေပေါ်လဲကျပြီး သေဆုံးသွားသည်။

ဝူး

ကြောင်ဗိုလ်ချုပ်က သူ့ဓားကို ဓားအိမ်ထဲသို့ ထည့်ပြီး လင်းရှန်ကို ခေါင်းညိတ် ပြသည်။ ထို့နောက် အိုက်ကိုကြည့်ကာ လေထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

လင်းရှန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ဖယ်ထုတ်လိုက်သည်။ သူသည် လောင်ရီဆီသို့ လျှောက်လာပြီး အလောင်းကို ရှာဖွေရန် ထိုင်ချလိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်း လောင်ရီမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်သော အရာ သို့မဟုတ် သူ၏သူဌေးအသစ်နှင့် သက်ဆိုင်သည့်အရာ ဘာမှမရှိပေ။

ဝိညာဉ်ဒင်္ဂါးအနည်းငယ်အပြင် ကျောက်စိမ်းသေတ္တာငယ်တစ်ခုသာ ရှိသည်။

လင်းရှန်က ၎င်းကိုဖွင့်ကြည့်လိုက်တော့ ဆယ်စင်တီမီတာရှည်သော မီးခိုးရောင်ဖျော့ဖျော့အပင်ကို တွေ့လိုက်ရသည်။ ထိုအရာက ဂျင်ဆင်းနှင့် အနည်းငယ်တူသည်။

"ဒါက ဘာလဲ?"

ထိုအချိန်တွင် အိုက်သည် လင်းရှန် အနားသို့ ရောက်လာခဲ့သည်။ သူမသည် ကျောက်စိမ်းသေတ္တာထဲမှ မီးခိုးရောင်အပင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ပြီး ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။

“ဒီအရာမှာ အလွန်သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင်တွေရှိနေတယ်၊ ဒါပေမယ့် ဒါက အရမ်းအေးတယ်လို့ ခံစားရတယ်”

လင်းရှန်က မျက်ခုံးပင့်လိုက်သည်။

အိုက်သည် သဘာဝ ဝိညာဉ်စွမ်းအင်နဲ့ပတ်သက်ပြီး အလွန်အကဲဆတ်သည်။ သူဒီလိုပြောကတည်းက ဒီအရာဟာ ရှားပါးတဲ့ အပင်တစ်မျိုး ဖြစ်နိုင်သည်။

ထို့အပြင် လောင်ရီက သူနဲ့ မခွဲမခြား သယ်ဆောင်လာကတည်းက ဒါက တန်ဖိုးရှိရမည်။

လင်းရှန်က အဲ့တာကို အရင်ဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ဤအရာ၏ မူလဇာစ်မြစ်ကို စုံစမ်းနိုင်မည့် နည်းလမ်းကိုနောက်မှ တွေးတော့မည်။

ပစ္စည်းများကို ဖယ်ထုတ်ပြီးနောက် လင်းရှန်သည် မတ်တပ်ထရပ်ကာ အလောင်းကို အရည်ပျော်ခြင်းနဲ့ ဖျောက်ဖို့လုပ်နေတုန်း သူ့နောက်မှ အမြန်ပြေးလာတဲ့ ခြေသံကို ရုတ်တရက်ကြားလိုက်ရတာကြောင့် သူ့နှလုံးက ခုန်တက်သွားသည်။

လောင်ရီရဲ့ ကြံရာပါလား။

လင်းရှန်သည် သတိဖြင့် လှည့်ကြည့်သော်လည်း နောက်အခိုက်အတန့်တွင် သူ အနည်းငယ် အံ့အားသင့်သွားသည်။

သူ့အနီးနားက လူတွေက တူညီဝတ်စုံကို ၀တ်ထားကြသည်။ ၎င်းတို့၏ ရင်ဘတ်

ပေါ်တွင် ဒဏ္ဍာရီလာ သားရဲပုံစံကို ထွင်းထုထားသည်။ ၎င်းတို့သည် ကိုယ်ခဲပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်သည် အသိအကျွမ်းဖြစ်ဖူးသော လင်းရှန်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အလံအရာရှိဖြစ်သည်။

လင်းရှန်မျက်နှာကိုမြင်ပြီးနောက် ဟန်ဝူလည်း အံ့အားသင့်သွားခဲ့သည်။ သူက တုံ့ဆိုင်းသွားကာ လင်းရှန်နဲ့ အလွန်ရင်းနှီးနေသည်ဟု ခံစားရသည်။

"မင်းက မိုးမခကျောင်း ရဲ့ ကျောင်းသားလား"

"ဟုတ်ပါ တယ်။"

လင်းရှန်က ခေါင်းညိတ်ပြီး စဉ်းစားလိုက်သည်။

"ကောင်းပြီ၊ အခု အလောင်းကို ရှင်းဖို့ မလိုတော့ဘူး”

ဟန်ဝူနှင့် အခြားသူများသည် လင်းရှန်း၏ခြေရင်းမှ အလောင်းကို လျင်မြန်စွာ သတိပြုမိကြပြီး သူတို့၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ လင်းရှန်ကို တဖန်ပြန်ကြည့်သောအခါ သူတို့၏မျက်လုံးများသည် စူးစမ်းမှုနှင့်ပြည့်နေသည်။

ဒီညတာဝန်ကျအဖွဲ့ကို ဦးဆောင်ရတာက ဟန်ဝူပင်၊

ကင်းလှည့်နေချိန်တွင် အရှေ့ဘက်ခရိုင်ရှိ လမ်းပေါ်မှာ ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရသည်။ ဝိညာဉ်ရေး ရာသားရဲများပင် ပါဝင်ခဲ့သည်ဟု ပြောကြသည်။

ထို့ကြောင့် ဟန်ဝူသည် သူ့လူများနှင့်အတူ ချက်ချင်း ပြေးလာခဲ့သည်။ ဒီလိုမြင်ကွင်းမျိုးကို သူမြင်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။

ရိုးရိုးသားသားပြောရရင် လင်းရှန်ကို မိုးမခကျောင်းရဲ့ ကျောင်းသားအဖြစ်သာ မသိဘူးဆိုရင် ဟန်ဝူက သူ့ကို ဖမ်းဆီးပြီးသားပင်။

"ဘာတွေဖြစ်နေတာလဲ?"

ဟန်ဝူသည် လင်းရှန်ကို လေးနက်စွာ စိုက်ကြည့်နေသည်။

သူ့ကြည့်ရတာ လင်းရှန်ရဲ့အဖြေကို မကြိုက်ရင် လင်းရှန်ကို ဖမ်းဆီးမဲ့ပုံပင်။

“ဒီလူက ညသွေးစက်ရဲ့ ခေါင်းဆောင် လောင်ရီပဲ။ သူက ဒီည ကျွန်တော်ကို လုပ်ကြံဖို့ ရုတ်တရက် ရောက်လာတာ။ ပြီးတော့ ကျွန်တော်အလောင်းကို ယူလာဖို့ သူ့ရဲ့ သူဌေးအသစ်က အမိန့်ပေးထားတယ် ပြောတယ်”

လင်းရှန်က ထိတ်လန့်ခြင်းမရှိဘဲ အေးအေးဆေးဆေး ရှင်းပြသည်။

လောင်ရီသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်တွင် ထင်ရှားကျော်ကြားသော အလိုရှိရာဇ၀တ်ကောင်ဖြစ်ပြီး လင်းရှန်ကို တိုက်ခိုက်ရန် အစပြုခဲ့သူဖြစ်သည်။ လင်းရှန်က လောင်ရီကို သတ်မိခဲ့ရင်တောင် ကိုယ့်ကိုကိုယ် ခုခံတာဖြစ်လို့ မျှတသည်။ အလွန်အကျွံ ခုခံကာကွယ်မှုလို့တောင် ယူဆစရာမလိုချေ။ ဒါက စိတ်ပူစရာ လုံးဝ မလိုချေ။

မြေပြင်ပေါ်ရှိ အလောင်းသည် ညသွေးစက်၏ ခေါင်းဆောင် လောင်ရီဖြစ်နေသည်ကို ကြားလိုက်ရသောအခါ ဟန်ဝူနှင့် အခြားသူများ အံ့သြသွားကြသည်။ ကျန်တဲ့ အကြောင်းကို ကြားတော့ သူတို့ရဲ့ အမူအရာတွေက ပြောင်းသွားသည်။

လင်းရှန်သည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူငယ်တစ်ဦး၏ တီးတိုးပြောသံကို ကြားလိုက်ရသည် “ဒီလူယုတ်မာတွေပဲလား”

အလောင်းအား စစ်ဆေးပြီး ၎င်းမှာ လောင်ရီဖြစ်ကြောင်း အတည်ပြုပြီးနောက် ဟန်ဝူနှင့် အခြားသူများသည် ချက်ချင်းပင် စိတ်အေးလက်အေး ဖြစ်သွားကြသည်။

အာရုံတွေပြန်ရလာတဲ့အခါ တစ်ခုခုလွဲနေပြီဆိုတာ ရုတ်တရက် သိလိုက်ရသည်။

လောင်ရီသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ဖြစ်သည်။

သူသည် ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်တွင်သာရှိသော်လည်း ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ၏လက်တွင် သေဆုံးရန် မဖြစ်နိုင်ပေ။

ဤကျောင်းသားသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ဖြစ်နိုင်လား။

ဟန်ဝူ နှင့် အခြားသူများ၏ မေးခွန်းထုတ်နေသော အကြည့်များကို ရင်ဆိုင်ရင်း လင်းရှန်က ပခုံးတွန့်ကာ သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ယူ ဟန်ဆောင် လိုက်သည်။ ထို့နောက် သူသည် ၎င်းတို့အား နတ်ဘုရားရှာဖွေခြင်း အဆောင်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒါက ကျွန်တော်အသက်ကို ကယ်ခဲ့တာ”

“ဒါက…နတ်ဘုရား ရှာဖွေခြင်းအဆောင်ပဲ”

ဟန်ဝူသည် အတွေ့အကြုံရှိပြီး ဗဟုသုတရှိသူဖြစ်သည်။ သူသည် အဆောင်၏ မူလဇာစ်မြစ်ကို ချက်ချင်းမှတ်မိပြီး နားလည်သွားသည်။

နတ်ဘုရားရှာဖွေခြင်းအဆင့်၏ ကိုယ်ပွါးသည် အနည်းဆုံး ကြာရှည်စွာ အသက်ရှုခြင်း အဆင့်တွင် ရှိသည်။

ထိုအဆောင်ကြောင့် လူငယ်က လောင်ရီကို သတ်နိုင်ခဲ့တာက အံ့သြစရာမဟုတ်ပေ။

ထိုအချိန်မှပင် ဟန်ဝူသည် သူ့ရှေ့မှလူ၏ အမည်ကို မမေးရသေးကြောင်း သိလိုက်ရသည်။ထို့နောက် အေးဆေးစွာပဲ မေးလိုက်သည်။

"မင်း နာမည်ဘယ်လိုခေါ်လဲ?"

"ကျွန်တော်နာမည် လင်းရှန်ပါ"

ဟန်ဝူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နောက်စက္ကန့်ကြာမှ ရုတ်တရက် တုံ့ပြန်လိုက်သည်။ သူသည် မျက်လုံးပြူးပြီး လင်းရှန်ကို ကြည့်လိုက်သည်။

"မင်းနာမည်က လင်းရှန်လား”

ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အခြားအဖွဲ့ဝင်များကလည်း လင်းရှန်အား အံ့သြမှုနှင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်ကြသည်။

"သူက လင်းရှန်လား? ဒီနှစ် နိုင်ယန်ကျောင်းရဲ့ အဓိက တပည့်အသစ်လား?"

“သူဟုတ်လောက်တယ်။ သူက မိုးမခကျောင်းက ကျောင်းသား လင်းရှန်တဲ့လေ။ သူကလွဲပြီး တခြားသူ မရှိလောက်ဘူး”

"ဒီမှာ သာမာန် ပါရမီရှင်ကို တွေ့ရမယ်လို့ မျှော်လင့်မထားဘူး”

"သူက ချီအသွင်ပြောင်းခြင်း နဝမအဆင့်မှာ ရှိတယ်လို့ ပြောတယ်။ ပြီးတော့ ကိုယ်ခံပညာမှာ သူ့ရဲ့အောင်မြင်မှုက ကျောက်မိသားစုရဲ့ အကြီးဆုံးသမီးထက်တောင် ပိုမြင့်မားတယ်တဲ့၊ အံ့သြစရာတောင် မလိုပါဘူး… သူတို့က သူ့ကို တိုက်ခိုက်ဖို့ စိတ်ကူးပြီး ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကို စေလွှတ်ခဲ့တာနေမှာ”

လင်းရှန်သည် သူ့အကြောင်းကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်က သိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဒီသတင်းက မြန်လွန်းသည်။

ယခုအချိန်တွင် ဟန်ဝူသည် တုန်လှုပ်ချောက်ချားရာမှ အသိပြန်ဝင်လာခဲ့သည်။ လင်းရှန်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရတာကြောင့် သူက ချောင်းဆိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောသည် ။

“အံ့ဩစရာ လိုပါဘူး။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လူတွေက နိုင်ယန်းကျောင်းက လာတာဆိုတော့ ကျောင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လေ ။ပြီးတော့ သူတို့ကအခြားနေရာတွေထက် သတင်းအချို့ကို အမြဲစောစောသိရတယ်။ အဲဒါကိုပြောရရင် ငါလည်း တစ်ချိန်က ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှာ ကျင်ကြံခဲ့တာပါပဲ”

လင်းရှန်သည် တစ်ချိန်က ယန်ကျုံးရီပြောခဲ့ဖူးသည်ကို ပြန်သတိရပြီး ရုတ်တရက် သဘောပေါက်သွားသည်။ သူက ဟန်ဝူကို ပြုံးပြလိုက်သည်။

"စီနီယာ အစ်ကို ဟန်”

“မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ”

ဟန်ဝူက သူ့လက်ကို ဝှေ့ယမ်းပြီး သက်ပြင်းချလိုက်သည်။

“အဲဒီတုန်းက ငါက နိုင်ယန်းကျောင်းကနေ ဘွဲ့ရခဲ့တာ မဟုတ်ဘူး။ စတုတ္ထနှစ်မှာ ငါဖယ်ထုတ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ငါက ကိုယ်ခံပညာတည်မြဲရေးစံအိမ် ကိုဝင်ပြီး ငါ့ရဲ့လက်ရှိရာထူးကို မရောက်ခင်အထိ ခုနစ်နှစ်ကနေ ရှစ်နှစ်အထိ အလုပ်လုပ် ခဲ့ရတာ…”

လင်းရှန်နဲ့ ဒီအကြောင်းကို မပြောသင့်ဘူးလို့ ခံစားရတာကြောင့် ဟန်ဝူက အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒါကို ထားလိုက်ပါ။ အရင်ပြန်တော့။ နောက်ကျ သတိထား။ ညနက်မှ အပြင်ထွက်ဖို့ မကြိုးစားနဲ့၊ အဲဒီလူတွေက မင်းကို တိုက်ခိုက်နိုင်တယ်”

“ဒါပေမယ့် အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။ နိုင်ယန်းကျောင်းကို ဝင်ပြီးတာနဲ့

သူတို့ လက်လှမ်းမမီနိုင်တော့ပါဘူး။ နိုင်ယန်းကျောင်းမှာဆို မင်းနောက်ကိုလိုက်ဖို့ သူတို့ သတ္တိရှိမှာ မဟုတ်ဘူး။

"စကားမစပ် ငါ့နာမည်က ဟန်ဝူ။ ငါက ကိုယ်ခံပညာ တည်မြဲရေးစံအိမ်က အလံအရာရှိပဲ။ နောက်ကျ အခက်အခဲတစ်စုံတစ်ရာ ကြုံရင် ငါ့ကိုရှာဖို့ ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကို လာလို့ရတယ် ။ ငါ့နာမည်ကိုပြောလိုက်ရုံပဲ။”

"ကျွန်တော်နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုဟန်။”

ဟန်ဝူနဲ့ ခဏလောက် စကားစမြည်ပြောပြီးနောက် လင်းရှန်က နှုတ်ဆက်ကာ ထွက်သွားသည်။

အိုက်သည် လင်းရှန်၏ ညွှန်ကြားချက်များကို နားထောင်ထားတာကြောင့် အစမှအဆုံးထိ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်။ ပတ်ဝန်းကျင်မှာ အပြင်လူရှိတဲ့အခါ စကားမပြောချေ။

လင်းရှန်ထွက်ခွာခါနီးမှ သူမသည် သူ့ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။

ဟန်ဝူနဲ့ တခြားသူတွေက အိုက်ကို ဂရုမစိုက်ချေ။ လင်းရှန် မွေးမြူထားတဲ့ သာမန် ဝိညာဉ်ကြောင်တစ်ကောင်လို့ပဲ သူတို့ထင်ခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူနှင့်ကြောင်သည် ပျောက်ကွယ်သွားသည်။

All Chapters