သွေးဝိညာဉ်ဆေးလုံး
Vol. 5 Ch. 70
အမြင်အာရုံထဲမှ လင်းရှန် မပျောက်ကွယ်ခင်မှာပဲ တစ်စုံတစ်ယောက်က စကားစသည်။ “ဆရာက ဘယ်သူ့ကိုမှ ကောင်းကောင်းဆက်ဆံတာ မတွေ့ဖူးဘူး"
"ဟုတ်တယ်”
နောက်တစ်ယောက်က ဆက်ပြောသည်။
“လင်းရှန်က နိုင်ယန်းသင်တန်းကျောင်းမှာ သာမန်မိသားစုထဲက ပထမဆုံး အဓိက တပည့်ဖြစ်လာတဲ့သူလေ၊ နောက်ကျ သူက နိုင်ယန်းကျောင်းရဲ့ အတွင်းတပည့် ဖြစ်လာလိမ့်မယ်။ သူ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး။ အဲ့တော့ အကိုဟန်က သူ့ကို ကွဲပြားတဲ့အကြည့်နဲ့ ကြည့်တာပေါ့”
"ဟုတ်တယ်။ အခြေအနေတစ်မျိုးမျိုးနဲ့သာ ဆုံတွေ့ခဲ့မယ်ဆိုရင် လင်းရှန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလောက် တည်ဆောက်ချင်တယ်။ အဲ့ကျ သူ့စာအုပ်ကောင်းတွေကို ငါရနိုင်တယ်။”
"သူ့မှာ ရည်းစားရော ရှိလားလို့ တွေးမိတယ်။"
"ဖူး…ဒီကောင်လေးကိုတော့တစ်ယောက်တည်းထားလိုက်ပါ။ နင့်အသက်ကို နင်ဘာလို့ ပြန်မကြည့်တာလဲ။"
"ငါက ပန်းတစ်ပွင့်လို လှနေတာပဲလေ။ ငါက အသက်နည်းနည်းကြီးတော့ရော ဘာဖြစ်လဲ။ လင်းရှန်က အသက်ကြီးတဲ့ကောင်မလေးကို ကြိုက်တာလည်း ဖြစ်နိုင်
တယ်လေ”
"တော်တော့”
ဟန်ဝူသည် ခေါင်းစဉ် လမ်းကြောင်းပြောင်းသွားတာကို တားဆီးရန် သူ၏ ဆူညံနေသော လက်အောက်ငယ်သားများကို ရပ်တန့်လိုက်သည်။
“အခင်းဖြစ်ပွားရာနေရာကို မြန်မြန်ရှင်းကြ။ နောက်ပြီး အလောင်းကို ထုပ်ပိုးပြီး သယ်ခဲ့ကြ”
ခေတ္တနားပြီးနောက် ဟန်ဝူသည် တစ်ခုခုကို တွေးကာ ပြောလိုက်သည်။
"စကားမစပ် ယောင် ၊ လောင်ရီအတွက် ဆုလာဘ်ကို မနက်ဖြန်ကျ လင်းရှန်ဆီပို့ပေးပါ"
ယောင်ဟုခေါ်သောလူက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးတွေ ဝိုင်းလာပြီး ရုတ်တရက် ပြောလိုက်သည်။
"ဆရာ… ကျွန်တော်လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြားလိုက်တယ်။နိုင်ယန်းကျောင်းရဲ့ ဩဇာကြီးမားတဲ့မိသားစုဝင်တွေက ကျောင်းသားသစ်တွေအတွက် လမ်းညွှန်တိုက်ပွဲမှာ လင်းရှန်ကို လျှို့ဝှက်စွာ ထိုးနှက်ဖို့ စီစဉ်နေပုံရတယ်”
ဟန်ဝူက မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
ဩဇာကြီးမားသောမိသားစုများသည် သာမာန် ကျင့်ကြံသူများကို အချိန်အတော်ကြာ နှိမ့်ချနေခဲ့သည်။
ထိုမိသားစုများ၏ အထက်ပိုင်းကတော့ အဆင်ပြေသည်။ သူတို့သည် နူးညံ့သိမ်မွေ့ရမည်ကို သိကြပြီး အများအားဖြင့် ကျင့်ကြံသူများကို သိမ်းသွင်းကာ ခွဲဝေပေးရန် အဓိက ကြိုးစားကြသည်။ တခြားနည်းလမ်းမရှိရင်တော့ သူတို့ကို နှိမ်နှင်းမည်ပင်။
သို့သော် ဩဇာကြီးမားသောမိသားစုများ၏ တပည့်အများစုသည် ငယ်ရွယ်ပြီး စိတ်အားထက်သန်ကြသည်။ သူတို့သည် ဤအရာများကို လုံးဝနားမလည်ဘဲ အထင်အမြင်သေးဖို့သာ တတ်ကြသည်။
လူအများစုသည် သာမန်လူများအပေါ် သာလွန်မှုဟူသော ခံစားချက်ကိုဖယ်ထားပြီး နှိမ့်ချကြသည်။
ဒီလူတွေက သာမန်သူတွေ သူတို့ထက်သာလွန်မှာကို ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာ သေချာသည်။ လင်းရှန်ကို နှိမ်နှင်းဖို့အတွက် အားထုတ်တာကို မလျော့ချမှာ သေချာသည်။
လမ်းပြတိုက်ပွဲသည် အလွန်ကောင်းမွန်သော ဆင်ခြေတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
ဒါကိုတွေးပြီး ဟန်ဝူက သက်ပြင်းချလိုက်ပြန်သည်။
သြဇာကြီးသော မိသားစုများမှ တပည့်များ၏ လုပ်ရပ်ကို သူ ရှုတ်ချသော်လည်း ဤကိစ္စတွင် သူအနေနဲ့ များစွာ မကူညီနိုင်ပေ။
ဤအရာကြောင့် လင်းရှန် မကျရှုံးနိုင်လောက်ဟု သူမမျှော်လင့်နိုင်ပေ။
“လင်းရှန်က အတော်လေး အစွမ်းထက်ပေမယ့် အဆုံးမှာတော့ သူက ကျောင်းသားသစ်တစ်ယောက်ပါပဲ။ သူက အတန်းကြီးကျောင်းသားတွေရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။ ဒီတစ်ကြိမ်တော့ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ရနိုင်တယ်” ယောင်က တုန်လှုပ်နေဆဲပင်။
ဟန်ဝူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည် ။
"ကောင်းပြီ.. ဒီအကြောင်းကို ဆက်မပြောတော့ဘူး။ ငါတို့ပြန်ရောက်တဲ့အခါ ညသွေးစက်ရဲ့အဖွဲ့ဝင်အားလုံးကိုရှာဖို့လုပ်ရမယ်။ ငါတို့က သူတို့ကို စစ်ဆေးမေးမြန်းပြီး ဝံပုလေရိုင်းနဲ့ သူတို့ရဲ့ အသေးစိတ် အဆက်အသွယ်ကို ရှာဖွေရမယ်”
“မကြာသေးမီကမှ ဝံပုလွေရိုင်းတွေက ပိုပိုပြီး တက်ကြွလာခဲ့တာ။ ညသွေးစက်လို အဖွဲ့အစည်းကိုတောင် ရေထဲကို ဆွဲခေါ်သွားနိုင်တယ်။ သူတို့က ကြီးကြီးမားမား အပြောင်းအရွှေ့လုပ်ဖို့ စီစဉ်နေမှာကို စိုးရိမ်ရတယ်။ ငါတို့က သူတို့ကိုရှာပြီး တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရမယ်”
"ဟုတ်ကဲ့ ဆရာ”
အားလုံးက တညီတညွတ်တည်း တုံ့ပြန်ကြသည်။
အိမ်ပြန်ရောက်ပြီးတဲ့နောက် လင်းရှန်သည် အနားယူခြင်းမရှိပေ။ ယင်းအစား အိုက်ကို နှစ်သိမ့်ပြီး သူသည် တိုက်ခန်းမှ တိတ်တဆိတ်ထွက်ခွါကာ မှောင်ခိုလမ်းသို့ ပြေးသွားခဲ့သည်။
ယနေ့ည၏တိုက်ခိုက်မှုကို လင်းရှန်က ထပ်မံသတိရသွားပြန်သည်။
သူ ထင်ပေါ်လာသည်နှင့်အမျှ လူအချို့၏ ပစ်မှတ်ဖြစ်လာခဲ့သည်။
သူ့အပေါ် ဆိုးသွမ်းသော ရည်ရွယ်ချက်ရှိသူ များသည်။
မကောင်းသောအကြံအစည်မှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူ၏ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရတော့မည်။
သူသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ ချီတက်ရန် နီးကပ်နေပြီဖြစ်သည်။
ထို့ကြောင့် လင်းရှန်သည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ ရောက်ဖို့
ဆေးလုံးများနှင့် ရှားပါးဆေးဖက်ဝင်အပင်များကို အမြန်ဆုံးရယူရန် ပြင်ဆင်ခဲ့သည်။
နာရီဝက်အကြာတွင်
လင်းရှန်သည် မှောင်ခိုလမ်းသို့ ရောက်ရှိလာသည်။
အဘိုးအိုဝူနှင့် ယခင်သဘောတူညီချက်အရ စားသောက်ဆိုင်တစ်ခု၏ ဘေးလမ်းကြားတစ်ခုသို့ သွားခဲ့သည်။ ထိုနေရာ၌ အဘိုးအိုဝူသည် မြေပြင်ပေါ် ငုတ်တုတ်ထိုင်ကာ နံရံပေါ်မှီရင်း တစ်ရေးအိပ်နေသည်ကို တွေ့လိုက်ရသည်။
"အဘိုးအိုဝူ”
လင်းရှန်သည် ရှေ့သို့သွားကာ အဘိုးအိုဝူကို ခါယမ်းလိုက်သည်။
ထိုကျမှ သူ့မျက်လုံးများက မှင်သက်သွားသည်။ လင်းရှန်မှန်း သိသောအခါ သမ်းဝေပြီး သူ့ဘေးနားရှိ အထုပ်တစ်ထုပ်ကို ကောက်ယူကာ ပစ်ပေးလိုက်သည်။
“ဒီမှာ…မကြာခင်တုန်းကမှ ငါဝယ်ခဲ့တဲ့ ရှားရှားပါးပါး ဆေးလုံးတွေနဲ့ ဆေးဖက်ဝင်
အပင်တွေ အားလုံး ဒီအထဲမှာ ရှိတယ်”
လင်းရှန်သည် အထုပ်ကိုဖွင့်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ကြည့်လိုက်သည်။
ဤအရာများသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ကျင့်ကြံရန်အတွက် လုံလောက်သည်။
ရုတ်တရက် လင်းရှန်က တစ်ခုခုကို တွေးလိုက်မိသည်။ သူသည် လောင်ရီ ကိုယ်ပေါ်
တွင် တွေ့ရှိခဲ့သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ ဖွင့်ပြီး အဘိုးအိုဝူအား ပေးလိုက်သည်။
"အဘိုးအိုဝူ ဒါဘာလဲဆိုတာ သိလား"
အဘိုးအိုဝူက တစ်ချက်ကြည့်လိုက်ပြီး အံ့သြသွားသည်။
"အဲ့တာ မဟာရင်မြက်ပင် မလား? အဲဒါ ကောင်းတဲ့ပစ္စည်းပဲ ။ မင်းဒါကိုဘယ်ကရခဲ့တာလဲ”
လင်းရှန်က ပြန်ဖြေမယ့်အစား ပြန်မေးလိုက်သည်" ဒီပစ္စည်းကို ဘာအတွက်သုံးတာလဲ"
“မဟာရင်မြက်ပင်က ရင်စွမ်းအား ဆေးဖက်ဝင် ဆေးလုံးကို သန့်စင်ဖို့ လိုအပ်တဲ့ အဓိကပစ္စည်းတွေထဲက တစ်ခုပဲ။ အဲ့တာက ရှားပါးပြီး ဈေးကြီးပေမဲ့ သူ့ရဲ့အကျော်ကြားဆုံး အရာက ဆေးဖက်ဝင်ဆေးလုံးကို သန့်စင်ဖို့ အသုံးပြုနိုင်တာကြောင့်ပဲ”
အဘိုးအိုဝူ၏ လျှို့ဝှက်ဆန်းကြယ်သော အကြည့်ကို မြင်လိုက်ရတော့ လင်းရှန်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည် ။
"အဲ့တာ ဘာဆေးလဲ"
အဘိုးအိုက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး "သွေးဝိညာဉ်ဆေးလုံး”
လင်းရှန်၏ နှလုံးက ခုန်တက်သွားသည်။
လင်းရှန်လို သာမာန်နောက်ခံမှ ပေါက်ဖွားလာပြီး ကျင့်ကြံမှုလောကအကြောင်း များများစားစားမသိသော သူပင် သွေးဝိညာဉ်ဆေးလုံး၏ ပြင်းထန်သော ဂုဏ်သတင်းကို ကြားဖူးသည်။
၎င်းသည် ကျင့်ကြံသူများ၏ အသားနှင့် အရိုးများမှ သန့်စင်ထားသော ပုံမှန်မဟုတ်သည့် ဆေးလုံးဖြစ်သည်။
စားသုံးပြီးပါက ကျင့်ကြံမှု တိုးလာနိုင်သည်။
ထို့အပြင် ၎င်းသည် ကျင့်ကြံသူ သခင်ဖြစ်မလာမီ မည်သည့်အဆင့်တွက်မဆို ထိရောက်မှုရှိသည်။ အကျိုးသက်ရောက်မှုက သိသာထင်ရှားသည်။
ထို့အတွက်ကြောင့် ပုံမှန်မဟုတ်သော ကျင့်ကြံသူ အများအပြားသည် ၎င်းတို့၏ ကျင့်ကြံမှုကို တိုးမြှင့်ရန်အတွက် သွေးဝိညာဉ်ဆေးလုံးများကို သန့်စင်ရန် နှစ်သက်ကြသည်။
သို့သော် သွေးဝိညာဉ်ဆေးလုံးများသည် ရက်စက်လွန်းသောကြောင့် ကျင့်ကြံသူများသည် တစ်နေ့တွင် သွေးဝိညာဉ်ဆေးလုံးများကို သန့်စင်မည့် ပစ္စည်းများ ဖြစ်မလာချင်ကြပေ။ ထို့ကြောင့် သူတို့အားလုံးသည် သွေးဝိညာဉ်ဆေးလုံးများကို သန့်စင်ဖို့ သတ္တိရှိသော ကျင့်ကြံသူများကို သတ်ဖြတ်ရန် တွန်းအားပေးခဲ့ကြသည်။
အမြဲတမ်း ထူးဆန်းသောအရာများကို ပြုလုပ်ခဲ့သော ဒိဠိများနှင့် ယုတ်မာသောဂိုဏ်းများပင်လျှင် ဖြောင့်မတ်သောဂိုဏ်းများ၏အာရုံကို ဆွဲဆောင်မိတာမျိုး မဖြစ်စေရန် ကမ္ဘာတစ်ဝှမ်းရှုံ့ချသော သွေးဝိညာဉ်
ဆေးလုံးများကို သန့်စင်တာမျိုး မလုပ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ သွေးဝိညာဉ်ဆေးလုံးများသည် ကျင့်ကြံမှုလောကတွင် ခြေရာလက်ရာမရှိ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။ သူတို့သည် ပေါ့ပေါ့ပါးပါး စကားဝိုင်းတွင်သာ ပါခဲ့သည်။
အကယ်၍ အဘိုးအိုဝူသာ ၎င်းကို ရုတ်တရက် မပြောခဲ့လျှင် လင်းရှန်အနေဖြင့် ဒါကို တွေးမိမည်မဟုတ်ပေ။
“ဒီ မဟာရင်မြက်ပင်က သွေးဝိညာဉ်ဆေးလုံးကို သန့်စင်ဖို့အတွက် အသုံးပြုတာလား”
လင်းရှန်က သူ့လက်ထဲက ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေမှာ လေးနက်မှုအရိပ်အမြွက်တွေ ထွက်ပေါ်လာသည်။
လောင်ရီ သူ့ကို ယနေ့ရှာရသည့် ရည်ရွယ်ချက်က ဒါကြောင့်ဖြစ်နိုင်သည်။
လောင်ရီနောက်ကွယ်မှလူများက သူ့ကိုဖမ်းဆီးရသည့်အကြောင်းရင်းမှာ သွေးဝိညာဉ်
ဆေးလုံးများကို သန့်စင်ရန်ဖြစ်ကောင်းဖြစ်နိုင်သည်။
"လင်ရှန် မင်းဘာလို့ ငြိမ်သွားတာလဲ" အဘိုးအိုဝူက လင်းရှန်ရှေ့မှာ သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
လင်းရှန်သည် ချက်ချင်းပင် သတိပြန်ဝင်လာကာ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်” ဟု သူက ကျေကျေနပ်နပ်ကြီး ပြောခဲ့သည်။
ထို့နောက် သူသည် ဝိညာဉ်ဒင်္ဂါး (၃၀၀၀၀)ကိုထုတ်ယူပြီး အဘိုးအိုဝူထံသို့ လွှဲပြောင်းပေးကာ ဆေးလုံးများနှင့် ရှားပါးသော ဆေးဖက်ဝင်အပင်များကို ထပ်မံစုဆောင်းပေးရန် တောင်းဆိုခဲ့သည်။
အဘိုးအိုဝူသည် မဆိုင်းမတွ သဘောတူလိုက်သည်။
သူ့အတွက် ငွေရနိုင်တဲ့ အရာတစ်ခုကို ငြင်းပယ်မှာ မဟုတ်ချေ။
အထုပ်နှင့်အတူ လင်းရှန်သည် အရှေ့ခရိုင်ဆီသို့ အမြန်ပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကိုယ်ခံပညာကျင့်ကြံရေးစံအိမ်မှ တစ်စုံတစ်ယောက်သည် တံခါးဝသို့ရောက်လာပြီး လောင်ရီအတွက်ဆုကြေးငွေ ဖြစ်သည့် ဝိညာဉ်ဒဂါး (၅)သိန်းကို ပေးဆောင်ရန် ရောက်ရှိနေတာ ဖြစ်ကြောင်း ပြောခဲ့သည်။
လင်းရှန်က တုံ့ဆိုင်းမနေဘဲ လက်ခံလိုက်သည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် သူသည် ငွေပိုသုံးရန်
လိုအပ်လာသည် ။ ပမာဏနှင့်ပတ်သက်၍ အထွေအထူးပြောနေမည် မဟုတ်ပေ။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများကို ပြန်လွှတ်ပြီးနောက် လင်းရှန်သည် ဆက်လက်လေ့ကျင့်ရန် ဒုတိယထပ်ရှိ သူ၏အိပ်ခန်းသို့ ပြန်သွားခဲ့သည်။
နောက်ရက်များတွင် သူသည် ကျင့်ကြံဖို့အတွက် သူ၏ ခွန်အားနှင့် ဉာဏ်ကို စိုက်ထုတ်ရတော့သည်။