ကြာရှည်စွာအသက်ရှုခြင်း အဆင့်သို့ တက်လှမ်းခြင်း။
Vol. 5 Ch. 71
တိတ်ဆိတ်တဲ့ အိပ်ခန်းထဲမှာတော့
ခန်းစီးများကို တင်းတင်းစေ့ထားပြီး နေရောင်ခြည် တစ်ချက်မှ အထဲကို မဝင်ရောက်နိုင်ပေ။ အိပ်ခန်းတစ်ခုလုံး အနည်းငယ် မှိန်နေပုံရသည်။
လင်းရှန်သည် မျက်လုံးများကိုမှိတ်ကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရင်ဘတ်က တိကျတဲ့ပုံစံနဲ့ ဖြည်းဖြည်းချင်း မြင့်လိုက် တက်လိုက်ဖြစ်နေသည်။
အခြားသူများ၏ သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရာတွင် လင်းရှန်၏ ကြွက်သားများ၊ အရွတ်များ၊ အရိုးများနှင့် သွေးများသည် ကြိုးကို ဆွဲချလိုက်တဲ့အတိုင်း အနည်းငယ် တုန်ယင်နေသည်။
တစ်ချိန်တည်းမှာပင် တုန်လှုပ်နေသော ကြွက်သားများ၊ အရိုးများနှင့် သွေးများထဲမှ လေစီးကြောင်း ပျော့ပျော့လေး ရုတ်တရက် ထွက်ပေါ်လာသည်။
မမြင်နိုင်သော စွမ်းအားအချို့၏ လမ်းညွှန်မှုအောက်တွင် ထိုလေစီးကြောင်းများသည် လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်လျှောက်မှ သူ့ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်းချင်း စီးဆင်းလာသည်။
အစပိုင်းမှာတော့ လေဝင်လေထွက်က ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး စီးဆင်းမှုက အနည်းငယ်နှေးကွေးနေသည်။
လူတစ်ဦးသည် ရံဖန်ရံခါ ရှေ့သို့ တုန်လှုပ်သွားသလိုမျိုး ယိုင်နဲ့နဲ့ဖြစ်နေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လေစီးကြောင်းသည် ချောမွေ့လာသည်။
အဆုံးမှာတော့ လင်းရှန်က သေသေချာချာ လမ်းပြခြင်းမရှိတာတောင် လေစီးကြောင်းက ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း အလိုအလျောက် လည်ပတ်သွားသည်။
ကိုးကြိမ်လောက် ထပ်ခါထပ်ခါလုပ်ပြီးနောက် လေဝင်လေထွက်အားလုံးသည် သူ၏ဝမ်းဗိုက်ဆီသို့ ဖြည်းညှင်းစွာ ပြန်လာပြီး ဘောလုံးတစ်လုံးကဲ့သို့ စုစည်းသွားသည်။
နောက်အခိုက်အတန့်မှာတော့
လင်းရှန်သည် သူ့ခေါင်းနောက်ဘက်တွင် အလင်းရောင်တစ်ခု ကျရောက်လာသလို ခံစားရသည်။ ကြည်လင်ပြီး ငြိမ့်ညောင်းသော အသံက သူ့နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့အမြင်အာရုံက အရင်လင်းလက်လာပြီး တံတွေးတွေ ထွက်လာကာ သူ့လည်ချောင်းထဲကို ဝင်သွားသည်။ ရုတ်တရက် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။
ကြာရှည်စွာ အသက်ရှုခြင်း အဆင့်။
ဖြတ်ကျော်သွားပြီ။
လင်းရှန်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်နှာပေါ်တွင် အားရဝမ်းသာမှုများ ပေါ်လာသည်။
"နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားပြီ”
ကြာရှည်စွာအသက်ရှုခြင်းအဆင့်နဲ့ ချီအသွင်ပြောင်းခြင်းအဆင့်သည် ကမ္ဘာတစ်ခုလို ကွဲပြားသည်။
သာမာန်လူများအနေနဲ့ ချီအသွင်ပြောင်းခြင်းနယ်ပယ်တွင် ပင်ပင်ပန်းပန်း ကြိုးစားကျင့်ကြံနေသမျှ ကာလပတ်လုံးသည် အဲ့လောက် ခက်ခဲသည်မဟုတ်ပေ။
သို့သော် စွမ်းရည်နှင့် ကြိုးစားအားထုတ်မှုသည် ကြာရှည်စွာအသက်ရှုခြင်း အဆင့်တွင် မရှိမဖြစ်လိုအပ်သည်။
ချီအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် ဤအဆင့်တွင် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ပိတ်မိနေခဲ့ကြသော်လည်း မည်သည့်အခါမှ ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။
ဤအသက်အရွယ်တွင် လင်းရှန်အနေနဲ့ ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ တက်
လှမ်းနိုင်တာက ပါရမီရှင်လို့ ပြောလို့ရသည်။
တစ်ချိန်တည်းမှာပင် သူသည် နဂါးမြို့တော်တွင် အထက်တန်းစားတစ်ဦး ဖြစ်လာသည်ဟု ဆိုလိုသည်။
အသက်ပြင်းပြင်းရှူရင်း လင်းရှန်သည် ကျေနပ်အားရဖြစ်မှုကို ထိန်းကာ သူ့ခန္ဓာကိုယ်တွင်းရှိ အထွတ်အထိပ်တစ်လျှောက် ပျံ့နှံ့သွားသော လေ၀င်လေထွက်ကို အာရုံခံရင်း စိတ်ကူးကြည့်မိနေသည်။
မျှော်လင့်ထားသည့်အတိုင်း သူတွေးလိုက်သည်နှင့် တပြိုင်နက် အပူစီးကြောင်းပါးပါးလေးသည် သူအာရုံစိုက်ထားတဲ့ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းဆီသို့ ရောက်သွားသည် ။
အပူစီးကြောင်းဖြတ်သန်းသွားတိုင်း သူ့ကြွက်သားတွေက သွေးတွေနဲ့ ပြည့်နေပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပုံရသည်။ သို့သော် ၎င်းက လေးကြိုးကို သူ့ကန့်သတ်ချက်ရောက်တဲ့အထိ ဆွဲယူထားသည့် တင်းကျပ်မှုမျိုးတော့ မဟုတ်ပေ။ ယင်းအစား ၎င်းသည် စိတ်ကိုငြိမ်သက်စေပြီး သက်တောင့်သက်သာရှိစေသည်။
“ဒါဆို ဒါက ဝိညာဉ်ရေးရာ အနှစ်သာရပဲ…”
လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူ့တစ်ကိုယ်လုံး ရေပူစမ်းထဲမှာ စိုရွှဲနေသလို ခံစားရသည်။ သူ၏ခန္ဓာကိုယ်ရှိ သွေး၊ အနှစ်သာရ၊ ကြွက်သားများနှင့် အရိုးများသည် သန့်ရှင်းပြီး အပြစ်အနာအဆာကင်းတဲ့အပြင် သူ၏ ကိုယ်တွင်းအင်္ဂါများသည် ပျော့ပြောင်းပြီး အစွမ်းထက်နေသည်။
အတွေးတစ်ခုနဲ့တင် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးရာ အနှစ်သာရသည် ဒီရေကဲ့သို့ တိုးလာသည်။
သူ့အတွေးတွေက တဖန်ပြောင်းသွားပြီး နွေဦးလေညင်းလို နူးညံ့သိမ်မွေ့တဲ့ ခံစားမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
စွမ်းအားတွေ ပြည့်လျှံသွားပြီး လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်က မူးယစ်သွားစေသလိုပင်။
လင်းရှန်သည် မြေပြင်မှထကာ အိပ်ခန်းအတွင်းရှိ ကိုယ်လုံးပေါ်မှန်ဆီသို့ အမြန်လှမ်းကြည့်လိုက်သည်။
သူဖြတ်ကျော်သွားပြီးနောက် သူ့အငွေ့အသက်တစ်ခုလုံး သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့သည်။ အလွန် ထူးကဲသော ခံစားမှုကို ရရှိခဲ့သည်။
သူ့မျက်နှာကို တောက်ပသော ကျောက်စိမ်းအလွှာဖြင့် ဖုံးအုပ်ထားပုံရသည်။ သူ့မျက်လုံးတွေက ကြယ်တွေလို တောက်ပနေ၏
သူ့ဘာသာ တခဏလောက် သဘောကျပြီးနောက် လင်းရှန်သည် သူ့ဘေးက သစ်သားကုတင်ကို လှည့်ကြည့်လိုက်သည်။ အတွေးတစ်ခုဖြင့် ကုတင်ဆီ လျှောက်သွားကာ ဘယ်ဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ချက်ချင်းပင် ကျယ်လောင်သောအသံနှင့်အတူ ထူထဲသောသစ်သားကုတင်သည် မြေပြင်မှကြွလာပြီး မြေပြင်အထက် (၂၀ )စင်တီမီတာခန့် အကွာထိ မြင့်တက်လာသည်။ အဲ့တာက လုံးဝတုန်ခါသွားတာမျိုး မရှိပေ။
လင်းရှန်သည် အဲ့တာကို ဆယ်စက္ကန့်ကျော်ကြာအောင် ထိန်းထားနိုင်သည်။ ထို့နောက် သစ်သားကုတင်ကို ချလိုက်ပြီး သူ့လက်များကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ယခင်က သစ်သားကုတင်ကို လက်တစ်ဖက်ဖြင့် မြှောက်နိုင်ခဲ့သော်လည်း အနည်းငယ် ပင်ပန်းသည်ဟု ခံစားရသည်။
သို့သော် ယခုအချိန်တွင် သစ်သားကုတင်တစ်ခုလုံးကို မဖို့အတွက် သူသည် ခွန်အားများစွာ မသုံးခဲ့ပေ။ လမ်းဘေးက ကျောက်တုံးလေးကို ကောက်ရသလိုပဲ အားစိုက်ရတာ မရှိလိုက်ပေ။
ချီအသွင်ပြောင်းခြင်းအဆင့်မှာ ရှိတုန်းကထက် သူ့ရဲ့ ခွန်အားက အဆအနည်းငယ် တိုးလာသည်။
“ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ရေးအနှစ်သာရက သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး ကြီးကျယ်တဲ့ စွမ်းအားတစ်ခုက ဝင်သက်ထွက်သက်တိုင်းမှာ ထွက်ပေါ်လာတယ်လို့ ကြားဖူးတယ်။ ကြည့်ရတာ ဒဏ္ဍာရီပြောစကားတွေက မှန်သလိုပဲ”
လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားမိမှ ကြာရှည်စွာအသက်ရှုခြင်းအဆင့်နှင့် ချီအသွင်ပြောင်းခြင်း အကြား ကွာဟချက်ကို နားလည်နိုင်မည်ဖြစ်သည်။
အဲဒါက အဓိပ္ပာယ်ရှိသည်။ သူ၏ ကိုယ်ခံပညာနှင့်စွမ်းရည်များနဲ့သာဆို ချီအသွင်ပြောင်းခြင်း နဝမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ
အနိုင်ယူနိုင်သည်။ ခုနစ်ယောက် ၊ ရှစ်ယောက်လောက်ကို တစ်ယောက်တည်း တိုက်ဖို့ကလည်း သူ့အတွက် ပြဿနာ မဟုတ်ချေ။
သို့သော်လည်း ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်တွင်ရှိသော လောင်ရီနှင့်တော့ သရေကျရုံသာ ယှဉ်ပြိုင်နိုင်ခဲ့သည်။
အဲဒါက အဆင့်နှစ်ခုကြားက ကွာခြားချက်ကို သက်သေပြခဲ့တာပင်။
သို့သော်လည်း ယခုအချိန်တွင် လောင်ရီပေါ်လာပါက အကြိမ် (၂၀)အတွင်း သတ်နိုင်
မည်ဟု လင်းရှန်က ယုံကြည်ထားသည်။
နတ်ဘုရားရှာဖွေခြင်းအဆောင်ကို လုံးဝအသုံးပြုရန် မလိုအပ်ပေ။
ငြိမ်သက်သွားပြီးနောက် လင်းရှန်က မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - နတ်ဘုရား၏ မနာလိုမှု]
[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း ပထမဆင့် ၊ ၁%]
[ကျင့်ကြံနည်းစနစ်- မူလအသက်ရှူခြင်းနည်းစနစ်(ပြီးပြည့်စုံမှု)၊ နေမီးတောက်လက်ဝါး (ပြီးပြည့်စုံမှု)၊ သေခြင်းအတားအဆီး (အစပြုသူအဆင့် ၇၅ %)၊ အရိပ် (ပြီးပြည့်စုံမှု)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၁၂%)]
[ကိုယ်ပွားအရေအတွက်- ၄( ၉၄ %)]
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ကျင့်ကြံခဲ့တာကြောင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံသည်လည်း ကျွမ်းကျင်အဆင့်ကို ရောက်လာခဲ့သည်။
"အဲဆို ငါက တားမြစ်ထားတဲ့ ရွှေရောင် ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းကို အခုပဲ စလို့ရပြီပေါ့”
လင်းရှန်သည် သူ၏ သိုလှောင်ကျောက်စိမ်းပြားမှ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်း လျှို့ဝှက်လက်စွဲစာအုပ်ကို ချက်ချင်းထုတ်လိုက်သည်။
ကိုယ်ခံပညာနှစ်ခုစလုံးသည် ကြာရှည်စွာအသက်ရှုခြင်း အဆင့်တွင်သာ ကျင့်ကြံနိုင်သော ကိုယ်ခံပညာနည်းစနစ်များဖြစ်သည်။ ယခု သူက ဖြတ်ကျော်သွားတာကြောင့် နောက်ဆုံးတွင် စတင်ကျင့်ကြံနိုင်ပြီဖြစ်သည်။
၎င်းတို့အထဲတွင် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။
အရည်ပျော်ခြင်းသည် ပြင်းထန်သော ယန်လက်ဝါးစွမ်းအားဖြင့် လက်နက်မျိုးစုံကို အနိုင်ယူနိုင်ရန် အထူးပြုထားသည့် လက်ဖဝါးနည်းစနစ်ဖြစ်သည်။ သတ္တုကိုပင် အရည်ပျော်သွားစေနိုင်သည်။ ၎င်းသည် အငွေ့ပျံကြိုးနှင့် အတော်လေးဆင်တူသည်။
အရည်ပျော်ခြင်းနဲ့ဆို လင်းရှန်သည် လက်ဗလာနဲ့ လက်နက်များကို ရင်ဆိုင်ရရင်တောင် ယခင်ကဲ့သို့ ချုပ်တည်းနေစရာ မလိုတော့ပေ။
နှောင့်နှေးမနေဘဲ လင်းရှန်သည် ကိုယ်ပွားလေးယောက်ကို ချက်ချင်းခေါ်ခဲ့သည်။
အရည်ပျော်ခြင်းသည် ယန်စွမ်းအား ကိုယ်ခံပညာရပ်တစ်ခုဖြစ်သောကြောင့်
သန့်စင်သော ယန်ခန္ဓာကိုယ် စွမ်းရည်ရှိသည့် ကိုယ်ပွါး(၃) အတွက် သင့်လျော်သည်။
ကိုယ်ပွါး ၁ နှင့် ကိုယ်ပွါး ၄ တို့ကိုတော့ တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာကို နားလည်အောင် ကျင့်ကြံခိုင်းရမည်။
ကိုယ်ပွါး ၂ အတွက်ကတော့
လင်းရှန်သည် ကိုယ်ပွါး ၂ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကိုယ်ပွါး ၂ သည် အသက်ကင်းမဲ့နေပြီး ၎င်းသည် အချိန်မရွေးသေသွားနိုင်ပုံရသည်။ သို့သော် ယနေ့တွင် ပိုကြည့်ကောင်းနေပြီး မဖျားနာတော့ပေ။
အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် လျင်မြန်စွာ နားလည်သွားသည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်ပြီးနောက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းသွားမည်ဖြစ်သည်။ ရောဂါတွေ ပျောက်ကင်းပြီး သူ့အသက်သည်လည်း ရှည်သွားမည် ဖြစ်သည် ။ ၎င်း၏သက်တမ်းသည် အနည်းဆုံး နှစ်(၆၀)ထိ တိုးလာမည်ဟု ဆိုသည်။
ကိုယ်ပွါး ၂ ၏ သက်တမ်း တိုးလာခြင်းကြောင့် ထိုသို့သော ပြောင်းလဲမှု ဖြစ်ခဲ့ပုံရသည်။
“ကောင်းတယ်။ ဒါဆို ကိုယ်ပွါး ၂က ပိုကြာကြာ နေနိုင်သေးတာပဲ”
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် တရားထိုင်ခြင်း မပြုမီတွင်
မြွေသစ်ခွကို ထုတ်ယူပြီး ကိုယ်ပွါး၂ကို စားသုံးခွင့်ပေးခဲ့သည်။
"ပဉ္စမကိုယ်ပွားကို ရဖို့ ၆% လိုနေသေးတယ်။ အချိန်ကတော့ သုံးရက်လောက်လိုပါသေးတယ်”
ပဉ္စမမြောက်ကိုယ်ပွားကို ရတော့မည်ဟု တွေးရင်း လင်းရှန်က စိတ်လှုပ်ရှားသွားသည်။
အဲဒီနောက်မှာတော့ သူ့ရဲ့ ကျင့်ကြံမှု အရှိန်က နောက်တစ်ဆင့်ကို ရောက်သွားအုံးမည်ပင်။
အဓိက သော့ချက်က သူ့စွမ်းရည်ပင်။
ယခုအချိန်အထိ ကိုယ်ပွား၏စွမ်းရည်တိုင်းသည် လင်းရှန်အတွက် ကြီးမားသောအကျိုးကျေးဇူးများကို ယူဆောင်လာခဲ့သည်။
ထိရောက်မှုအနည်းဆုံးဖြစ်ပုံရသော ဇွဲလုံ့လသည်ပင် အခက်အခဲများစွာကို ကျော်ဖြတ်နိုင်ခဲ့သည်။
ဒါကြောင့်လည်း လင်းရှန်က သူ့စွမ်းရည် အသစ်ကို စောင့်မျှော်နေတာပင်။
ခဏအကြာတွင် လင်းရှန်သည် အနည်းငယ်ငြိမ်သက်သွားပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် အာရုံပျံ့လွင့်နေသော အတွေးများကို ထိန်းကာ စတင်ကျင့်ကြံခဲ့သည်။