အင်အားကို ပြသခြင်း
Vol. 5 Ch. 72
နှစ်နာရီခန့်ကြာသွားလေသည်။
လင်းရှန်နဲ့ ကိုယ်ပွါး ၂ သည် တစ်ချိန်တည်းတွင် မျက်လုံးဖွင့်လိုက်သည်။
၎င်းက မြွေသစ်ခွ၏ ဆေးဖက်ဝင်အစွမ်းသတ္တိကို စုပ်ယူထားပြီးဖြစ်နေသည်။ ကိုယ်ပွါး ၏ ကျင့်ကြံမှုသည် ယခင်ကထက် ၁%တိုးလာခဲ့သည်။
"မျှော်လင့်ထားသလိုပဲ ၊ ငါဖြတ်ကျော်ပြီးသွားတော့ မြွေသစ်ခွရဲ့ အကျိုးသက်ရောက်မှုက အရမ်းလျော့ကျသွားတာပဲ”
လင်းရှန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
သူက မျက်နှာချင်းဆိုင်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ နှစ်နာရီကြာ ကျင့်ကြံပြီးတဲ့နောက်မှာ သူ့၏ကျင့်ကြံမှုက ၁ ရာခိုင်နှုန်းမျှ ပင် တိုးမလာပေ။
ဒါတောင် ဘုရားခင်၏ မနာလိုမှု စွမ်းရည်ဖြစ်သော ကျင့်ကြံမှု အမြန်နှုန်း +၁၀၀% ၏ သက်ရောက်မှုအောက်တွင်ကျင့်ကြံတာ ဖြစ်သည်။
“မူလ အသက်ရှူခြင်း နည်းစနစ်က အခြေခံကျတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုပဲ။ ဒါပေမဲ့ ပြီးပြည့်စုံခြင်းအဆင့်ရောက်တာတောင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ရဲ့ ကျင့်ကြံမှုအပေါ် အကန့်အသတ်နဲ့ ပဲ သက်ရောက်မှုရှိတယ်။”
" ကြာရှည်စွာအသက်ရှုခြင်းအဆင့်ရဲ့ ကျင့်ကြံနည်းစနစ်ကို လက်ထဲမရသေးသရွေ့ ငါ့ကျင့်ကြံမှုက အတော်နှေးကွေးနေအုံးမှာပဲ”
မှောင်ခိုလမ်းပေါ်တွင် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူအတွက် ကျင့်ကြံနည်းစနစ်များ ရှိကောင်းရှိနိုင်သော်လည်း လင်းရှန်သည် ၎င်းတို့ကို ထိုနေရာတွင် မဝယ်ယူချင်ပေ။
မည်သို့ပင်ဆိုစေကာမူ နိုင်ယန်းကျောင်းတွင် ကျင့်ကြံမှုစဖို့ နောက်ထပ် ဆယ်ရက် သို့မဟုတ် အဲ့ထက်နည်းနည်းသာ စောင့်ရန် လိုအပ်သည်။
ထိုအချိန်တွင် သူသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်၏ စစ်မှန်သော ကျင့်ကြံနည်းစနစ်ကို လဲလှယ် ရယူနိုင်သည်။
အလျင်စလို လုပ်စရာမလိုချေ။
ဒါပေမဲ့ လင်းရှန် နောက်ဆယ်ရက်အထိကျင့်ကြံစရာမလိုဘူးဟု ဆိုလိုတာ မဟုတ်ချေ။
ကျင့်ကြံနည်းစနစ် ထိရောက်မှုမရှိဘူးဆိုရင်တောင် အဲ့အတွက် ဆေးဝါးများကို အသုံးပြုရမည်ဖြစ်သည်။
လောင်ရီကိုသတ်ခြင်းအတွက် ဆုကြေးအပါအဝင် လင်းရှန်မှာ ဝိညာဉ်ဒင်္ဂါး (၈၀၀၀၀၀) ခန့်ရှိသေးသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို အထောက်အကူပြုသည့် အဆီအနှစ်ဆေးလုံးများကိုလည်း ဝယ်ယူနိုင်သည်။
ဆုံးဖြတ်ပြီးတဲ့နောက်မှာ လင်းရှန်သည် ကိုယ်ပွါးများကို သူ့စိတ်ထဲမှာ ပြန်စုစည်းကာ ကိုယ်ခံပညာလက်စွဲစာအုပ်ပါ အကြောင်းအရာများကို အလွတ်မှတ်ခိုင်းရန် စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် သူသည် အောက်ထပ်သို့ဆင်းကာ ဆေးဝယ်ရန် အပြင်ထွက်ခဲ့သည်။
လှေကားမှဆင်းလိုက်သည်နှင့် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အိုက်လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
လင်းရှန်အိမ်သို့ရောက်ကတည်းက အိုက်သည် အပြင်မထွက်ဘဲ တစ်နေကုန်စားလိုက်
အိပ်လိုက်သာ နေခဲ့သည်။ ခြွင်းချက်အနေနဲ့ကတော့ ညတိုင်း လရောင်အောက်မှာ အိပ်ဖို့ လသာဆောင်ကို ပြေးသွားတာပင်။
သူမပြောစကားအရ ကျင့်ကြံရန် လရောင်၏ အနှစ်သာရကို စုပ်ယူနေသည်ဟု သိရသည်။
ဝိညာဉ်သားရဲများ၏ အထူးသဘာ၀ကြောင့် အိုက်၏ ကျင့်ကြံမှုအဆင့် ပြောင်းလဲသွားခြင်း ရှိ၊ မရှိကို လင်းရှန်က မပြောနိုင်ပေ။
သို့သော်လည်း လွန်ခဲ့သည့်နှစ်ရက်က လင်းရှန်အား သူမ၏ကျင့်ကြံမှု ဖြတ်ကျော်သွားတာကို ပြသရန် ရောက်ရှိလာခဲ့သည်။
" ဝိညာဉ်သားရဲတွေနဲ့ လူသားတွေရဲ့ ကျင့်ကြံမှု အဆင့် ကွာခြားချက်က ဘာလဲ။"
လင်းရှန် အံ့ဩသွားသည်။
ခဏလောက် စဉ်းစားပြီးမှ ခေါင်းယမ်းကာ ထိုသံသယကို ဖယ်ထားလိုက်သည်။
ထိုအချိန်တွင် အိုက်သည် လင်းရှန် အောက်ထပ်သို့ဆင်းလာသည်ကို သတိပြုမိသွားပုံရသည်။ မျက်လုံးဖွင့်ပြီး လင်းရှန်ကို ကြောင်တက်တက်နဲ့ မော့ကြည့်လိုက်သည်။
"ငါအိပ်မက်မက်နေတာလား? နင့်ပုံစံက အရင်နဲ့မတူဘူးလို့ ဘာလို့ခံစားနေရတာလဲ။"
လင်းရှန်က ပြုံးပြီး ပြောသည် ။
"ဟုတ်တယ်။ နင် အခု အိပ်မက်မက်နေတာ”
"ဟုတ်လား။"
အိုက်က စိတ်သက်သာရာရကာ ပြန်အိပ်သွားသည်။
လင်းရှန်က ရယ်လိုက်သည်။ ထို့နောက် ခေါင်းယမ်းပြီး အခန်းကနေ ထွက်လာခဲ့သည်။
နဂါးမြို့တော်ရှိ အကြီးဆုံး ဆေးဆိုင်သည် စစ်မှန်သော ကိုယ်ခံပညာဆေးဆိုင်
ဖြစ်တာ သေချာသည်။
စစ်မှန်သော ကိုယ်ခံပညာ ဆေးဆိုင်သည် ကိုယ်ခံပညာနှင့် ကျင့်ကြံနည်းစနစ်များကို ရောင်းချရုံသာမက ဆေးပြားများ၊ ရှားပါးဆေးဖက်ဝင်အပင်များ၊ အဆောင်များနှင့် ဝိညာဉ်ရေးရာဆိုင်ရာ ပစ္စည်းများကဲ့သို့ ပစ္စည်းများကိုလည်း ရောင်းချခဲ့သည်။
စျေးကွက်တွင် အလွန်ရှားပါးသောရတနာ သို့မဟုတ် ဂိုဏ်းသုံးခုစီရင်စုမှ ဖြန့်ဝေခြင်းမပြုဖို့ တားမြစ်ထားတာမျိုးက လွဲရင် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် မည်သည့်ပစ္စည်းကိုမဆို စစ်မှန်သောကိုယ်ခံပညာစျေးဆိုင်တွင် တွေ့ရှိနိုင်သည်။
အဆီအနှစ်ဆေးလုံးကိုလည်း ထိုတွင် ဝယ်ယူလို့ရသည်။
လင်းရှန်၏ ဦးတည်ရာသည် အရှေ့ခရိုင်ရှိ စစ်မှန်သော ကိုယ်ခံပညာ ဆေးဆိုင်၏ ဆိုင်ခွဲတစ်ခုဆီသို့ဖြစ်သည်။
နောက်ဆယ်မိနစ်ကြာတော့
လင်းရှန်သည် ခေတ်မှီသော ခြောက်ထပ် အဆောက်အဦးရှေ့တွင် ရပ်လိုက်သည်။
ဖောက်ထွင်းမြင်ရသော မှန်တံခါးမှတစ်ဆင့် ပထမထပ်ရှိ ကျယ်ဝန်းသော ဧည့်ခန်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုနေရာ က ဘောလုံးကွင်းထက်တောင် ပိုကျယ်သည်။
“အရှေ့ခရိုင်မှာရှိတဲ့ ဆိုင်ခွဲတစ်ခုကကို အရမ်းမိုက်နေပြီ။ ဒါက နဂါးမြို့တော်မှာ အကြီးဆုံး စီးပွားရေးအဖွဲ့အစည်းလို့ ပြောလို့ရနိုင်မလားပဲ”
လင်းရှန်က သက်ပြင်းချလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။
ထိုအချိန်တွင် ဆိုင်ထဲမှာ ဖောက်သည်တွေ အများကြီး ရှိနေသည်။
၎င်းတို့အနက် ဆေးလုံးရောင်းချသည့် နေရာတွင် လူအများဆုံးရှိသည်။
နောက်တစ်ခုကတော့ ကိုယ်ခံပညာ ကျင့်ကြံရေးနည်းစနစ် ရောင်းတဲ့နေရာပင်။
ဝိညာဉ်ရေးရာဆိုင်ရာ ပစ္စည်းဧရိယာမှာတော့ဖောက်သည်အနည်းငယ်သာ ရှိခဲ့သည်။
အမှန်တော့ ဝိညာဉ်ရေးရာပစ္စည်းများကို ဝိညာဉ်ရေးအနှစ်သာရဖြင့်သာ အသုံးပြုနိုင်သည်။
အကယ်၍ လူတစ်ယောက်သည် ဝိညာဉ်ရေးရာဆိုင်ရာ ပစ္စည်းတစ်ခုကို ရရှိခဲ့ရင်တောင် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူမဟုတ်ပါက ၎င်းသည် သာမန်လက်နက်နှင့်မခြားတော့ပေ။
ထို့အပြင် ဝိညာဉ်ရေးရာဆိုင်ရာပစ္စည်းများသည် အလွန်စျေးကြီးသည်။ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူတော်တော်များများတောင် အဲ့တာကို မတတ်နိုင်ကြပေ။
ဝင်လာပြီးနောက် လင်းရှန်သည် ခဏရပ်သွားပြီး ဆေးလုံးရောင်းရာနေရာဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။
ဆေးလုံးဧရိယာတွင် ဆေးအမျိုးအစားများစွာရှိသော်လည်း ၎င်းတို့ကို ရှင်းလင်းသောအပိုင်းများအဖြစ် ခွဲခြားထားတာကြောင့် အမျိုးအစားများမှာ အလွန်ရှင်းလင်းပြတ်သားသည်။ လင်းရှန်သည် အဆီအနှစ်ဆေးလုံးထားရှိရာ ဗီရိုကို ရှာတွေ့ရန် အချိန်အရမ်းမပေးခဲ့ရပေ။
သို့သော် စျေးနှုန်းကို မြင်သောအခါတွင် သူက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အဆီအနှစ် ဆေးလုံးတစ်ပုလင်းလျှင် ဝိညာဉ် ဒင်္ဂါး ၃၆၀,၀၀၀ကျော်ကျမည် ဖြစ်သည်။
ပျမ်းမျှအားဖြင့် အဆီအနှစ်ဆေးလုံး တစ်လုံးသည် မူလဆေးလုံးထက် ခြောက်ဆပိုစျေးကြီးပြီး ဝိညာဉ်ဒင်္ဂါး ၃၀,၀၀၀ ကျသည်။
“ကျင့်ကြံမှုမြင့်လေ ပိုက်ဆံများများသုံးရလေလို့ ပြောတာကို မအံ့ဩတော့ပါဘူး။
ငါက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်မှာပဲရှိပေမယ့် ဆေးဝယ်ဖို့ ကုန်ကျစရိတ်က အရမ်းများနေပြီ။ တောက်ပသော ဝင်ပေါက်အဆင့်ကိုရောက်ဖို့ ဘယ်လောက်တောင် ကုန်ကျလိုက် မလဲ”
လင်းရှန်က ရှုံ့မဲ့သွားသည်။
သူ့မှာ ဝိညာဉ်င်္ဒဂါး၈သိန်း ရှိတာကိုတင် ချမ်းသာပြီဟု ထင်ခဲ့သည်။
ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဆင်းရဲနေတုန်းပင် ဖြစ်သည်။
ဆေးက ဈေးကြီးပေမယ့် သူက မဖြစ်မနေ ဝယ်ရမှာပင်။ လင်းရှန်က အံကြိတ်ကာ ပုလင်းနှစ်ပုလင်းကို တစ်ပြိုင်နက်တည်း ဝယ်လိုက်သည်။
"အဲဒါက စတုရန်းလို နေရာတစ်ခုဆီကို ပြန်သွားရမဲ့သဘောပဲ”
လင်းရှန်သည် ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက အဆီအနှစ် ပုလင်းနှစ်ပုလင်းကိုယူကာ ငွေရှင်းကောင်တာထံ လျှောက်သွားပြီး ငွေပေးချေလိုက်သည်။
“ အဆီအရည် နှစ်ပုလင်း။ အဲ့တာက ဝိညာဉ်ဒင်္ဂါး ၇၂၀,၀၀၀ ကျပါလိမ့်မယ်”
ငွေရှင်းကောင်တာမှ ကောင်မလေးသည် လင်းရှန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ အသက် (၂၀) နှစ်အောက် လူငယ်လေးတစ်ယောက်က အဆီအရည် ဝယ်တာကို မြင်တော့ သူမ အရမ်းအံ့ဩသွားသည်။
မိသားစုက အကြီးအကဲတွေအတွက် ဝယ်တာလား။
ကောင်မလေးက အဲဒါကို တွေးပြီး ဒီလို ဖြစ်မည်ဟုပင် ထင်ခဲ့သည်။
ဒီလူငယ်က ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဖြစ်နိုင်ပေ။
သူမှာ အရည်အချင်း ဘယ်လောက်ရှိမှာမလို့လဲ။
ဆေးဖိုးပေးပြီးနောက် ကောင်မလေးက လင်ရှန်းအတွက် ထုပ်ပိုးပေးသည်။ သူသည် အိတ်ကိုယူကာ မဆိုင်းမတွ လှည့်ထွက်ပြီး အဆီအနှစ်ဆေး၏ အာနိသင်ကို စမ်းသပ်ရန် ပြင်ဆင်နေသည်။
"ဆေးရဲ့အာနိသင်က ဒီစျေးနဲ့တန်မယ်လို့မျှော်လင့်ရတာပဲ”
ထိုအချိန်တွင် လူငယ်နှစ်ဦးက တံခါးကိုတွန်းဖွင့်ကာ ဝင်လာကြသည်။ လင်းရှန်
ဖြတ်သွားသောအခါတွင် တစ်ယောက်က ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခဏနေဦး”
လူငယ်က စကားပြောပြီး လင်းရှန်၏ပခုံးကို လှမ်းဆွဲကာ တားဖို့ လုပ်ခဲ့သည်။
လင်းရှန်သည် မထင်မှတ်ပဲ သူ့ပခုံးကို ဆန့်ထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ်လှည့်ထွက်လိုက်သည်။ သူက ဆံပင်အနီနဲ့လူ၏ လက်ကို ရှောင်လိုက်သည်။
လူငယ်သည် ထိတ်လန့်သွားပြီး သူ၏လက်ဖဝါးသည် လေထဲတွင် အေးခဲသွားသည်။ ချီအသွင်ပြောင်းခြင်း ကျင့်ကြံသူအား ကိုင်တွယ်ဖို့ အဲ့လောက်ခက်မည်ဟု သူမျှော်လင့်မထားပေ။
"ပြဿနာတစ်ခုခု ရှိလို့လား”
လင်းရှန်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
လူငယ်သည် အသိပြန်ဝင်လာပြီး သူ့အဖော်၏ လှောင်ပြောင်သော အကြည့်အောက်တွင် မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ ထိုလူက အရှက်တရားကြောင့် အနည်းငယ် စိတ်ဆိုးနေပုံရသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်သည်။
"မင်းက လင်းရှန် ဖြစ်ရမယ်”
လင်းရှန်သည် ထိုအရေးမပါသော မေးခွန်းကို မဖြေပေ။
လူငယ်က သူ့ကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး အတိအကျ ထပ်မမေးချေ။
မျှော်လင့်ထားသည့်အတိုင်း လူငယ်က ချက်ချင်းပြောသည်။
"ငါ့နာမည် ဖန်းရှင်းယွမ်ပါ၊ သူက ခွမ်းပေါင်။ ငါတို့နှစ်ယောက်စလုံးက နိုင်ယန်ကျောင်းက အဝါရောင်အဆင့် တပည့်တွေ”
လင်းရှန်က တိတ်ဆိတ်နေပြီး သူတို့နှစ်ယောက်ကို ဂရုမစိုက်သလို ကြည့်နေသည်။
အခြားအချိန်တွေဆိုလျှင် လင်းရှန်သည် ကျောင်း၏ စီနီယာအကိုနှစ်ယောက်နှင့် ယဉ်ကျေးပျူငှာစွာ စကားစမြည်ပြောဆိုနေမည်ဖြစ်သည်။
သို့သော် ဖန်းရှင်းယွမ်၏ အစောက လုပ်ရပ်အရ ၎င်းတို့နှစ်ဦးသည် ရည်ရွယ်ချက်ကောင်းများ မပါရှိကြောင်း သိသာသည်။
လင်းရှန်သည် ထိုသို့သောလူများအတွက် သဘောကောင်းမည်မဟုတ်ပေ။
ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့သည် မကျေမနပ်အကြည့်များနဲ့ မျက်မှောင်ကြုတ် လိုက်သည်။
“အဓိက တပည့်က ထူးဆန်းလိုက်တာ ။ ဘယ်လောက်တောင် မာနကြီးနေလိုက်လဲ”
ဖန်းရှင်းယွမ်က ရယ်မောလိုက်သည်။
“မင်းက ထိပ်တန်း တပည့် ဖြစ်လာတာနဲ့ပဲ ငါတို့ရှေ့မှာ မာနကြီးလို့ ရတယ် မထင်နဲ့။ နောက်ဆုံးတော့ မင်းက ငအပဲ။ အပြင်မှာကျ မင်းကိုယ်မင်း တော်တယ်ဆိုပြီး ဘဝင်ရူးနေလို့ရတယ် ။ ကျောင်းကို ရောက်သွားတဲ့အခါကျ
ကျင့်ကြံရေးသမားတွေရဲ့ ကမ္ဘာက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်
လဲဆိုတာ သိလာလိမ့်မယ်”
“အဲဒီမှာ နောက်ခံနဲ့ ချိတ်ဆက်မှုတွေက အရာရာပဲ၊ မင်းကို ထောက်ပံ့နိုင်တဲ့ လုံလောက်တဲ့ အရင်းအမြစ်တွေမရှိရင် မင်းဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ၊ မင်း မကြာခင်မှာပဲ သာမန်လူတစ်ယောက်ဖြစ်လာမှာပဲ”