← Chapters

သတ်ဖြတ်ခြင်းကို အားပေးသည်။

Vol. 5 Ch. 74

သတ်ဖြတ်ခြင်းကို အားပေးသည်။

Vol. 5 Ch. 74

နောက်ထပ်ရှစ်ရက်ကြာသွားသည်။

[အမည်-လင်းရှန်]

[စွမ်းရည် - ဘုရားသခင်၏ မနာလိုမှု]

[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ပထမအဆင့်၊ ၈၂ %]

[ကျင့်ကြံနည်းများ- မူလအသက်ရှူခြင်းနည်းစနစ် (ပြီးပြည်စုံမှု) ၊နေမီးတောက်လက်ဝါး (ပြီးပြည့်စုံမှု)၊ အရိပ် (ပြီးပြည့်စုံမှု)၊ သေခြင်းအတားအဆီး (အစပြုသူအဆင့် ၉၄ %)၊ တိမ်တိုက်ကြားမှတစ်ဆင့် နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၂၅ %)၊ အရည်ပျော်ခြင်း (အစပြုသူအဆင့် ၁၇% ),

တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (အစပြုသူအဆင့် ၃%)]

[ကိုယ်ပွားအရေအတွက်- ၅ (၈%)]

မျက်နှာပြင်ပေါ်ရှိ အချက်အလက်ကို ကြည့်ကာ လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ့မျက်နှာမှာရော ၊ နှလုံးသားထဲက အပြုံးတစ်ခု ပေါ်လာသည်။

ဆယ်ရက်ကျော်ကြာပြီးနောက် သူသည် အရည်ပျော်ခြင်းနှင့် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို အစပြုသူအဆင့်သို့ ရောက်ရှိခဲ့သည်။

ဤနည်းဖြင့် သူ၏ ကိုယ်ခံပညာသည် ပို၍ပင် ပြီးပြည့်စုံလာခဲ့သည်။

အမြန်နှုန်းအတွက် သူ့မှာအရိပ် ရှိသည်။

ကာကွယ်ရေးအတွက် သူ့တွင် တားမြစ်ထားသော ရွှေရောင်သံချပ်ကာရှိသည်။

တိုက်ခိုက်ရန်အတွက် နေမီးတောက်လက်ဝါးရှိသည်။

အုပ်စုတိုက်ပွဲများအတွက် တိမ်တိုက်ကြားမှ နဂါးဟောက်သံရှိသည်။

သူ့တွင် လက်နက်ကို ရင်ဆိုင်ရန် အရည်ပျော်ခြင်း ရှိသည်။

သူ့မှာ အားနည်းချက်မရှိသရွေ့ အနည်းဆုံးတော့ သိသာထင်ရှားတဲ့ အပြစ်အနာအဆာ

ရှိလာမည် မဟုတ်ပေ။

"နောက်ထပ် အဝေးပစ်တိုက်ခိုက်ရေးကိုယ်ခံပညာကို ကျွမ်းကျင်နိုင်ရင် ပိုကောင်းမယ်”

တိမ်တိုက်ကြားမှ နဂါးဟောက်သံသည် အဝေးမှ ရန်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော်လည်း အကွာအဝေးမှာ အကန့်အသတ် ရှိသေးသည်။

နဂါးဟောက်သံ ကျွမ်းကျင်အဆင့်သည်ပင် မီတာ ၅၀ အတွင်းမှ ရန်သူများကိုသာ တိုက်ခိုက်နိုင်သည်။

ဤအကွာအဝေးကိုကျော်လွန်ရင် ၎င်း၏စွမ်းအားသည် အလွန်အားနည်းသွားသည်။

ဒါတောင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့တက်လှမ်းပြီးမှ ဝိညာဉ်အနှစ်သာရကို သုံးကာ တိမ်တိုက်ကြားမှ နဂါးဟောက်သံကို တိုးမြှင့်အောင် လုပ်ထားတာဖြစ်သည်။

ချီအသွင်ပြောင်းခြင်းအဆင့်မှာဆို တိမ်တိုက်ကြားမှ နဂါးဟောက်သံ၏

တိုက်ခိုက်မှုသည် မီတာ (၂၀)အထိက အများဆုံးဖြစ်သည်။

ဤသည်မှာ အသံလှိုင်း ကိုယ်ခံပညာ နည်းစနစ်၏ မပြည့်စုံမှုပင်ဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် လျှို့ဝှက်လက်နက် ကိုယ်ခံနည်းပညာများဖြစ်သော လက်ချောင်းစွမ်းအင်၊ လက်ဖဝါးနှင့် အခြားကိုယ်ခံပညာရပ်များသည် အဝေးမှထုတ်လွှတ်နိုင်ပြီး တိုက်ခိုက်မှုအကွာအဝေးသည် ပိုမိုများပြားမည်ဖြစ်သည်။

"ပြီးတော့ လက်နက်အမျိုးအစား ကိုယ်ခံပညာကို ရွေးချယ်တာ အကောင်းဆုံးပဲ”

လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

ကျင့်ကြံရေးသမားများအတွက် ကျင့်ကြံခြင်းသည် အရေးကြီးဆုံးဖြစ်သော်လည်း ကိုယ်ခံပညာသည်လည်း ခွန်အား၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဒီလို သူအစွမ်းနဲ့ဆို သူ၏ တိုက်ခိုက်ရေး အစွမ်းကို တတ်နိုင်သမျှ မြှင့်တင်ဖို့လိုပြီး ကိုယ်ခံပညာနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်ရပေတော့မည်။

ထို့အပြင် လင်းရှန်တွင် ကိုယ်ပွါးအများကြီးရှိတာကြောင့် တခြားကျင့်ကြံသူတွေလို အာရုံများစရာမလိုပေ။

လင်းရှန်သည် အာရုံပြန်ရလာပြီးနောက် မျက်နှာပြင်ကို ဆက်ကြည့်လိုက်သည်။

ဆဋ္ဌမမြောက်ကိုယ်ပွါးသည် စတင်ဖွဲ့စည်းနေပြီ ဖြစ်သည်။ သို့သော် ယခင်အကြိမ်

ကဲ့သို့ပင် ကိုယ်ပွါးအသစ်ကို ဖွဲ့စည်းရန် အချိန်ကြာလာပြန်သည်။

ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၁% သာ တိုးလာမည်ဖြစ်သည်။

ကိုယ်ပွါးအသစ်ကိုရရန် ရက်ပေါင်း (၁၀၀)ကြာမည်ဖြစ်သည်။

“သုံးလကျော်ကျော်ပဲ။ သိပ်တော့မဝေးတော့ပါဘူး။”

ထို့အပြင် လင်းရှန်သည် ဤအချိန်ကာလအတွင်း ကိုယ်ပွါး၏ သွားလာနိုင်မှုကို စမ်းသပ်ခဲ့သည်။

ကြာရှည်စွာအသက်ရှုခြင်း အဆင့်သို့ ဖြတ်ကျော်ပြီးနောက် ကိုယ်ပွား၏ သုံးစွဲမှု အကွာအဝေးသည် မီတာ ၂၀၀ ခန့်အထိ တိုးလာခဲ့သည်။

ကိုယ်ပွားတစ်ခုသည် လင်းရှန်နဲ့ မီတာတစ်ထောင်အကွာအဝေးမှာ

ငါးမိနစ်ခန့်နေနိုင်သည်။

သို့သော်လည်း အကွာအဝေးကို မီတာ ၂၀၀၀ အထိတိုးပြီးနောက် ၎င်း၏တည်ရှိမှုကြာချိန်သည် မိနစ်ဝက်ထိ သိသိသာသာ ကျဆင်းသွားသည်။

လင်းရှန်မျှော်လင့်သလောက် ဖြစ်မလာပေမဲ့ ချီအသွင်ပြောင်းခြင်း အဆင့်မှာ ရှိတုန်းကထက် ပိုကောင်းနေသည်။

“နောက်တစ်ခုကတော့ ကိုယ်ပွားရဲ့ စွမ်းရည်ပဲ”

လင်းရှန်သည် သူ့ရှေ့က နေရာကို ကြည့်လိုက်သည်။

[ကိုယ်ပွား ၅ (သေဆုံး)၊ ပြန်လည်ရှင်သန်ဖို့ လက်ကျန်အချိန် ၀၀:၀၄:၃၄]

ဤကာလအတွင်း ပဉ္စမမြောက်ကိုယ်ပွါး သည် စုစုပေါင်း ခုနစ်ကြိမ် ပြန်လည် ရှင်သန်လာခဲ့သည်။ ကံမကောင်းစွာပဲ ပင်ကိုယ်စွမ်းရည်တစ်ခုကိုမှ လင်းရှန် မလိုချင်ခဲ့ပေ။

[စွမ်းအားအပြည့်- ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု +၃၀%, ခံနိုင်ရည် +၅၀%]

[အမြင်အာရုံနဲ့ အကြားအာရုံ- အကြားအာရုံ +၃၀%, အမြင်အာရုံ +၃၀%]

[စစ်သည်တော်- တိုက်ခိုက်ရေးစွမ်းရည်+ ၂၀%, တိုက်ခိုက်ရေးစွမ်းရည်ကို နားလည်မှုအမြန်နှုန်း+၅၀%]

[လျော့နည်းသော စွမ်းရည်- ကျင့်ကြံမှုအမြန်နှုန်း - ၃၀%]

[အားနည်းခြင်းနှင့် ဖျားနာခြင်း- ဖွဲ့စည်းပုံ - ၅၀%, ကျင့်ကြံမှုအမြန်နှုန်း - ၂၀ %, ဖျားနာမှုဖြစ်နိုင်ခြေ +၁၀၀%, သက်တမ်း -၃၀%]

[ လှုံ့ဆော်နိုင်မှု - ရှာဖွေတွေ့မှု ဖြစ်နိုင်ခြေ +၃၀ %]

[သေမင်းတမန်ရည်မှန်းချက်- လျှို့ဝှက်လက်နက် ကျင့်ကြံမှု အမြန်နှုန်း +၅၀ %, လျှို့ဝှက်လက်နက် ကျင့်ကြံမှု စွမ်းအား +၃၀%, တိကျမှု +၅၀ %]

စွမ်းရည် ခုနစ်လုံးတွင် သုံးခုသာ သူ လက်ခံနိုင်သည်။ ၎င်းတို့သည် လှုံ့ဆော်မှု၊ သေမင်းတမန် ရည်မှန်းချက်နှင့် စွမ်းအားအပြည့်တို့ ဖြစ်သည်။

သို့သော် သေချာစဉ်းစားပြီးနောက် သူသည် ဤစွမ်းရည် သုံးခုကို နောက်ဆုံးမှာ စွန့်လွှတ်လိုက်သည်။

ဤကာလအတွင်း သူ့ကိုယ်တွေ့ အတွေ့အကြုံအရ သူ့ပင်ကိုယ်စွမ်းရည်၏ အပိုဆုသက်ရောက်မှုသည် သူ၏ မူလစံနှုန်းပေါ်တွင် အခြေခံထားသည်။

တစ်နည်းဆိုရသော် လင်းရှန်၏ လှုံ့ဆော်နိုင်မှုဖြစ်နိုင်ချေသည် ၀.၀၁% ဖြစ်ပါက ရှာဖွေနိုင်မှုသည် ဖြစ်နိုင်ခြေ ၀.၀၁၃% အထိ တိုးလာနိုင်သည်။

နှစ်ခုကြား ခြားနားမှုက မရှိသလောက်ပင်။

ထို့ကြောင့် ရှာဖွေနိုင်မှုသည် အလွန်အသုံးမဝင်ပေ။

သေမင်းတမန်ရည်မှန်းချက်၏ မြှင့်တင်နိုင်မှုက အားရကျေနပ်ဖွယ်ဖြစ်သော်လည်း ၎င်းသည် အကန့်အသတ်ရှိနေဆဲဖြစ်သည်။ အဲ့တာက လျှို့ဝှက်လက်နက် ကျင့်ကြံနည်းစနစ်များတွင်သာ ထိရောက်မှု ရှိသည်။

လင်းရှန်သည် အဝေးပစ်တိုက်ခိုက်ရေး ကိုယ်ခံပညာနည်းစနစ်ကို ကျင့်ကြံရန်ပြင်ဆင်ထားတာကြောင့် လျှို့ဝှက်လက်နက်ကို ရွေးချယ်ရန် ဆန္ဒမရှိပေ။

သူ့အနေနဲ့ လက်ချောင်း၊ လက်ဖဝါးနဲ့ အခြားစွမ်းအင်အမျိုးအစားများကို အဝေးမှထုတ်လွှတ်နိုင်မည့် နည်းစနစ်များကို ပို၍ စွဲလန်းမိသည်။

ပထမနှစ်ခုနဲ့ ယှဉ်ရင် စွမ်းရည်အပြည့်က အနည်းငယ် ပိုကောင်းသည်။

လင်းရှန်သည် ချီအသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိနေပါက ၎င်းကို ရွေးချယ်မည်ဖြစ်သည်။

သို့သော် ကျင့်ကြံသူက ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ ရောက်သွားတဲ့အခါ

၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အနှစ်သာရပေါ်တွင် အများအားဖြင့် မူတည်နေသည်။

ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများက အလွန်လျော့ကျသွားတာကြောင့် စွမ်းအားအပြည့်၏ မြှင့်တင်မှုသည် ထင်သလောက် ဆွဲဆောင်မှုမရှိပေ။

လင်းရှန်သည် သူ၏အတွေးထဲတွင် မျောနေချိန်တွင် ပြန်လည်ရှင်သန်ရန် ကြာချိန်သည် ကုန်ဆုံးသွားခဲ့သည်။

အချိန်သည် သုညသို့ရောက်သည်နှင့် ကိုယ်ပွါးက ပြန်လည်ရှင်သန်လာပြီး လင်းရှန်က ပဉ္စမမြောက် ကိုယ်ပွါးကို ဆင့်ခေါ်လိုက်သည်။

[ကိုယ်ပွါး ၅]

[စွမ်းရည်- သတ်ဖြတ်ခြင်းကို အားပေးသည်]

[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ပထမအဆင့် ၈၂%]

[လက်ရှိကျင့်ကြံမှု- မရှိ]

သတ်ဖြတ်ခြင်းကို အားပေးတာလား

ဒီစွမ်းရည်က ထူးထူးခြားခြားပါလား

လင်းရှန်သည် ချက်ချင်းပင် အနီးကပ်ကြည့်လိုက်သည်။

[သတ်ဖြတ်ခြင်းကို အားပေးသည် - တိုက်ခိုက်မှုအမျိုးအစား ကျင့်ကြံနည်းစနစ် ကျင့်ကြံမှုအမြန်နှုန်း+၅၀%, တိုက်ခိုက်ရေးစွမ်းရည် နားလည်မှုအမြန်နှုန်း+ ၁၀၀%။ သက်ရှိသတ္တဝါကို သတ်လိုက်တိုင်း မင်းရဲ့ ကျင့်ကြံမှု သို့မဟုတ် ကိုယ်ခံပညာ တိုးတက်မှုကို တိုးမြင့်လာစေနိုင်တဲ့ အခွင့်အရေးတစ်ခု (မင်းသတ်လိုက်တဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်လေ၊ ဖြစ်နိုင်ခြေ ပိုများလေ)]

“ဘယ်လောက်တောင် မိုက်တဲ့ စွမ်းရည်ကောင်းလဲ”

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

ဒီစွမ်းရည်က စွမ်းအားအပြည့် သို့မဟုတ် သေမင်းတမန် ရည်မှန်းချက်ထက် အများကြီး ပိုကောင်းသည်။

တိုက်ခိုက်မှုအမျိုးအစား ကျင့်ကြံနည်းစနစ်များ၏ ကျင့်ကြံမှုအမြန်နှုန်းသည် ၅၀% တိုးလာမည်ဖြစ်သည်။ အဲဒါက ကျယ်ပြန့်သည်။

နေမီးတောက်လက်ဝါး၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံနှင့် အရည်ပျော်ခြင်းတို့လည်း အပါဖြစ်သည်။ ဤစွမ်းရည်သည်

လျှို့ဝှက်လက်နက် ကိုယ်ခံပညာနည်းစနစ်များ၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။

တိုက်ခိုက်ရေးစွမ်းရည်များကို နားလည်နိုင်မှု အရှိန်သည် ၁၀၀% တိုးလာမည်ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည် ၁၀၀% တိုးလာတာလောက် မကောင်းပေမယ့် လင်းရှန်၏ ရေရှည်တိုးတက်မှုအတွက် အလွန်အကျိုးရှိသည်။

သို့သော်လည်း လင်းရှန်ကို အံ့အားသင့်စေသည့်အရာမှာ နောက်ဆုံးအကျိုးသက်ရောက်မှုဖြစ်သည်။

"သက်ရှိသတ္တဝါကို သတ်လိုက်တိုင်း သူ့ရဲ့ ကျင့်ကြံမှု ဒါမှမဟုတ် ကိုယ်ခံပညာကို တိုးမြှင့်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်။"

သူသည် ရှေ့လျောက် သတ်ဖြတ်ခြင်းဖြင့် သူ၏ လေ့ကျင့်မှုနှင့် ကိုယ်ခံပညာအဆင့်ကို လျင်မြန်စွာ တိုးမြှင့်နိုင်မည်ဟု ဆိုလိုတာပင်။

နဂါးမြို့တော်၏ အပြင်ဘက်နေရာတိုင်းတွင် ဝိညာဉ်ရေးရာသားရဲများရှိသည်။

သူတို့သည် သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် ပြီးပြည့်စုံသည်။

"ကြည့်ရတာ ငါတော့ မြို့ပြင်ခရီးထွက်ရမယ်”

လင်းရှန်သည် ဝမ်းသာအား ဖြစ်နေသည်။ သူသည် ယခုအချိန်တွင် သတ်ဖြတ်ခြင်း၏ အကျိုးသက်ရောက်မှုကို လေ့ကျင့်ဖို့ မြို့ပြင်သို့ ထွက်ရန် ဆန္ဒရှိနေခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူသည် ထိုအတွေးကို မျိုသိပ်လိုက်သည်။

“အခု မြို့ပြင်က အခြေအနေက ဘာမှန်း မသိသေးဘူး။ မသွားခင် အပြည့်အဝပြင်ဆင်ပြီးတဲ့အထိ စောင့်တာက ပိုကောင်းတယ်”

“ပြီးတော့ နှစ်ရက်အတွင်း ငါ ကျောင်းကို သတင်းပို့ရအုံးမယ်”

လင်းရှန်သည် နိုင်ယန်းကျောင်းတည်ရှိရာ ဗဟိုနယ်မြေဆီသို့ လှမ်းကြည့်လိုက်သည်။

"မှတ်ပုံတင်ပြီးရင် မြို့ပြင်မှာ လေ့ကျင့်ဖို့ ပြင်ဆင်ရမယ်"

လင်းရှန်သည် အစီအစဥ်တစ်ခု အမြန်လုပ်လိုက်သည်။ ပျံ့လွင့်နေသော အတွေးများကို ချုပ်တည်းကာ ဆက်လက် ကျင့်ကြံခဲ့သည်။

ယခုအခါတွင် သူ၏ပဉ္စမမြောက်ကိုယ်ပွားကို ရထားတာကြောင့် ကျင့်ကြံမှုအရှိန်သည် အခြားအဆင့်သို့ တိုးလာခဲ့သည်။

ပြီးတော့ နှစ်ရက်ကျန်နေသေးသည်။ သူသည် ကိုယ်ခံပညာတစ်မျိုးမျိုးကို အာရုံစိုက်ပါက တားမြစ်ထားသော ရွှေရောင်ချုပ်ဝတ်တန်ဆာ သို့မဟုတ် အရည်ပျော်ခြင်းကို အခြားအဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။

All Chapters