← Chapters

ကောင်းမြတ်သော နေရာ

Vol. 6 Ch. 76

ကောင်းမြတ်သော နေရာ

Vol. 6 Ch. 76

"ကွဲပြားတဲ့ နေရာတစ်ခု... နိုင်ယန်းကျောင်းက အမှန်တကယ်ကို ကွဲပြားတဲ့ နေရာတစ်ခုမှာ ရှိနေတာပဲ”

လင်းရှန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အံ့ဩမဆုံးနိုင်ဖြစ်ခဲ့သည်။

ယန်ကျုံးရီနဲ့ စုနျန်တို့ကတော့ နိုင်ယန်းကျောင်းက ဘယ်မှာလဲဆိုတာ သိခဲ့တာကြာပြီပင်။ ဒါကြောင့် သူတို့နှစ်ယောက်ကတော့အေးအေးဆေးဆေးပင်။

"အဲဒါကို ကွဲပြားတဲ့ နေရာလို့ ခေါ်တာထက် သုခဘုံလို့ပြောတာ ပိုသင့်လျော် ပါတယ်။"

ယန်ကျုံးရီက ရယ်မောလိုက်ပြီး "ဒီနေရာရဲ့ ဝိညာဉ်ရေးရာအနှစ်သာရက အပြင်မှာထက် အများကြီး ပိုများတယ်။ အခု ငါတို့ကရှင်းရှင်းလင်းလင်း မခံစားနိုင်ပေမယ့် တောက်ပသော ဝင်ပေါက်ကို ရောက်ရင်

ခံစားချက်က မတူတော့ဘူး”

လင်းရှန်က ဒါကို သေသေချာချာ သတိပြုမိပြီး သူ့ခန္ဓာကိုယ်က ပိုပေါ့ပါးသွားသလို ခံစားရသည် ။ အတွင်းပိုင်းမှာက ပွင့်လင်းမြင်သာမှုရှိတယ်လို့ ခံစားရသည်။

သူသည် ဝိညာဉ်ရေးရာအနှစ်သာရကို အာရုံမခံစားနိုင် ၊ မစုပ်ယူနိုင်သေးသော်လည်း သူ၏ခန္ဓာကိုယ်သည် ၎င်းကြောင့် အာဟာရ ပြည့်ဝလာသည်။

သူသည် တောက်ပသောဝင်ပေါက် အဆင့်သို့ရောက်ရှိပြီး ဝိညာဉ်ရေးရာ ဝင်ပေါက်ကိုဖွင့်နိုင်သောအခါတွင် ဝိညာဉ်ရေးရာအနှစ်သာရကို ဖြည်းဖြည်းချင်းခံစားနိုင်မည်ဖြစ်ပြီး အကျိုးသက်ရောက်မှုက ပို၍ ထင်ရှားလာမည်ဖြစ်သည်။

"ကောင်းမြတ်သော နေရာ..."

လင်းရှန်က အသက်ပြင်းပြင်းရှူပြီး သူ့နှလုံးသားထဲမှာ အံ့သြမှုကို မျိုသိပ်ထားလိုက်သည်။ သူသည် ယန်ကျုံးရီ၊ စုနျန်တို့နှင့်အတူ ခပ်လှမ်းလှမ်းမှ အဆောက်အဦးဆီသို့ လျှောက်သွားခဲ့သည်။

အဆောက်အဦးအ၀င်ဝတွင် မီတာ ၁၀၀ နီးပါးမြင့်ပြီး မီတာ ၃၀ ကျယ်သော တံခါးမကြီးတစ်ခုရှိသည်။ ထိုတံခါးတွင် နိုင်ယန်းကျောင်း ဟူသော အမည်ကို စာလုံးကြီးကြီးသုံးလုံးဖြင့် ရေးထားသည်။

တံခါးရှေ့မှာ လူ ၂၀၀ နီးပါး စောင့်နေကြသည်။ ၎င်းတို့အားလုံးသည် ယခုနှစ်တွင် ကျောင်းသားသစ်များဖြစ်ကြသည်။

လင်းရှန်ရောက်ရှိလာသည်ကို လူအများက သတိပြုမိကြပြီး နှုတ်ဆက်ရန် ရှေ့တိုးလာကြသည်။ သူတို့သည် စိတ်အားထက်သန်လွန်းသဖြင့် ထိန်းထားဖို့ ခက်ခဲသည်။

သြဇာကြီးသောမိသားစုများမှ တပည့်များသည်လည်း သူ့ကိုကြည့်နေကြသည်။

၎င်းတို့ထဲတွင် ကျောက်ရွှမ်ရင်နဲ့ ယန်ရှင်းလည်း အပါဖြစ်သည်။

လင်းရှန်သည် စိတ်ကူးယဉ်နေတာမဟုတ်သော်လည်း ကျောက်ရွှမ်ရင်က သူ့ကို ထူးထူးခြားခြား ကြည့်နေသလို ခံစားရသည်။

သူမက အံ့သြတကြီးနှင့် ချီတုံချတုံ ဖြစ်နေပုံရသည်။

သို့သော်လည်း လင်းရှန်သည် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ သူ့ပတ်ဝန်းကျင်က နှုတ်ခွန်းဆက်ဖို့ အားသန်နေသော လူတွေကို တုံ့ပြန်ရင်း ရှေ့ကို လျှောက်သွားလိုက်သည်။

ယန်ရှင်းကတော့ လင်းရှန်ကို လုံးဝ လျစ်လျူရှုခဲ့သည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ယန်ရှင်းက သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်

ဆုပ်ကိုင်ထားပြီး မျက်နှာက ဖြူဖျော့သွားသည်။

လုကျီကျန်က ဒါကိုမြင်တော့ တိုးတိုးလေးပြောသည်။

"သခင်လေးယန် အခု သည်းခံလိုက်ပါ။ ဒီနေ့ပြီးရင် ဒီကောင်က မာနကြီးဖို့ ယုံကြည်ချက် မရှိတော့ပါဘူး”

ဒါကိုကြားတော့ ယန်ရှင်းက အသက်ပြင်းပြင်းရှူပြီး သူ့ရင်ထဲက ဒေါသတွေကို မျိုသိပ်လိုက်သည်။ သူက သွားများကို အံကြိတ်ကာ လင်းရှန်၏ကျောကိုကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။

နောက်ကျ လင်းရှန်သည် ယခုကဲ့သို့ ငြိမ်သက်နေနိုင်မလားဟု သိချင်မိသည်။

လူအုပ်ရဲ့ ထောင့်တစ်နေရာမှာတော့

ရွှယ်ဖုန်နဲ့ ချုန်ယန်ဟယ်တို့သည် ဘေးချင်းယှဉ်ရပ်ပြီး လင်းရှန်၏နောက်ကျောကို စိုက်ကြည့်နေသည်။

"လင်းရှန်က တကယ်ပဲ အစွမ်းထက်တာလား?"

"အဲဒီနေ့က လင်းရှန်နဲ့ ကျောက်ရွှမ်ရင်တို့ရဲ့ပြိုင်ဆိုင်မှုကို မင်းမမြင်ဘူးလား?"

"ငါက မင်းထက် နောက်ကျမှ ထွက်လာတာ။ အဲဒီအချိန်မှာ သူတို့ နှစ်ယောက်ကြားက တိုက်ပွဲက ပြီးသွားပြီ။" ချုန်ယန်ဟယ်က ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။

ရွှယ်ဖုန်က ပခုံးတွန့်လိုက်သည်။ "ဘာပဲဖြစ်ဖြစ်၊ ငါကတော့ လင်းရှန် ပြိုင်ဘက်မဟုတ်တာ သေချာတယ်။ ဒီကောင်က ယန်ရှင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တဲ့ ရက်စက်တဲ့လူပဲ”

"ဟုတ်လား?"

ချုန်ယန်ဟယ်က မျက်မှောင်ကြုတ်လိူက်သည်။

သူကတော့ သံသယရှိနေတုန်းပင်။

ဒါကိုမြင်တော့ ရွှယ်ဖုန်က သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။

ချုန်ယန်ဟယ်သည် ခေါင်းမာပြီးရင်း ခေါင်းမာနေသည်။ သူသည် အခြားသူများထံမှ လင်းရှန်း၏ ခွန်အားအကြောင်းကို သိခဲ့သော်လည်း ၎င်းကို လုံးဝ မယုံခဲ့ချေ။ သူ့မျက်စိနဲ့မြင်ရမှယုံနိုင်မည်ပင်။

စိတ်ထဲမှ ကျိန်ဆဲပြီးနောက် ရွှယ်ဖုန်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည် ။ သူက ချုန်ယန်ဟယ်ရဲ့လက်မောင်းကိုဆွဲပြီး " ယန်မိသားစုက လင်းရှန်ကို ခက်ခက်ခဲခဲဖြစ်အောင် လုပ်မယ်လို့ ကြားတယ်"

ချုန်ယန်ဟယ်က သူ့ကို မော့ကြည့်ကာ အမှန်ကိုပြင်ပေးလိုက်သည်။

"အဲ့ဒါက ယန်မိသားစုက လုပ်တာမဟုတ်ဘဲ ယန်ကျင့်ရမ်ကလုပ်တာပါ။ ယန်ကျုံးရီက သူ့ကို အကူအညီ တောင်းခဲ့တာ ဖြစ်နိုင်တယ်။ ဒီနှစ် လမ်းပြတိုက်ပွဲမှာ ပါဝင်မဲ့ အဝါရောင် အဆင့် တပည့်တွေထဲမှာ ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်ပါ ပါတယ်။"

"ဒါဆို အဲဒီလူနှစ်ယောက်ပေါ့” ရွှယ်ဖုန်က ရုတ်တရက် သဘောပေါက်သွားသည်။

ယန်ကျင့်ရမ်သည် အောက်အိမ်တော်တွင် သြဇာကြီးသူတစ်ဦးဖြစ်သည်။ သူ့မှာ ဖန်းရှင်းယွမ်နဲ့ခွမ်းပေါင်အပါအဝင် တစ်တန်းချင်းစီတွင် နောက်လိုက်များစွာ ရှိသည်။ ယုတ္တိဗေဒအရပြောရရင် ဒီလူနှစ်ယောက်ဟာ လမ်းညွှန်တိုက်ပွဲမှာ မပါဝင်သင့်ချေ။ သူတို့၏ ပုံမှန် မဟုတ်သော ရွေးချယ်မှုအရ ယန်ကျင့်ရမ်က ညွှန်ကြားခဲ့တာ သေချာသည်။

ယန်ရှင်းက သူ့ဘာသာ ရှုံးနိမ့်ခဲ့တာကိုလက်စားချေဖို့ သူ့အထက်လူကြီးတွေဆီ သွားပြီး အပူကပ်ခဲ့တာလား။

ရွှယ်ဖုန်သည် မနီးမတွေးတွင်ရှိသော ယန်ရှင်းကို စိုက်ကြည့်နေသည်။

လူအုပ်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာ ငြိမ်သက်သွားမှ လင်းရှန်က သက်ပြင်းချလိုက်နိုင်သည်။

အဲဒီနောက်မှာတော့ လူတွေ ပိုများလာသည်။

စုဝေးချိန်ရောက်ဖို့ ဆယ်မိနစ်ကျော်လောက်လိုသေးသည်။ ကျောင်းသားသစ် ၂၀၀က

ရောက်နေပြီပင်။

အချိန်တန်သောအခါတွင် လူနှစ်ယောက်သည် အဝေးမှ ရုတ်တရက် ပြေးလာသည်။

သူတို့၏ အရှိန်သည် လျှပ်စီးလက်သလို မြန်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်း ရှေ့သို့ ရောက်လာကြသည်။

ထို့နောက် သူတို့သည် ရုတ်တရက် ရပ်သွားပြီး အသက်နှစ်ဆယ်ကျော် လူငယ်နှစ်ဦး၏ မျက်နှာပေါ်လာသည်။ သူတို့သည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ခံ့ညားသော အရောင်အဝါရှိသည်။

သူတို့နှစ်ယောက်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်ဘက်ရှိလူက ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

"အရမ်းကောင်းတယ်၊ လူ ၂၀၀ အားလုံးဒီမှာ ရောက်နေပြီ”

"ဂျူနီယာ ညီအကို မောင်နှမအားလုံးပဲ ၊ နိုင်ယန်းကျောင်းကနေ ကြိုဆိုပါတယ်။ ငါ့နာမည်က ယိုဟိုင်ပါ၊ ငါကအောက်အိမ်တော်ရဲ့ အနက်ရောင်အဆင့် တပည့်ပါ။ငါဘေးကလူကတော့ ယန်ဝမ်ရှန်..သူကလည်း အောက်အိမ်တော်ရဲ့ အနက်ရောင်အဆင့် တပည့်တစ်ယောက်ပါပဲ။ ဆရာရဲ့ အမိန့်အရ ဒီနေ့ ကျောင်းသားသစ်တွေကို ဦးဆောင်ဖို့ ငါတို့ နှစ်ယောက်က တာဝန်ယူထားပါတယ်။"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” အားလုံးက တညီတညွတ်တည်း ပြောကြသည်။

ယန်ဝမ်ရှန်က ပြုံးလိုက်သည်။ "အချိန်မရှိဘူး၊ အရင်သွားကြရအောင်။"

စီနီယာအကို ယန်ဝမ်ရှန်နဲ့ ယိုဟိုင်၏ ဦးဆောင်မှုအောက်တွင် ကျောင်းသားသစ်

များသည် တံခါးပေါက်ထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။

တံခါးနောက်တွင် မီတာတစ်ထောင်နီးပါးရှည်သော တောင်တက်လမ်းတစ်ခုရှိသည်။ နှစ်ဖက်စလုံးတွင် ရှဲကျီရုပ်ထုက ပုံမှန်အပိုင်းအခြားလို ရှိနေသည်။ ရုပ်ထုသည် ယခင် အဆောက်အဦးရှိ ရှဲကျီရုပ်တုနှစ်ခုနှင့် အတူတူပင် ဖြစ်သည်။

တစ်စုံတစ်ယောက် ဖြတ်သွားတိုင်း ရှဲကျီရုပ်တု၏ မျက်လုံးများသည် လင်းလက်လာသည်။

လူများစွာက ရှဲကျီကျောက်ရုပ်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်ကို

တွေ့လိုက်ရသဖြင့် ယိုဟိုင်က ပြုံးကာ ရှင်းပြသည်၊

"ဒါတွေက ရှဲကျီ ရုပ်သေးအဆောင်တွေပဲ၊ သူတို့မှာ အမှန် နဲ့ အမှားကို ခွဲခြားနိုင်တဲ့ စွမ်းရည်ရှိတယ်။ ရိုင်းစိုင်းပြီး ဆိုးသွမ်းတဲ့ ရည်ရွယ်ချက်တွေကိုတောင် မြင်နိုင်တယ်။ ကျင့်ကြံသူသခင်အဆင့်အောက်ကလူက သူတို့ရှေ့မှာ ဘာကိုမှ ဖုံးကွယ်ထားလို့ မရဘူး။ ပြီးတော့ ဒီမှာရှိတဲ့ရုပ်သေးအဆောင်တိုင်းက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိတယ်”ကျောင်းသားသစ်တော်တော်များများက အံ့သြသွားကြသည်။

သာမာန်ကျောက်ရုပ်ထုက ဤမျှလောက် အစွမ်းထက်သော စွမ်းရည်များ ရှိနေသည်။

ထို့ထက် ပိုအရေးကြီးတာက ရှဲကျီရုပ်သေးအဆောင်များသည် ဈေးကြီးပြီး ဤတောင်တက်လမ်းပေါ်တွင် အနည်းဆုံး ရှဲကျီကျောက်ရုပ်ထုပေါင်း တစ်ရာလောက် ရှိသည်။ ဒီတစ်ချက်တည်းနဲ့တင် နိုင်ယန်းကျောင်းက ဘယ်လောက်ချမ်းသာတယ် ဆိုတာ ပြသလိုက်တာပင်။

တောင်ပေါ်လမ်းကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ အားလုံးက ရင်ပြင်တစ်ခုဆီကို ရောက်သွားသည်။

စတုရန်းပုံ ရင်ပြင်သည် ကျယ်ဝန်းပြီး စတုရန်းမီတာ ၁၀၀၀၀ ကျော် ရှိသည်။ ၎င်းသည် အဝိုင်းပုံသဏ္ဍာန်ရှိပြီး အမြင့် ၄၀ မှ ၅၀ မီတာအထိ ထူထပ်သော ကျောက်တိုင် ဒါဇင်များစွာက အစွန်းတွင် မားမားကြီး ရှိနေသည်။ ရင်ပြင်မျက်နှာပြင်ကို လျှို့ဝှက် ဆန်းကြယ်သည့်ပုံစံများဖြင့် ထွင်းထုထားသည်။ ကျောင်းသားသစ်တွေ ရင်ပြင်ထဲကို လှမ်းဝင်လာတော့ အဲဒီမှာ လူတွေအများကြီး ရှိနေပြီဆိုတာ သိလိုက်ရသည်။

သူတို့အားလုံးသည် အသက်နှစ်ဆယ်ကျော် အရွယ် ယောက်ျားလေးနဲ့ မိန်းကလေးများဖြစ်သည်။ ယိုဟိုင်နဲ့ ယန်ဝမ်ရှန်ကဲ့သို့ပင် ၎င်းတို့အားလုံးသည် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး ထူးထူးခြားခြား အရောင်အဝါများ ထွက်ပေါ်နေသည်။

သူတို့က နှစ်ယောက် သုံးယောက်စီ အုပ်စုဖွဲ့ကာ ရပ်နေကြသည်။ ကျောင်းသားသစ်များကို ကြည့်နေသည့် ၎င်းတို့၏ အကြည့်များသည် ဆန်းစစ် ခြင်း၊ ပြုံးခြင်း(သို့မဟုတ်)စူးစမ်းလိုခြင်းများနှင့် ပြည့်နေသည်။

လင်းရှန်နှင့် အခြားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နားလည်သွားကြသည်။

ရင်ပြင်ရှိ ဤလူများသည် ယနေ့ သူတို့ကို လမ်းညွှန်ရန် ရောက်လာသော အဝါရောင်

အဆင့် တပည့်များဖြစ်ကြောင်းသိသာသည် ။

" စီနီယာ အစ်ကို ယို၊ စီနီယာအကိုယန်”

အရပ်ရှည်သော လူငယ်တစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာပြီး ယိုဟိုင်နဲ့ ယန်ဝမ်ရှန်ကို လက်ခုပ်တီးကာ နှုတ်ဆက်လိုက်သည်။

"ကျောင်းသားသစ်တွေကို နှုတ်ဆက်ရလို့ကျေးဇူးတင်ပါတယ်”

"ပျော်ရွှင်စရာတွေ လုပ်ဖို့ အချိန်မရှိဘူးနော်" ယန်ဝမ်ရှန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "စည်းကမ်းကို သိကြတယ်မလား၊ ကျန်တာတော့ မင်းတို့နဲ့ပဲထားခဲ့လိုက်မယ်"

All Chapters